The Internship (2026)

ရနေးဟာ CIA ရဲ့ “The Internship” လို့ခေါ်တဲ့ ထိပ်တန်းလျှို့ဝှက်စီမံကိန်းတစ်ခုမှာ ငယ်စဉ်ကတည်းက ရက်စက်တဲ့ လူသတ်သမားတစ်ယောက်ဖြစ်အောင် အတင်းအကြပ် လေ့ကျင့်သင်ကြားခြင်း ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ပါ။
လက်ရှိအချိန်မှာကတော့ အမျိုးမျိုးသော လွဲချော်မှုတွေကြောင့် The Internship program ကဖျက်သိမ်းခံလိုက်ရပါပြီ။
ရနေးဟာ သူ့ရဲ့ ငယ်ဘဝကို ဖျက်ဆီးခဲ့တဲ့ ဒီအဖွဲ့အစည်းကြီးကို ပြန်လည်ခြေမှုန်းဖို့ ဆုံးဖြတ်ခဲ့ပါ။
သူဟာ သူ့လိုပဲ The Internship program မှာလေ့ကျင့်ခံခဲ့ရတဲ့ အခြား “အလုပ်သင်” တွေကို စုစည်းပြီး CIAကိုလက်စားချေဖို့ကြိုးစားကြပါတော့တယ်။
ဒါပေမဲ့ CIA ဘက်ကလည်း Internship program ကိုပြန်လည်စတင်ဖို့ ရနေးတို့ “အလုပ်သင်”တွေကို ပြန်လည်ဖမ်းဆီးခေါ်ယူဖို့ ကြံစည်နေပါတယ်။
ဒါ့အပြင် ရုရှားဘက်ကလည်း ဒီ ပရိုဂရမ်အကြောင်းသိရှိသွားပြီး အလုပ်သင်တွေကို သတ်ဖို့ ကြိုးစားကြတဲ့အခါဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားပါ။
ရနေးတို့ရဲ့ လက်စားချေမဲ့ အစီအစဉ်ကြီးအောင်မြင်သွားမှာလား….
ဘယ်လို အံ့အားသင့်စရာ အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။


Leave a Reply