Author: Baby Yit Lone

  • တောင်ငူတစ်မြို့နယ်လုံးတွင် စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် လူငယ်  ၆၀၀ ကျော်ပေါ်တာဆွဲ ဖမ်းဆီးခံရ

    တောင်ငူတစ်မြို့နယ်လုံးတွင် စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် လူငယ် ၆၀၀ ကျော်ပေါ်တာဆွဲ ဖမ်းဆီးခံရ

    ဟင်္သာတတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ် ၁ ဦးလျှင် စစ်မှုထမ်းကြေး လစဉ် ၁ သိန်းခွဲအထိ တိုးမြှင့်ကောက်ခံ

    (more…)

  • ဗန်းမော်တိုက်ပွဲတွင် တပ်ရင်းမှူး အပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးထိခိုက်မှုရှိ

    ဗန်းမော်တိုက်ပွဲတွင် တပ်ရင်းမှူး အပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးထိခိုက်မှုရှိ

    ဗန်းမော်တွင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်မှ တပ်ရင်းမှူးနှင့် ဗိုလ်အဆင့်ရှိသူများအပါအဝင် တပ်ဖွဲ့ဝင် ၁၀၀ ခန့်သေဆုံးထိခိုက်မှုရှိကြောင်း သိရသည်။

    ‎စစ်သင်္ဘောများမှ လက်နက်ခဲယမ်းနှင့် လူအင်အားများ လာရောက်ပို့ဆောင်ပြီးနောက် ဗန်းမော်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲအတွင်း စကခ ၂၁ မှ တပ်ရင်းမှူးအပါအဝင် ဗိုလ်ကြီးတစ်ဦးတို့သေဆုံးကြောင်း ကချင်သတင်းရင်းမြစ်ထံမှ သိရသည်။

    ‎”ဩဂုတ် ၂ရက်နေ့ နောက်ပိုင်း ဗန်းမော်တိုက်ပွဲပိုပြင်းထန်လာပြီး စစ်တပ်ဘက်က ဗုံးနေ့တိုင်းလာကြဲတယ်။ ဒရုန်းနဲ့အဓိကထားပြီး နည်းပညာအားကိုးတိုက်တာပေါ့။ ၇ရက်နေ့တိုက်ပွဲမှာ ဒရုန်းတပ်ခေါင်းဆောင်သေတယ်” ဟု ကချင်သတင်းရင်းမြစ်ကပြောသည်။

    ‎ပြီးခဲ့သည့် ဩဂုတ် ၇ ရက်နေ့ကဖြစ်ပွားခဲ့သည့် စစ်ကော်မရှင်နှင့် KIA တို့တိုက်ပွဲတွင် ဒရုန်းတပ်ဖွဲ့ကို ဦးဆောင်လာသည့် ဗိုလ်ကြီး တန်အောင်ထန်း သေဆုံးသွားကြောင်း သိရသည်။

    ‎အမြောက်တပ် ၃၆၆ အတွင်း စစ်ကော်မရှင်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ‎စစ်ကော်မရှင်က အလောင်းများနှင့် ဒဏ်ရာရသူများကို စကခ ၂၁ အတွင်းသို့ သယ်ယူသွားပြီး တပ်ဆုတ်သွားကြောင်း သိရသည်။

    ‎ထို့အပြင် KIA က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ စကခ၂၁ အတွင်းရှိ လက်နက် တိုက်ကို ထိမှန်သည့်အတွက် ပေါက်ကွဲအားပြင်းထန်ကာ သေဆုံးထိခိုက်သူများပြားနိုင်ကြောင်း သတင်းရင်းမြစ်က အသိပေးသည်။

    ပုံစာ – ဗန်းမော်လေဆိပ်လေယာဥ်ပြေးလမ်းမှ KIA တပ်ဖွဲ့ဝင်များ(ပုံအဟောင်းအား အသုံးပြုထားပါသည်။)

  • (၁၀၂၇)ထက်ပြင်းထန်မယ့်လှိုင်း

    (၁၀၂၇)ထက်ပြင်းထန်မယ့်လှိုင်း

    ကြားမိထားတာတော့ကြာနေခဲ့ပါပြီ။

    မသေချာသေးတာကြောင့်သာ ချမပြခဲ့တာဖြစ်သလို Attention ရှာတာမျိုးလည်း မဖြစ်ချင်ခဲ့လို့ပါ။

    ပြင်ဆင်စုဆောင်းမှု့တွေပြုလုပ်နေခဲ့ကြပြီဆိုတဲ့အထိ ကြားသိထားခဲ့ရပေမယ့်
    လက်ရှိလိုပြည်သူတွေရဲ့စိုးရိမ်ပူပန်မှု့တွေမြင့်တက်လာနေခဲ့ရချိန်မှာ မသေချာတဲ့သတင်းစကားတွေနဲ့မျှော်လင့်ချက်ပေးလိုက်မိလို့
    အမှန်တကယ်ဖြစ်မလာခဲ့ဘူးဆိုရင် တော်လှန်ရေးကြီးအဆုံးသတ်သွားတဲ့အထိ အကျိုးသက်ရောက်သွားစေနိုင်မှာစိုးရိမ်မိတာကြောင့် တမင်ကိုမရေးပဲနေနေခဲ့လိုက်တဲ့သဘောပါပဲ။

    သို့သော်လည်း တစ်ဖက်ကစစ်အုပ်စုရဲ့အားကောင်းလာတဲ့အနေအထားတွေအပြင် တန်ပြန်မြို့သိမ်းထိုးစစ်တွေကြောင့် စိုးရိမ်ထိတ်လန့်လာခဲ့ကြတဲ့ပြည်သူတွေရဲ့အနေအထားကိုအခွင့်ကောင်းယူကာ

    (ဟိုအဖွဲ့ကို အပြစ်တင်၊ဒီအဖွဲ့ကို ထိုးချ)ပြီး သွေးခွဲလာခဲ့ကြတဲ့
    (ဟိုဘက်ကမှန်းမသိ၊ဒီဘက်ကမှန်းမသိ)တစ်ချို့လူတွေကြောင့် စာရေးသူအပါအဝင်တော်တော်များများလည်း ကြားသိထားခဲ့ပြီးသားသတင်းလေးတစ်ခုကို အနည်းအကျဉ်းလောက်ပြောပြပေးပါရစေ။

    စပ်မိလို့ ကြားဖြတ်ပြီးပြောချင်တာလေးတစ်ခုက.!

    ဘယ်အဖွဲ့ကိုမှလိုက်ပြီး အပြစ်တင်မနေလိုက်ကြပါနဲ့။
    (တင်ချင်းတင်) မိမိတို့ရဲ့အဖွဲ့အစည်းတွေကိုသာပြန်ပြီး အပြစ်တင်ကြရမှာပါ။
    တိုက်တွန်းနှိုးဆော်ကြရမှာပါ။

    ပေါင်းစည်းညီညွတ်ကြဖို့အပါဝင် အောက်ခြေအဖွဲ့အစည်းတွေကိုမထိန်းချုပ်နိုင်ကြတာနဲ့
    စနစ်တကျစီမံခန့်ခွဲပြီး အဖွဲ့တွေရဲ့လိုအပ်ချက်တွေကိုဖြည့်စီးမပေးနိုင်ကြတာမျိုးတွေကအစ
    ဘယ်သူတွေမှာ အဓိကတာဝန်ရှိနေခဲ့ကြတာပါလဲ.?

    ဒါကြောင့်မို့ တရုတ်ကြောက်ရလို့၊ကုလားကြောက်ရလို့ဆိုပြီး ဟိုအဖွဲ့ဒီအဖွဲ့တွေကိုအပြစ်တင်ရှုံ့ချနေကြမယ့်အစား
    မကြောက်ရဘူးလို့ထင်တဲ့ကိုယ့်အဖွဲ့တွေ လှုပ်မလာခဲ့ကြတာကိုသာ နာနာဖိတွန်းကြသင့်တာပါ။

    ကြားသိထားခဲ့ရတဲ့ (၁၀၂၇)ထက်ပြင်းထန်မယ့်လှိုင်း

    (၁၁၂၇)ဆိုတာကြီးအမှန်တကယ်သာဖြစ်လာခဲ့မယ်ဆိုရင်

    မိမိတို့ဘက်မှာရော ဘာတွေကိုပြင်ဆင်ထားခဲ့ကြပြီးပါပြီလဲ.?

    လက်ရှိလို တော်လှန်ရေးဘက်ကအရေးနိမ့်လာတော့မယ့်အခြေအနေတွေကို သာမန်စစ်ရေးသုံးသပ်သူတွေတောင် ရိပ်စားမိနေခဲ့ကြတယ်ဆိုရင်
    လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကခေါင်းဆောင်ပိုင်းတွေကရော မသိပဲနေကြပါမတဲ့လား.?

    အရှုံးခံလို့ လုံးဝမရဘူးဆိုတာကို ခေါင်းဆောင်ပိုင်းတွေကပိုပြီးသိရှိနေခဲ့ကြမှာဖြစ်သလို

    သာမန်ပြည်သူတွေထက် သူတို့ကပိုပြီးတော့တောင် နိုင်ချင်နေခဲ့ကြဦးမယ်ဆိုတာကလည်းအသေအချာပဲမဟုတ်ပါလား.?

    အရေးအကြီးဆုံးအချက်တစ်ခုကတော့..!

    (၁၁၂၇)လှိုင်းကြီးအမှန်တကယ်ဖြစ်ပေါ်လာခဲ့ကြပြီဆိုရင် မြေပြန့်ဒေသတွေအပါအဝင် တစ်နိုင်ငံလုံးအနှံ့မှာတပြိုင်တည်းရုန်းထနိုင်ခဲ့ကြဖို့ပဲဖြစ်ပါတယ်။

    ဖြစ်မလာခဲ့ပါဘူးဆိုရင်တောင် ကျန်ခဲ့မယ့်အဖွဲ့က MNDAAတစ်ဖွဲ့တည်းသာဖြစ်ပြီး
    အခြားအဖွဲ့အစည်းအားလုံးလိုလိုကတော့ စစ်ရေးသဘောတူညီချက်တွေချမှတ်နေခဲ့ကြပြီဖြစ်သလို

    KIAနဲ့ အညာကအဖွဲ့အစည်းတွေရဲ့ချိတ်ဆက်မှု့တွေကိုလည်း တွေ့မြင်လာခဲ့ရပြီဖြစ်လို့

    မိုးကုန်တော့မယ့် မကြာမှီအတောအတွင်းမှာ မီးကုန်ယမ်းကုန်ကြမ်းကြတော့မယ့် ပွဲကြီးပွဲကောင်းတွေကတော့ သေချာပေါက်ရောက်ရှိလာခဲ့တော့မှာပါလေ။

    ရာဇသံ(11.8.2025)

  • ဗန်းမော်တိုက်ပွဲ အမြောက်တပ်နှင့် လေယာဉ်ကွင်းနေရာအချို့မှ KIA ဆုတ်ခွာရ

    ဗန်းမော်တိုက်ပွဲ အမြောက်တပ်နှင့် လေယာဉ်ကွင်းနေရာအချို့မှ KIA ဆုတ်ခွာရ

    ကချင်ပြည်နယ်၊ဗန်းမော်မြို့တိုက်ပွဲတွင်စစ်တပ်ဘက်ကလေကြောင်း၊ ဒရုန်းဖြင့် အပြင်းအထန်တိုက်ခိုက်၍ အမြောက်တပ်ရင်း (၃၆၆)နှင့် လေယာဉ်ကွင်းစသည့်နေရာအချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်ကပြန်လည်လက်လွှတ်လိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

    “လေယာဉ်ဗုံး၊ဒရုန်းဗုံး မိုးရွာသလို အဆက်မပြတ် ပစ်နေကြလို့ လေယာဉ် ကွင်းနဲ့ အမတ(၃၆၆) နည်းနည်းဆုတ်ပေးထားတယ်ပြောတယ်။ အဲဒီလောက်ပဲ သိသေးတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ကချင်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ တဦးကလည်း “မနေ့ညနေပိုင်းကစ တချို့နေရာကနေ ဆုတ်ပေးထားတယ်ကြားတယ်။ အဓိကတော့ နည်းပညာ စစ်ပွဲပဲ။ တရုတ်နဲ့ ရုရှားဘက်က စကစကို နည်းပညာသာမကဘဲ ဒရုန်းနဲ့ ခေတ်မှီဗုံးတွေပါ ထောက်ပံ့ ပေးနေပြီလို့ သုံးသပ်ရတယ်” ဟု ပြောသည်။

    ဩဂုတ် ၁ရက်တွင် ဗန်းမော်မြို့သို့ ဆိုက်ကပ်လာနိုင်သည့် စစ်သင်္ဘောအုပ်စုနှင့်အတူ အဆိုပါ လက်နက်ခဲယမ်းများ သယ်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

    ဗန်းမော်မြို့နေရာအချို့ကို KIAက လက်လွှတ်လိုက်ရသည့် သတင်းမှန်ပါက စိုးရိမ်ရန်လိုအပ်ကြောင်း၊ သီပေါ၊ ကျောက်မဲ၊မိုးကုတ်၊ ဗန်းမော် စသည့်မြို့နယ်များသည် KIAနှင့် တအာင်းတပ် TNLAနှစ်ဖွဲ့နှင့်သာ သက် ဆိုင်သည်ဟု မြင်၍ မရကြောင်း အဆိုပါ လေ့လာသူက ပြောသည်။

    ” နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေအားလုံးနဲ့ ဆိုင်တာမို့ ကိုယ့်တပ်ဖွဲ့နဲ့ အနီးဆုံး စကစ ကို တက်ညီလက်ညီ ထိုးစစ်ဆင်သင့်ပြီ”ဟုလည်းကချင်စစ်ရေးနိုင်ငံရေးလေ့လာသူက ပြောသည်။

    စစ်ကောင်စီဝါဒဖြန့်သူအချို့ကလည်း KIA ပူးပေါင်းတပ် သိမ်းထားသည့် အမြောက်တပ် (၃၆၆) ၊ ဗန်းမော်လေဆိပ်နေရာများကို ပြန်လည်ရရှိကြောင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနေရယူထားနိုင်သည့် ဓာတ်ပုံမှတ်တမ်းများ ဖော်ပြ ဝါဖြန့်လာသည်ကိုလည်းတွေ့ရသည်။

    ဗန်းမော်တိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

    (ဗန်းမော်မြို့ရှိ အမြောက်တပ်ရင်း (၃၆၆)အား စစ်တပ် ပြန်ရပြီးနောက်တွေ့ရစဉ်။ ဓာတ်ပုံ – စကစ)

  • ကြံ့ဖွတ်ပါတီရဲ့ အလွန်ယုတ်ညံ့ အောက်တန်းကျတဲ့ နှစ်ကျပ်ကွက် ရိုက်ချက်

    ကြံ့ဖွတ်ပါတီရဲ့ အလွန်ယုတ်ညံ့ အောက်တန်းကျတဲ့ နှစ်ကျပ်ကွက် ရိုက်ချက်

    ကြံ့ဖွတ်ပါတီက မင်းအောင်လှိုင်ရဲ့ ခွေးတိုးပေါက် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ပါတီစည်းရုံးရေး လုပ်တယ်။

    စည်းရုံးရေး လုပ်တာကို လူကြီးလူကောင်းဆန်ဆန် မလုပ်ဘဲ နိုင်ငံရေး စစ်ရေး အခြေအနေကို နားမလည်တဲ့ ကူကယ်ရာမဲ့ ပြည်သူတွေကို ချနင်းပြီး အောက်တန်းကျကျ ယုတ်မာတယ်။

    ယုတ်မာပုံ ယုတ်မာနည်းက….

    ဖွတ်ပါတီထဲကို ဝင်ရင် စစ်မှုထမ်း ကင်းလွတ်ခွင့်ရမယ် ဆိုပြီး မသိနားမလည်တဲ့ စစ်မှုထမ်း အသက်အရွယ် လူငယ်တွေကို စည်းရုံးတယ်။

    သူတို့ကတော့ ပါတီဝင်အင်အား (စာရွက်ပေါ်က စာရင်းအရ) တိုးသွားပေမယ့်-

    ငါတို့ကတော့ ဖွတ်ပါတီထဲ ဝင်လိုက်ပြီဖြစ်လို့ စစ်မှုထမ်း ဆွဲခံရမှာ မဟုတ်တော့ဘူး ဆိုပြီး စိတ်ချလက်ချ ယုံကြည်သွားလာ လုပ်ကိုင်စားသောက်နေတဲ့ လူငယ်တွေကို ခွေးတပ်က အလွယ်တကူ ပေါ်တာဆွဲ ဖမ်းဆီးနိုင်သွားတယ်။

    ဒီရက်ပိုင်းတွေမှာ ကြံ့ဖွတ်ပါတီထဲ ဝင်လိုက်တဲ့ လူငယ်တွေ ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေ နိုင်ငံအနှံ့အပြားမှာ ကြားလာရတယ်။

    သေချာတွေးကြည့်ရင် ဒါဟာ သွေးရိုးသားရိုးကိစ္စ မဟုတ်ဘူး။

    စစ်မှုထမ်းကိစ္စကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်သူတွေရဲ့ စိတ်မလုံခြုံမှုကို ခုတုံးလုပ် အသုံးချပြီး နောက်ဆုံးတော့ ကြံ့ဖွတ်နဲ့ ခွေးတပ် လက်ဝါးရိုက်ကာ ထောင်ချောက်ဆင် ဖမ်းဆီးသွားတဲ့သဘော ဖြစ်နေတယ်။

    ရှင်းရှင်းပြောရရင် ဒါဟာ ကြံ့ဖွတ်ပါတီရဲ့ အလွန်ယုတ်ညံ့ အောက်တန်းကျတဲ့ နှစ်ကျပ်ကွက် ရိုက်ချက်နဲ့ ပြည်သူကို သေလမ်းပို့နေတာလို့ပဲ သုံးသပ်ပါတယ်။

    ကြံ့ဖွတ်နဲ့ ခွေးတပ်တို့ ပူးပေါင်းလှည့်စားထားတဲ့ ထောင်ချောက်ကို ပြည်သူတွေ သတိပြု ဆင်ခြင် ရှောင်ကြဉ်နိုင်ကြပါစေ..။

    ဖိုးစီ