Author: Baby Yit Lone
-

စက်ဘီးခိုးသူဆိုတဲ့ အမျိုးသားကို ရပ်ကွက်ရုံးက ဖမ်းပြီး စစ်တပ်ထံအပ်လို့ စစ်မှုထမ်းပါသွား
မရမ်းကုန်းမှာ စက်ဘီးခိုးသူဆိုတဲ့ အမျိုးသားကို ရပ်ကွက်ရုံးက ဖမ်းပြီး စစ်တပ်ထံအပ်လို့ စစ်မှုထမ်းပါသွား ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်က စက်ဘီးခိုးမှုကျူးလွန်သူဆိုတဲ့အမျိုးသားကိုရပ်ကွက်ရုံးကဖမ်းဆီးပြီးစစ်တပ်ထံ အပ်နှံပေးလိုက်လို့ စစ်မှုထမ်းဖို့ပါသွားတယ်လို့ ရပ်ကွက်နေသူနဲ့ ရုံးပိုင်ဆိုင် ရာနီးစပ်သူတွေက လူထုနွေဦးကို ပြောပါတယ်။ စက်တင်ဘာ ၁၂ ရက် နေ့လယ် ၃ နာရီခန့်ကဇေယျာမွန်အိမ်ယာရဲ့အနောက်ဘက်ခြမ်းမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ “ကောင်လေးက အသက်မကြီးသေးဘူး။ အလွန်ဆုံးရှိ ၃၀ စွန်းစွန်းပဲ။ သူနဲ့အတူ လေးငါးနှစ်သားလောက်ရှိတဲ့ ကလေးလည်းပါတယ်။ ဝိုင်းရိုက်ကြတော့ ကလေးက သားအဖေကို မလုပ်ကြပါနဲ့ ဆိုပြီ ငိုတယ်။ တော်တော်လေးကို စိတ်မကောင်းစရာမြင်ကွင်းပဲ။ လူတွေက ငတ်ပြတ်နေကြပြီလေ”လို့ မျက်မြင်တွေ့ရှိခဲ့သူက ပြောပါတယ်။ ဖမ်းဆီးခံရသူကို ရပ်ကွက်ရုံးက အဲဒီနေ့ ညနေပိုင်းမှာပဲ မရမ်းကုန်းနဲ့ လှိုင်မြို့နယ် ကြားမှာရှိတဲ့ စစ်တပ် တပ်ထိန်းရုံးကို ပို့လိုက်တယ်လို့…
-
ရခိုင်ပြည်နယ်တွင် စစ်ကော်မရှင်ကြောင့် ၁၀၀ ကျော် သေဆုံး
ကျူးလွန်ရာတွင် ပါဝင်သူများကို AA ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟုဆို ရခိုင်ပြည်နယ်တွင် စစ်ကော်မရှင်တပ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကြောင့် ၁၀၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၁၃ ယောက်ရှိခဲ့ကြောင်း AAက ယနေ့ ( စက်တင်ဘာလ ၁၃ ရက်)တွင် သတင်းထုတ်ပြန်သည်။ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်အတွင်း စစ်ကောင်မရှင်တပ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု ခြောက်ခုကို ထုတ်ပြန်ထားခြင်းဖြစ်သည်။ ထိုဖြစ်ရပ်များတွင် ပြစ်မှု ကျူးလွန်သူ၊ စေခိုင်းသူနှင့် ပါဝင်ပတ်သက်သူများကို AAက ပြင်းထန်စွာ လက်တုံ့ သွားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တရားမျှတမှုရရှိစေရန် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်စာသင်ကျောင်းနှစ်ကျောင်းပေါ် ယမန်နေ့…
-

BGF ကို ဖယ်ရှားပြီး မြဝတီမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်
သင်္ဃန်းညီနောင်ကို ပြန်လည်သိမ်းယူနိုင်ပြီးနောက် စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့ပေါ်က နေရာတော်တော်များများမှာ တပ်စွဲနေရာယူလိုက်ကာ အမှတ် ၁ ချစ်ကြည်ရေးတံတားအောက်မှာ လုံခြုံရေးယူထားတဲ့ BGF တပ်ကိုလည်း ဖယ်ရှားလိုက်တယ်လို့ မြဝတီဒေသခံတွေက ပြောပါတယ်။ မြဝတီ-ကော့ကရိတ် အာရှလမ်းနဲ့ သင်္ဃန်းညီနောင်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ အာဏာ သိမ်းစစ်ကော်မရှင်တပ်က စက်တင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး မြဝတီမြို့ပေါ်က နေ ရာတော်တော်များမှာ လုံခြုံရေးအတွက်ဆိုပြီး စစ်ကော်မရှင်တပ်က တပ်စွဲနေရာယူလိုက်ပြီလို့ မြဝတီဒေသခံတွေက ဆိုကြပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းမရောက်ခင် အချိန်အတောအတွင်းမှာ မြဝတီမြို့ကို ကရင်နယ်ခြားစောင့်တပ် BGF က မြို့လုံခြုံရေးအတွက်ဆိုပြီး အမှတ် ၁ ချစ်ကြည်ရေးတံတား၊ ကုန်သွယ်ရေးဇုန်နဲ့ မြို့အဝင်အထွက်နေရာတွေမှာ တပ်စွဲနေရာယူထားကာ စစ်ကော်မရှင်တပ်က ရှေ့တန်းရုံးနဲ့ ခလရ ၂၇၅ တပ်ရင်းထဲမှာသာ တပ်စွဲနေရယူထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ကော်မရှင်တပ်က…
-
ကျောက်တော် ကိုယ်ပိုင်အထက်တန်းကျောင်းဗုံးကြဲခံရမှု ကျောင်းသားတစ်ဦး ထပ်မံသေဆုံး၍ သေဆုံးသူ ၂၃ ဦးအထိရှိလာ
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာမှ ပညာပန်းခင်းနှင့် အမြင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းများကို အကြမ်းဖက်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသားတစ်ဦး ထပ်မံသေဆုံးကြောင်း သတင်းရရှိသည်။ ဒဏ်ရာပြင်းထန်မှုကြောင့် ထပ်မံသေဆုံးသွားသူမှာ ကျောက်တော်မြို့နယ်၊ တရက်တပင်ကျေးရွာမှ Grade – 11 ကျောင်းသား မောင်အောင်ငြိမ်းဖြိုး(၁၇ နှစ်)ဖြစ်သည်။ သူသည် ဆေးကုသမှုခံယူနေစဉ် ယနေ့ စက်တင်ဘာလ ၁၃ ရက်၊ ညဉ့် ၁၂ နာရီခွဲခန့်တွင် သေဆုံးသွားခြင်းဖြစ်သည်။ မောင်အောင်ငြိမ်းဖြိုးသည် ဗုံးကြဲခံရမှုအတွင်း ဝမ်းဗိုက်နှင့် ဦးခေါင်းဒဏ်ရာအပြင်းအထန်ရရှိခဲ့သူဖြစ်ကြောင်း ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။ “သူ့အပြင် တခြား ဒဏ်ရာပြင်းတဲ့ ကလေးတွေလည်း စိုးရိမ်ရတဲ့အခြေအနေတွေရှိနေပါသေးတယ်။ အခုလိုတွေမြင်ရတော့ တကယ်ကို စိတ်ထိခိုက်တယ်”ဟု ပြောသည်။ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ “ပညာပန်းခင်း” နှင့် “အမြင်သစ်” ကိုယ်ပိုင် အထက်တန်းစာသင်ကျောင်းများအား အကြမ်းဖက်လေတပ်က စက်တင်ဘာလ…
-
ရန်ကုန်နှင့်မန္တလေးတွင် လူငယ်များ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံရ
ရန်ကုန်နှင့်မန္တလေးတွင် လူငယ်များ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ မန္တလေးမြို့၊ ဂေါဝိန်ရပ်ကွက်၊ ဧရာထွန်းဈေးသို့ လာရောက် ကုန်စည်ဖြန့်ဖြူးနေသည့် Vivo စားသောက်ကုန်ကုမ္ပဏီမှ အသက် ၂၉ နှစ်အရွယ် မောင်ကျော်မျိုးသူမှာ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။ စက်တင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီခန့်အချိန် မန္တလေးမြို့၊ ကျွဲဆည်ကန်ရပ်ကွက် ၁ လမ်းရှိ Vivo စားသောက်ကုန် ကုမ္မဏီတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၉ နှစ်အရွယ် မောင်ကျော်မျိုးသူ သည် ဂေါ်ဝိန်ရပ်ကွက်၊ ဧရာထွန်းဈေးသို့ ကုမ္ပဏီက ခိုင်းစေသည့် အလုပ်ကို သွားရောက်လုပ်ကိုင်နေစဉ် ပေါ်တာဆွဲ ဖမ်းဆီးခံရကာ ပျောက်ဆုံးသွားကာ ယနေ့အထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။ “ဘာအဆက်အသွယ်မှလည်း…