Author: Baby Yit Lone
-

နတ်ရေကန်ကို စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို AA ပိတ်ဆို့တိုက်ခိုက်
ရခိုင်-မကွေး ရိုးတောင်ကျော်လမ်းရှိ နတ်ရေကန်တောင် လေကြောင်းရန်ကာကွယ်ရေးစခန်းကို စစ်ကူလာတဲ့ စစ်ကောာင်စီ စစ်ကြောင်း ၂ ကြောင်းကို အာရက္ခတပ်တော် (AA) က ထပ်မံပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ AA သိမ်းထားတဲ့ ဂုတ်ကြီးကျေးရွာစခန်းနဲ့ ပဇီကျေးရွာ စခန်းတွေကို အင်အားအလုံးအရင်းနဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ နောက်ဆုံးအပတ်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းကို AA က ပိတ်ဆို့ထားပြီး စနိုက်ဘာနဲ့ တိုက်ခိုက်နေတယ်လို့ လည်းသိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တယောက်က “စကမ ဘက်က ဂုတ်ကြီးစခန်းနဲ့ ပဇီစခန်းကို ဒီဇင်ဘာလအတွင်းက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး တက်လာတယ်၊ တိုက်ပွဲဖြစ်တယ်၊ AA ဘက်က နောက်ဆုတ်ပေးလိုက်ရတယ်။ အခု အဲဒီစစ်ကြောင်းတွေ အပိတ်ခံနေရပြီ”လို့ ပြောပါတယ်။ စစ်ကြောင်း…
-

Eye for an Eye
Eye for an Eye (2025) Horror ကိုမှ ယုံတမ်းဒဏ္ဍာရီ Lore တွေနဲ့ ဆက်စပ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေက နည်းပေမယ့် အပိုလိုမရှိ ကွက်တိဖြစ်အောင် သရုပ်ဆောင်နိုင်ကြတဲ့အပြင် အလင်းအမှောင်နဲ့ ခြောက်ခြားဖွယ် ရိုက်ကွင်းတွေကလည်း တကယ်ကို အသက်ဝင်တယ်လို့ ပြောရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အန်နာလို့ခေါ်တဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ဟာ မိဘတွေ ကားမတော်တဆမှုနဲ့ ဆုံးပါးသွားပြီးနောက် မြို့ငယ်လေး တစ်ခုမှာ အဖွားဖြစ်သူနဲ့ အတူနေဖို့ ရောက်လာခဲ့ပါတယ်။ အဖွားဖြစ်သူဟာ ဆယ်ကျော်သက်ဘဝမှာ မတော်တဆမှု တစ်ခု ဖြစ်ပြီးကတည်းက မျက်မမြင် ဖြစ်ခဲ့တာပါ။ ဒီမြို့ငယ်လေးမှာ ယုံတမ်းဒဏ္ဍာရီတစ်ခု ရှိပါတယ် အဲဒါက တောအုပ်ထဲက သစ်ပင်ကြီးတစ်ပင်မှာ ကိုယ့်ကို အနိုင်ကျင့်စော်ကားတဲ့သူတွေရဲ့…
-

Killing Mary Sue
Killing Mary Sue (2025) ဒီဇာတ်ကားကတော့ Dark Comedy နဲ့ Thriller အမျိုးအစားကိုမှ ပေါ့ပေါ့ပါးပါး ကြည့်ရှုချင်သူတွေအတွက် မေလတုန်းက ထွက်ရှိထားတဲ့ ဇာတ်ကားသစ်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အကျင့်ပျက် ခြစားတတ်တဲ့ Senator တစ်ယောက်မှာ သူ့ရဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ ဂုဏ်သိက္ခာအတွက် အကြီးမားဆုံး အဟန့်အတားဖြစ်နေတဲ့ လူတစ်ယောက်ရှိနေပါတယ်။ အဲဒါကတော့ သူ့ရဲ့မယားပါသမီးဖြစ်သူ Mary Sue ပါပဲ။ Mary Sue ဟာ စိတ်ကစဉ့်ကလျားနိုင်ပြီး ထင်ရာစိုင်းတတ်တဲ့သူမို့ Senator အတွက်တော့ ရှင်းထုတ်ပစ်ရမယ့် ၀န်ထုပ်၀န်ပိုးတစ်ခုဖြစ်နေပါတယ်။ ဒီတော့ Senator ဟာ Mary Sue ကို လုပ်ကြံသတ်ဖြတ်ဖို့ လူမိုက်တွေ ငှားပြီး စီစဉ်ပါတော့တယ်။ ဒါပေမဲ့ သူထင်သလို ဖြစ်မလာဘဲ Mary…
-

Cursed Village
Cursed Village (2025) အယူသီးတဲ့အခါ အမှောင်ဖုံးတတ်ကြတဲ့ လူ့သဘာဝကို horror vibe နဲ့ရိုက်ကူးထားတဲ့ folklore သရဲကားလေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ ဟေးတင်ကျီရွာဆိုတဲ့ ဝေးလံခေါင်ဖျားရွာငယ်လေးတစ်ခုမှာ ထူးဆန်းတဲ့ယုံကြည်မှုတစ်ခုရှိပါတယ်။ ဒီရွာလေးက တောင်ထိပ်မှာရှိတာဖြစ်ပြီးတော့ ဒီရွာကို တောင်နတ်မင်းက စောင့်ရှောက်တယ်လို့ယုံကြည်ကြပြီး တောင်နတ်မင်း အလိုမကျတာ တစ်ခုခုလုပ်မိရင် နတ်ကိုင်ခံရမယ် ရွာမှာကပ်စိုက်မယ်လို့ ယုံကြတာပဲ။ ပြီးတော့ ဒီရွာလေးရဲ့ အထူးစီးပွားရေးတစ်ခုဖြစ်တဲ့ တောဂျင်ဆင်းမြစ်တွေ တူးမိချင်တယ်ဆိုရင် တောင်နတ်မင်းရဲ့ကောင်းချီးကိုလိုတယ်လို့ ယူဆတာပါ။ တစ်နေ့ ဟေးတင်ကျီရွာသားတစ်ယောက်ဖြစ်တဲ့ ရှဲ့လောင်အော့ဆိုတဲ့လူက တောထဲဂျင်ဆင်းသွားတူးပြီး နောက်ရက်မှာပဲ ထူးထူးဆန်းဆန်း သေဆုံးသွားပါတော့တယ်။ အားလုံးက ဒါတောင်နတ်မင်းအမျက်တော်ရှတာဆိုပြီး အမှုမဲ့အမှတ်မဲ့နေကြပေမယ့် ဒါကိုမယုံကြည်တဲ့ သတင်းထောက်မလေးလင်ချိုးတစ်ယောက် သူ့ကိုကြိတ်သဘောကျနေတဲ့ ရဲစုံထောက် ဝမ်ကျင်းကိုခေါ်ပြီး ဒီရွာလေးမှာ သတင်းရဖို့ သွားစုံစမ်းပါတော့တယ်။ ဝမ်ကျင်းကတော့ သရဲခြောက်တယ် ကျိန်စာသင့်နေတယ်လို့နာမည်ကြီးတဲ့ ဒီရွာလေးကို…
-

The Real Monkey King: Bufashan
The Real Monkey King: Bufashan (2025) ဒီဇာတ်ကားကတော့ နတ်၊မိစ္ဆာ ဘယ်သူမဆိုရောက်လာတာနဲ့ စွမ်းအားတွေပျောက်ပျယ်သွားပြီ လူ့အသွင်ပြောင်းသွားတဲ့ စွမ်းအားမဲ့တောင်ပေါ်က တည်းခိုဆောင်တစ်ခုမှာ အဓိကဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၅၀၀ က ကောင်းကင်နန်းတော်ကိုအာခံခဲ့တဲ့အတွက် ဘုရားရှင်ရဲ့တန်ခိုးနဲ့ ချုပ်နှောင်ခံရတဲ့မျောက်ဘုရင်တစ်ပါးရှိခဲ့တယ်။ သူဟာစွမ်းအားမဲ့တောင်ပေါ်မှာချုပ်နှောင်ခံရပြီး လွတ်မြောက်မယ့်အချိန်ကိုစောင့်နေပါတယ်။ အဲဒီအချိန်မှာပဲ အနောက်အရပ်ကိုပိဋိကတ်တော်သွားပင့်တဲ့ ထန်စန်းကိုယ်တော်ရဲ့ အစောင့်အရှောက်ဖြစ်ပြီးတော့ သူ့ကိုယ်သူစွန်းဝူခုန်းပါလို့ခံယူနေသူတစ်ယောက်ရှိတယ်။ စွမ်းအားမဲ့တောင်က အနောက်အရပ်ကိုသွားတဲ့နေရာမှာ ဖြတ်ကိုဖြတ်သွားရမယ့်နေရာဖြစ်တဲ့အတွက် ဒီမျောက်ဘုရင်စွန်းဝူခုန်း(၂)ယောက်က မလွဲမသွေထိပ်တိုက်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ စွန်းဝူခုန်းအတုအစစ်ကြားတိုက်ပွဲအပြင် မသေမျိုးဖြစ်ဖို့အတွက် ထန်စန်းအသားကိုစားရဖို့ စွမ်းအားမဲ့တောင်မှာမိစ္ဆာတွေစုဝေးလာကြတဲ့အခါ… အမှန်တရားနဲ့အတုအယောင် ကောင်းခြင်းနဲ့ဆိုးခြင်းကြားက တိုက်ပွဲတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။