Author: Baby Yit Lone

  • စဉ့်ကူး စတားလင့် စက်ပိုင်ရှင်ကို ဒဏ်ကြေးဆောင်စေ၍ အရေးယူမည် ဟုဆို

    စဉ့်ကူး စတားလင့် စက်ပိုင်ရှင်ကို ဒဏ်ကြေးဆောင်စေ၍ အရေးယူမည် ဟုဆို

    မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ဖြစ်ပွားခဲ့သော စတားလင့်အင်တာနက်ကိစ္စ စက်ပိုင်ရှင်နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ အချေအတင်စကားများခဲ့ကြသည့်ဖြစ်စဉ်အတွင်း စက်ပိုင်ရှင်သည် စတားလင့်အင်တာနက်အသုံးပြုမှုဆိုင်ရာစည်းကမ်းများကို ချိုးဖောက်သောကြောင့် ဒဏ်ကြေးငွေဆောင်စေ၍ အရေးယူသွားမည်ဟု စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ၎င်းက “စည်းကမ်းစည်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ပြစ်ဒဏ်နဲ့ ဒဏ်ကြေးကိုပဲ ကျနော်တို့ အရေးယူဆောင်ရွက်ဖို့ ရှိပါတယ်။ စက်ပိုင်ရှင်ကိုတော့ သီးခြားခေါ်ယူစစ်ဆေးမေးမြန်းတာတွေ မလုပ်ပါဘူး” ဟု ပြောသည်။ စဉ့်ကူးမြို့နယ်အတွင်း စတားလင့်ခ်အင်တာနက် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအဖြစ် စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ထားရာတွင် အချက် ၇ ချက်ပါရှိပြီး လက်ရှိ စက်ပိုင်ရှင်သည် စည်းကမ်း (၁) Starlink Internet ကို အိမ်သုံးသီးသန့်အတွက်သာ ခွင့်ပြုမည်ဖြစ်ပြီး အများပြည်သူကို အခကြေးငွေဖြင့် မျှဝေအသုံးပြုခွင့်…

  • သန်လျင်ဘက်မှာတောင် မလုံခြုံတော့ဘူးနော်…

    သန်လျင်ဘက်မှာတောင် မလုံခြုံတော့ဘူးနော်…

    သန်လျင်ဘက်မှာတောင် မလုံခြုံတော့ဘူးနော်… လုတဲ့အဖွဲ့က နည်းပညာလည်း မြင့်တယ်တဲ့ K Payရော Bankingပါ ပါသွားတာတဲ့ သန်လျင်ရောက် ၂ နှစ်ပြည့် အမှတ်တရပါ စျေးကနေ လမ်းလျှောက် ​အပြန် ဘေးတွဲနဲ့ လူလတ်ပိုင်း သုံးယောက် (အမျိုးသား ၂ ယောက် အမျိုးသမီး ၁ ယောက်) ဖုန်း ကို လုတာ ဖြစ်နေတဲ့အချိန်တုန်း ကကိုယ်လည်း ကြောက်စိတ်မရှိ ပြန်လုတာ အားမမျှတော့ ph လည်း ပါသွားတယ်။ လူလည်း ဒဏ်ရာရ။ အခု သွေးအေးတဲ့အချိန် ပြန်စဥ်းစားတော့ ကျေးဇူးတင်မိတယ် အသက်ကို ချမ်းသာပေးလို့။ ကိုယ် ကိုယ်တိုင်လည်း အမြဲ သတိရှိရှိသွားလာနေတာပါ တကယ်ကျ အုပ်စုဖွဲ့ပြီး အခုလိုကျ ဘာမှမတက်နိုင်ပါဘူး။ ချစ်သောတွေ အားလုံးလည်း အစစ…

  • မင်းအောင်လှိုင်နှင့် မိန်းမကြူကြူလှ အပါအဝင် စစ်အရာရှိများကို သိက္ခာကျစေရန် ပြောဆိုခဲ့သည့် အမှုဟောင်းများဖြင့် တိုင်ကြားခံရသော အမေရိကန်နိုင်ငံသူ သမီးဆိုး

    အွန်လိုင်းပေါ်တွင် မင်းအောင်လှိုင်နှင့် မိန်းမကြူကြူလှ အပါအဝင် စစ်အရာရှိများကို သိက္ခာကျစေရန် ပြောဆိုခဲ့သည့် အမှုဟောင်းများဖြင့် တိုင်ကြားခံရသော အမေရိကန်နိုင်ငံသူ သမီးဆိုး(ခ) သက်ကိုကို လေဆိပ်တွင် အဖမ်းခံရပြီး ပြင်ဦးလွင်ရဲစခန်းသို့ ပို့ဆောင်မည် အွန်လိုင်းပေါ်တွင် မင်းအောင်လှိုင်နှင့် မိန်းမကြူကြူလှ အပါအဝင် စစ်အရာရှိများကို သိက္ခာကျစေရန် ပြောဆိုခဲ့သည့် အမှုဟောင်းများဖြင့် တိုင်ကြားခံရသော အမေရိကန်နိုင်ငံသူ သမီးဆိုး(ခ) သက်ကိုကိုအား ယမန်နေ့ ရန်ကုန် လေဆိပ်တွင် ဖမ်းဆီးပြီး ပြင်ဦးလွင်ရဲစခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သမီးဆိုး၏ မိတ်ဆွေဖြစ်သူက ပြောဆိုသည်။ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ ခရီးစဥ်အမှတ် 8M 335 ဖြင့် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံသုဝဏ္ဏဘူမိလေဆိပ်သို့ ထွက်ခွာမည့် သက်ကိုကို…

  • စိုးဝင်းကို အရေးပါသော အစိုးရဝန်ကြီးဌာနဆိုင်ရာ အမျိုး သားအဆင့်ကော်မတီများနှင့်ဗဟိုကော်မတီများမှ  ဖယ်ထုတ်

    စိုးဝင်းကို အရေးပါသော အစိုးရဝန်ကြီးဌာနဆိုင်ရာ အမျိုး သားအဆင့်ကော်မတီများနှင့်ဗဟိုကော်မတီများမှ ဖယ်ထုတ်

    မင်းအောင်လှိုင်က စိုးဝင်းကို အရေးပါသော အစိုးရဝန်ကြီးဌာနဆိုင်ရာ အမျိုး သားအဆင့်ကော်မတီများနှင့်ဗဟိုကော်မတီများမှ ဖယ်ထုတ် စစ်ဘက်ဆိုင်ရာတွင်လည်း စိုးဝင်း အစား ကျော်စွာလင်းကို အဓိက ဆုံးဖြတ်ခွင့် တာဝန်များပေး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စိုးဝင်းကို အရေးပါသော အစိုးရဝန်ကြီးဌာနဆိုင်ရာ အမျိုးသားအဆင့်ကောမတီများနှင့် ဗဟိုကော်မတီများမှ ဖယ်ထုတ်လိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် စစ်တပ်က ထုတ်ပြန်ထားသော ပြန်တမ်းများအရ သိရှိရသည်။ ဇူလိုင်လ ၃၁ ရက်နေ့ စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီး ကာ/လုံက အစိုးရသစ်ပုံစံ ပြန်လည် ဖွဲ့စည်းခဲ့ရာတွင် ယခင်က စိုးဝင်းက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသားအဆင့်ကော်မတီနှင့် ဗဟိုကော်မတီများတွင် စိုးဝင်းကို ပြန်လည် ခန့်အပ်ခြင်းမရှိတော့ဘဲ မင်းအောင်လှိုင်နှင့် နိုင်ငံတော်ဝန်ကြီးအဖြစ် တာဝန်ပေးခံရသူ ညိုစောတို့ကသာ အဓိက ဦးဆောင်သူ ဥက္ကဋ္ဌ…

  • ပေါက်ခေါင်းတွင် စစ်တပ်၏ ဘော်ဒါအထိုင်စခန်းမှ လူအချိန်အပြောင်း ပြုလုပ်ပြီး ပြန်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်

    ပေါက်ခေါင်းတွင် စစ်တပ်၏ ဘော်ဒါအထိုင်စခန်းမှ လူအချိန်အပြောင်း ပြုလုပ်ပြီး ပြန်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်

    ပေါက်ခေါင်းတွင် စစ်တပ်၏ ဘော်ဒါအထိုင်စခန်းမှ လူအချိန်အပြောင်း ပြုလုပ်ပြီး ပြန်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ဘော်ဒါအထိုင်စခန်းမှ လူအချိန်အပြောင်း ပြုလုပ်ပြီး ပြန်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ပြောဆိုသည်။ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ် ဘော်ဒါ အထိုင်စခန်းမှ လူအချိန်းအပြောင်းလုပ်ပြီး ပြန်လာသော အင်အား ၄၄ ဦးပါ စစ်ကြောင်းကို ပဲခူးတိုင်း၊ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း…