Chicken Town

Chicken Town

Chicken Town (2025)

ဒီတစ်ခါမှာတော့ဗြိတိန် ဟာသကားလေး တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။

ဒီဇာတ်ကားက ကြာချိန် ၁ နာရီခွဲလောက်ပဲရှိတာမလို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် Comedy ကားလေးပါ။

ဇာတ်လမ်းအကျဉ်းလေးကတော့

ကျောင်းနေဖက် သူငယ်ချင်းနှစ်ယောက်နဲ့ သူတို့ရဲ့ အဘိုးဖြစ်သူတို့ ပေါင်းပြီး အလွဲတွေ လုပ်ကြပုံကို ရိုက်ကူးထားတာပါ။

အဘိုးဖြစ်သူက စိုက်ပျိုးရေး ဝါသနာပါသူတစ်ယောက်ဖြစ်ပေမယ့် သူစိုက်နေကျအသီးအနှံတွေအစား မတော်တဆ ဆေးခြောက်တွေကို စိုက်မိသွားရာကနေ ဇာတ်လမ်းကစတာဖြစ်ပါတယ်။

အဲ့ဒီလို မတော်တဆစိုက်မိတဲ့ ဆေးခြောက်တွေကို ဘယ်လိုမျိုးရှင်းထုတ်ကြမလဲဆိုတာကို သူငယ်ချင်းနှစ်ယောက်နဲ့ အဘိုးဖြစ်သူတို့ ပေါင်းပြီး ကြိုးစားကြတဲ့အခါမှာ… ဘယ်လို အလွဲအချော်တွေ၊ ရယ်စရာတွေ ဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *