Author: Baby Yit Lone

  • The Internship

    The Internship

    The Internship (2026)

    ရနေးဟာ CIA ရဲ့ “The Internship” လို့ခေါ်တဲ့ ထိပ်တန်းလျှို့ဝှက်စီမံကိန်းတစ်ခုမှာ ငယ်စဉ်ကတည်းက ရက်စက်တဲ့ လူသတ်သမားတစ်ယောက်ဖြစ်အောင် အတင်းအကြပ် လေ့ကျင့်သင်ကြားခြင်း ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ပါ။

    လက်ရှိအချိန်မှာကတော့ အမျိုးမျိုးသော လွဲချော်မှုတွေကြောင့် The Internship program ကဖျက်သိမ်းခံလိုက်ရပါပြီ။

    ရနေးဟာ သူ့ရဲ့ ငယ်ဘဝကို ဖျက်ဆီးခဲ့တဲ့ ဒီအဖွဲ့အစည်းကြီးကို ပြန်လည်ခြေမှုန်းဖို့ ဆုံးဖြတ်ခဲ့ပါ။

    သူဟာ သူ့လိုပဲ The Internship program မှာလေ့ကျင့်ခံခဲ့ရတဲ့ အခြား “အလုပ်သင်” တွေကို စုစည်းပြီး CIAကိုလက်စား‌‌ချေဖို့ကြိုးစားကြပါ‌တော့တယ်။

    ဒါပေမဲ့ CIA ဘက်ကလည်း Internship program ကိုပြန်လည်စတင်ဖို့ ရနေးတို့ “အလုပ်သင်”တွေကို ပြန်လည်ဖမ်းဆီးခေါ်ယူဖို့ ကြံစည်နေပါတယ်။

    ဒါ့အပြင် ရုရှားဘက်ကလည်း ဒီ ပရိုဂရမ်အကြောင်းသိရှိသွားပြီး အလုပ်သင်တွေကို သတ်ဖို့ ကြိုးစားကြတဲ့အခါဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားပါ။

    ရနေးတို့ရဲ့ လက်စားချေမဲ့ အစီအစဉ်ကြီးအောင်မြင်သွားမှာလား….

    ဘယ်လို အံ့အားသင့်စရာ အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

  • The Box

    The Box

    The Box (2007)

    ခုတင်ပြပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၀၇မှာထွက်ရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။

    ဒီဇာတ်ကားထဲမှာတော့ မင်းသမီးဖြစ်သူ”ကျဲန်”ကငယ်ငယ်လေးကတည်းကအမေထားခဲ့တာကိုခံခဲ့ရပြီး အဖွားဖြစ်သူကပဲ”ကျဲန်”ကိုပြုစုစောင့်ရှောက်ခဲ့ရပါတယ်။

    မင်းသမီး ကြီးပြင်းလာတော့ အဖွားက”ကျဲန်”ရဲ့အမေပေးခဲ့တဲ့သေတ္တာကိုပေးလိုက်ပါတော့တယ်။

    တစ်နေ့မှာ”ကျဲန်”ကပစ္စည်းရွေ့ပေးတဲ့ကုမ္ပဏီကို သေတ္တာရွှေ့ဖို့ခေါ်လိုက်ပြီး ရွှေ့သွားရွှေ့လာနဲ့ သေတ္တာသယ်ရတာကို စိတ်မရှည်တော့တာနဲ့ ရောင်းလိုက်ပါတော့တယ်။

    ရောင်းပြီးပြီချင်းညမှာပဲ အမျိုးသမီးတစ်ယောက်ကိုအိပ်မက်မက်ခဲ့ပြီး သူ့အဖွားပေးထားတဲ့စာကိုဖွင့်ဖတ်ကြည့်ရာ သူရောင်းလိုက်တဲ့သေတ္တာကသူ့အမေပေးထားကြောင်း သေချာသိမ်းထားဖို့ရေးထားခဲ့တာပါ။

    မနက်ရောက်တော့သူသေတ္တာရောင်းလိုက်တဲ့ ပစ္စည်းအဟောင်းဆိုင်ကိုသွားခဲ့တယ် အဲဆိုင်ကိုရောက်တဲ့ချိန်မှာပဲ သူ့သေတ္တာကိုဝယ်သွားတဲ့ကားကထွက်သွားတော့တာပဲ။

    အဲဒီနောက် သူကကားငှားပြီး သူ့သေတ္တာကိုဝယ်သွားတဲ့လူနောက်လိုက်သွားခဲ့ပြီး ဘယ်လိုတော့ ဆက်ဖြစ်မှာလဲဆိုတာကတော့……..

  • Fluxx

    Fluxx

    Fluxx (2025)

    ၂၀၂၅ မှာ ထွက်ထားတဲ့ “Fluxx” က ရိုးရိုးရှင်းရှင်း Thriller မျိုးမဟုတ်ဘဲ ခေါင်းနည်းနည်းစားရမယ့် Psychological Thriller (စိတ်ပညာအသားပေး သည်းထိတ်ရင်ဖို) ဇာတ်ကားမျိုးပါ။

    ဇာတ်လမ်းက Vada ဆိုတဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်အကြောင်းပါ။

    တစ်မနက်မှာ သူက ရေချိုးကန်ထဲမှာ အဝတ်အစားတွေနဲ့ နိုးလာတယ်။

    ဘာဖြစ်လို့ ဒီရောက်နေလဲဆိုတာ သူ လုံးဝမှတ်မိမနေဘူး။

    အိမ်ထဲကြည့်လိုက်တော့လည်း အိမ်က မွှေနှောက်ခံထားရသလိုပဲ။ အဆိုးဆုံးကတော့ သူ့ယောကျ်ား ပျောက်နေတာပဲ။

    သူအပြင်ထွက်ဖို့ ကြိုးစားလိုက်တိုင်း အစကပြန်ရောက်သွားပြီး ရေချိုးကန်ထဲမှာပဲ ပြန်နိုးလာတယ်။

    ဆိုလိုတာက သူဟာ အချိန်စက်ဝန်းထဲမှာ ပိတ်မိနေတာပေါ့။

    သူ့အိမ်ထဲမှာပဲ တစ်ယောက်ယောက်က ချောင်းနေသလိုလို၊ လူဆိုးတွေ ဝင်လာသလိုလိုနဲ့ စိတ်ခြောက်ခြားစရာတွေ ကြုံရတယ်။

    ဒါ့အပြင် သူ့ရဲ့ အရင်က ရည်းစားဟောင်းတွေ၊ သူ့ရဲ့ အောင်မြင်ခဲ့တဲ့ အနုပညာလောကအကြောင်းတွေကိုလည်း အတိတ်ပြန်မြင်ကွင်းတွေနဲ့ တစ်လှည့်စီ ပြသွားတယ်။

    ဇာတ်လမ်းက ပရိသတ်ကို ဇဝေဇဝါဖြစ်အောင် လုပ်ထားတာက Vada က တကယ်ပဲ တစ်ယောက်ယောက်ရဲ့ လုပ်ကြံမှုကို ခံနေရတာလား။

    ဒါမှမဟုတ် စိတ်ရောဂါကြောင့် သူကိုယ်တိုင်ပဲ ဒီလိုတွေ စိတ်ကူးယဉ်နေတာလားဆိုတဲ့ အချက်ပါပဲ။

    မင်းသမီး Shelley Hennig က တကယ်ကို တော်ပါတယ်။ စိတ်လေနေတဲ့ပုံ၊ ကြောက်လန့်နေတဲ့ပုံတွေကို အပီအပြင် သရုပ်ဆောင်ထားလို့ သူ့ကြောင့်ပဲ ဇာတ်လမ်းက ပိုပီပြင်သွားတာပါ။

    ဒီကားက ခေါင်းအေးအေးထားပြီး ကြည့်ရမယ့်ကားမျိုးပါ။

    ဇာတ်သိမ်းပိုင်းမှာ ဪ… ဒါကြောင့်ကိုးဆိုတဲ့ ခံစားချက်မျိုး ပေးနိုင်ပါတယ်။

    မင်းသမီး Shelley Hennig ကို Teen Wolf တို့ ဘာတို့မှာ ကြိုက်ခဲ့ရင် ဒီကားမှာ သူ့ရဲ့ ကွဲပြားတဲ့ ပုံစံသစ်ကို တွေ့ရမှာပါ။

    Mystery ကားတွေ ကြိုက်တတ်ရင်တော့ လက်မလွှတ်သင့်ဘူးနော်။

  • Revolution X

    Revolution X

    Revolution X (2022)

    ဒီဇာတ်ကားဟာ ဒါရိုက်တာ Matthew Philip Cannon ရိုက်ကူးထားတဲ့ စိတ်ကူးယဉ် အချိန်ခရီးသွား ဒရာမာဇာတ်ကားဖြစ်ပါတယ်။

    ဇာတ်လမ်းကတော့ လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ကယ်တင်ဖို့ ကြိုးစားတဲ့ အချိန်ခရီးသွား တိုက်ပွဲတစ်ခုအကြောင်းပါ အဖျက်အဆီးခံရသော ကံကြမ္မာ: ၂၁ ရာစုရဲ့ ထူးချွန်တဲ့ အနုပညာရှင် Tee Hudson ဟာ ကမ္ဘာကြီးကို ကောင်းမွန်အောင် ပြောင်းလဲပေးမယ့် “Daydream” အဖွဲ့အစည်းကို တည်ထောင်ဖို့ ကံပါလာသူပါ။

    ဒါပေမဲ့ အနာဂတ်မှာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတဲ့ Planet X ကော်ပိုရေးရှင်းကြီးက သူတို့အာဏာတည်မြဲဖို့အတွက် Tee ရဲ့ ဘဝကို ဖျက်ဆီးဖို့ အတိတ်ကို လူလွှတ်ခဲ့ပါတယ်။

    Planet X ဟာ Tee ငယ်စဉ်မှာ သူ့အမေကို သတ်ခဲ့သလို၊ သူ့ရဲ့ ချစ်သူနေရာမှာလည်း စက်ရုပ် (Cyborg) တစ်ခုနဲ့ အစားထိုးပြီး သူ့ရဲ့ အောင်မြင်မှုကို ဟန့်တားခဲ့ပါတယ်။

    အနာဂတ်က Lottie နဲ့ Grey ဆိုသူ လူငယ်နှစ်ဦးဟာ Planet X ရဲ့ အစီအမံတွေကို သိရှိသွားပြီး Tee Hudson ရဲ့ မူလလမ်းကြောင်းမှန်ကို ပြန်လည်ရရှိအောင် အတိတ်ကို ပြန်သွားပြီး ကူညီဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာတော့…

  • Space/Time

    Space/Time

    Space/Time (2025)

    ဒီဇာတ်လမ်းက အနာဂတ်ကာလ၊ ကမ္ဘာကြီး ပျက်စီးလုနီးပါးဖြစ်နေတဲ့ အချိန်ကို အခြေခံထားတာပါ။

    သိပ္ပံပညာရှင်တစ်စုဟာ ကြယ်တာရာတွေကြား ခရီးသွားနိုင်မယ့် အင်ဂျင်တစ်ခု (Interstellar Engine) ကို တီထွင်နေရင်းနဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီး လူသေဆုံးမှုတွေရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ရဲ့ စီမံကိန်းက ပိတ်သိမ်းခံလိုက်ရပြီး ရန်ပုံငွေလည်း မရတော့ဘူးပေါ့။

    ဒါပေမဲ့ ဒီစက်က လူသားမျိုးနွယ်ကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေတော့ သိပ္ပံပညာရှင်တွေက လက်မလျှော့ကြဘူး။

    သူတို့ရဲ့ “Space-Time” စက်ကို ပြန်လည်တည်ဆောက်ဖို့အတွက် ငွေလိုလာတဲ့အခါမှာတော့ မမျှော်လင့်ဘဲ ဒုစရိုက်လောကထဲကို ခြေစုံပစ်ဝင်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်ပြီး ငွေရှာကြပါတော့တယ်။

    ဝေဖန်ရေးသမားတချို့ကတော့ ဒီကားကို Breaking Bad နဲ့ Back to the Future တို့ ပေါင်းထားသလိုပဲလို့တောင် တင်စားကြပါတယ်။

    သိပ္ပံပညာနဲ့ ရာဇဝတ်မှုကြားက နယ်နိမိတ်ကို ရင်တဖိုဖိုနဲ့ မြင်ရမှာပါ။

    အချိန်ခရီးသွားတာတင် မဟုတ်ဘဲ ငါတို့ ကျူးလွန်ခဲ့တဲ့ အမှားတွေကို အတိတ်ပြန်သွားပြီး ပြင်နိုင်မလားဆိုတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ မေးခွန်းတွေကိုလည်း ဇာတ်လမ်းထဲမှာ ထည့်သွင်းထားပါတယ်။

    ဒါဟာ Australia နိုင်ငံက ထွက်ရှိထားတဲ့ အားကောင်းတဲ့ Independent Sci-Fi ကားတစ်ကားဖြစ်ပြီး Visual Effects တွေကလည်း အတော်လေး ကောင်းမွန်ပါတယ်။

    “Space/Time” က အချိန်ကို ထိန်းချုပ်ဖို့ ကြိုးစားရင်းနဲ့ လူသားတွေရဲ့ လောဘ၊ အမှားနဲ့ ရွေးချယ်မှုတွေအကြောင်းကို မြင်ရမယ့် ကားကောင်းတစ်ကားပါ။

    ရုပ်ရှင်ကို ၂၀၂၅ ခုနှစ်ထဲမှာ အချို့နိုင်ငံတွေမှာ ပြသခဲ့ပြီး၊ ၂၀၂၆ ဇန်နဝါရီလထဲမှာတော့ VOD (Video on Demand) အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထွက်ရှိလာတာ ဖြစ်ပါတယ်။