Author: Baby Yit Lone
-

အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော်ထံမှ သိန်းပေါင်း ၁၂၀၀၀ ကျော် ကို လိမ်ယူ
စင်္ကာပူတွင် အလုပ်ရမည်ဆိုကာ အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော်ထံမှ သိန်းပေါင်း ၁၂၀၀၀ ကျော် ကို လိမ်ယူပြီးတိမ်းရှောင်နေ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ပို့ဆောင်ပေးမယ် ဆိုပြီး အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော် ထံကနေ သိန်းပေါင်း ၁၂၀၀၀ ကျော်ကို လိမ်လည်ယူပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ နစ်နာသူ တွေထံ က သိရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသမီးဟာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် တောင်သူကုန်း မှာ Original Over sea Employment ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ လို့ ရုံးခန်း ဖွင့်လှစ်ပြီး ပြည်ပ သွားရောက်ချင်တဲ့ လူငယ်တွေကို စင်္ကာပူ နိုင်ငံက လုပ်ငန်းအသီးသီးမှာ အလုပ်လုပ်ကိုင်နိုင်ရန် ပို့ဆောင်ပေးမယ်ဆိုပြီး တစ်ဦး ကို ကျပ်သိန်း…
-

စစ်တပ်တွင် လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ အသုံးပြုနေ
စစ်တပ်တွင် လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ အသုံးပြုနေပြီး စစ်နိုင်သဖြင့် ဆုအဖြစ် ယူခွင့်ရှိသည်ဟုဆိုကာ ပြည်သူ ပိုင် ပစ္စည်းများကို လုယက်ခိုင်းဟု အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်း ဝန်ခံ အကြမ်းဖက်စစ်တပ်အတွင်း လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ ဆွဲသွင်းအသုံးပြုနေပြီး ရှေ့တန်းစစ်မြေပြင်တွင် စစ်နိုင်သဖြင့် ဆုအဖြစ် ယူခွင့်ရှိသည်ဟုဆိုကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ခိုင်းနေကြောင်း အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်းကဝန်ခံ ပြောဆိုလိုက်သည်။ စက်တင်ဘာလ ၂၉ရက်နေ့ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသော ခလရ ၉ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် အောင်ကိုကိုဟိန်းသည် KNDF – Karenni Nationalities Defense Force ထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ပေါ်တာဆွဲ ဖမ်းဆီးခံရ၍…
-

ရက်စက်တဲ့ဟိုတယ်လူသတ်မှု ဆယ်ကျော်သက်စုံတွဲကကျူးလွန်ခဲ့တယ်လို့စစ်ကောင်စီထုတ်ပြန်မှုအပေါ်ပြည်သူအချို့သံသယရှိနေ
ရက်စက်တဲ့ဟိုတယ်လူသတ်မှု ဆယ်ကျော်သက်စုံတွဲကကျူးလွန်ခဲ့တယ်လို့စစ်ကောင်စီထုတ်ပြန်မှုအပေါ်ပြည်သူအချို့သံသယရှိနေ ရန်ကုန်မြို့လယ်ဟိုတယ်မှာ အမျိုးသမီးတစ်ဦးကို ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်တောက် ရက်ရက်စက်စက်သတ်ခဲ့တဲ့တရားခံကိုဖမ်းမိပြီလို့ စစ်ကောင်စီကကြေညာခဲ့ပေမယ့် ကျူးလွန်သူနဲ့ကူညီသူတွေဟာ ဆယ်ကျော်သက်အရွယ်လူငယ်တွေဖြစ်နေတာကြောင့် ကျူးလွန်သူမှန်ရဲ့လားဆိုတဲ့အပေါ် ပြည်သူအချို့က မေးခွန်းထုတ်နေကြပါတယ်။ “စကစ က မိတယ်ဆိုတဲ့ တရားခံက တစ်ခုခုလွဲနေသလို ခံစားရတယ်။ အခြားမိန်းမတစ်ယောက်နဲ့ ပျော်ပါးပြီး သတ်လိုက်တဲ့ ကောင်လေးကို သူ့ကောင်မလေးက ကူညီအလောင်းဖျောက်ပေးမယ်ဆိုတာ ရိုးရိုးလေးပဲ စဥ်းစားကြည့် ဖြစ်နိုင်ပါ့မလား။ နောက်ပြီး လူတစ်ယောက်သတ်ရတာ သူတို့အတွက် အဲ့လောက် လွယ်ကူနေသလား။ ဂိမ်းအလွန်အကျွံ စွဲလန်းတယ် ဘယ်လောက်ပြောပြော ဒါက လူတစ်ယောက်ကို ဓားနဲ့သတ်ရတာလေ မလွယ်နိုင်ဘူး။ သက်သေခံဓားဆိုတာကလည်း အပိုင်းပိုင်းဖြတ်ဖို့ မဖြစ်နိုင်လောက်ဘူး။ ကြက်ကလေး၊ ငှက်ကလေးမှ မဟုတ်တာ လူ့ခန္ဓာကိုယ်လေ။” လို့ ဒီဖြစ်စဉ်အပေါ် ပြည်သူတစ်ဦးက သူ့အမြင်ကိုပြောပါတယ်။ ဒါ့အပြင် ပြစ်မှူကျူးလွန်တယ်ဆိုတဲ့ လူငယ်တွေက အလောင်းကိုဖျောက်ဖျက်ခဲ့ပေမယ့်…
-

သီတင်းကျွတ်မီးထွန်းပွဲကို စစ်တပ် ပါရာမိုတာနဲ့ ဗုံးကြဲသတ်ခဲ့မှုအပေါ် နိုင်ငံတကာမီဒီယာတွေ အကျယ်တဝင့်ဖော်ပြ
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက သီတင်းကျွတ် မီးထွန်းပွဲတော်ကိုအာဏာသိမ်းစစ်ကောင်စီက ပါရာမိုတာ အသုံးပြု ဗုံးကြဲခဲ့လို့ အရပ်သား အများအပြား သေကြေ ဒဏ်ရာရခဲ့တဲ့ သတင်းကို နိုင်ငံတကာ မီဒီယာတွေက အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့ညတုန်းက ချောင်းဦးမြို့နယ်ရဲ့ ဘုံတိုရွာထဲမှာ မီးထွန်းပွဲတော် ကျင်းပနေတုန်း စစ်ကောင်စီရဲ့ ပါရာမိုတာက ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူဒါဇင်နဲ့ချီသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တာပါ။ အောက်တိုဘာ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ဗုံးကြဲသတ်ဖြတ်မှုအပေါ် နိုင်ငံတကာ မီဒီယာတွေကလည်း စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အပေါ် ကျယ်ကျယ်ပြန့်ပြန့် သတင်း ဖော်ပြခဲ့ကြတာပါ။ အမေရိကန်ရဲ့ ဩဇာကြီးမားတဲ့ သတင်းစာ တစ်စောင်ဖြစ်တဲ့ New York Timesကလည်း ဘုံတိုရွာမှာ ပါရာမိုတာ ဗုံးကြဲမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့…
-

Beauty Land Hotel လူသတ်မှု ထွက်ဆိုချက် အပြည့်အစုံ
လူ/သ/တ်တရားခံအောင်ခန့်ကျော်ဇင်သည်ဂိမ်းအဆော့များပြီးစိတ်မတည်မငြိမ်ဖြစ်ကာလူ/သ/တ်ချင်စိတ်ပေါ်ပေါက်လာကြောင်း၊အမျိုးသားချင်းသ/တ်ပါကပြန်လည်ခုခံမည်စိုးရိမ်သဖြင့်အမျိုးသမီးတစ်ယောက်ကိုသ/တ်ရန်ရွေးချယ်ခဲ့ကြောင်း၊ လူသ/တ်ရန်ဓါ:၊အလောင်:/ထည့်ရန်ပလတ်စတစ်အိတ်နှင့်သွေ:များကိုချွတ်ရန်အစွန်းချွတ်သည့်အက်/ဆစ်ပုလင်းများကို၀ယ်ပြီးတည်းခိုနေကြ၃၂လမ်းရှိBeauty Land ဟိုတယ်သို့ အောက်တိုဘာလ၅ရက်ကသွားခဲ့ကြောင်း၊ ဟိုတယ်ရောက်သော်သမိုင်းDate Girl Service Channel၌ကြော်ငြာတင်ထားသောဖုန်း09986189996သို့ဆက်သွယ်ပြီးအပျော်မယ်တစ်ဦးခေါ်ခဲ့ကြောင်း၊အပျော်မယ်ရောက်လာချိန်တွင်လည်/ပင်း/ကိုညှစ်ပြီး ရင်/ဘတ်/ကိုဓါ:/ ဖြင့်ထို: သတ်ခဲ့ကြောင်း၊ ထို့နောက်ပေါင်သာ: များကိုလှီ: ကာအိမ်သာထဲထည့်ခဲ့ကြောင်း၊ဝမ်:/ဗိုက်ကို/ခွဲ/ကာကလီစာများကိုအမှိုက်အိတ်ထဲထည့်ပြီးဗိုလ်ချုပ်လမ်းထောင့်အမှိုက်ပုံးထဲထည့်ခဲ့ကြောင်း၊ထို့နောက်ရည်းစားဖြစ်သူအေမွန်အောင်ကိုလှမ်းခေါ်ပြီးလူ/သ/တ်မိကြောင်းပြောကာအ/လောင်:ထည့်ထားသည့်အိတ်ကိုပြူတင်းပေါက်ဖွင့်ပြီးအဲကွန်းအောက်ဒိုးယူနစ်ပေါ်တင်ထားခဲ့ကြောင်း၊ ထို့နောက်လူ/သ/တ်မှုကျူးလွန်သည့်::ဓါ:ကိုထုတ်ပိုးခြင်း၊အခန်းရှိသွေ:များဆေးကြောခြင်းပြုကာCheck outလုပ်ကြောင်း၊လူ/သ/တ်စဥ်ရုန်းရင်းဆံခတ်ဖြစ်သဖြင့်အခန်းနံရံဆေးကွာသွားသဖြင့်လျော်ကြေး၉သောင်းပေးခဲ့ရကြောင်း၊ ထို့နောက်ဟိုတယ်မှထွက်လာပြီးလမ်းခွဲကာပြစ်မှုကျုးလွန်သည့် ဓါ:ကိုမဟာဗန္ဓုလတံတားပေါ်မှပစ်ချခဲ့ကြောင်းတရားခံမှဝန်ခံထွက်ဆိုချက်ပေးကြောင်းသိရသည်။