တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်‌ကျေးရွာအနီး စစ်‌ကြောင်းထိုးလာ‌သော အကြမ်းဖက် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၃ ဦး အပါအဝင် ၁၇ ဦးသေဆုံးခဲ့ကြောင်း Mon State Revolutionary Force – MSRF မှ ပြောရေးဆိုခွင့်ရှိသူက မိတလဉာဏ် ပြောဆိုသည်။

ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရေဖြူမြို့နယ် ၊ကော့လှိုင်ကျေးရွာအနီးသို့ စစ်‌ကြောင်းထိုးလာ‌သော အင်အား ၁၅၀ ခန့် ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် တော်လှန်‌ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် ညနေ ၆ နာရီဝန်းကျင်ခန့်ထိဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၃ ဦး အပါအဝင် စစ်သား ၁၇ ဦး သေဆုံးကာ ၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များဘက်မှလည်’ ရဲဘော် ၅ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဒါက ဒီရေဖြူ မလွှဲတောင်လမ်းပိုင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတစ်ခုဖြစ်ပါတယ်။ သူတို့ဘက်က ရန်သူဘက်က သေဆုံးတဲ့ စာရင်းကတော့ ကျွန်မတို့ ထပ်တိုးတာတော့မရှိသေးဘူးပေါ့။ နောက်ဆုံးရတဲ့အချက်အလက်တော့ ၁၇ ယောက်သေတယ်။ သေတဲ့ ၁၇ယောက်ထဲမှာ အရာရှိ ၃ယောက်ပါတယ်။ ၇ယောက်ကလည်း ထိခိုက်ဒဏ်ရာရှိခဲ့တာကို ကျွန်မတို့ အတွင်းသတင်းအရင်းမြစ်ကနေ ရရှိခဲ့ပါတယ်။ မနေ့က တိုက်ပွဲမှာတော့ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးမရှိပါဘူး။ ရေဖြူဒေသဘက်မှာ ဆိုရင် ဆက်တိုက် တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်။ စစ်ရေးအရလည်း အခြေနေ တင်းမာနေဆဲဖြစ်တယ်။ ကျွန်မတို့ မဟာမိတ်တော်လှန်ရေး တပ်ဖွဲ့တွေ အနေနဲ့ကတော့ လက်နက်ခဲယမ်း လိုအပ်ချက်တွေလည်းရှိလာတယ်”ဟု Mon State Revolutionary Force – MSRF မှ ပြောရေး ဆိုခွင့်ရှိသူက မိတလဉာဏ်က ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဗျူဟာ (၃၃) ဒေါနစစ်‌ကြောင်း အထူးစစ်ဆင်ရေးအဖွဲ့၊ ဒေါနစစ်ကြောင်း -၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ ရေးဘီလူးတပ်ရင်း၊ ရာမညမွန် တပ်‌‌တော် (R.M.A)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇) နှင့် ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း (KTLA) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *