Author: Baby Yit Lone

  • ဘုန်းကြီးကျောင်း အဝင်/အထွက်များသူတွေ  ဘုန်းကြီးကျောင်းမှာ နေထိုင်သူတွေအတွက် အချက်ပေးသံ

    ဘုန်းကြီးကျောင်း အဝင်/အထွက်များသူတွေ ဘုန်းကြီးကျောင်းမှာ နေထိုင်သူတွေအတွက် အချက်ပေးသံ

    ဘုန်းကြီးကျောင်း အဝင်/အထွက်များသူတွေ

    ဘုန်းကြီးကျောင်းမှာ နေထိုင်သူတွေအတွက် အချက်ပေးသံ

    Photo က ဘယ်သူတွေလဲဆိုတာ ပြောစရာလိုမည်မထင်

    ဖြစ်စဥ်ဖတ်ရန် ဒီနေရာမှာနှိပ်ပါ

    အဲဒါ သင်္ခန်းစာယူကြပေါ့

    “ပစ္စည်း, မာတု၊ ဤနှစ်ခု၊ ဘိက္ခုသေမင်း ဓားနှစ်စင်း”တဲ့

    ဒါလည်း သတိပြုစရာ

    ရဟန်းဆိုသည်မှာလည်း ပုထုဇဉ်ပဲမဟုတ်လား

    ဆွေမျိုးမှ မတော်ရင် ဘယ်လောက်ပင် ဖြူစင်ကြပါတယ်ပြောပြော ကိလေသာ အကြောတင်းနေရင် မှားတတ်ကြတာမို့ ရဟန်းသံဃာဘက်ကော ဒကာမတွေဘက်ပါ နှစ်ယောက်တည်းဆိုရင် ဆိတ်ကွယ်ရာမှာ နေကိုမနေသင့်တာ

    တစ်ဆောင်တည်း တစ်ကျောင်းတည်းမှာ နေ့ပင်ဖြစ်စေ, ညပင်ဖြစ်စေ နေတတ်, အိပ်တတ်ကြသူတွေ ဆင်ခြင်ဖို့ကောင်းပါတယ်

    ရှင်းရှင်းပြောရရင် –

    ကိလေသာ မထကြွခင်စိတ်နဲ့ ကိလေသာ ထကြွနေစဉ်စိတ်က တူတာမှ မဟုတ်တာ၊ လူထဲက လူတွေပဲ ရှင်းပြနေစရာ မလိုပါဘူး

    မဖြစ်ခင်က ရှောင်ကြ

    ဖြစ်လာမှဆိုရင် မိသားစုကော သာသနာပါ သရုပ်ပျက်လွန်းလို့ပါ

    အချို့ကျတော့လည်း ဒီအတိုင်းပဲ

    ကျောင်းဒကာမလိုလို, ကြည်ညိုလို့လိုလို, အလုပ်အကျွေး ဝေယျာဝစ္စလုပ်ချင်လို့လိုလို, ဘုန်းကြီးက ဆွမ်းချက် ဆွမ်းကပ် လုပ်စေချင်လို့ ဒကာမကလည်း လုပ်ချင်လို့လိုလိုနဲ့ အကြောင်းအမျိုးမျိုးတပ် မခွဲနိုင် မခွာရက်နဲ့

    ယုတ်စွအဆုံး မင်္ဂလာ မဆောင်ထားရုံတမယ်ပဲ

    ဒဲ့ပြောမယ် ကျုပ်အမျိုးထဲမှာကို ရှိတယ်

    ကျုပ်ကတော့ အယုံအကြည်ကို မရှိတာ

    မြင်နေကျ တွေ့နေကျ ဒီစိတ်က ယေဘုယျ – အများအားဖြင့် မဖောက်ပဲနေပါ့မလား

    လူသိရှင်ကြား မမှားတာပဲ ရှိကောင်းရှိမယ်

    အပြစ်ပြောနေတာ မဟုတ်ဘူးနော်

    ရှောင်နိုင်ရှားနိုင်ဖို့ သဘောသဘာဝကို ရှင်းပြ ပြောပြနေတာ

    အချို့ ဒကာမတွေရှိသေးတယ် ဘုန်းကံကြီးတဲ့ ဘုန်းကြီး, ပေးနိုင်ကမ်းနိုင်တဲ့ ဘုန်းကြီး, ရုပ်ချောတဲ့ ဘုန်းကြီးတွေဆို လိုက် လိုက်ကပ်ကြတာ၊ ဖြစ်လာရင် ဘုန်းကြီးတွေအမှားလို့ ပြောကြပြန်ကော

    ဒီဘုန်းကြီးက ကျောက်ရုပ်ကြီး ကျောက်တိုင်ကြီးမှမဟုတ်တာ၊ ယိမ်းတတ်တယ်၊ ယိုင်တတ်တယ်၊ (ဒါလည်း သတိထားကြဦး)

    ရှင်းရှင်းပြောတာ ဒဲ့ပြောတာ

    ကျုပ်လည်း ဝါးလုံးရှည်နဲ့ မရမ်းဘူး

    ခင်ဗျားတို့လည်း ဘုန်းကြီးတွေဆိုတဲ့ ဝါးလုံးရှည်နဲ့ မရမ်းနဲ့

    ဖြစ်လေ့ဖြစ်ထရှိတာတင်လောက်ပဲ ရပ်ကြပေါ့

    ကာမရောဂါ၊ ကိုယ်တွင်းနာကား၊ ကုရာနတ္ထိ၊ ဆေးမရှိဘူး၊ မိမိပညာ၊ သတိသာလျှင်၊ မဟာသြသဓ၊ ဆေးမည်စွရှင့် (မဃဒေဝ၊ ပိုဒ်၊ ၂၃၃)တဲ့

    ဘုန်းဘုရားတို့ကလည်း ပါရာဇိကကျစေမယ့်အစား ရသေ့စိတ်ဖြေလေးနဲ့ ဖြေဖျောက်နိုင်ရင် တော်တယ်လို့ ယူဆချင်တယ်

    ဟုတ်တယ်လေ၊ ရဟန်းဘဝဆုံးရှုံးရမယ့်အတူ ရသေ့စိတ်ဖြေလေးနဲ့ဖြေပြီး ကုစားလိုက်ရင် ဖြူစင်သန့်ရှင်းသွားတာပဲ (အဆိုးထဲက အကောင်းပေါ့)

    မနေနိုင်ရင် လူဝတ်လဲပါ

    သင်္ကန်းဝတ်နဲ့တော့ မိမိမှီခိုအသက်မွေးခဲ့တဲ့ သာသနာ့ပုံရိပ် မကျပါစေနဲ့၊

    အဆိုးတကာ့အဆိုးထဲမှာ မာတုဂါမနဲ့ ပတ်သက်တဲ့သတင်းက အဆိုးဆုံးပဲ

    ✍တက္ကသိုလ်လုလင်