Author: Baby Yit Lone
-

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အား နိုင်ငံရေးအကျဉ်းသားမဟုတ်ဟု ဒေါ်သက်သက်ခိုင်ပြော
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား နိုင်ငံရေးအကျဉ်းသားမဟုတ်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ယမန်နေ့(အောက်တိုဘာ ၈)က ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ အာဏာရပါတီဖြစ်ခဲ့ပါက လွှတ်တော်တွင် နိုင်ငံရေးအကျဥ်းသားများလွှတ်ပေးရန်တောင်းဆိုမည်လား၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဦးဝင်းထိန်စသည့် ပုဂ္ဂိုလ်များကို လွှတ်ပေးရန်တောင်းဆိုမည်လားဆိုသည့် မေးမြန်းမှုအပေါ် “နိုင်ငံတကာကတော့ နိုင်ငံရေးအကျဉ်းသားလို့ နာမည်တပ်တာပေါ့။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူး။ အကျင့်ပျက်လာဘ်စားမှုဆိုတဲ့ ပုဒ်မတွေနဲ့ အစွဲခံထားရပြီးတော့မှ တကယ်လည်း စစ်ဆေးပေါ်ပေါက်လို့ တကယ် ပြစ်ဒဏ်ချခံရတာဖြစ်ပါတယ်ရှင့်”ဟု ဒေါ်သက်သက်ခိုင်က ဖြေကြားခဲ့ခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က သဘာဝဘေးကူညီကယ်ဆယ်ရေးအတွက် ရန်ပုံငွေထားရှိခဲ့ပြီး အဆိုပါ ရန်ပုံငွေအား ဆုံးဖြတ်ချက်ချခဲ့သူများက ခေါင်းစဉ်နှင့် မကိုက်ဘဲ အသုံးပြုခဲ့ကြောင်း၊ မလိုအပ်သည့် အလေအလွင့်များ စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ဒေါ်သက်…
-

ထက်ထက်ထွန်းရေ နင် မေ့နေမှာစိုးလို့ ငါပြန်တင်ပေးတာ (ရုပ်သံ)
ထက်ထက်ထွန်းရေ နင် မေ့နေမှာစိုးလို့ ငါပြန်တင်ပေးတာ ဖက်ခွက်စားတွေဆိုတာ အာ့ဒါပဲ …. စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လမ်းပေါ်ကို ရဲရဲ တောက်ထွက်ကာ နေ့စဉ်နဲ့အမျှ ဝတ်စုံမျိုးစုံဖြင့် ဆန္ဒထွက်ပြခဲ့တဲ့ နိုင်ငံ့ကိုယ်စားပြု အမည်နဲ့ ကိုယ်ကျိုးစီးပွါးရှာခဲ့တဲ့ အလှမယ်အမည်ခံ ထက်ထက်ထွန်းဟာ သူမ ဆန့်ကျင်တော်လှန်ခဲ့တဲ့ စစ်အာဏာရှင်က ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲဝင်ဖို့ တပြားမနိုင် သက်သက်ခိုင် ပါတီမှာ စတင်လှုပ်ရှားနေပြီဖြစ်ပါတယ်။ အမှန်တရားကို ရရင် ရ၊ ပြန်မရရင် စစ်အာဏာရှင်အလိုကျ အမတ်လုပ်မှာပါ။ အောက်မှာတော့ အာဏာသိမ်းခါစ ထက်ထက်ထွန်းရဲ့ သတင်းလေးပါ။ “အဓမ္မ အာဏာသိမ်းတာကို မကြိုက်လို့ ဆန္ဒပြတာပါ”လို့ ထက်ထက်ထွန်း ဆို မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုအပေါ် အလှမယ် ထက်ထက်ထွန်းက ဒီမိုကရေစီလမ်းကြောင်းကို လမ်းလျှောက်နေချိန် ခေတ်နောက်ပြန်ဆွဲပြီး ပြည်သူတွေရဲ့ ဘဝတွေ…
-

ထိုင်းရောက်မြန်မာတွေကို ဒုက္ခပေးဖို့ စစ်အုပ်စုနဲ့ ပေါက်ကိုယ်တော် ခြေတလှမ်းတိုးကြံစည်
ဘန်ကောက်မြို့မှာ ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတွေ့ဆုံမှုအပြီး မှာ စစ်အုပ်စုနဲ့ ပေါက်ကိုယ်တော်ပူးပေါင်းပြီး ထိုင်းရောက်မြန်မာတွေကို မကြံစည်သင့် ၊မလုပ်သင့်တဲ့လုပ်ရပ်တွေနဲ့ ဒုက္ခပေးဖို့ကြံစည်နေကြပါပြီ ။ ပြီးခဲ့တဲ့ ၄နှစ်ကျော်လုံး လက်နက်ကိုင်တွေခြံရံပြီး မန္တလေးတိုင်းမှာ စစ်တပ်အတွက်ကူတိုက်ပေးမယ့် ပျူစောထီးတွေမွေးထုတ်ပြီး တော်လှန်ရေးအင်အားစုတွေ နဲ့ ပြည်သူတွေကိုတိုက်ခိုက်သတ်ဖြတ်ဖို့ လှုံ့ဆော်နေတဲ့ ပျူခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်က ထိုင်းရောက်မြန်မာတွေထဲက နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်တဲ့ မြန်မာတွေအပေါ် ဖိနှိပ်နေတဲ့ ထိုင်းနှုတ်ခမ်းမွှေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်က ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ပေါက်ကိုယ်တော်ရဲ့အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာရှိနေတဲ့ ထောက်ပို့တွေ၊ နွေဦးတော်လှန်ရေး တက်ကြွစွာပါဝင်သူတွေကို နှိမ်နှင်းဖို့ ထိုင်းနှုတ်ခမ်းမွှေးကို လာတွေ့တာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက သုံးသပ်ပါတယ်။ သူတို့သုံးသပ်တဲ့အတိုင်းပဲ ပေါက်ကိုယ်တော်က အကောင်အထည် စတင်ဖော်နေပါပြီ။ အဲဒါက ပေါက်ကိုယ်တော်ဟာ ပျူစောထီးအဖွဲ့ဝင် လူငယ်အချို့ကို ဘန်ကောက်မြို့တော်ကိုစေလွှတ်ပြီး မြန်မာတွေအများဆုံးရှိတဲ့နေရာတွေမှာ ပြဿနာရှာဖို့ ဖြစ်ပါတယ်။…
-
ဗန်းမော်နှင့် ဝိုင်းမော်ရှိ ရှေ့တန်းကာကင်းစခန်း ၅ ခုထက်မနည်း KIA ပြန်ရ
ကချင်ပြည်နယ်ထဲက ဗန်းမော်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး အရင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က လက်လွှတ်ခဲ့ရတဲ့ ရှေ့တန်းကာကင်း ၅ ခုထက်မနည်းကို ပြန်ရထားတယ်လို့ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဗန်းမော်ဘက်မှာတော့ စက်တင်ဘာ ၂၉ ရက်က ကာကင်းတခု၊ အောက်တိုဘာ ၈ ရက်မှာ ခလရ ၄၇ ရဲ့ ကာကင်းတခုနဲ့ အောက်တိုဘာ ၉ ရက် မနက် ၅ နာရီလောက်မှာတော့ မိုးမောက်ဘက်အထွက် ၂ မိုင်နဲ့ ၃ မိုင်အကြား ကာကင်း ၂ ခုထက်မနည်းကို ပြန်လည် ထိန်းချုပ်လိုက်တာပါ။ KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “မနေ့ကတော့ ၄၇ နဲ့ မြို့အကြားမှာ သူတို့ လုံခြုံရေးချထားတဲ့ ကာကင်းသဘောဖြစ်မှာပေါ့။…
-

စည်ပင်က အပင်ကြီးများခုတ်၊ ရေမြောင်းချဲ့ပြီးနောက် အိမ်ထဲရေဝင်ရောက်သည်အထိ ဖြစ်လာ
ရန်ကုန်မြို့တော်စည်ပင်က ရေမြောင်းတွေချဲ့ဖို့ လမ်းမကြီးနဲ့လမ်းကြားဘေးဝဲယာရှိ သစ်ပင်ကြီးငယ်တွေကိုခုတ်ပြီး ရေမြောင်းတွေကိုချဲ့ထားပေမဲ့လည်း ဒီကနေ့ အောက်တိုဘာ ၉ ရက် ညနေပိုင်းက မိုးရွာသွန်းပြီးချိန်မှာ တအိမ်လုံး ရေဝင်နစ်မြှုပ်တဲ့အထိ ဖြစ်လာပါတယ်။ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးအနီးမှာ ရေမြောင်းတွေချဲ့ပြီးတဲ့နောက် နေအိမ်ထဲထိ ရေဝင်ရောက်လာတဲ့အခြေနေကို မြို့ခံတယောက်က “ရေက ပိုပြီးတော့ဝင်တာပေါ့။ အခုဒါ အရင်တုန်းက ကျနော်တို့ အဲ့လိုဝင်တာမှ မဟုတ်တာ။ ဒီလောက်ပဲခပ်ထုတ်ရတာ၊ အခုဒီလိုမျိုးဖြစ်သွားတာ။ အခုအိမ်အနောက်ထိ” လို့ ပြောပါတယ်။ မြောင်းကျယ်ကြီးတွေတူးဖို့အတွက် အိမ်ရှေ့မျက်နှာစာတွေမှာ စိုက်ပျိုးထားတဲ့ အလှပန်းပင်နဲ့ ဗန်ဒါပင်လို အရိပ်ကောင်းပြီး နှစ်ပေါင်း ၅၀ ကျော် အပင်ကြီးတွေကိုပါ ခုတ်ပြီးမြောင်းတွေ လိုက်တူးခဲ့ပေမဲ့ မြောင်းအကျယ်ကြီးတွေတူးပြီးမှ အိမ်တွေထဲကို ရေပိုပြီး ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ပြောင်းလဲလာတဲ့ မိုးရွာသွန်းမှုပုံစံကိုလိုက်ပြီး လမ်းမကြီးတွေ ပေါ်ရေမတင်အောင် ရေမြောင်းကျယ်ကြီးတွေ တူးခဲ့ပေမဲ့…