Author: Baby Yit Lone

  • Sim Card သုံးစွဲသူတွေရဲ့ တည်နေရာ၊ ခေါ်ဆိုမှုမှတ်တမ်း၊ အသုံးပြုသူ ပရိုဖိုင်ကို စစ်အုပ်စုက Operator တွေဆီ တောင်းခံတဲ့ လျှို့ဝှက်ညွှန်ကြားချက် ပေါက်ကြားလာ

    Sim Card သုံးစွဲသူတွေရဲ့ တည်နေရာ၊ ခေါ်ဆိုမှုမှတ်တမ်း၊ အသုံးပြုသူ ပရိုဖိုင်ကို စစ်အုပ်စုက Operator တွေဆီ တောင်းခံတဲ့ လျှို့ဝှက်ညွှန်ကြားချက် ပေါက်ကြားလာ

    Sim Card သုံးစွဲသူတွေရဲ့ တည်နေရာ၊ ခေါ်ဆိုမှုမှတ်တမ်း၊ အသုံးပြုသူ ပရိုဖိုင်ကို စစ်အုပ်စုက Operator တွေဆီ တောင်းခံတဲ့ လျှို့ဝှက်ညွှန်ကြားချက် ပေါက်ကြားလာ

    မြန်မာပြည်တွင်း ဆက်သွယ်ရေး Operator တွေဖြစ်တဲ့ ATOM၊ U9၊ MyTel တို့ဆီကနေ Sim Card သုံးစွဲသူအချို့ရဲ့ တည်နေရာ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ Sim Card အသုံးပြုသူရဲ့ ကိုယ်ရေးရာဇဝင်၊ Sim Card ထည့်သွင်းအသုံးပြုနေတဲ့ ဖုန်းရဲ့ IMEI တွေကို ပေးပို့ဖို့ စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ သတင်းအချက်အလက် ရယူရေးအဖွဲ့က အမိန့်ပေးညွှန်ကြားထားတဲ့ လျှို့ဝှက်ညွှန်ကြားစာကို လက်ခံရရှိထားပါတယ်။

    ပေါက်ကြားစာမှာ U9 Sim Card အသုံးပြုသူ ၂ ဦး၊ ATOM Sim Card အသုံးပြုသူ ၈ ဦး၊ MyTel Sim Card အသုံးပြုသူ ၄ ဦးရဲ့ User Information၊ Location၊ Call List၊ IMEI တွေကို အမြန်ဆုံး ပေးပို့ဖို့ ထည့်သွင်းညွှန်ကြားထားတာကို တွေ့ရပါတယ်။

    စစ်အုပ်စုက လိုက်လံထောက်လှမ်းနေတဲ့ Sim Card နံပါတ်တွေကို အသုံးပြုနေဆဲဖြစ်သူတွေ အမြန်ဆုံး သိရှိနိုင်ပြီး လိုအပ်တာတွေ ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် ပေါက်ကြားစာမှာ ပါဝင်တဲ့ ဖုန်းနံပါတ်တွေကို ဖုံးကွယ်ခြင်းမရှိဘဲ သတင်းဓာတ်ပုံမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    စစ်အုပ်စုဟာ အခွန်အကြောင်းပြကာ ပြည်သူတွေ သုံးစွဲနေတဲ့ လက်ကိုင်ဖုန်းတွေက မိုဘိုင်းဖုန်း တစ်လုံးချင်းစီရဲ့ မှတ်ပုံတင်နံပါတ် (International Mobile Equipment Identity – IMEI) နံပါတ်တွေကို လာမယ့် မတ် ၃၁ ရက် နောက်ဆုံးထားပြီး ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံစနစ် (Central Equipment Identity Register – CEIR) မှာ Sim Card နဲ့အတူ မှတ်ပုံတင်ရမယ်လို့ ညွှန်ကြားထားပါတယ်။

    ဒါဟာ ဆက်သွယ်ရေး Operator တွေဆီကနေတစ်ဆင့် ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စစ်အုပ်စုက စောင့်ကြည့်ဖို့အတွက် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

    CJ Platform

  • စစ်ကောင်စီကို ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန် လွှတ်တော်အမတ် ၄ ဦးက စာပေးပို့

    စစ်ကောင်စီကို ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန် လွှတ်တော်အမတ် ၄ ဦးက စာပေးပို့

    အမေရိကန်သမ္မတ ထရမ့်အစိုးရအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြန်လည်သုံးသပ်ပြီး မြန်မာစစ်ကောင်စီကို ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန် လွှတ်တော်အမတ် ၄ ဦးက စာပေးပို့

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများကို ပြန်လည်သုံးသပ်ပြီး မြန်မာစစ်တပ်ကို ထိရောက်သော အရေးယူမှုများလုပ်ဆောင်ရန်အမေရိကန် လွှတ်တော်အမတ် ၄ ဦးက နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ကြသည်။

    မတ်လ ၂၆ ရက်နေ့ အဆိုပါပေးစာကို ပေးပို့ခဲ့ကြခြင်းဖြစ်ပြီး စာပေးပို့သူများတွင် အမေရိကန်အောက်လွှတ်တော် နိုင်ငံခြား ရေးရာကော်မတီအဖွဲ့ဝင် လွှတ်တော်အမတ် ဂရေဂရီ မိစ်၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌ လွှတ်တော်အမတ် ယန်းကင်၊ လွှတ်တော်အမတ် အေမီဘာရာနှင့် တောင်နှင့်အလယ်အာရှ ဆပ်ကော်မတီအဖွဲ့ဝင် လွှတ်တော်အမတ် ဆစ္စနီ ကမ်လာဂျာဒဗ်တို့က ပူးတွဲလက်မှတ်ရေးထိုး တင်ပြခဲ့ကြခြင်းဖြစ်သည်။

    လွှတ်တောအမတ်များက လက်ရှိအစိုးရ၏ မူဝါဒပြန်လည်သုံးသပ်မှုတွင် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် ပါတီနှစ်ရပ်စလုံးက သဘောတူညီထားသည့် အကြံပြုချက်များကို တင်ပြခဲ့ကြခြင်း ဖြစ်သည်။

    အမေရိကန်အစိုးရထံသို့ ပေးစာတွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကြာမြင့်လာသည့်တိုင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်မှာလည်း ၁၀ နှစ်နီးပါး ရှိလာပြီဖြစ်ကြောင်း ထောက်ပြထားသည်။

    ထို့ကြောင့် လက်ရှိအမေရိကန်အစိုးရအနေဖြင့် ယခင်အစိုးရအဆက်ဆက်က ကျင့်သုံးလာခဲ့သည့် နှစ်ပါတီသဘောတူ မူဝါဒများကို ဆက်လက်ဆုပ်ကိုင်ထားရန်နှင့် စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုများကို ဆန့်ကျင်နေသော မြန်မာပြည်သူများဘက်မှ ခိုင်မာစွာ ရပ်တည်ပေးရန် အလွန်အရေးကြီးကြောင်း တိုက်တွန်းထားသည်။

    ထို့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုအနေဖြင့် မြန်မာစစ်ကောင်စီကို နိုင်ငံတကာတွင် အထီးကျန်ဖြစ်စေရန်နှင့် တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရန်၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam centers) လုပ်ငန်းများအပေါ် ထိရောက်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်တို့ကိုလည်း အကြံပြုထားသည်။

    တစ်ချိန်တည်းမှာပင် မြန်မာ့အရေးမူဝါဒများကို ပေါင်းစပ်ညှိနှိုင်းရန်နှင့် ဒီမိုကရေစီအင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်အတွက် အဆင့်မြင့်အရာရှိတစ်ဦးအား သီးသန့်ခန့်အပ်ရန်၊ ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဆက်လက်ပံ့ပိုးရန်နှင့် အဆိုပါရည်မှန်းချက်များ အောင်မြင်စေရန် လိုအပ်သော ဘဏ္ဍာရေးအရင်းအမြစ်များကို ပြည့်စုံစွာ ချထားပေးရန်တို့ကိုလည်း အလေးပေး တိုက်တွန်းခဲ့ကြသည်။

    အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်ကောင်စီအပေါ် တင်းမာသော မူဝါဒကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ဒီမိုကရေစီအင်အားစုများကို ပိုမိုပံ့ပိုးပေးရန် လွှတ်တော်ဘက်က ဖိအားပေး တိုက်တွန်းထားသည်။

  • ကလေးကို ပြန်မပေးရင် ခိုင်နှင်းဝေကို တရားစွဲတဲ့အထိ သွားမယ်

    ကလေးကို ပြန်မပေးရင် ခိုင်နှင်းဝေကို တရားစွဲတဲ့အထိ သွားမယ်

    ပွဲကတော့ ကြီးသွားပြီဟေ့! 😱

    မွေးကာစကတော့ လာပစ်သွားပြီး အခုခိုင်းစားလို့ရတဲ့အရွယ်ရောက်မှ ကလေးကို ပြန်မပေးရင် ခိုင်နှင်းဝေကို တရားစွဲတဲ့အထိ သွားမယ်တဲ့…

    မိဘမဲ့ကလေးငယ်တွေရဲ့ အားကိုးရာ၊ ပရဟိတမင်းသမီး ခိုင်နှင်းဝေ တစ်ယောက် အခုတော့ တကယ့်ကို အကြပ်ရိုက်စေမယ့် ပြဿနာတစ်ခုနဲ့ ရင်ဆိုင်နေရပါပြီ။

    မွေးကင်းစအရွယ်တုန်းက ဂေဟာရှေ့မှာ ပစ်ထားခဲ့ပြီး အခု ကလေးအရွယ်ရောက်လာမှ၊ ခိုင်းစားလို့ရမယ့်အရွယ်ရောက်မှ အတင်းအဓမ္မ ပြန်လာတောင်းနေတဲ့ ဖြစ်ရပ်တစ်ခုပါ။

    🔹 ဖြစ်စဉ်အကျဉ်း

    ကလေးကို မွေးကင်းစတုန်းက စွန့်ပစ်ခဲ့တဲ့ မိခင်ဖြစ်သူက အခုမှ ကလေးကို ပြန်လိုချင်တယ်ဆိုပြီး ခိုင်နှင်းဝေဆီမှာ အတင်းအကျပ် လာရောက်တောင်းဆိုနေတာပါ။

    ခိုင်နှင်းဝေဘက်ကတော့ ကလေးရဲ့ ရှေ့ရေးနဲ့ အနာဂတ် တောက်ပဖို့အတွက် ပြုစုပျိုးထောင်ပေးထားတာမို့ ကလေးရဲ့ဘဝ ပျက်စီးသွားမှာစိုးလို့ အတွေ့မခံသလို၊ ပြန်လည်းမပေးပါဘူး။

    🔹 အခြေအနေက ဘာဖြစ်လာလဲ?

    အဆိုပါ မိခင်ဖြစ်သူကတော့ “မိခင်မေတ္တာကြောင့် ပြန်ခေါ်တာပါ၊ ကလေးကို ခိုင်းမစားပါဘူး” လို့ ကတိတွေပေးနေပေမယ့် ခိုင်နှင်းဝေကတော့ ကလေးအတွက် ခိုင်ခိုင်မာမာ ရပ်တည်ပေးထားပါတယ်။

    ဒါကို မကျေနပ်တဲ့ မိခင်ဖြစ်သူက ခိုင်နှင်းဝေကို တရားစွဲဆိုသွားမယ် အထိ ပြောဆိုလာတာကြောင့် အခြေအနေက တော်တော်လေးကို တင်းမာနေပါပြီ။

    🔹 တရားဥပဒေနဲ့ ဖြေရှင်းကြမလား?

    ခိုင်နှင်းဝေအနေနဲ့လည်း ကလေးတစ်ယောက်ရဲ့ ဘဝကို အလွယ်တကူ အဖျက်ဆီးမခံနိုင်တာကြောင့် ဒီကိစ္စကို တရားဥပဒေအတိုင်း မှန်မှန်ကန်ကန် ရင်ဆိုင်ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

    မွေးတုန်းက ပစ်ထားပြီး အခုမှ ပြန်လိုချင်တယ်ဆိုတာကရော တရားမျှတမှု ရှိရဲ့လား?

    မိခင်မေတ္တာလား ဒါမှမဟုတ် တခြားအကျိုးအမြတ်တစ်ခုခုကြောင့်လား?

    ပရိသတ်ကြီးတို့ရော ဒီကိစ္စအပေါ် ဘယ်လိုမြင်ကြလဲ?

    ခိုင်နှင်းဝေ ဘက်ကရော ဘယ်လိုရပ်တည်သင့်လဲ?

    အမြင်လေးတွေ ဆွေးနွေးခဲ့ကြပါဦး။

  • နတ်မောက်နဲ့ မြို့သစ်မှာ ပေါ်တာဆွဲရာပါဝင်တဲ့ အငြိမ်းစားအရာရှိနဲ့ ပျူစောထီးကို PDF ဖမ်းဆီး

    နတ်မောက်နဲ့ မြို့သစ်မှာ ပေါ်တာဆွဲရာပါဝင်တဲ့ အငြိမ်းစားအရာရှိနဲ့ ပျူစောထီးကို PDF ဖမ်းဆီး

    ​မကွေးတိုင်း၊ နတ်မောက်နဲ့ မြို့သစ်မြို့နယ်တွေမှာ ပေါ်တာဆွဲတဲ့ဖြစ်စဥ်တွေနဲ့ ပတ်သက်နေတဲ့ အငြိမ်းစားအရာရှိတစ်ဦးနဲ့ ပျူစောထီးတစ်ဦးကိုဖမ်းဆီးရမိကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့ရဲ့ခေါင်းဆောင် ကိုအောင်ဒင်က ပြောပါတယ်။

    မြို့သစ်မြို့နယ်အတွင်း လူငယ်တွေကို ပေါ်တာဆွဲရာမှာ ပတ်သက်နေတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာန အငြိမ်းစားအရာရှိတစ်ဦးဖြစ်တဲ့ ဦးအောင်သိုက်ဆိုသူကို ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က နတ်မောက်မြို့နယ်၊ စိုင်ကောင်းကျေးရွာအနီးရှိ ရွှေနတ်ကယ်တောင် ဘုရားကြီးအတွင်းမှာ ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့ရဲ့ခေါင်းဆောင် ကိုအောင်ဒင်က ပြောပါတယ်။

    အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း နတ်မောက်မြို့နယ်၊ သရက်ချဉ်ကျေးရွာက ပျူစောထီး ကိုဇော်နိုင်ဝင်းဆိုသူကို စိုင်ကောင်းကျေးရွာအနီးမှာပဲ ဖမ်းဆီးရမိခဲ့ကြောင်း ကိုအောင်ဒင်က ပြောပါတယ်။

    “ကို​ဇော်နိုင်ဝင်းက လက်နက်ကိုင် ပျူစောထီးဖြစ်တယ်။ ပေါ်တာဆွဲတဲ့ထဲလည်းပါတယ်။ နောက်တစ်ယောက်က အရာရှိအငြိမ်းစားကတော့ သူ့မှတ်တမ်းထဲမှာ ပေါ်တာဆွဲတဲ့စာရင်းတွေ ပါလာတယ်။ လက်နက်ကိုင်တော့မဟုတ်ဘူး”လို့ နတ်မောက်ဂဠုန် PDF အဖွဲ့ရဲ့ခေါင်းဆောင် ကိုအောင်ဒင်က ပြောပါတယ်။

    ​၎င်းတို့ထံကနေ စစ်တပ်နဲ့ ဆက်သွယ်တဲ့ ဖုန်းနံပါတ်တွေနဲ့ ပေါ်တာဆွဲရာမှာ အသုံးပြုခဲ့တဲ့ မှတ်တမ်းအချို့ကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

    ​၎င်းတို့ကို လက်တလော ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

    နတ်မောက်မြို့နယ်ဟာ စစ်တပ်စစ်ကြောင်းထိုး မီးရှို့တာ၊ လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေပါတယ်။

    ​(ဖမ်းဆီးရမိထားတဲ့ အငြိမ်းစားအရာရှိနဲ့ ပျူစောထီး၊ ၎င်းတို့ရဲ့သက်သေခံစာရွက်စာတမ်းများ ဓာတ်ပုံ-ဂဠုန် PDF)

  • ပေါ့ဆမိသည့် အမှားတစ်ခုကြောင့် သားငယ်လေးကို ဆုံးရှုံးခဲ့ရသည့် မိခင်တစ်ဦး

    ပေါ့ဆမိသည့် အမှားတစ်ခုကြောင့် သားငယ်လေးကို ဆုံးရှုံးခဲ့ရသည့် မိခင်တစ်ဦး

    ပေါ့ဆမိသည့် အမှားတစ်ခုကြောင့် သားငယ်လေးကို ဆုံးရှုံးခဲ့ရသည့် မိခင်တစ်ဦး၏ ရင်နင့်ဖွယ်ဖြစ်ရပ် 💔🕊️

    ဒီနေ့ဟာ မိခင်တစ်ယောက်အတွက်တော့ သူ့ရဲ့တစ်ကိုယ်စာ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲပျက်စီးသွားခဲ့ရတဲ့ နေ့တစ်နေ့ပါပဲ။

    ပေါ့ဆမိတဲ့ အမှားလေးတစ်ခုကနေ အဆုတ်ခဲပြီး ဘဝကူးသွားခဲ့ရတဲ့ သားငယ်လေးအတွက် တစ်နှစ်ပြည့်မှ ဖွင့်ဟလာတဲ့ ဒီဇာတ်လမ်းလေးက ဖတ်ရှုသူတိုင်းကို မျက်ရည်ကျစေခဲ့ပါတယ်။

    ⚠️ သတိပေးချက်ဖြစ်စေမည့် ဖြစ်စဉ်အကျဉ်း

    သားငယ်လေး ဖျားနာစဉ်က မိခင်ဖြစ်သူဟာ အပြင်ဆေးခန်းတစ်ခုမှာ ပြသခဲ့ရာ ဆေးခန်းက သွေးပေါင်ကျနေသည်ဆိုကာ ၃ ရက်အတွင်း ဒရစ် (၁၀) လုံးကျော် သွင်းပေးခဲ့ပါတယ်။

    ဆေးရုံကြီးကို ရောက်တဲ့အချိန်မှာတော့ ဆရာဝန်တွေက “ဒရစ်တွေ အများကြီးသွင်းပြီးမှ လာတော့ ဘာမှလုပ်ပေးလို့မရတော့ဘူး” လို့ ဆူပူခဲ့ရတဲ့အထိ အခြေအနေက ဆိုးရွားနေခဲ့ပါပြီ။

    ဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့ သားငယ်လေးရဲ့ အဆုတ်တွေဟာ ခဲနေခဲ့ပါပြီ။

    ဆေးရုံရဲ့ လူနာခန်းထဲမှာ အောက်ဆီဂျင်နဲ့ အသက်ဆက်နေရပေမယ့် သားငယ်လေးကတော့ မိခင်ရဲ့မျက်ရည်တွေကို သုတ်ပေးရင်း “သားဘာမှမဖြစ်ဘူး မေမေ… မငိုပါနဲ့” လို့ အားပေးရှာခဲ့ပါတယ်။

    😭 နောက်ဆုံးအချိန်၏ ကြေကွဲစရာ

    ညသန်းခေါင်မှာ အောက်ဆီဂျင်တွေ ထိုးကျလာပြီး လက်သည်း ခြေသည်းတွေ ခရမ်းရောင်ပြောင်းလာတဲ့အထိ သားငယ်လေး ခံစားခဲ့ရပါတယ်။

    နောက်ဆုံး ရန်ကုန်ကို လွှဲဖို့ပြင်ဆင်ပြီး ပါးစပ်ထဲ အသက်ရှူပိုက်အသွင်းမှာတော့ သားငယ်လေးရဲ့ နှလုံးခုန်သံတွေ ရပ်တန့်သွားခဲ့ရပါတယ်။

    “သူတို့အတွက် လူအသက်တစ်ချောင်းဟာ ဘာမှမဟုတ်ပေမဲ့ မိသားစုတွေအတွက်တော့ ကမ္ဘာပျက်ရတဲ့နေ့ပါ” လို့ မိခင်ဖြစ်သူက ရင်နင့်စွာ ပြောကြားခဲ့ပါတယ်။

    💡 သင်ခန်းစာယူစရာ

    ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့ မိဘတွေအတွက်ရော၊ ကျန်းမာရေးစောင့်ရှောက်သူတွေအတွက်ပါ ကြီးမားတဲ့ သင်ခန်းစာတစ်ခုပါ။

    ဖျားနာတဲ့အခါ အပြင်ဆေးခန်းတွေမှာ ဒရစ် (Drip) တွေကို စနစ်တကျ မဟုတ်ဘဲ အလွန်အကျွံ သွင်းခြင်းဟာ အဆုတ်ထဲ ရေဝင်တာ၊ အဆုတ်ခဲတာမျိုးတွေ ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်အထိ စိုးရိမ်ရတတ်ပါတယ်။

    သားငယ်လေးလည်း နောင်ဘဝဆက်တိုင်းမှာ ဘေးမသီး ရန်မခဘဲ အသက်ရှည်ကျန်းမာစွာ နေထိုင်ရပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။ 🙏🕊️