Author: Baby Yit Lone
-

ထိုင်း၌ မိုက်လုရာမှ ဦးလေးဖြစ်သူကို တူဖြစ်သူက ရိုက်သတ်
ထိုင်းနိုင်ငံတွင် မူးယစ်သောက်စားရင်း ကာရာအိုကေဆိုသော မိုက်ခရိုဖုန်းအတွက် စကားများရာမှ ဦးလေး သတ်ဖြတ်ခဲ့ကြောင်း အသက် ၄၀ အရွယ် အမျိုးသားတဦးက ဝန်ခံချက်ပေးသည်။ အကြောင်းကြား ခေါ်ယူ၍ ပတ်ချောင်ခရိုင် ပွန်တာလုံရပ်ကွက်ရှိ အိမ်တအိမ်ဆီ ရဲများ ရောက်ရှိရာ အသက် ၅၉ နှစ်အရွယ် ထျန်းဆိုသူသည် ဦးခေါင်း၌ ဒဏ်ရာကြီးကြီးမားမား ရထားပြီး သွေးအိုင်ထဲ လဲကျသေဆုံးနေသည်ကို တွေ့ ရှိသည်။ ထို အလောင်း ဘေးတွင် ဒင်ကျိုးနေသော လေသေနတ် တလက်ကိုပါ တွေ့ရှိသည်။ ရဲများက ဦးလေးဖြစ်သူကို သတ်ဖြတ်ခဲ့ဟု ဖြောင့်ချက်ပေးသော တူဖြစ်သူ အက်သစ်ကို ဖမ်းဆီးခဲ့သည်။ သူတို့ တူဝရီး နှစ်ဦး အတူတူ သောက်စားခဲ့ကြသည်ဟု အက်သစ်က စုံစမ်းစစ်ဆေးသူများကို ပြောကြောင်း ရဲတပ်ဖွဲ့အရ သိရသည်။ ဦးလေးဖြစ်သူက…
-

သီတင်းကျွတ်လပြည့်ည မြို့ပေါ်တွေမှာ ပျော်ပွဲရွှင်ပွဲလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဒေသတွေကို အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်
စစ်အုပ်စုက သီတင်းကျွတ်လပြည့်ည မြို့ပေါ်တွေမှာ ပျော်ပွဲရွှင်ပွဲလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဒေသတွေကို အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ် စစ်အုပ်စုက သီတင်းကျွတ်လပြည့်နေ့မှာ မြို့ပေါ်တွေမှာ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတော်တော်များများကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် ပြည်သူ ၄၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ တစ်ရက်တည်းမှာပဲ မုံရွာမြို့နယ်၊သီပေါနဲ့နမ္မတူ မြို့တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး မုံရွာနဲ့ချောင်းဦးအစပ် ဗုံတိုရွာကို စစ်အုပ်စုပါရာမော်တာနဲ့ကြဲချတာကြောင့် ပြည်သူ ၄၀ ကျော် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူလည်း လေးဆယ်ထက်မနည်း ရှိပါတယ်။ စစ်အုပ်စုက မုံရွာမြို့ပေါ်၊မန္တလေးနဲ့ရန်ကုန်မြို့တွေမှာ သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်တဲ့နယ်မြေတွေကိုတော့ သီတင်းကျွတ်လပြည့်ညမှာ ဗုံးကြဲခဲ့တာကြောင့် ပြည်သူတွေ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ စစ်အုပ်စုအနေနဲ့…
-

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်
အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၅ ဦး အပါအဝင် ၁၂ ဦး သေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီး မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၅ ဦး အပါအဝင် ၁၂ ဦး သေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း Chindwin Rocket Brother(CRB)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ အောက်တိုဘာလ ၂ ရက်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အတွင်းကို တော်လှန်ရေး တပ်ဖွဲ့များက ၉ ကြိမ်မြောက်အဖြစ် Rocket ၁၀ လုံးဖြင့်…
-

ကျောက်မဲတွင် စစ်တပ်က ပြည်သူများကို တရားလက်လွတ်သတ်ဖြတ် အဓမ္မပြုကျင့်
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်ရာမှာ အရပ်သားပြည်သူတွေအပေါ် တရားလက်လွတ်သတ်ဖြတ်၊ အဓမ္မပြုကျင့်မှုတွေ ရှိတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။ လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာတွေကြောင့် ရွာသားတွေ သေဆုံး ဒဏ်ရာရခဲ့သလို ဘုန်းကြီးကျောင်းနဲ့ အိမ်ခြေ အနည်းဆုံး ၁၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၂၄ ရက် မနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ရွာကနေ စခန်းသာဘက် ရောက်လာစဉ် လမ်းမှာတွေ့တဲ့ ရွာသားတယောက်ကို စစ်ဆေးရိုက်နှက်ခဲ့တယ်၊ ရွာသားက လယ်ထဲ ထွက်ပြေးတာကြောင့် စစ်သား ၂ ယောက် နောက်က လိုက်ဖမ်းတယ်၊…
-
ရန်ကုန်မြို့လယ် Beauty Land Hotel အခန်းအမှတ် ၅၀၂ တွင် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်မှုအတွက် သံသယရှိခံရသူ အမျိုးသား ၁ ဦးကို ရဲက လိုက်လံရှာဖွေနေဆဲ
ရန်ကုန်မြို့လယ် Beauty Land Hotel အခန်းအမှတ် ၅၀၂ တွင် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်မှုအတွက် သံသယရှိခံရသူ အမျိုးသား ၁ ဦးကို ရဲက လိုက်လံရှာဖွေနေဆဲ ရန်ကုန်၊ အောက်တိုဘာ ၇ ရန်ကုန်မြို့လယ်၊ ပန်းဘဲတန်းမြို့နယ်၊ ၃၂ လမ်း အထက်ဘလောက် Beauty Land Hotel အခန်းအမှတ် ၅၀၂ တွင် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်မှုအတွက် သံသယရှိခံရသော အမျိုးသား ၁ ဦးကို ရဲက လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်း အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ ၆ ရက်…