Author: Baby Yit Lone

  • ပွဲငှားသူမရှိသဖြင့် တပ်ထောက်ခံသူ လူရွှင်တော် ဒိန်းဒေါင်နှင့်အဖွဲ့ ညည်းတွား

    ပွဲငှားသူမရှိသဖြင့် တပ်ထောက်ခံသူ လူရွှင်တော် ဒိန်းဒေါင်နှင့်အဖွဲ့ ညည်းတွား

    အာဏာသိမ်းစစ်တပ်ကို အားပေး ထောက်ခံခဲ့တဲ့ လူရွှင်တော် ဒိန်းဒေါင်နဲ့အဖွဲ့ကို စစ်အာဏာရှင်ဆန့်ကျင်သပိတ်မှောက်နေသူတွေရော တပ်ထောက်ခံသူတွေကပါ ပွဲမငှားတော့လို့ စားဝတ်နေရေးအတွက် ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ လူရွှင်တော်အသိုက်အဝန်း ဆီက သိရပါတယ်။ စစ်တပ်ကို ထောက်ခံပေမဲ့ စစ်တပ်ကပါ ပွဲမငှားလို့ ရပ်တည်ဖို့ ခက်ခဲနေတယ်လို့ အောက်တိုဘာ ၁၁ ရက်က မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်မှာ ပြုလုပ်တဲ့ လူရွှင်တော်ရွာစီမံကိန်း ပန္နက်ရိုက်ပွဲမှာ ဟာသပညာရှင်အစည်းအရုံးဥက္ကဋ္ဌ ဒိန်းဒေါင် ကိုယ်တိုင်က ပြည်တွင်းမီဒီယာတွေမှာ ပြောဆိုခဲ့ပါတယ်။ “ဒိန်းဒေါင်ပါတဲ့ ရုပ်ရှင်ကားတွေ ရုံတင်တဲ့အခါ လူလာမကြည့်ရင် မင်းတာဝန်ယူမလားဆိုတဲ့ ပရိုဂျူဆာတွေ ဒါရိုက်တာတွေလည်း ရှိတယ်။ အခုက ဘယ်သူကားရိုက်ခေါ်မလဲ ဘယ်သူပွဲငှားမလဲ စောင့်ရတဲ့အနေအထား ဖြစ်နေပြီ။ ဥပမာ ကျနော် ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပြောမယ်၊ တဖက်က မငှားရင် တဖက်ကတော့ ငှားသင့်တယ်။”…

  • ထရမ့် ရဲ့စကားတစ်ခွန်းကြောင့် နည်းပညာကမ္ဘာ ငလျင်လှုပ်

    ထရမ့် ရဲ့စကားတစ်ခွန်းကြောင့် နည်းပညာကမ္ဘာ ငလျင်လှုပ်

    တစ်ရက်တည်းနဲ့ ဒေါ်လာ ဘီလီယံ ၇၇၀ ကျော် ဆုံးရှုံး ဒေါ်နယ်ထရမ့်ရဲ့ တရုတ်နိုင်ငံအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံမယ့် ကြေညာချက်တစ်ခုတည်းနဲ့ အမေရိကန် နည်းပညာလောကတစ်ခုလုံး သွေးပျက်သွားခဲ့ရပါတယ်။ Amazon, Nvidia နဲ့ Tesla အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေရဲ့ ဈေးကွက်တန်ဖိုး စုစုပေါင်း ဒေါ်လာ ဘီလီယံ ၇၇၀ ဟာ နာရီပိုင်းအတွင်းမှာပဲ လေထဲတင် ပျောက်ကွယ်သွားခဲ့ရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဧပြီလနောက်ပိုင်း အဆိုးရွားဆုံး ဈေးကွက်ပြိုလဲမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဘယ်သူတွေ အထိနာဆုံးလဲ? အထိအနာဆုံးကတော့ AI ချစ်ပ်ဘုရင် Nvidia ပါပဲ။ ကုမ္ပဏီရဲ့တန်ဖိုးဟာ တစ်ရက်တည်းနဲ့ ဒေါ်လာ ၂၂၉ ဘီလီယံနီးပါး ထိုးကျသွားခဲ့ပြီး ဒါဟာ ကုမ္ပဏီကြီးတွေထဲမှာ အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ လွန်ခဲ့တဲ့…

  • မြန်မာစစ်တပ် ကျင်းပမည့်  ရွေးကောက်ပွဲသို့ အာဆီယံက စောင့်ကြည့်လေ့လာရေးအဖွဲ့များ  စေလွှတ်ဖွယ်မရှိဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ပြော

    မြန်မာစစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲသို့ အာဆီယံက စောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်ဖွယ်မရှိဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ပြော

    မြန်မာနိုင်ငံတွင် စစ်တပ်က ကမကထပြုလုပ်မည့် ရွေးကောက်ပွဲသို့ အာဆီယံက စောင့်ကြည့်လေ့လာရေး စေလွှတ်ဖွယ်မရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ထုတ်ဖော်ပြောဆိုသည်။ အောက်တိုဘာလ ၁၃ ရက်နေ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က ပြောဆိုခြင်းဖြစ်ကြောင်း Free Malaysia Today (FMT) က သတင်းဖော်ပြသည်။ မြန်မာစစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင် အာဆီယံက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ စေလွှတ်ရန် သဘောတူသည်ဟု သတင်းထုတ်ပြန်ခဲ့မှုအပေါ် သတင်းထောက်များက မေးမြန်းစဉ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား စစ်တပ်၏ ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်၊ မစေလွှတ်ကို ဆွေးနွေးရဦးမည်ဖြစ်ကြောင်း၊ သို့ရာတွင် စေလွှတ်ဖွယ်မရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။ “အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးဆုံးဖြတ်မှာဖြစ်ပေမယ့် အာဆီယံက…

  • ဧရာဝတီတိုင်း တိုက်ပွဲများ၌ ဒဏ်ရာရစစ်သား များပြားသဖြင့် ယာယီဆေးရုံပြုလုပ် ကုသနေရ

    ဧရာဝတီတိုင်းထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က စစ်သားတွေ ဒဏ်ရာရရှိမှု များပြားတာကြောင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်ထဲက စစ်ဆေးရုံမှာ ဆေးကုသနေရတဲ့ လူနာပြည့်တဲ့အထိ ဖြစ်နေလို့ အားကစားကွင်းထဲမှာ ယာယီဆေးရုံဆောက်ပြီး ကုသနေရတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းထဲက ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူ၊ သာပေါင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အောက်တိုဘာလ ပထမအပတ်က စတင်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်သားတွေကို အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ရှိ ပုသိမ် စစ်မြေပြင်ဆေးတပ်ရင်း မဆရ-၄ အတွင်းကို ပို့ဆောင်ကာ ဆေးကုသနေရတဲ့ ဒဏ်ရာရရှိသူတွေ များပြားလွန်းတာကြောင့် ဆေးကုသဖို့နေရာ မလုံလောက်တဲ့အထိ ဖြစ်နေတာလို့ သိရပါတယ်။ ပုသိမ်ဆေးတပ်ရင်းနဲ့ နီးစပ်သူတယောက်က “ဒဏ်ရာရစစ်သား များလို့ပါ။ တိုင်းအတွင်း…

  • သီပေါနှင့် ၃ မိုင်ခန့်အကွာအထိ စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာ

    သီပေါနှင့် ၃ မိုင်ခန့်အကွာအထိ စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာ

    ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲခရိုင်၊ သီပေါမြို့နဲ့ ၃ ခန့်မိုင်အကွာအထိ စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံ အမျိုးသမီးတယောက်က “ကျောက်မဲဘက်က စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာလ ၁၃ ရက်ည နားခဲမှာ အနားယူတယ်။ ဘော်ကြို ကျော်ပြီ” လို့ ပြောပါတယ်။ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်းတွေ ဘော်ကြိုရွာကို ဝင်ရောက်လာတာလို့ ဆိုပါတယ်။ ဒေသခံ အမျိုးသားတယောက်က “စစ်တပ်က ဘော်ကြိုရောက်ပြီ။ ကျောက်မဲကို မဝင်ခင် ၃ ရက်လောက်ကတည်းက TNLA ဘက်က အခွံပဲ ချန်ထားတဲ့သဘော။ လူတချို့ပဲချန်ခဲ့ပြီး ပြောင်းသွားတာ” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သုံး‌လေးရက်ကတည်းက စစ်တပ်က အရာရှိတွေ ဘော်ကြိုရွာရောက်ပြီလို့ ပြောတာ…