Mm News.xyz 2026 03 07 141259

ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှား ရှိပါသေးသလား

သံသယဖြစ်ဖွယ် အချက်အလက်များနှင့် Speak Out လုပ်ကြရန် တိုက်တွန်းချက်

လက်ရှိအချိန်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်အပေါ် စိုးရိမ်ပူပန်မှုများ အထူးမြင့်တက်နေပါသည်။ အထူးသဖြင့် စစ်ကောင်စီအတွင်းပိုင်းမှ ထွက်ပေါ်လာသော ကောလဟာလသတင်းများအရ သူမ ကွယ်လွန်သွားပြီလားဆိုသည့် မေးခွန်းမှာ ပိုမိုကျယ်လောင်လာသည်။ ကျွန်ုပ်တို့အနေဖြင့် အောက်ပါခိုင်လုံသော အချက်အလက်များကို အခြေခံ၍ စစ်ကောင်စီထံမှ အဖြေတောင်းရန် လိုအပ်နေပြီ ဖြစ်ပါသည်။

၁။ နိုင်ငံတကာ ဖိအားများကို အရေးမစိုက်နိုင်တော့ခြင်း

နိုင်ငံတကာမှ အထူးကိုယ်စားလှယ်များ၊ သံတမန်များနှင့် အနီးကပ်ဆုံးမိသားစုဝင်ဖြစ်သူ သားငယ် ကိုထိန်လင်း (Kim Aris) ကိုယ်တိုင် တွေ့ဆုံခွင့်တောင်းဆိုနေသည့်တိုင် စစ်ကောင်စီဘက်မှ ယနေ့တိုင် အတွေ့မခံနိုင်ခြင်းမှာ အလွန်ထူးခြားနေပါသည်။ ပုံမှန်အားဖြင့် စစ်ကောင်စီသည် ၎င်းတို့အကျပ်ရိုက်ချိန်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချ၍ နိုင်ငံရေးထွက်ပေါက် ရှာလေ့ရှိသော်လည်း ယခုအခါတွင်မူ မည်သည့်နည်းနှင့်မျှ ထုတ်မပြနိုင်တော့သည်ကို တွေ့ရပါသည်။

၂။ ခေတ်မီနည်းပညာဖြင့်ပင် သက်သေမပြနိုင်ခြင်း

အကယ်၍ လူကိုယ်တိုင်တွေ့ရန် ကျန်းမာရေးအရ သော်လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း အဆင်မပြေပါက Video Call ဖြင့် ဖြစ်စေ၊ ဗီဒီယိုမှတ်တမ်းဖြင့် ဖြစ်စေ အသက်ထင်ရှားရှိကြောင်း သက်သေပြနိုင်ပါသည်။ သို့သော် ဝါဒဖြန့်ချိရေးတွင် ကျွမ်းကျင်သော စစ်ကောင်စီသည် မြဝတီသတင်းဌာနမှတစ်ဆင့် လက်ဆောင်ပေးခြင်း၊ တွေ့ဆုံခြင်း အစရှိသည့် ဟန်ပြဓာတ်ပုံများကိုပင် ထုတ်မပြနိုင်တော့သည်မှာ ကာလအတန်ကြာမြင့်နေပြီ ဖြစ်သည်။

၃။ သတင်းအမှောင်ချ၍ အချိန်ဆွဲနေမှု

အကယ်၍ မလိုလားအပ်သော အခြေအနေတစ်ခုခု ဖြစ်ပွားခဲ့ပါကလည်း စစ်ကောင်စီအနေဖြင့် သတင်းထုတ်ပြန်ရန် ဝန်လေးနေမည်မှာ အမှန်ပင် ဖြစ်သည်။ ရုပ်အလောင်း ဖျောက်ဖျက်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများကြောင့် တိုင်ပတ်နေနိုင်ပြီး သတင်းကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားကာ “ရှိသည်” ဟုသာ ဝါဒဖြန့်နေမည်မှာ သူတို့၏ ထုံးစံပင် ဖြစ်သည်။

နိဂုံးနှင့် တိုက်တွန်းချက်

“ပြစရာရှိလျှင် ပြစရာမရှိသော်လည်း၊ ဖုံးစရာရှိလျှင် အလုံပိတ်ထားတတ်သည်” ဆိုသည့်အတိုင်း ယခုကိစ္စမှာ သာမန်ကောလဟာလထက် ပိုမိုလေးနက်နေပါသည်။ ထို့ကြောင့် –

နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို လက်တွေ့ကျကျ သက်သေပြရန် စစ်ကောင်စီအား ဖိအားပေးကြရန်။

ပြည်တွင်း၊ ပြည်ပရှိ မိဘပြည်သူများအနေဖြင့်လည်း ဤအကြောင်းအရာကို ကမ္ဘာက သိအောင် “Speak Out” လုပ်ကာ အသံထွက်ကြရန် အထူးတိုက်တွန်းအပ်ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *