Author: Baby Yit Lone

  • 💓စမ်းရေမိုးဇာတ်ပွဲမှ သတင်းထုတ်ပြန်ခြင်း

    💓စမ်းရေမိုးဇာတ်ပွဲမှ သတင်းထုတ်ပြန်ခြင်း

    💓မြန်မာနိုင်ငံ တနံတလျား ပွဲတော်ကြီးများတွင် မည်သည့်ပွဲ တွင်မဆို ပါဝင် ကပြရန် နောက်ဆုတ် ခြင်း နောက်တွန့်ခြင်းမရှိပါ

    💓 တချို့ပွဲများသည် မိမိဝင်ချင်သော်လဲ ဆိုင်ရာ ဂေါပက ကွင်းပိုင် ကန်ထရိုက် ဈေးနှုန်း ၃ ဦး ၃ ဖလှယ် ညီညွတ်မှသာ ဝင်လို့ ရခြင်းဖြစ်ပါသည်

    💓 ဒီလောက်ရှုပ်ထွေး တဲ့ဇာတ်ရှုပ်လောကထဲ ဝင်မရှုပ် လို၍ မိမိအား ကြည့်ချင်တဲ့ ဌားရမ်းသူများ ကို ဦးစား ပေး လက္ခံ ပြီး မိမိ ဘဝ မိမိ စတိုင်နဲ့ လျောက်လှမ်းလျက်ရှိပါသည်

    465784755 9994571463891737 2023779564323343351 N

    💓 စမ်းရေမိုး ဇာတ်အဖွဲ့ အနေနဲ့ မိမိဘယ်ပွဲတော်ကြီးဝင်ရလို့ မဝင် ရလို့ ဘယ်ဇာတ်အဖွဲ့တွေ ကို စောင်းမြောင်းပြောဆို ခြင်း မရှိသလို စိတ်ဝင်စားခြင်းလဲ မရှိခဲ့ ပါ

    💓သူများ လုပ်သလိုလဲ လိုက်လုပ်တဲ့ အဖွဲ့မဟုတ်ပါ ကိုယ့်ယုံကြည် ချက်နဲ့ ကိုယ့်ဦးတည်ချက်နဲ့ တည်တည်ငြိမ်ငြိမ်လျောက်လှမ်းနေသော အဖွဲ့ ဖြစ်ပါသည်

    💓ပထမ ပဲခူး ဘုရားပွဲ မဝင် ခြင်းသည် ဘယ်သူ့မှ ကြောက် လို့ မဝင် ခြင်းမဟုတ်ပါ ဇာတ်ရှုပ်ထဲ မပါလို၍ဖြစ်ပါသည်

    Mm News.xyz 2026 03 07 153224

    💓ရုပ်ရှင် ကားကြီး ၃ကားကို လဲ ဇာတ်ညွှန်းမကြိုက်သဖြင့် မရိုက်ဘူး ငြင်းဆန် ခဲ့ ရခြင်းအပေါ် လဲ ရုပ်ရှင်ကုမ္ပဏီကြီးများမှ နားလည်ပေးစေလိုပါသည်

    💓ဝတ္တု ဇာတ်ညွန်း ဒါရိုက်တာ ထုတ်လုပ်သူ အားလုံး ကျွန်တော် စိတ်တိုင်းကျမှ သာ ရိုက်ကူး မည်ဖြစ်သည်

    Mm News.xyz 2026 03 07 153224

    💓စမ်းရေမိုး ဇာတ်သဘင်သည် မိမိယုံကြည့်ချက် ဖြင့်ရေဆန်ကို ဆန် နေသည့် အဖွဲ့ ဖြစ်ပါသည်

    💓 စမ်းရေမိုး ဇာတ်ကို ပုပ်ခပ်ပြောဆိုခြင်းများ အထူးရှောင်ကျဉ်ကြရန် အထူးသတိပေးလိုက်ပါသည်

    💓 စမ်းရေမိုးဇာတ်သဘင်မှ လော်ဘီ Acc ခွဲ လုံးဝမထားရှိပါကြောင်းလဲ အသိပေးအပ်ပါသည်

    💓ဇာတ်ဆရာသည် လက်ဝှေ့သမား ဟောင်းတယောက်အနေနဲ့ ပေါ်ပေါ်တင်တင် စိန်ခေါ်မယ်ဆိုရင် တိမ်ပေါ်အထိ လိုက်ပါမယ်

    648469283 27584870111101934 1156651957400726947 N

    💓လက်သီးပုန်းထိုးခြင်း Acc အတုများသုံးပြီး ထိုးနှက်ခြင်းများ စောင်းမြောင်းရေသားခြင်းများသည် မသင့်တော်သောလုပ်ရပ်များဖြစ်ပါသည်

    💓ယခုပဲခူး ဘုရားပွဲကို ပရိသတ်များကြိုးပမ်းပေးထား သလောက်ရသည့် ရက်ကို ဝင်က ပြပါမည်

  • ရန်ကုန်တွင် စက်သုံးဆီချွေတာရေး စီမံချက်အဖြစ် “မ” ရက်တွင် ထွက်လာသော “စုံ” နံပါတ်ကားများကို ယာဉ်ထိန်းရဲများက ငွေညှစ်တောင်းယူနေ

    ရန်ကုန်တွင် စက်သုံးဆီချွေတာရေး စီမံချက်အဖြစ် “မ” ရက်တွင် ထွက်လာသော “စုံ” နံပါတ်ကားများကို ယာဉ်ထိန်းရဲများက ငွေညှစ်တောင်းယူနေ

    ရန်ကုန်တွင် စစ်တပ်က ယနေ့ မတ်လ ၇ ရက်နေ့ စတင်သော စက်သုံးဆီချွေတာရေး စီမံချက်အဖြစ် “မ” ကားနံပါတ်ပြားပါသော ကားများကိုသာ မောင်းနှင်ခွင့်ပြုပြီး “စုံ” နံပါတ်ပြား ကားများကို ယာဉ်ထိန်းရဲများက ပညာပေးသည်ဟုဆိုကာ ငွေတောင်းယူ ပြန်လွှတ်နေကြောင်း ငွေပေးလိုက်ရသည့် ကားပိုင်ရှင်တချို့က ပြောဆိုသည်။

    ယနေ့သည် မ ဂဏန်းရက်ဖြစ်သည့်အတွက် မ နံပါတ်ပြားပါ ကားများသာ မောင်းနှင်ခွင့်ရှိပြီး စုံ ကားနံပါတ်ပါ ကားများ မောင်းနှင်ခွင့်မရှိကြောင်း၊ ထို့ကြောင့် ရန်ကုန်မြို့တွင် ယာဉ်ထိန်းရဲများက စုံကားနံပါတ်ပါ ကားများကို တားဆီးကာ ပညာပေးကာလ ကျော်လွန်ပါက အရေးယူမည်ဟုဆိုကာ လက်ဖက်ရည်ဖိုးအဖြစ် ငွေကျပ် ၁ သောင်းတောင်းယူကြောင်း သိရှိရသည်။

    “ကျနော့်ကား စုံနံပါတ်ပေမယ့် လုပ်ငန်းသုံး ဟိုက်ဂျက်ပါ။ လုပ်ငန်းလိုင်စင်တော့မပါဘူး။ အဲဒါ ပါရမီလမ်းဆုံမှာ တားတယ်။ ယာဉ်ထိန်းရဲတွေချည်းပဲ သီးသန့်။ လုပ်ငန်းကားပါပြောတော့ လုပ်ငန်းလိုင်စင် မပါရင် မောင်းခွင့်မပေးဘူးဆိုပြီး ပြောတယ်။ ပညာပေးကာလမို့ လွှတ်ပေးမယ် လက်ဖက်ရည်ဖိုးတော့ ပေးခဲ့လို့ ပြောတယ်။ အဲဒါ ၅၀၀၀ တန်ထုတ်ပေးတော့ ၁ သောင်းပေးရမယ်ဆိုပြီး တောင်းတယ်” ဟု ငွေတောင်းခံလိုက်ရသည့် ဟိုက်ဂျက် ကားပိုင်ရှင်က ပြောဆိုသည်။

    အလားတူ အင်းစိန်မြို့နယ်၊ ပေါက်တော၀ လမ်းဆုံတွင် စျေးဝယ်လာသည့် စုံဂဏန်းပါ ကားကို ယာဉ်ထိန်းရဲများက တားဆီးခဲ့ပြီး ပညာပေးကာလအဖြစ် လွှတ်ပေးမည်ဟုဆိုကာ ငွေကျပ် ၂ သောင်း တောင်းယူသွားကြောင်း သိရှိရသည်။

    648938737 1292738679620402 1245903688205672420 N

    “အင်းစိန်စျေးဘက်က ခဏသွားတာ။ ပေါက်တာ၀မှာ ကားကို တားတယ်။ အဲဒါ ကားဝှီးတက်နဲ့လိုင်စင် သိမ်းတယ်။ ၂ သောင်းတောင်းတယ်။ ငွေပေးမှ ဝှီးတက်နဲ့ လိုင်စင်ပြန်ပေးတယ်” ဟု တိုယိုတာ ဘယ်လ်တာကားပိုင်ရှင်က ပြောဆိုသည်။

    ယနေ့ ရန်ကုန်မြို့တွင် ဌာနပေါင်းစုံ ပါဝင်သော စက်သုံးဆီချွေတာရေး စီမံချက်ကို အကောင် အထည်ဖော်သည့် One Stop Service အဖွဲ့များ က နေရာပေါင်းစုံကို ကားများဖြင့် လှည့်လည် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

    “မနက်အစောကြီး တောင်ဥက္ကလာဘက်မှာ ဌာနပေါင်းစုံ အဖွဲ့တွေ့တယ်။ နောက်တော့ နေရာရွှေ့သွားတယ်။ မြို့တစ်ခုလုံး လှည့်ပတ် စစ်နေတာထင်တယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီ၏ စက်သုံးဆီချွေတာရေး အစီအစဉ်အရ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင် စုံရက်နှင့် မရက် နံပါတ်ပြားအလိုက် ယာဉ် မောင်းနှင်ခြင်းမရှိသူများကို ထောင်ဒဏ် ၁ လ (သို့မဟုတ်) ငွေဒဏ် ကျပ် ၂ သောင်း (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်အရေးယူရန် လျှို့ဝှက်အမိန့် ထုတ်ပြန်ထားသည်။

    နေပြည်တော်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၏ မတ်လ ၆ ရက်နေ့စွဲဖြင့် ထွက်ရှိထားသည့် လျှို့ ဝှက်အမိန့်အရ အဆိုပါကိစ္စကို အရေးယူဆောင်ရွက်ရန်အတွက် ဌာနစုံ ပါဝင်သော One Stop Service အဖွဲ့များကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ ယင်းအဖွဲ့တွင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တရားရေးဌာန၊ ဥပဒေရုံး၊ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

    647308875 1292738709620399 2008200365215659287 N

    အဆိုပါ စစ်ဆေးမှုများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး: မြို့ကြီးများတွင် One Stop Service အဖွဲ့ ၂ ဖွဲ့ (သို့မဟုတ်) ၃ ဖွဲ့ဖြင့် နေရာခွဲ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျန်နယ်မြို့များတွင်မူ One Stop Service အဖွဲ့ ၁ ဖွဲ့ဖြင့် စစ် ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

    ယင်းစက်သုံးဆီချွေတာရေးအမိန့်အရ ပညာပေးကာလအဖြစ် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိကို အသိပညာပေးကာလအဖြစ် သတ် မှတ်ထားကြောင်း၊ အရေးယူမှုများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှစတင်ကာ အမိန့်မထုတ်ပြန်မချင်း ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

    စစ်တပ်၏ ထုတ်ပြန်ထားသော အမိန့်ကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူး လွန်သူများကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ One Stop Service အဖွဲ့က တိုက်ရိုက်အရေးယူမည် ဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ထောင်ဒဏ် ၁ လနှင့် ငွေဒဏ် ကျပ် ၂ သောင်း “ဒဏ်နှစ်ရပ်လုံး” ကို ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

  • CEIR စနစ်​ကြောင့် စစ်တပ်ကပြည်သူ​တွေရဲ့တည်​နေရာ​ခြေရာခံနိုင်တဲ့ အန္တရာယ်ကြီးမားလာ

    CEIR စနစ်​ကြောင့် စစ်တပ်ကပြည်သူ​တွေရဲ့တည်​နေရာ​ခြေရာခံနိုင်တဲ့ အန္တရာယ်ကြီးမားလာ

    စစ်ကောင်စီရဲ့ CEIR စနစ်ဟာ အများပြည်သူ​​တွေရဲ့ တည်​နေရာကို ​စောင့်ကြည့် ​ခြေရာခံနိုင်တဲ့ အန္တရာယ်ကြီးမားလာပြီဖြစ်ကြောင်း Myanmar Internet Project (MIP)သတိပေးလိုက်ပြီး ကြိုတင်ကာကွယ်ရန် အချက် (၁၀) ချက် ထုတ်ပြန်လိုက်ပါတယ်။

    မတ်လ ၅ ရက်နေ့က စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်တဲ့စနစ် (CEIR)ဟာ အခွန်ကောက်ခံရန်နဲ့ တရားမဝင်တင်သွင်းမှု တားဆီးရန်လို့ အကြောင်းပြထားပါတယ်။ဒါ​ပေမဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးရှုထောင့်ကနေ ကြည့်ပါက စောင့်ကြည့်ရေးယန္တရားတွေကို ဖော်ဆောင်နိုင်တာကို အချက် ၅ ချက်နဲ့ တွေ့ရှိနေတယ်လို့ Myanmar Internet Project က အသိပေးပါတယ်။

    Myanmar Internet Project (MIP) ဆိုတာ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်အခွင့်အရေး၊ အင်တာနက်လွတ်လပ်ခွင့်နဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အခြေအနေတွေကို စောင့်ကြည့်လေ့လာပြီး အချက်အလက်ထုတ်ပြန်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

    ​CEIR စနစ်ဟာ ဖုန်းတစ်လုံးချင်းစီရဲ့မူရင်းအမှတ်အသား (IMEI)ကိုအခြေခံကာအကောင်အထည်ဖော်ခြင်းဖြစ်ပါတယ် ။

    “စစ်အုပ်စုဟာ ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်တွေအတွက် အများပြည်သူ့ဒစ်ဂျစ်တယ်အချက်အလက်တွေကို ၂၀၂၁ နောက်ပိုင်းမှာ တိုးမြှင့်ပြီး စုဆောင်းလာတယ်။ နည်းပညာတွေကို အဆင့်မြှင့်လာတယ်။ ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးကို ကောင်းမွန်သည်ထက်ကောင်းမွန်အောင် တည်ဆောက်လာတယ်ဆိုတာ ကျနော်တို့ လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။ ဒီအချက်တွေဟာ အများပြည်သူ့ အကျိုးစီးပွားထက် စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရားအတွက် လွယ်ကူအောင်ရည်ရွယ်နေခြင်းဖြစ်ပါတယ်။ ဒီလိုတည်ဆောက်ပြီး ဖိနှိပ်မှုတွေ၊ လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ ဒစ်ဂျစ်တယ်ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတာ အထင်အရှားလည်း တွေ့နေရပါတယ်။ အခု CEIR စတင် ကျင့်သုံးတယ်ဆိုတာလည်း ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်ကို အဆင့်မြှင့်တင်လိုက်တာပါ။ အများပြည်သူ့အကျိုးစီးပွားကနည်းနည်းပါ” လို့

    မြန်မာအင်တာနက်ပရောဂျက်(MIP) ၊ဒစ်ဂျစ်တယ်အရေးလေ့လာသူကိုသစ်ဥာဏ်က​ပြောပါတယ်။

    ဒစ်ဂျစ်တယ်လုံခြုံ​ရေးရှူ​ထောင့်အရ စစ်တပ်ကပြည်သူ​တွေကို ဘယ်လိုစောင့်ကြည့်ရေးယန္တရား​တွေလုပ်ရနိုင်လဲ ဆိုတာကို MIP ကအခုလိုအချက် ၅ ချက်နဲ့ ရှင်းပြပါတယ် ။

    (၁) တည်နေရာ ခြေရာခံနိုင်မှု အန္တရာယ်ကြီးမားလာခြင်း

    စစ်ကောင်စီဟာ အီးအိုင်ဒီ(E-ID)လုပ်ငန်းစဉ်အရ နိုင်ငံသားအများစုရဲ့ဇီဝအချက်အလက်များ ရရှိထားပြီးဖြစ်ပါတယ်။ ဆင်း ကဒ်(SIM)မှတ်ပုံတင်ပြုလုပ်ချိန်ကလည်း နိုင်ငံသားများရဲ့ မှတ်ပုံတင်နံပါတ်များနဲ့ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ယခု IMEI မှတ်ပုံ တင်ပြုလုပ်ချိန်မှာ ဆင်းကဒ်(SIM-Card)၊ မှတ်ပုံတင်နံပါတ်နဲ့ IMEI တို့ ပေါင်းစပ်မိသွားပြီး ဘယ်သူဘယ်ဝါသုံးစွဲနေတယ်ဆိုတာကိုအတိအကျ သိရှိသွားပါမယ်။

    ဖုန်းဆင်းကဒ်တစ်ခုဟာ အနီးရှိ တာဝါတိုင်(၃)ခုနဲ့ အနည်းဆုံး ချိတ်ဆက်နေလေ့ရှိပါတယ်။ ဒါ့ကြောင့် “Triangulation Method”ကိုအသုံးပြုပြီး သုံးစွဲသူရောက်ရှိနေတဲ့ အနီးစပ်ဆုံးနေရာကို ခြေရာခံနိုင်စွမ်း ပိုမိုမြင့်မားလာစေပါတယ်။

    (၂) အစုလိုက်အပြုံလိုက် စောင့်ကြည်ရန် လွယ်ကူလာခြင်း

    CEIR အဖြစ်မှ တ်ပုံတင်ထားရတာကြောင့်Metadata တွေကို AI နဲ့ Big Data Analysis တို့ဖြင့် ပေါင်းစပ်ကာ ဘယ်ဖုန်းတွေက ဘယ်နေရာမှာ စုဝေးနေတယ်၊ ပစ်မှတ်ထားခံရသူနဲ့ ဘယ်သူတွေအချိန်မည်မျှကြာအောင် အတူရှိနေခဲ့တယ် စတာတွေကို လွယ်ကူစွာ ထောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

    (၃) ပစ်မှတ်ထား ပိတ်ဆို့ရန် လွယ်ကူခြင်း

    ​ယခင်က SIM ကတ်ကိုသာ ပိတ်နိုင်ပေမဲ့ ဒီစနစ်မှာတော့ IMEI ကို အခြေခံပြီး ပိတ်ပင်မှာဖြစ်တဲ့အတွက် ဖုန်းတစ်လုံးလုံးကို ဆက်သွယ်ရေးကွန်ရက်အတွင်း အသုံးပြု၍ မရအောင် လုပ်ဆောင်နိုင်လာမှာဖြစ်ကြောင်း၊ မှတ်ပုံမတင်ထားတဲ့ ဖုန်းများကိုလည်း ရက် ၃၀ အတွင်း ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။

    (၄) မိုဘိုင်းဖုန်းအား ထိန်းချုပ်ဝင်ရောက်ခံရနိုင်ခြေ မြင့်မားခြင်း

    ​ဖုန်းရဲ့ မော်ဒယ်နဲ့ ဟာ့ဒ်ဝဲအမျိုးအစားများကို အလိုအလျောက် သိမ်းဆည်းသွားမှာဖြစ်တဲ့အတွက် ဖုန်းအမျိုးအစားလိုက် ထိုးဖောက်ဝင်ရောက်နိုင်တဲ့(Spyware)များရှိနေပါက အသုံးပြုသူအား အဝေးမှ ပစ်မှတ်ထား စောင့်ကြည့်ခံရနိုင်ခြေ ပိုမိုမြင့်မားလာနိုင်ပါတယ်။

    (၅) ဟက်ကာများ၏ ပစ်မှတ် ဖြစ်လာနိုင်ခြင်း

    IMEI မှတ်ပုံတင်အချက်အလက်တွေဟာ မှတ်ပုံတင်သပ်သပ်မဟုတ်ဘဲ လူတစ်ဦးချင်းစီ ကိုယ်ရေးအချက်အလက်အ စုအဝေးဖြစ်ရာ သိမ်းဆည်းထားတဲ့ ဒေတာဘေစ့်(Data Base)သဖွယ်ဖြစ်သည့်အတွက် ဟက်ကာများ၏ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။

    လုံခြုံရေးအားနည်းချက်ကြောင့် ဖောက်ထွင်းဝင်ရောက်ခံရပါက ယင်းအချက်အလက်တွေဟာ မှောင်ခိုစျေးကွက်အတွင်း ရောက်ရှိသွားပြီး ငွေကြေးလိမ်လည်မှု(Scams)နဲ့ ကိုယ်ရေးအချက်အလက်ခိုးယူခံရမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ယခုကဲ့ သို့ ငွေကြေးလိမ်လည်မှု(ကျားဖြန့်)များ များပြားနေတဲ့ကာလမှာ ယင်းအချက်အလက်ဟာ စိုးရိမ်စရာအလွန်ကောင်းပါတယ်။

    ဒါ့ကြောင့် သုံးစွဲသူများအနေနဲ့ အတတ်နိုင်ဆုံး ကာကွယ်မှုများကို ကြိုတင်ပြုလုပ်ဖို့ လိုအပ်နေတယ်လို့MIP ကထပ်မံသတိပေးပါတယ်။

    Myanmar Internet Project က အကြံပြုတဲ့ ကာကွယ်ရန် နည်းလမ်းတွေကတော့

    (၁) ဆင်းကဒ်နဲ့ တိုက်ရိုက်ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုများကို တတ်နိုင်သမျှ ရှောင်ပါ။ ဝိုင်ဖိုင်(Wifi)မှတစ်ဆင့် Signal ကဲ့သို့ ဝှက်စာစနစ်ပါတဲ့ အပ်ပလီကေးရှင်းများကို အသုံးပြု ဆက်သွယ်ပါ။

    (၂) အရေးကြီးတဲ့ အချက်အလက်များ(ဓာတ်ပုံ၊ စာနှင့်အဆက်အသွယ်)ကို မိမိရဲ့ဖုန်းမှာ တိုက်ရိုက်မသိမ်းဘဲ လုံခြုံရေး ကောင်းမွန်တဲ့ Cloud Storage တစ်ခုခုမှာ သိမ်းဆည်းပါ။

    (၃) လိုအပ်ချိန်မှာ Airplane Mode အသုံးပြုပြီး တာဝါနဲ့ ယာယီအဆက်သွယ် ဖြတ်တောက်ပါ။ လုံခြုံရေးအရ ပိုမိုစိတ်ချ ရစေဖို့ Aluminium Foil များနဲ့ ထုပ်ပိုး၍သိမ်းပြီး ဖုန်းနှင့်တာဝါတိုင်အကြားအဆက်သွယ် ဖြတ်တောက်ပါ။

    (၄) IMEI မှတ်ပုံမတင်ထားတဲ့ မိုဘိုင်းကိရိယာ(Device)တစ်ခုကို ဆင်းကဒ်(Sim Card)ထည့်သွင်းအသုံးပြုခြင်းမရှိဘဲ စိတ်ချရသည့် ဝိုင်ဖိုင်(WIFI)ဖြင့် ချိတ်ဆက်ပြီး အသုံးပြုပါ။

    (၅) အက်ပ်(App)များရဲ့ တည်နေရာတောင်းခံမှုနဲ့ “Special permission”ကို မလိုအပ်ပါက ခွင့်မပြုပါနှင့်။

    (၆) Two Step Verification(2FA)အသုံးပြုရာမှာ ဆင်းကဒ်(SIM SMS)ကိုမသုံးဘဲ Google Authenticator ကဲသို့ စိတ်ချ ရတဲ့ နည်းလမ်းကို အသုံးပြုပါ။

    (၇) IMEI မှတ်ပုံမတင်မီ မိမိဖုန်းအတွင်းမှာရှိတဲ့ အရေးကြီးအချက်အလက်တွေကို လုံခြုံတဲ့နေရာမှာ ပြောင်းလဲသိမ်းဆည်းပြီး ဖုန်းအတွင်း အပြီးဖျက်ပစ်ပါ။ (လက်ရှိအသုံးပြုနေတဲ့ ဖုန်းတွေဟာ အလိုလျောက်မှတ်ပုံတင်ပြုလုပ်သွားမှာဖြစ်လို့ အမြန်ဆုံးဆောင်ရွက်ဖို့လိုအပ်ပါတယ်။)

    (၈) Android ဖုန်းများတွင် Encrypt ဖုန်းလုပ်ထားမထား စစ်ဆေးပြီး မပြုလုပ်ထားပါ ပြုလုပ်ပါ။ ဖုန်းအား Lock Screen မဖြစ်မနေပြုလုပ်ပါ။

    (၉) လုံခြုံစိတ်ချရသည့် ဗီပီအန်(VPN)များကို အမြဲအသုံးပြုပါ။

    (၁၀) မိမိအသုံးပြုတဲ့ “Device”များရဲ့ “Operation System-OS”နဲ့ “Application”များကို အမြဲ“Update”ပြုလုပ်ပါ။ Play Store(Android)/ App Store(iPhone)ကဲ့သို့ စိတ်ချရတဲ့ နေရာများမှသာ “Application”များကို ထည့် သွင်းပါ။

    Mm News.xyz 2026 03 07 142536

  • လောင်စာဆီ သုံးစွဲမှု လျှော့ချဖို့ ဖိလစ်ပိုင်မှာ တစ်ပတ် ၄ ရက်ပဲ ရုံးတက်ခိုင်း

    လောင်စာဆီ သုံးစွဲမှု လျှော့ချဖို့ ဖိလစ်ပိုင်မှာ တစ်ပတ် ၄ ရက်ပဲ ရုံးတက်ခိုင်း

    လောင်စာဆီ သုံးစွဲမှု လျှော့ချရေး အရေးပေါ် အစီအမံ တစ်ခုအဖြစ် ဖိလစ်ပိုင် အစိုးရက တစ်ပတ်ကို ၄ ရက်ပဲ ရုံးတွေဖွင့်ဖို့ ညွှန်ကြားထားလိုက်ပါတယ်။

    မတ်လ ၆ ရက်နေ့မှာ သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေကြောင့် ပြည်တွင်း လောင်စာ သိုလှောင်မှုကို ထိန်းညှိဖို့အတွက် အရေးပေါ် အစီအမံတွေကို ထုတ်ပြန်ခဲ့ရာမှာ ပုံမှန် ရုံးဖွင့်ရက်တွေကို တစ်ပတ် ၅ ရက်ကနေ ၄ ရက်သာ ထားရှိဖို့ ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။

    အီရန်စစ်ပွဲကြောင့် နိုင်ငံတကာ ရေနံနဲ့ လောင်စာတင်ပို့မှု လမ်းကြောင်းတွေ ကမောက်ကမ ဖြစ်ကုန်တဲ့ဒဏ်ကို တခြားကမ္ဘာ့နိုင်ငံ အများအပြားနည်းတူ အရှေ့တောင်အာရှ ဒေသတွင်းက ဖိလစ်ပိုင်လည်း သက်ရောက် ခံစားနေရပါတယ်။

    မားကို့စ်က အရှေ့အလယ်ပိုင်း ဒေသတွင်း ရေနံတင်ပို့မှုမှာ အဓိကကျတဲ့ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြား အပိတ်ခံထားရတဲ့ အခြေအနေကြောင့် ပြည်တွင်း ဓာတ်ဆီနဲ့ ဒီဇယ်စျေးတွေလည်း ထပ်တက်လာနိုင်ကြောင်း သတိပေးထားပါတယ်။

    ဖိလစ်ပိုင်ဟာ ကိုယ်ရွေးချယ်ခဲ့တာ မဟုတ်တဲ့ စစ်ပွဲတစ်ခုရဲ့ သားကောင် ဖြစ်နေရကြောင်း မားကို့စ်က ပြောပါတယ်။ အဲဒီစစ်ပွဲက ဘယ်အချိန် ပြီးဆုံးမလဲ ဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်ကြောင်း၊ လောလောဆယ် ဖိလစ်ပိုင် အနေနဲ့ လုပ်နိုင်တာကတော့ နိုင်ငံသားတွေကို လုံခြုံအောင်၊ အဆင်ပြေအောင် ဘယ်လို ထိန်းသိမ်း ကိုင်တွယ်မလဲ ဆိုတာကို အာရုံစိုက်ဖို့သာဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့ပါတယ်။

    တစ်ပတ်ကို လေးရက်သာ ရုံးဖွင့်စေမယ့် အစီအစဉ်အရ ဖိလစ်ပိုင် အစိုးရရုံးတွေနဲ့ အေဂျင်စီတွေဟာ တနင်္လာကနေ ကြာသပတေး၊ ဒါမှမဟုတ် အင်္ဂါကနေ သောကြာထိ ရုံးတက်ရမှာ ဖြစ်ပါတယ်။ ရုံးတက်ရက် သတ်မှတ်ချက်တွေက ဌာနနဲ့ အေဂျင်စီတွေအလိုက် ကွဲပြားမှုရှိမှာပါ။ အဲဒီ သတ်မှတ်ချက်ဟာ ယာယီသာ ဖြစ်မယ်လို့လည်း အစိုးရက ကြေညာထားပါတယ်။ ရဲ၊ မီးသတ်၊ ဆေးရုံလို ဌာနတွေကတော့ အဲဒီ အလုပ်ချိန် လျှော့ပေါ့မှုထဲမှာ အကျုံးမဝင်ပါဘူး။

    ဖိလစ်ပိုင်ဟာ အရှေ့အလယ်ပိုင်း ဒေသက ရေနံ အများအပြားကို တင်သွင်းနေရဆဲ ဖြစ်သလို လောင်စာဆီ အသုံးပြုပြီး မောင်းနှင်တဲ့ ဓာတ်အားထုတ်လုပ်တဲ့ စက်ရုံတွေ အများအပြားကိုလည်း လည်ပတ်နေရပါတယ်။

    ဖိလစ်ပိုင် အစိုးရရဲ့ အဆိုအရ လက်ရှိ အီရန်စစ်ပွဲဟာ အရှေ့အလယ်ပိုင်း ဒေသမှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင် နိုင်ငံသား ၂ သန်းလောက်ရဲ့ အလုပ်အကိုင်တွေ အပေါ်မှာပါ ခြိမ်းခြောက်လာနေကြောင်း သိရပါတယ်။

    သမ္မတ မားကို့စ်ဟာ အစိုးရ ဌာနတွေ အနေနဲ့ နေ့စဉ် လောင်စာနဲ့ စွမ်းအင် သုံးစွဲမှုကို ၁၀ ကနေ ၂၀ ရာခိုင်နှုန်း လျှော့ချဖို့ ညွှန်ကြားထားပြီး အစိုးရ အရာရှိတွေက စက်ရုံ၊ အလုပ်ရုံတွေကို လှည့်လည် စစ်ဆေးတာမျိုး ခရီးစဉ်တွေကို ယာယီ တားဆီးထားလိုက်ပါတယ်။ နောက်ပြီး အစည်းအဝေးတွေကိုလည်း အွန်လိုင်းကနေပဲ ချိတ်ဆက် လုပ်ဆောင်ဖို့ အမိန့်ပေးထားပါတယ်။

    တကယ်လို့ ရေနံစျေးက တစ်စည်ကို ဒေါ်လာ ၈၀ ကျော်ထိ မြင့်တက်လာမယ်ဆိုရင် ရေနံနဲ့ ဆက်စပ် ကုန်စည်တွေအပေါ် အခွန်ကောက်ယူမှု လျှော့ချဖို့ အခွင့်အာဏာမျိုး သူ့ကို ပေးအပ်ဖို့လည်း မားကို့စ်က လွှတ်တော်ကို တိုက်တွန်းထားပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာ ကြုံလာမယ့် လောင်စာဆီစျေးနှုန်း မြင့်တက်မှုတွေကို အထိုက်အလျောက် တားဆီးနိုင်ဖို့ ဖြစ်ပါတယ်။

    အစိုးရဟာ လက်ရှိ အကျပ်အတည်းအတွင်း နစ်နာမှုတွေ ကြုံတွေ့နေတဲ့ ကဏ္ဍတွေအတွက် ထောက်ပံ့ကြေးနဲ့ တခြားအကူအညီတွေ ပေးအပ်ဖို့လည်း စီစဉ်နေကြောင်း မားကို့စ်က ပြောပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

  • ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှား ရှိပါသေးသလား

    ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှား ရှိပါသေးသလား

    သံသယဖြစ်ဖွယ် အချက်အလက်များနှင့် Speak Out လုပ်ကြရန် တိုက်တွန်းချက်

    လက်ရှိအချိန်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်အပေါ် စိုးရိမ်ပူပန်မှုများ အထူးမြင့်တက်နေပါသည်။ အထူးသဖြင့် စစ်ကောင်စီအတွင်းပိုင်းမှ ထွက်ပေါ်လာသော ကောလဟာလသတင်းများအရ သူမ ကွယ်လွန်သွားပြီလားဆိုသည့် မေးခွန်းမှာ ပိုမိုကျယ်လောင်လာသည်။ ကျွန်ုပ်တို့အနေဖြင့် အောက်ပါခိုင်လုံသော အချက်အလက်များကို အခြေခံ၍ စစ်ကောင်စီထံမှ အဖြေတောင်းရန် လိုအပ်နေပြီ ဖြစ်ပါသည်။

    ၁။ နိုင်ငံတကာ ဖိအားများကို အရေးမစိုက်နိုင်တော့ခြင်း

    နိုင်ငံတကာမှ အထူးကိုယ်စားလှယ်များ၊ သံတမန်များနှင့် အနီးကပ်ဆုံးမိသားစုဝင်ဖြစ်သူ သားငယ် ကိုထိန်လင်း (Kim Aris) ကိုယ်တိုင် တွေ့ဆုံခွင့်တောင်းဆိုနေသည့်တိုင် စစ်ကောင်စီဘက်မှ ယနေ့တိုင် အတွေ့မခံနိုင်ခြင်းမှာ အလွန်ထူးခြားနေပါသည်။ ပုံမှန်အားဖြင့် စစ်ကောင်စီသည် ၎င်းတို့အကျပ်ရိုက်ချိန်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချ၍ နိုင်ငံရေးထွက်ပေါက် ရှာလေ့ရှိသော်လည်း ယခုအခါတွင်မူ မည်သည့်နည်းနှင့်မျှ ထုတ်မပြနိုင်တော့သည်ကို တွေ့ရပါသည်။

    ၂။ ခေတ်မီနည်းပညာဖြင့်ပင် သက်သေမပြနိုင်ခြင်း

    အကယ်၍ လူကိုယ်တိုင်တွေ့ရန် ကျန်းမာရေးအရ သော်လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း အဆင်မပြေပါက Video Call ဖြင့် ဖြစ်စေ၊ ဗီဒီယိုမှတ်တမ်းဖြင့် ဖြစ်စေ အသက်ထင်ရှားရှိကြောင်း သက်သေပြနိုင်ပါသည်။ သို့သော် ဝါဒဖြန့်ချိရေးတွင် ကျွမ်းကျင်သော စစ်ကောင်စီသည် မြဝတီသတင်းဌာနမှတစ်ဆင့် လက်ဆောင်ပေးခြင်း၊ တွေ့ဆုံခြင်း အစရှိသည့် ဟန်ပြဓာတ်ပုံများကိုပင် ထုတ်မပြနိုင်တော့သည်မှာ ကာလအတန်ကြာမြင့်နေပြီ ဖြစ်သည်။

    ၃။ သတင်းအမှောင်ချ၍ အချိန်ဆွဲနေမှု

    အကယ်၍ မလိုလားအပ်သော အခြေအနေတစ်ခုခု ဖြစ်ပွားခဲ့ပါကလည်း စစ်ကောင်စီအနေဖြင့် သတင်းထုတ်ပြန်ရန် ဝန်လေးနေမည်မှာ အမှန်ပင် ဖြစ်သည်။ ရုပ်အလောင်း ဖျောက်ဖျက်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများကြောင့် တိုင်ပတ်နေနိုင်ပြီး သတင်းကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားကာ “ရှိသည်” ဟုသာ ဝါဒဖြန့်နေမည်မှာ သူတို့၏ ထုံးစံပင် ဖြစ်သည်။

    နိဂုံးနှင့် တိုက်တွန်းချက်

    “ပြစရာရှိလျှင် ပြစရာမရှိသော်လည်း၊ ဖုံးစရာရှိလျှင် အလုံပိတ်ထားတတ်သည်” ဆိုသည့်အတိုင်း ယခုကိစ္စမှာ သာမန်ကောလဟာလထက် ပိုမိုလေးနက်နေပါသည်။ ထို့ကြောင့် –

    နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို လက်တွေ့ကျကျ သက်သေပြရန် စစ်ကောင်စီအား ဖိအားပေးကြရန်။

    ပြည်တွင်း၊ ပြည်ပရှိ မိဘပြည်သူများအနေဖြင့်လည်း ဤအကြောင်းအရာကို ကမ္ဘာက သိအောင် “Speak Out” လုပ်ကာ အသံထွက်ကြရန် အထူးတိုက်တွန်းအပ်ပါသည်။