Author: Baby Yit Lone

  • မိုးကုတ်မြို့ကို ယနေ့နံနက်ပိုင်း ဗုံးကျဲ

    မိုးကုတ်မြို့ကို ယနေ့နံနက်ပိုင်း ဗုံးကျဲ

    မိုးကုတ်မြို့ကို ယနေ့နံနက်ပိုင်း ဗုံးကျဲမှု ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး၊ ကရင်နီပြည်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေ

    မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို စစ်တပ်က ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၅၉ မိနစ်အချိန်နှင့် နံနက် ၉ နာရီ ၃ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေ ယာဉ် များ က မိုးကုတ်မြို့နယ် အရှေ့ပိုင်းသို့ ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ဆိုင်ကယ်စီး ခရီးသွား ပြည်သူ ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး​သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် ကလေးငယ် ၁ ဦး ပါဝင်ကြောင်း သိရှိရသည်။

    “လမ်းပေါ်မှာ ဆိုင်ကယ်စီးနေတဲ့ ပြည်သူ ၁ ဦး သေဆုံးပါတယ်။ ကလေးငယ် ၁ ဦးလည်း သေဆုံးပါတယ်။ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်နေတယ်။ လေယာဉ်နဲ့ ဗုံးကျဲတာက နေ့စဉ် ရက်ဆက် အရမ်းများလာလို့ မလုံခြုံဘူးနေရတာ”ဟု မိုးကုတ်မြို့မှ အသက် ၄၂ နှစ်အရွယ် ကျောက်မျက်တူးဖော်ရေးလုပ်ကိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

    အလားတူ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံပျက်စီးသွားကြောင်း ဒေသနေပြည်သူများက ပြောကြားသည်။

    ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါ လိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးနှင့် လူကြီးတစ်ဦး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ပြီး ဆေးရုံမှာ လုံးဝပျက်စီးသွားကြောင်း သိရ သည်။

    “လေယာဉ်နဲ့ နှစ်ရက်ဆက်တိုက် ပျံဝဲနေတာ။ အဲလိုဆိုတော့ ပြည်သူတွေက သတိနဲ့ နေနေကြတော့ အထိခိုက်အနည်သွားတာဖြစ်ပါတယ်။ ၂ ရက်ဆက်တိုက် ပျံဝဲပြီး ဒီနေ့မနက် ၈ နာရီခွဲလောက်ကမှ ကျဲသွားတာ၊ ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ ဆေးရုံက တော့ တော်တော် ပျက်စီးသွားတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

    ထို့ပြင် ယနေ့ မွန်းလွဲပိုင်း ၁၂ နာရီ ၁၀ မိနစ်အချိန်တွင်လည်း စစ်တပ်က မော်ချီးဒေသကို လေယာဉ်ဖြင့် ဗုံးထပ်မံ ကျဲချသွားကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့ ထိန်းချုပ်နိုင်ခြင်းမရှိသော မြို့နယ်များကို အရေးပေါ် အခြေ အနေ ကြေညာထားပြီး လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသော မိဘ ပြည်သူများ အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ သတိပေးချက်များ၊ နည်းလမ်းများကို လိုက်နာ ကျင့်သုံးပေး ကြပါရန်၊ ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာတူးထားကြပါရန် တော်လှန်ရေးအဖွဲ့ အစည်းများက တိုက်တွန်းထားသည်။

  • အောင်မင်းပြောတဲ့ မယားငယ် ဌာနချုပ်

    အောင်မင်းပြောတဲ့ မယားငယ် ဌာနချုပ်

    နေပြည်တော်မှာရှိတဲ့ ကြံ့ဖွတ်ပါတီရဲ့ ဌာနချုပ်ကို ပါတီအလုပ်တွေ လုပ်ဖို့ ကြီးကျယ်ခမ်းနားစွာ ဖွင့်ထားတာလို့ တချို့က ထင်ကောင်းထင်ကြမယ်။ တကယ်တော့ ကြံ့ဖွတ်ပါတီရဲ့ ရုံးဝန်း အကျယ်ကြီးထဲမှာ လူနေဆောင်တွေ အမြောက်အမြား ဆောက်လုပ်ထားတယ်။

    ကြံံဖွတ်က ပါတီကြီးတစ်ခု ဆိုတော့ စာရေးမတွေ အများအပြား ခန့်တယ်၊ လိုလို မလိုလို ခန့်တယ်။ ဘာလို့ခန့်လဲ ဆိုတော့ စာရေးမတွေကို ကြံ့ဖွတ်ပါတီ ရုံးချုပ်ထဲမှာပဲ နေစရာ အဆောင်ပေးချင်လို့။ ပြီးရင် ဘူးလက်လှဆွေလို တနှာရူးကောင်တွေက အဆောင်နေ စာရေးမတွေကို အာဏာ ငွေကြေး အကုန်သုံးပြီး ဝိုက်တီးဆွဲတော့တာပဲ။

    ကြံ့ဖွတ်ပါတီ ဌာနချုပ်အတွင်းမှာရှိတဲ့ စာရေးမတွေ လင်ကောင်မပေါ်ပဲ ဗိုက်ကြီးလို့ ဖျက်ချရတဲ့ ဖြစ်စဉ်တွေအကြောင်း ၂၀၂၃ လောက်က စစ်ကဲကြီး ချန်နယ်ကနေ သက်သေ အခိုင်အမာနဲ့ ဖော်ကောင်လုပ်ဘူးတယ်။ ဘာဖြစ်လို့ လင်ကောင်မပေါ်လဲ ဆိုတော့ တချို့ စာရေးမတွေက တစ်လက်ကိုင် မယားငယ်တွေ ဖြစ်ပေမယ့် တချို့က ဘုံဆိုင် မယားငယ်တွေ။ ကြုံတဲ့ကောင်က ဝင်ဗြုန်းတာပဲ။

    မင်းအောင်လှိုင် အာဏာသိမ်းတဲ့အချိန်မှာ ဇောင်းကြွခဲ့တဲ့ ကြံ့ဖွတ်တွေဟာ တလရ အားကောင်းလာချိန်မှာ အသတ်ခံရမှာကြောက်တော့ နေရပ်စွန့်ခွာ ထွက်ပြေးရတယ်။ တချို့က နေပြည်တော်ကို ရောက်လာပြီး ကြံ့ဖွတ် ဌာနချုပ်ထဲမှာ ခိုလှုံခွင့်တောင်းတယ်။ သမီးပျိုလေးတွေရှိတဲ့ မိသားစုက အမြဲနေထိုင်ခွင့်ရပြီး စာရေးမတွေ ဖြစ်လာတယ်၊ ကျန်တဲ့ မိသားစုတွေကိုတော့ ခဏပဲ နေထိုင်ခွင့်ပေးပြီး နှင်လွှတ်တယ်။ ဒီလိုကိစ္စတွေ အောင်မင်း ပိုသိတယ်။

    နမူနာတစ်ခု ပြောရရင်-

    ကျောက်ဆည် ထမင်းကြော်မလဲ သူ့နယ်ကနေ ခွေးပြေးဝက်ပြေး ထွက်ပြေးရချိန်မှာ ကြံ့ဖွတ်ပါတီ ရုံးချုပ်ကို ရောက်လာတယ်။ ထမင်းကြော်မရဲ့ ရေချိုးခန်းဓာတ်ပုံက ကြံ့ဖွတ်ရဲ့ မယားငယ် ဌာနချုပ် ရေချိုးခန်းထဲမှာ ရိုက်ထားတဲ့ပုံပဲ။ အဲ့ချိန်တော့ ကျော်ဖာတို့ ထော့ကျိုးတို့ အောင်မင်းတို့တွေ စွရမ်း ပျော်ခဲ့ကြတာပေါ့။ ဒီကောင်တွေဆို လက်ဖက်ရည်သောက်တောင် မထွက်ကြတော့ဘူး။ ထမင်းကြော်မက ဘာလာလာဒေါင်းပဲလေ။ သူလဲ ဘုံဆိုင် ဖြစ်ခဲ့တာပေါ့။

    PDF တွေကို သူတို့လိုထင်ပြီး တောထဲမှာ ဘာညာဖြစ်ကြတယ် စွပ်စွဲနေပေမယ့် ကြံ့ဖွတ်တွေကတော့ ပါတီရုံးချုပ်ထဲမှာတင် ကိုယ်ပိုင်ဖာဘိထောင် စာရေးမတွေကို ဖာဇတ်သွင်းပြီး လိင်ပျော်ပွဲကြီး ချနေကြတာ ဒီနေ့အထိ ရိုးရာမပျက် ရှိနေဆဲ။

    မယားငယ် ဌာနချုပ် ဆိုတာကလဲ အပြင်လူက ပေးထားတဲ့နာမည် မဟုတ်ဘူး၊ သူတို့ချင်း ပေးထားကြတာ သိဖို့..

  • ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်

    ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်

    ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှု များပြားပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိ

    မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၀ ဦး သေဆုံးပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း People’s Democratic Army – PDA မှ စစ်ရေးတာဝန်ခံ ရဲဘော်အုပ်စိုးက ပြောဆိုသည်။

    ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီမှ စတင်ပြီး ညောင်ဦးမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက စုတည်ရွာ နှင့် ရွာသစ်တောင်ရွာအကြား ဘူတာရုံဟောင်းအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၂၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကာ စစ်တပ်ထံမှ လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါ ၁ လုံး၊ ၅.၅၆ ကျည် ၁၉ ထောင့်၊ ၇.၆၂ ကျည် ၁၆ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    “အဲတိုက်ပွဲမှာ ညောင်ဦးဘက်က စစ်ခွေး ၇ ကောင်သေတယ်။ သီတာယုမွန်ဆီက ကောင်တွေကတော့ ၁၃ ကောင်သေတယ်။ စုစုပေါင်း စစ်ခွေး ၂၀ ကောင်သေတယ်။ ထိတွေ့တိုက်ပွဲက မီတာ ၅၀ လောက်ကပ်တာဆိုတော့ နီးနီးလေး လှမ်းမြင်နေရတာပေါ့။ ဒီကောင်တွေက သေနတ်​တွေကို လွယ်ထားပြီး ခိုးရာပါ ပစ္စည်းတွေကို ထမ်းထားတာဆိုတော့ ပြန်မပစ်နိုင်ဘဲ အသေများသွားတာ သူတို့ အင်အားက ၁၀၀ လောက်ဖြစ်နေလို့ မဟုတ်ရင် ကျနော်တို့ သေနတ်တွေပါရမှာ” ဟု People’s Democratic Army – PDA မှ စစ်ရေးတာဝန်ခံ ရဲဘော်အုပ်စိုးက ပြောဆိုသည်။

    ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် အင်အား ထပ်မံဖြည့်တင်း၍ ရွာသစ်တောင်ကျေးရွာကို စစ်ကြောင်းထပ်ထိုးနေသောကြောင့် ပြည်သူလူထုများအနေဖြင့် စစ်ရေး သတိရှိကြပါရန် People’s Democratic Army – PDA တပ်ဖွဲ့က အသိပေး နှိုးဆော်ထားသည်။

  • ရေဖြူမြို့နယ် ကော့လှိုင်‌ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၃ ဦး အပါအဝင် ၁၇ ဦး သေဆုံး

    ရေဖြူမြို့နယ် ကော့လှိုင်‌ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၃ ဦး အပါအဝင် ၁၇ ဦး သေဆုံး

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်‌ကျေးရွာအနီး စစ်‌ကြောင်းထိုးလာ‌သော အကြမ်းဖက် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၃ ဦး အပါအဝင် ၁၇ ဦးသေဆုံးခဲ့ကြောင်း Mon State Revolutionary Force – MSRF မှ ပြောရေးဆိုခွင့်ရှိသူက မိတလဉာဏ် ပြောဆိုသည်။

    ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရေဖြူမြို့နယ် ၊ကော့လှိုင်ကျေးရွာအနီးသို့ စစ်‌ကြောင်းထိုးလာ‌သော အင်အား ၁၅၀ ခန့် ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် တော်လှန်‌ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုထိတွေ့ တိုက်ပွဲသည် ညနေ ၆ နာရီဝန်းကျင်ခန့်ထိဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၃ ဦး အပါအဝင် စစ်သား ၁၇ ဦး သေဆုံးကာ ၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များဘက်မှလည်’ ရဲဘော် ၅ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    “ဒါက ဒီရေဖြူ မလွှဲတောင်လမ်းပိုင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတစ်ခုဖြစ်ပါတယ်။ သူတို့ဘက်က ရန်သူဘက်က သေဆုံးတဲ့ စာရင်းကတော့ ကျွန်မတို့ ထပ်တိုးတာတော့မရှိသေးဘူးပေါ့။ နောက်ဆုံးရတဲ့အချက်အလက်တော့ ၁၇ ယောက်သေတယ်။ သေတဲ့ ၁၇ယောက်ထဲမှာ အရာရှိ ၃ယောက်ပါတယ်။ ၇ယောက်ကလည်း ထိခိုက်ဒဏ်ရာရှိခဲ့တာကို ကျွန်မတို့ အတွင်းသတင်းအရင်းမြစ်ကနေ ရရှိခဲ့ပါတယ်။ မနေ့က တိုက်ပွဲမှာတော့ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးမရှိပါဘူး။ ရေဖြူဒေသဘက်မှာ ဆိုရင် ဆက်တိုက် တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်။ စစ်ရေးအရလည်း အခြေနေ တင်းမာနေဆဲဖြစ်တယ်။ ကျွန်မတို့ မဟာမိတ်တော်လှန်ရေး တပ်ဖွဲ့တွေ အနေနဲ့ကတော့ လက်နက်ခဲယမ်း လိုအပ်ချက်တွေလည်းရှိလာတယ်”ဟု Mon State Revolutionary Force – MSRF မှ ပြောရေး ဆိုခွင့်ရှိသူက မိတလဉာဏ်က ပြောဆိုသည်။

    အဆိုပါတိုက်ခိုက်မှုတွင် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဗျူဟာ (၃၃) ဒေါနစစ်‌ကြောင်း အထူးစစ်ဆင်ရေးအဖွဲ့၊ ဒေါနစစ်ကြောင်း -၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ ရေးဘီလူးတပ်ရင်း၊ ရာမညမွန် တပ်‌‌တော် (R.M.A)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇) နှင့် ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း (KTLA) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

  • သေဒဏ်ကို အံတုပြီး စစ်တပ်ရဲ့ ရွေကောက်ပွဲကို ဆန့်ကျင်ကြောင်း အရှိန်မြင့် တိုက်ခိုက်နေတဲ့ ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့များ

    သေဒဏ်ကို အံတုပြီး စစ်တပ်ရဲ့ ရွေကောက်ပွဲကို ဆန့်ကျင်ကြောင်း အရှိန်မြင့် တိုက်ခိုက်နေတဲ့ ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့များ

    သေဒဏ်ကို အံတုပြီး စစ်တပ်ရဲ့ ရွေကောက်ပွဲကို ဆန့်ကျင်ကြောင်း အရှိန်မြင့် တိုက်ခိုက်နေတဲ့ ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့များ

    စစ်တပ်က ရွေးကောက်ပွဲအတွက် နှောက်ယှက် ဟန့်တားခြင်း၊ ဖျက်ဆီးပါက သေဒဏ်အထိပေးနိုင်ကြောင်း ဥပဒေပြဌန်းပြီး သတင်းထုတ်ပြန်ခဲ့ပေမယ့် ရန်ကုန်မြို့က မြေအောက်တော်လှန်ရေးအဖွဲ့တွေကတော့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဖြစ်မြောက်ရေး အထောက်ပံ့ပေးနေတဲ့ နေရာတွေကို အရှိန်မြင့် ဗုံးခွဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။

    အခုလို ဗုံးခွဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဟာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။

    “ကျွန်တော်တို့ အခုလို လုပ်နေတယ်ဆိုတဲ့က ရှင်းရှင်းလေးပါ ရိုင်းသလို ဖြစ်သွားရင် ခွင့်လွတ်ပါဗျ။ မအလရဲ့ ရွေးကောက်ပွဲကို ဖျက်စီးလို့ သေဒဏ်ပေးရင် သောက်ဂရုကို မစိုက်တာ သေမှာ မကြောက်လို့လည်း တော်လှန်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ကြတာပဲလေ မအလ ကို ကြောက်နေရင် တော်လှန်ရေးလမ်းကြောင်းပေါ် ဘယ်သူမှမလျှောက်ပါဘူ” လို့ Yangon UG People Army (YUPA) က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

    ဩဂုတ်လ ၁၄ ရက်နေ့ ည ၁၀နာရီခန့်က လှိုင်သာယာမြို့နယ်၊ ၁၄ ရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံးထဲ ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်နေကြတဲ့ အုပ်ချုပ်ရေးမှုးနဲ့ အဖွဲ့ဝင်များကို ပစ်မှတ်ထားပြီး မြို့ပြကြွက်ကွန်ယက်နဲ့ မြောက်ဥက္ကလာ ပကဖတို့မှ ပြင်းအားမြင့်မိုင်းများနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်လုံခြုံရေး ၃ယောက်ခန့်မီးလောင်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိထားပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့မှာ စစ်တပ်က ရွေးကောက်ပွဲအတွင်း လူသေဆုံးတဲ့အထိ ပြစ်မှုကျူးလွန်ပါက သေဒဏ်ချမှတ်နိုင်တဲ့ ဥပဒေကို အတည်ပြုပြဌန်းခဲ့သလို အဆိုပါ ဥပဒေထဲမှာ ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုယုံဖြင့် ထောင်ဒဏ်တွေပါ ချမှတ်မယ်လို့ ဖော်ပြထားပါတယ်။

    “အခုလုပ်မယ့် ရွေးကောက်ပွဲဟာ လုံးဝ ဖြစ်မြောက်ခွင့် မပေးသင့်တဲ့ စကစရဲ့ ထွက်ပေါက်ဖြစ်လို့ ကျနော်တို့ကတော့ ဆက်ကြုံးနေအုန်းမှာပါဗျ။ နိုင်ငံ့အာဏာကိုတောင် မတရားသိမ်းယူထားတဲ့ စစ်အာဏာရှင်တွေရဲ့ ဘယ်ဥပဒေပြဒါန်းချက်ကိုမှ ကျနော်တို့ အရေးတယူ ဂရုစိုက်နေမှာ မဟုတ်ပါဘူးဗျ” လို့ ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Operation Flameအဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

    ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Operation Flameအဖွဲ့ဟာ ၂၀၂၅ခုနှစ်ထဲမှာ ဖောက်ခွဲတိုက်ခိုက်မှု ၈ကြိမ်ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကူညီပံ့ပိုးထောက်ပံ့ပေးတဲ့နေရာကိုတော့(၁)ကြိမ်ခန့်ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။

    ယခု ဩဂုတ်လအတွင်း ရန်ကုန်မြို့မှာ စစ်တပ်ရဲ့ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးနေတဲ့ ရက်ကွက်ရုံးတွေ နဲ့ ရဲစခန်းတွေကို မြေအောက်တော်လှန်ရေးအဖွဲ့တွေက ဗုံးဖြင့် ၅ ကြိမ်ခန့် တိုက်ခိုက်ခဲ့ပါတယ်။

    အခုရက်ပိုင်းအတွင်း လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ အရှေ့ဒဂုံ၊ တောင်ဒဂုံနဲ့ ရွှေပြည်သာ မြို့နယ်တို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ် ခဲ့တာကြောင့် ရန်ကုန်မြို့မှာ စစ်တပ်အနေနဲ့ လုံခြုံရေး ထပ်မံတင်းကျပ်ထားပါတယ်။

    စစ်တပ် ပြုလုပ်မဲ့ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ဆောင်ရွက်ပေးနေသူများကို ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း ရန်ကုန်မြို့က မြေအောက်တော်လှန်ရေးအဖွဲ့တွေ သတိပေး ပြောကြားလိုက်ပါတယ်။

    AAMIJ