Author: Baby Yit Lone
-

Radheyaa
Radheyaa (2025) အနှိုင်းမဲ့မေတ္တာ ဇာတ်လမ်းအစမှာတင် ဇာတ်ရှိန်တအားတက်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုခင်းရုပ်ရှင်ကားတခု တင်ဆက်ပေးချင်ပါတယ်။ အစမှာတင် လူတွေက ရက်ရက်-စက်စက် သ-တ်ဖြ-တ်တဲ့ လူ-သ-တ်သ-မားတစ်ယောက်ဟာ ကိုယ်တိုင်လိုလိုလားလားလာအဖမ်းခံခဲ့ပါတယ်။ မီဒီယာတွေ ဘယ်လောက်မေးမေး ဘာမှပြန်မပြောတဲ့လူက သေမိန့်ကျထားပြီးမှ သူ့အကြောင်း စာအုပ်ထုတ်ပေးပါဆိုပြီး သူ့ရှေ့နေကို ပူဆာတဲ့အပြင် ရေးခိုင်းတဲ့စာရေးဆရာကိုပါ ရွေးချယ်ခေါ်ယူတာကနေ စပြီး ဇာတ်ကွက်အပြောင်းအလဲတွေနဲ့ ရင်သပ်ရှုမောဖွယ် ဝမ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းကောင်းတပုဒ်ကို ခံစားရမှာပဲဖြစ်ပါတယ်။
-

Call Me Dad
Call Me Dad (2025) ဒီအင်ဒိုနီးရှားဇာတ်လမ်းက ကိုရီးယားဒရမ်မာဖြစ်တဲ့ Pawn (2020) ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ အကြွေးကောက်သမားတွေဖြစ်တဲ့ Dedi နဲ့ Tatang တို့ ညီအစ်ကိုနှစ်ယောက်က မိန်းမတစ်ယောက်ရဲ့အကြွေးကိုလိုက်တောင်းရင်း မပေးလို့သူမရဲ့ကလေးကို အပေါင်းပစ္စည်းအဖြစ် သိမ်းလိုက်ကြတယ်။ ဒါပေမယ့် အဲ့ဒီအမျိုးသမီးက ထွက်ပြေးသွားတော့ Dedi နဲ့ Tatang တို့ Intan ဆိုတဲ့ကလေးမလေးကို ပြုစုပျိုးထောင်ဖို့ တာဝန်ကျလာပါတော့တယ်။ သွေးမတော်သားမစပ်ပေမဲ့ တကယ့်မိသားစုလို စောင့်ရှောက်နေထိုင်ရင်း ခိုင်မြဲလာတဲ့ သံယောဇဉ်နဲ့ ကံကြမ္မာရဲ့ အပြောင်းအလဲတွေကြား ရင်ထဲထိစေမယ့် IMDB 7.5 ရရှိထားတဲ့ ဒရမ်မာ ကောင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။
-

The Internship
The Internship (2026) ရနေးဟာ CIA ရဲ့ “The Internship” လို့ခေါ်တဲ့ ထိပ်တန်းလျှို့ဝှက်စီမံကိန်းတစ်ခုမှာ ငယ်စဉ်ကတည်းက ရက်စက်တဲ့ လူသတ်သမားတစ်ယောက်ဖြစ်အောင် အတင်းအကြပ် လေ့ကျင့်သင်ကြားခြင်း ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ပါ။ လက်ရှိအချိန်မှာကတော့ အမျိုးမျိုးသော လွဲချော်မှုတွေကြောင့် The Internship program ကဖျက်သိမ်းခံလိုက်ရပါပြီ။ ရနေးဟာ သူ့ရဲ့ ငယ်ဘဝကို ဖျက်ဆီးခဲ့တဲ့ ဒီအဖွဲ့အစည်းကြီးကို ပြန်လည်ခြေမှုန်းဖို့ ဆုံးဖြတ်ခဲ့ပါ။ သူဟာ သူ့လိုပဲ The Internship program မှာလေ့ကျင့်ခံခဲ့ရတဲ့ အခြား “အလုပ်သင်” တွေကို စုစည်းပြီး CIAကိုလက်စားချေဖို့ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ CIA ဘက်ကလည်း Internship program ကိုပြန်လည်စတင်ဖို့ ရနေးတို့ “အလုပ်သင်”တွေကို ပြန်လည်ဖမ်းဆီးခေါ်ယူဖို့ ကြံစည်နေပါတယ်။ ဒါ့အပြင် ရုရှားဘက်ကလည်း ဒီ…
-

The Box
The Box (2007) ခုတင်ပြပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၀၇မှာထွက်ရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မင်းသမီးဖြစ်သူ”ကျဲန်”ကငယ်ငယ်လေးကတည်းကအမေထားခဲ့တာကိုခံခဲ့ရပြီး အဖွားဖြစ်သူကပဲ”ကျဲန်”ကိုပြုစုစောင့်ရှောက်ခဲ့ရပါတယ်။ မင်းသမီး ကြီးပြင်းလာတော့ အဖွားက”ကျဲန်”ရဲ့အမေပေးခဲ့တဲ့သေတ္တာကိုပေးလိုက်ပါတော့တယ်။ တစ်နေ့မှာ”ကျဲန်”ကပစ္စည်းရွေ့ပေးတဲ့ကုမ္ပဏီကို သေတ္တာရွှေ့ဖို့ခေါ်လိုက်ပြီး ရွှေ့သွားရွှေ့လာနဲ့ သေတ္တာသယ်ရတာကို စိတ်မရှည်တော့တာနဲ့ ရောင်းလိုက်ပါတော့တယ်။ ရောင်းပြီးပြီချင်းညမှာပဲ အမျိုးသမီးတစ်ယောက်ကိုအိပ်မက်မက်ခဲ့ပြီး သူ့အဖွားပေးထားတဲ့စာကိုဖွင့်ဖတ်ကြည့်ရာ သူရောင်းလိုက်တဲ့သေတ္တာကသူ့အမေပေးထားကြောင်း သေချာသိမ်းထားဖို့ရေးထားခဲ့တာပါ။ မနက်ရောက်တော့သူသေတ္တာရောင်းလိုက်တဲ့ ပစ္စည်းအဟောင်းဆိုင်ကိုသွားခဲ့တယ် အဲဆိုင်ကိုရောက်တဲ့ချိန်မှာပဲ သူ့သေတ္တာကိုဝယ်သွားတဲ့ကားကထွက်သွားတော့တာပဲ။ အဲဒီနောက် သူကကားငှားပြီး သူ့သေတ္တာကိုဝယ်သွားတဲ့လူနောက်လိုက်သွားခဲ့ပြီး ဘယ်လိုတော့ ဆက်ဖြစ်မှာလဲဆိုတာကတော့……..
-

Fluxx
Fluxx (2025) ၂၀၂၅ မှာ ထွက်ထားတဲ့ “Fluxx” က ရိုးရိုးရှင်းရှင်း Thriller မျိုးမဟုတ်ဘဲ ခေါင်းနည်းနည်းစားရမယ့် Psychological Thriller (စိတ်ပညာအသားပေး သည်းထိတ်ရင်ဖို) ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းက Vada ဆိုတဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်အကြောင်းပါ။ တစ်မနက်မှာ သူက ရေချိုးကန်ထဲမှာ အဝတ်အစားတွေနဲ့ နိုးလာတယ်။ ဘာဖြစ်လို့ ဒီရောက်နေလဲဆိုတာ သူ လုံးဝမှတ်မိမနေဘူး။ အိမ်ထဲကြည့်လိုက်တော့လည်း အိမ်က မွှေနှောက်ခံထားရသလိုပဲ။ အဆိုးဆုံးကတော့ သူ့ယောကျ်ား ပျောက်နေတာပဲ။ သူအပြင်ထွက်ဖို့ ကြိုးစားလိုက်တိုင်း အစကပြန်ရောက်သွားပြီး ရေချိုးကန်ထဲမှာပဲ ပြန်နိုးလာတယ်။ ဆိုလိုတာက သူဟာ အချိန်စက်ဝန်းထဲမှာ ပိတ်မိနေတာပေါ့။ သူ့အိမ်ထဲမှာပဲ တစ်ယောက်ယောက်က ချောင်းနေသလိုလို၊ လူဆိုးတွေ ဝင်လာသလိုလိုနဲ့ စိတ်ခြောက်ခြားစရာတွေ ကြုံရတယ်။ ဒါ့အပြင် သူ့ရဲ့ အရင်က…