Author: Baby Yit Lone
-

The Guardians (or) Schutzengel
The Guardians (2012) The Transporter, The Equalizer တို့လို အက်ရှင်ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် ဂျာမန် Action-Thriller ကောင်းတစ်ကားဖြစ်ပြီး မင်းသားကြီး Til Schweiger ကိုယ်တိုင် ဒါရိုက်တာနဲ့ အဓိကဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ …. အာဖဂန်နစ္စတန်မှာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ မက်စ်ဟာ အခုတော့ သာမန်အရပ်သားဘဝနဲ့ နေထိုင်နေသူတစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ဘဝဟာ မိဘမဲ့ဂေဟာက မိန်းကလေးတစ်ယောက်ဖြစ်တဲ့ နီနာနဲ့ တွေ့ဆုံချိန်မှာတော့ တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။ နီနာဟာ ဩဇာကြီးမားတဲ့ လက်နက်ကုန်သည်ကြီးတစ်ဦးရဲ့ လူသတ်မှုကို မထင်မှတ်ဘဲ မျက်မြင်တွေ့ရှိခဲ့တဲ့ တစ်ဦးတည်းသော သက်သေဖြစ်နေတယ်ဆိုတာကို ရဲတွေသိသွားတဲ့အခါ နီနာ့ကို သက်သေကာကွယ်စောင့်ရှောက်ရေး အစီအစဉ်ထဲကို ထည့်သွင်းလိုက်ပါတယ်။ ဒါပေမယ့် အဲဒီကုန်သည်ကြီးဟာ အစိုးရပိုင်းမှာပါ သူ့ရဲ့လူတွေကို မွေးမြူထားတဲ့အတွက် သက်သေဖြစ်တဲ့…
-
Elumale
Elumale (2025) “အချစ်ရဲ့စိန်ခေါ်မှု” အခုတစ်ခေါက်မှာတော့ အိန္ဒိယကာနာဒါရ်ဇာတ်ကားတစ်ကားဖြစ်ပြီး အချစ်နဲ့ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကိုပေါင်းစပ်ရိုက်ကူးထားတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ ဟာရစ်နဲ့ရေဗာသီတို့ရဲ့အချစ်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားပါတယ်။ ဟာရစ်က ရေဗာသီနဲ့အတူ အနာဂတ်တစ်ခုကိုထူထောင်ဖို့ကြိုးစားနေပေမဲ့ ဟာရစ်က ကားဆရာ တစ်ယောက်ဖြစ်တာကြောင့် ရေဗာသီတို့မိသားစုက သဘောမတူဘဲ ရေဗာသီကိုအိမ်ထောင်အတင်းချပေးဖို့စီစဉ်ကြပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးရဲ့အချစ်ရေးမှာ မိသားစုရဲ့ထိန်းချုပ်မှုတွေ၊ အန္တရာယ်တွေ၊ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရပါတော့တယ်။ နောက်ဆုံးမှာ သူတို့နှစ်ဦးပေါင်းဖက်နိုင်ပါ့မလား။ ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ ဒီဇာတ်လမ်းမှာ ကြည့်ရှုပေးပါဦး။
-
Baaghi 4
Baaghi 4 (2025) “စိတ်ကူးယဉ်ချစ်သူ” မင်းသားချော တိုက်ဂါးရှရော့ဖ်ရဲ့ ဘာဂီရုပ်ရှင်စီးရီးတွေထဲမှာ ဘတ်ဂျက် ရူပီးသန်းရှစ်ရာ သုံးပြီးရိုက်ကူးခဲ့တဲ့လေးကားမြောက်ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီးဆန်ဂျေးဒတ်၊ ပန်ချာပီမင်းသမီး ဆိုနမ်ဘာဂျ်ဝါတိုနဲ့အတူ ၂၀၂၁ခုနစ် မယ်စကြဝဠာလေး ဟာနက်ဇ်ဆန်ဒူးရဲ့ဟင်ဒီပွဲဦးထွက်ရုပ်ရှင်ပေါ့။ ပထမကားမှာ ချစ်သူကိုကယ်တယ်၊ ဒုတိယကားမှာ ချစ်သူဟောင်းရဲ့ကလေးကို ကယ်တယ်၊ တတိယကားမှာ အစ်ကိုဖြစ်သူကိုကယ်ခဲ့တဲ့ တိုက်ဂါးရှရော့ဖ် ဒီရုပ်ရှင်မှာ ဘယ်သူ့ကို ကယ်တင်ရဦးမှာလဲ…။ ဒဏ်ရာအပြင်းအထန်ရခဲ့တာကြောင့် ဦးနှောက်ထိခိုက်သွားတဲ့ ရော်နီတစ်ယောက် အချိန်တစ်ခုထိကိုမာဝင်နေခဲ့ပါတယ်။ သတိပြန်ရလာတဲ့အချိန်မှာတော့ အာလီရှာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ နာမည်ကို တသသရွတ်ရင်းထင်ယောင်ထင်မှားလောကကြီးထဲမှာ ရှင်သန်နေခဲ့တာပေါ့။ စိတ်ကျန်းမာရေးဆရာဝန်နဲ့ အစ်ကိုဖြစ်သူက ဒီအာလီရှာဆိုတဲ့ မိန်းကလေးက တကယ်မရှိပါဘူးလို ရှင်းပြပေမယ့် တကယ့်လောကမှာ အာလီရှာမရှိရင် ထင်ယောင်မှားမှုထဲမှာပဲ ရှင်သန်လိုက်မယ်ဆိုပြီး ခေါင်းမာနေခဲ့ပါတယ်။ တစ်ရက်တော့ အိမ်မှာ သောင်းကြမ်းနေလို ရဲတပ်ဖွဲက လာဖမ်းသွားပြီးနောက်မှာတော့ ရော်နီ့စိတ်တွေငြိမ်သွားခဲ့ပါသေးတယ်။…
-

တောင်ကြီးတွင် ဒဏ်ရာများနှင့် အလောင်းတစ်လောင်း စွန့်ပစ်
ဒဏ်ရာအများအပြားနှင့် အမျိုးသားအလောင်းတစ်လောင်းကို ကားတစ်စီးဖြင့် တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်းရှ်ိ မေမြို့လက်ဖက်ရည်ဆိုင် အနီးတွင် ယမန်နေ့ညက လာရောက်စွန့်ပစ်ခဲ့ကြောင်း ရပ်ကွက်နေသူများထံက သိရသည်။ ယမန်နေ့ အောက်တိုဘာ ၁၆ ရက် ည ၁၁ နာရီခွဲဝန်းကျင်က ယင်းအလောင်းအား ရပ်ကွက်နေသူများက စတင်တွေ့ရှိခဲ့ပြီး အလောင်းမှာ အဝတ်မပါ၊ ရင်ဘတ်တွင် ကျားရုပ်ပုံတက်တူးရှိပြီး တကိုယ်လုံးတွင် ထိုးသွင်းဒဏ်ရာများ၊ မီးလောင်ဒဏ်ရာနှင့် ကြိုးချည်ဒဏ်ရာများနှင့် နားရွက်တစ်ဖက်အား တဝက်ခန့်လှီးဖြတ်ထားသည့် ဒဏ်ရာနှင့် အမျိုးသားလိင်အင်္ဂါ ကပ္ပာယ်အိတ်ဖြတ်ထားသည့် ဒဏ်ရာများရှိကြောင်း အလောင်းအား မြင်တွေ့ခဲ့ကြသည့် ကယ်ဆယ်ရေးများထံမှ သိရသည်။ “ပိန်ပိန်ပါးပါး အသက်က ၃၀-၄၀ ကြား၊ မီးလောင်ဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာတွေကောပါတယ်။ အဝတ်မပါဘူး။ နှိပ်စက်ခံထားရတဲ့ ပုံစံတွေကောတွေ့တယ်။ ဒဏ်ရာတွေတော့ အများကြီးပြောတယ်။ မီးလောင်ဒဏ်ရာ၊ ကြိုးချည်ဒဏ်ရာတွေကောပါတယ် လို့သိရတယ် ၊…
-

ပြည်တွင်းမှ နာမည်ကြီးစလော့ဂိမ်းဒိုင်အချို့ အဖမ်းခံရ၊ အေးဂျင့်အများစု အကောင့်ဖျက်ပြေး
စလော့ဂိမ်းများကြောင့် လူမှုဘဝထိခိုက်ရသည့် ကိစ္စများအပေါ် ဝေဖန်မှုများ များပြားလာပြီးနောက် ပြည်တွင်းရှိ နာမည်ကြီး စလော့ဂိမ်းဒိုင်ကြီးအချို့ အဖမ်းခံရပြီး လက်လီရောင်းသည့် အေးဂျင့်အများစု လူမှုကွန်ယက်အကောင့်များ ဖျက်ခြင်း၊ Deactivate လုပ်ခြင်းများ ပြုလုပ်ထားကြကြောင်း အွန်လိုင်းလောင်းကစားအေးဂျင့် အသိုင်းအဝိုင်းမှ သိရသည်။ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ The Secret Villa Private Resort တွင် တည်းခိုနေသည့် စလော့ဂိမ်းဒိုင်တစ်ဦးမှ လူမှုကွန်ယက်တွင် တည်းခိုရာနေရာတင်ပြီး တိုက်ရိုက် (Live) လွှင့်ရာမှတစ်ဆင့် ၎င်းတည်းခိုသည့် Resort ကို အောက်တိုဘာလ ၁၅ ရက် ညပိုင်းက ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။ “သူတို့က နေရာအတိအကျနဲ့ Live လွှင့်တာမှာ အဖမ်းခံလိုက်ရတာ။ သူနဲ့ဆက်စပ်ပြီး ကျန်တဲ့သူတွေ အဖမ်းခံရတာပေါ့။ သူတို့အုပ်စုကလူတွေ။ အခုတော့…