Author: Baby Yit Lone
-

နတ်တလင်းတွင် စစ်ကောင်စီအတွက် အလုပ်လုပ်နေသည့် ရာအိမ်မှူး ၂ ဦး ပစ်သတ်ခံရ
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ပူးပေါင်းအလုပ်လုပ်နေတဲ့ ရာအိမ်မှူး ၂ ယောက် စက်တင်ဘာ ၁၉ ရက်က သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနက် ၉ နာရီခွဲမှာ စံကြီးလောင့်ရွာက ရာအိမ်မှူး ဇော်မင်းနောင်ကို သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး တရက်တည်းမှာပဲ ဖလံပင်ရွာက ရာအိမ်မှူး ဖိုးကျော်ကိုပါ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတာလို့ ဆိုပါတယ်။ ဒေသခံတယောက်က “အကြိမ်ကြိမ်သတိပေးစာနဲ့ သတိပေးခံထားရတဲ့သူ စစ်တပ်နဲ့ပေါင်းပြီး စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်အောင် လုပ်နေတဲ့သူတွေပေါ့။ သူ့ပထွေးအားကိုးနဲ့ နားမထောင်ဘူးလေ။ အခုတော့ တားမရတဲ့အဆုံး ဟိုကလာပစ်သွားတာ” လို့ ပြောပါတယ်။ ဇော်မင်းနိုင်ဟာ စစ်တပ်ဒေါက်တိုင် ရာအိမ်မှူးဖြစ်ပြီး အကြမ်းဖက်စစ်တပ်အလိုကျ ဒေသတွင်းက ပြည်သူတွေကို ဖိနှိပ်ရက်စက်နေလို့ ဒေသခံတွေက တော်လှန်ရေးတပ်ဖွဲ့တွေဆီကို တိုင်တန်းထားရသလို ဖိုးကျော် ဆိုသူဟာလည်း စစ်ကောင်စီတပ်နဲ့ပေါင်းပြီး…
-
လူမှုကွန်ရက်တွင် စစ်တပ်ယူနီဖောင်းနှင့် ရိုက်ထားသည့်ဓာတ်ပုံများ ဖျက်ပစ်ရန် အမိန့်ပေး
စစ်ကောင်စီတပ်က အရာရှိ၊ စစ်သည်တွေအနေနဲ့ လူမှုကွန်ရက်မှာ စစ်တပ်ယူနီဖောင်းနဲ့ရိုက်ပြီး တင်ထားတဲ့ ဓာတ်ပုံတွေရှိရင် စက်တင်ဘာ ၂၈ ရက်နောက်ဆုံးထားပြီး ဖယ်ရှားဖျက်ပစ်ဖို့ စစ်တပ်ထဲမှာ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။ လူမှုကွန်ရက်အသုံးပြုတဲ့ အရာရှိ၊ စစ်သည်တွေ တပ်မိသားစုဝင်တွေအနေနဲ့ Facebook၊ Tiktok၊ Telegram နဲ့ အခြားလူမှုပလက်ဖောင်းတွေမှာ စစ်ယူနီဖောင်းနဲ့ တင်ခဲ့သမျှပုံတွေကို စက်တင်ဘာ ၂၈ ရက်အတွင်း ဖယ်ရှားဖျက်ပစ်ဖို့ စက်တင်ဘာ ၂၀ ရက်က ညွှန်ကြားခဲ့တာလို့ စစ်ရေးသတင်းအမြစ်က ပြောပါတယ်။ “တပ်က အရာရှိ၊ စစ်သည်တွေက Facebook နဲ့ Tiktok မှာ ယူနီဖောင်းနဲ့တင် သေတဲ့အခါ အဲဒီပုံတွေက မီဒီယာဆီရောက်ပြီး အရှက်ကွဲတာရယ်၊ စစ်တပ်ကမှန်း ချုံခိုတိုက်ခိုက်ရတဲ့ ဖြစ်စဥ်တွေကြောင့် မတင်ခိုင်းတာ၊ တင်ပြီးရင်လည်း ဖျက်ဖို့ အမိန့်ပေးထားတယ်။” ဒီညွှန်ကြားချက်မှာ…
-

ထိုင်းမှာ မြန်မာမလေး အသတ်ခံရ
ထိုင်းမှာ မြန်မာတယောက်က ကလေးမလေးကို အချက် ၃၀ ထိုး သတ်တာတဲ့။ ကယ်ကြပါဦး လို့အော်ခဲ့သေးတာတဲ့။ ဓာတ်ပုံတွေ မြင်မကောင်းဘူး အိမ်တွင်းအကြမ်းဖက်မှုတွေရှိရင် လက်ပိုက်မကြည့်ကြပါနဲ့ ။ ဖြစ်စဉ် ထိုင်းမှာ မြန်မာမလေး အသတ်ခံရ မဲဆောက်မြို့အနီး၊ မဲ့လမတ်- တာက် ကျေးရွာအနီးမှာ ခန်ကျော်ထူးအသက် 23 နှစ်နဲ့ နှင်းအိဖြူ အသက် 32 နှစ်တို့ဟာ 3 ခန်းတွဲ အိမ်ခန်းတခုမှာ ငှားနေထိုင်ကြပါတယ်။ နေတာ အတော်ကြာပီလို့ သိရပါတယ် နှင်းအိဖြူတို့က နံပါတ် ၁ အခန်းမှာ နေကြပါတယ်ရှင့်။ နှင်းအိဖြူဟာ အနီးက ထမင်းဆိုင် တခုမှာ အလုပ်လုပ်ပါတယ် 15 ရက်နေ့ ညနေ 3 နာရီလောက်မှာ ခန်ကျော်ထူးနဲ့ နှင်းအိဖြူတို့ စကားများ ကြပါတယ်။…
-

ရန်ကုန်က စက်ရုံအချို့ ပိတ်သိမ်းရန်စီစဉ်နေ
ရန်ကုန်တိုင်းထဲမှာ ဖွင့်ထားတဲ့ စက်ရုံတချို့ အထည်အော်ဒါမရတာနဲ့ ဆက်လည်ပတ်ဖို့ အခက်အခဲတွေ ရှိတာကြောင့် ပိတ်သိမ်းဖို့ရှိတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ တဆင့်ခံလက်ခစား (CMP) စက်ရုံတွေအနေနဲ့ ပြည်ပအပ်ထည်ကို အားပြုလုပ်ကိုင်နေရတာ ဖြစ်ပြီး အော်ဒါလျော့နည်းလာတာ၊ ကုန်ကြမ်းဈေးနှုန်းကြီးမြင့်တာနဲ့ လျှပ်စစ်မီးလို အခြေခံလိုအပ်ချက်အတွက် ကုန်ကျစရိတ်များနေတာကြောင့် ဆက်ရပ်တည်ဖို့ ခက်လာတာလို့ ဆိုပါတယ်။ သာဓုကန်စက်မှုဇုန်က စက်ရုံအုပ်ချုပ်ရေးပိုင်း မန်နေဂျာတယောက်က “ဒီဘက်က စက်ရုံနှစ်ရုံ ပိတ်ဖို့ ပြင်နေတာရှိတယ်။ သူတို့က အဓိကအော်ဒါမရတော့လို့။ စက်ရုံပိတ်မှာမို့လို့ အဲဒီစက်ရုံတွေက အလုပ်သမားတွေ တခြားစက်ရုံတွေမှာ အလုပ်ကြိုလျှောက်နေကြတယ်” လို့ ပြောပါတယ်။ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာဖွင့်ထားတဲ့ SDI အထည်ချုပ်စက်ရုံလည်း အော်ဒါအခက်အခဲကြောင့် ပိတ်သိမ်းဖို့ပြင်နေပြီး နစ်နာကြေးရရှိဖို့ အကျေအလည် ဆွေးနွေးနေသလို အလုပ်သမားတွေက အကူအညီတောင်းထားတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)…
-

မကွေးနဲ့ တောင်တွင်း ကြားထဲကရွာကို ကိုယ်တိုင် ပြန်ပို့ပေးခဲ့တဲ့ အလောင်း
ညက မကွေးနဲ့ တောင်တွင်း ကြားထဲကရွာကို ကျနော်ကိုယ်တိုင် ပြန်ပို့ပေးခဲ့တဲ့ အလောင်း ကောင်မလေးက အသက် (၂၂)နှစ် အရေပြား လေးဘက်နာဖြစ်ပြီ ဆုံးသွားတယ် ရှိတာမှ မိသားစုလေး (၃)ယောက်… ဖေဖေရယ်၊ မေမေရယ်၊ သမီးလေးရယ်ပေါ့ သမီးလေးက စာအရမ်းတော်တယ်တဲ့… ဂုဏ်ထူး (၂)ဘာသာ ပါတယ် ကျနော် အသုံးမကျလို့ သမီးလေးကို ကျောင်းဆက်မထားနိုင်တာပါ ဆရာရယ် ကျနော်က ပန်းရံလုပ်တယ်… သမီးလေးက အထည်ချုပ်မှာ စာရင်းကိုင်လေး လုပ်ပါတယ် နောက်ဆုံးချိန်ထိ အဖေနဲ့အမေကို ဒုက္ခမပေးသွားပါဘူး… နာတယ် တချက်မပြောဘူး… သက်သာတယ်ပဲ ပြောရှာတယ် ကျနော် ဘာလို့ လိုက်ပို့ပေးဖြစ်လည်းဆို….. အဲ့ ကလေးမလေး အ6လာင်းကို ကုတင်၅၀၀ကနေ သူတို့ရွာလေးကို ပြန်သယ်ချင်တာ (၁၅)သိန်းတောင်းတယ် တဲ့ ဘယ်သူတောင်းတာလည်း မေးကြည့်တော့…..…