Author: Baby Yit Lone
-

သန်လျင်တွင် အငှားယာဥ်မောင်းအားသတ်ပြီး ကားလုသူ ၂ ဦးကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်
သန်လျင်တွင် တက္ကစီမောင်းသူကို သတ်ပြီး ကားလုယက်သူ လူငယ် နှစ်ဦး ဖမ်းမိ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်မှာ တက္ကစီယာဉ်မောင်းကို သတ်ပြီး မော်တော်ယာဉ် လုယက်ယူဆောင်ခဲ့သူ အသက် (၁၇) နှစ်အရွယ် လူငယ်ပိုင်း အမျိုးသား နှစ်ယောက်ကို ဖမ်းမိပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။ သာကေတမြို့နယ်၊ အမှတ် (၃) ရန်ပြေရပ်ကွက်၊ ရန်ပြေ (၁၈) လမ်းနေ ဦးစံသိန်း (၅၆ နှစ်) ဟာ သူမောင်းနှင်တဲ့ Toyota Probox အမျိုးအစား အဖြူရောင်အဌားယာဉ်နဲ့ ထွက်ခွာသွားပြီး အောက်တိုဘာ ၅ ရက်၊ ည ၉ နာရီအချိန်ထိ နေအိမ်ကို ပြန်ရောက်လာတာ မရှိဘဲ သူကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းမှာလည်း စက်ပိတ်ထားတဲ့အတွက်…
-

မုံရွာတွင် ရဲတပ်ဖွဲ့ဝင်များ စီးလာသည့်ကား တိုက်ခိုက်ခံရပြီး ဒုရဲအုပ် အပါအဝင် ၄ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အောက်တိုဘာ ၄ ရက် မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဒုရဲအုပ်တယောက် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Budalin Mobile Team (BMT) က ရုပ်သံမှတ်တမ်းတွေနဲ့အတူ အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ရွာတွေဘက်ကိုဆင်းပြီး ဆက်ကြေးတောင်းဖို့ ထွက်လာတဲ့ Honda Fit ကားကို မုံရွာမြို့နယ်ထဲမှာရှိတဲ့ သာစည်လမ်း-အက်တောအဝိုင်းပတ်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၁ ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲနဲ့အတူ မဟာမိတ်တွေဖြစ်ကြတဲ့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ် ပလဖ)၊ ကျောင်းသားတပ်တော် (SAF)၊ Budalin…
-

အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော်ထံမှ သိန်းပေါင်း ၁၂၀၀၀ ကျော် ကို လိမ်ယူ
စင်္ကာပူတွင် အလုပ်ရမည်ဆိုကာ အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော်ထံမှ သိန်းပေါင်း ၁၂၀၀၀ ကျော် ကို လိမ်ယူပြီးတိမ်းရှောင်နေ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ပို့ဆောင်ပေးမယ် ဆိုပြီး အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော် ထံကနေ သိန်းပေါင်း ၁၂၀၀၀ ကျော်ကို လိမ်လည်ယူပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ နစ်နာသူ တွေထံ က သိရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသမီးဟာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် တောင်သူကုန်း မှာ Original Over sea Employment ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ လို့ ရုံးခန်း ဖွင့်လှစ်ပြီး ပြည်ပ သွားရောက်ချင်တဲ့ လူငယ်တွေကို စင်္ကာပူ နိုင်ငံက လုပ်ငန်းအသီးသီးမှာ အလုပ်လုပ်ကိုင်နိုင်ရန် ပို့ဆောင်ပေးမယ်ဆိုပြီး တစ်ဦး ကို ကျပ်သိန်း…
-

စစ်တပ်တွင် လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ အသုံးပြုနေ
စစ်တပ်တွင် လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ အသုံးပြုနေပြီး စစ်နိုင်သဖြင့် ဆုအဖြစ် ယူခွင့်ရှိသည်ဟုဆိုကာ ပြည်သူ ပိုင် ပစ္စည်းများကို လုယက်ခိုင်းဟု အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်း ဝန်ခံ အကြမ်းဖက်စစ်တပ်အတွင်း လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ ဆွဲသွင်းအသုံးပြုနေပြီး ရှေ့တန်းစစ်မြေပြင်တွင် စစ်နိုင်သဖြင့် ဆုအဖြစ် ယူခွင့်ရှိသည်ဟုဆိုကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ခိုင်းနေကြောင်း အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်းကဝန်ခံ ပြောဆိုလိုက်သည်။ စက်တင်ဘာလ ၂၉ရက်နေ့ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသော ခလရ ၉ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် အောင်ကိုကိုဟိန်းသည် KNDF – Karenni Nationalities Defense Force ထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ပေါ်တာဆွဲ ဖမ်းဆီးခံရ၍…
-

ရက်စက်တဲ့ဟိုတယ်လူသတ်မှု ဆယ်ကျော်သက်စုံတွဲကကျူးလွန်ခဲ့တယ်လို့စစ်ကောင်စီထုတ်ပြန်မှုအပေါ်ပြည်သူအချို့သံသယရှိနေ
ရက်စက်တဲ့ဟိုတယ်လူသတ်မှု ဆယ်ကျော်သက်စုံတွဲကကျူးလွန်ခဲ့တယ်လို့စစ်ကောင်စီထုတ်ပြန်မှုအပေါ်ပြည်သူအချို့သံသယရှိနေ ရန်ကုန်မြို့လယ်ဟိုတယ်မှာ အမျိုးသမီးတစ်ဦးကို ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်တောက် ရက်ရက်စက်စက်သတ်ခဲ့တဲ့တရားခံကိုဖမ်းမိပြီလို့ စစ်ကောင်စီကကြေညာခဲ့ပေမယ့် ကျူးလွန်သူနဲ့ကူညီသူတွေဟာ ဆယ်ကျော်သက်အရွယ်လူငယ်တွေဖြစ်နေတာကြောင့် ကျူးလွန်သူမှန်ရဲ့လားဆိုတဲ့အပေါ် ပြည်သူအချို့က မေးခွန်းထုတ်နေကြပါတယ်။ “စကစ က မိတယ်ဆိုတဲ့ တရားခံက တစ်ခုခုလွဲနေသလို ခံစားရတယ်။ အခြားမိန်းမတစ်ယောက်နဲ့ ပျော်ပါးပြီး သတ်လိုက်တဲ့ ကောင်လေးကို သူ့ကောင်မလေးက ကူညီအလောင်းဖျောက်ပေးမယ်ဆိုတာ ရိုးရိုးလေးပဲ စဥ်းစားကြည့် ဖြစ်နိုင်ပါ့မလား။ နောက်ပြီး လူတစ်ယောက်သတ်ရတာ သူတို့အတွက် အဲ့လောက် လွယ်ကူနေသလား။ ဂိမ်းအလွန်အကျွံ စွဲလန်းတယ် ဘယ်လောက်ပြောပြော ဒါက လူတစ်ယောက်ကို ဓားနဲ့သတ်ရတာလေ မလွယ်နိုင်ဘူး။ သက်သေခံဓားဆိုတာကလည်း အပိုင်းပိုင်းဖြတ်ဖို့ မဖြစ်နိုင်လောက်ဘူး။ ကြက်ကလေး၊ ငှက်ကလေးမှ မဟုတ်တာ လူ့ခန္ဓာကိုယ်လေ။” လို့ ဒီဖြစ်စဉ်အပေါ် ပြည်သူတစ်ဦးက သူ့အမြင်ကိုပြောပါတယ်။ ဒါ့အပြင် ပြစ်မှူကျူးလွန်တယ်ဆိုတဲ့ လူငယ်တွေက အလောင်းကိုဖျောက်ဖျက်ခဲ့ပေမယ့်…