Author: Baby Yit Lone
-

No Mercy
No Mercy (2023) ၂၀၁၇ ခုနှစ်တုန်းက ရုရှားစစ်ပြန်ဟောင်းတွေဖြစ်တဲ့ Alexei Korotkikh နဲ့အပေါင်းအပါတစ်စုဟာ အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းမှာအခြေစိုက်ပြီးငွေလဲစင်တာတွေကိုလုယက်ခဲ့ကြပါတယ်။ သူတို့ရဲ့ကျူးလွန်မှုတွေဟာ ရဲတင်းလွန်းတာကြောင့်ဘာလီရဲတပ်ဖွဲ့က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးစစ်ဆင်ရေးတစ်ခုအသွင်နဲ့ဖမ်းဆီးခဲ့ရပြီး ဒီဖြစ်စဉ်ဟာအင်ဒိုနီးရှားနိုင်ငံသမိုင်းမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့ မှုခင်းတစ်ခုဖြစ်ခဲ့ရပါတယ်။ ဒီဇာတ်ကားကတော့အဲ့ဒီဖြစ်စဉ်ကိုအခြေခံထားတာဖြစ်ပြီး ရုပ်ရှင်ဆန်စေဖို့အတွက် ဇာတ်ကွက်တစ်ချို့နဲ့အက်ရှင်ခန်းတွေအဆာသွတ်ထားပြီးနောက်ပိုင်းမိနစ် ၄၀ လောက်ကိုနန်းစတော့အက်ရှင်ကားအဖြစ်ရှုစားရမှာဖြစ်ပါတယ်။ CGI တွေအားနည်းချက်ရှိပေမယ့်သူတို့နိုင်ငံအထူးစစ်ဆင်ရေးရဲတွေရဲ့လုပ်ငန်းလုပ်ဆောင်ဖို့က အနီးကပ်တွေ့မြင်ခွင့်ရမှာဖြစ်တဲ့အတွက် စိတ်ဝင်စားစရာaction/thriller ကားတစ်ကားပါပဲ။
-

The Odd Couple
The Odd Couple (1968) “The Odd Couple” ဟာ ပြဇာတ်ရေးဆရာ နေးလ် ဆိုင်မွန် (Neil Simon) က ၁၉၆၅ ခုနှစ်မှာ ရေးသားခဲ့တဲ့ နာမည်ကျော် ပြဇာတ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဂန္ထဝင် ဟာသကား တစ်ကား ဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်နှစ်ဦးဖြစ်တဲ့ ညစ်ပတ်နေတတ်တဲ့ အော်စကာနဲ့ အရာရာ သန့်ရှင်းနေမှ ကြိုက်တဲ့ ဖဲလစ်တို့ဟာ သူငယ်ချင်းဖြစ်ပေမဲ့ အတူတူ နေထိုင်ရာကနေ စပြီး ပဋိပက္ခတွေ များစွာ ဖြစ်ပေါ်လာပုံကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောဖွယ် တင်ဆက်ထားပါတယ်။ သူတို့ရဲ့ ဆန့်ကျင်ဘက် စရိုက်နှစ်မျိုးဟာ တစ်ယောက်ကိုတစ်ယောက် ဘယ်လို ဒုက္ခပေးကြလဲ၊ ဒါပေမဲ့ နောက်ဆုံးမှာ ခင်မင်မှုကို ဘယ်လို ထိန်းသိမ်းကြလဲဆိုတာကို ဒီရုပ်ရှင်မှာ…
-

Kalamkaval
Kalamkaval (2025) မျက်နှာဖုံး မာလေယာလမ်မင်းသားကြီး မာမူသီကို သွေးအေးဗီလိန်တစ်ယောက်အဖြစ် မြင်ရမယ့် စိတ်လှုပ်ရှားစရာ စုံထောက်ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်အမှုတွေအပေါ် အခြေခံထားတာပါ။ မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် အစပျောက်ပျောက်သွားတဲ့ကိစ္စကို ရဲအရာရှိ ဗီနာယက်က လိုက်စုံစမ်းရင်းနဲ့ စတန်လေဆိုတဲ့ လူတစ်ယောက်ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားရတာပါ။ စတန်လေက အပေါ်ယံ လူကြီးလူကောင်းပုံစံဖြစ်ပေမဲ့ တကယ်တမ်းမှာ သူက မိန်းကလေးတွေကို ချဉ်းကပ်ပြီး နည်းမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ စိတ္တဇလူသတ်သမားတစ်ဦး ဖြစ်နေတာပါ။ စတန်လေကို ဖမ်းလို့မိမလား၊ စတန်လေကပဲ ဉာဏ်များနိုင်မလားဆိုတာကို ဒီ Crime Thriller ရုပ်ရှင်ထဲမှာမြင်တွေ့ကြရမှာပါ။
-

The Dead Dumpster
The Dead Dumpster (2019) ဟင်၊ ပွန်နဲ့ ဒင်တို့က အမျိုးမျိုးကို ခိုးယူစားသောက်နေကြသူတွေပါ တစ်နေ့တော့ ကံကောင်းစွာနဲ့ ခိုးရာပါပစ္စည်းထဲ ပေါက်မဲ့ထီလက်မှတ် ပါလာတော့ မှောင်ခို ငွေသွားထုတ်ခဲ့ရာကနေ ဆုံးရှုံးနစ်နာမှုတွေရှိလာခဲ့ကြပါတယ်။ သူတို့သုံးဦးဟာ ကြံရာမရတဲ့အဆုံး လောင်းကစားရုံပိုင်ရှင်ရဲ့ကားကို ခိုးယူခဲ့ကြပါတော့တယ်။ ကံဆိုးစွာနဲ့ပဲ ကားနောက်ခန်းမှာ အမည်မသိအလောင်းတခုပါလာရာကနေ သူတို့ဟာ ဒီအလောင်းနဲ့ပတ်သက်တဲ့အမှုမှာ တရားခံဖြစ်သွားတာကြောင့် ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှူရအောင်ပါ။
-

Chicken Town
Chicken Town (2025) ဒီတစ်ခါမှာတော့ဗြိတိန် ဟာသကားလေး တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက ကြာချိန် ၁ နာရီခွဲလောက်ပဲရှိတာမလို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် Comedy ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကျောင်းနေဖက် သူငယ်ချင်းနှစ်ယောက်နဲ့ သူတို့ရဲ့ အဘိုးဖြစ်သူတို့ ပေါင်းပြီး အလွဲတွေ လုပ်ကြပုံကို ရိုက်ကူးထားတာပါ။ အဘိုးဖြစ်သူက စိုက်ပျိုးရေး ဝါသနာပါသူတစ်ယောက်ဖြစ်ပေမယ့် သူစိုက်နေကျအသီးအနှံတွေအစား မတော်တဆ ဆေးခြောက်တွေကို စိုက်မိသွားရာကနေ ဇာတ်လမ်းကစတာဖြစ်ပါတယ်။ အဲ့ဒီလို မတော်တဆစိုက်မိတဲ့ ဆေးခြောက်တွေကို ဘယ်လိုမျိုးရှင်းထုတ်ကြမလဲဆိုတာကို သူငယ်ချင်းနှစ်ယောက်နဲ့ အဘိုးဖြစ်သူတို့ ပေါင်းပြီး ကြိုးစားကြတဲ့အခါမှာ… ဘယ်လို အလွဲအချော်တွေ၊ ရယ်စရာတွေ ဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။