Author: Baby Yit Lone

  • လူငယ်များကို ပေါ်တာဆွဲ လာရောက် ဖမ်းဆီးစဉ် စစ်သားများနှင့် စကားများ ရန်ဖြစ်ပြီး ရိုက်ပွဲဖြစ်ပွား

    ပြည်မြို့တွင် ပျူစောထီးအဖွဲ့က နယ်ကျော်၍ လူငယ်များကို ပေါ်တာဆွဲ လာရောက် ဖမ်းဆီးစဉ် စစ်သားများနှင့် စကားများ ရန်ဖြစ်ပြီး ရိုက်ပွဲဖြစ်ပွား ပဲခူးတိုင်း၊ ပြည်မြို့တွင် ပျူစောထီးအဖွဲ့က နယ်ကျော်၍ လူငယ်များကို ပေါ်တာဆွဲ လာရောက် ဖမ်းဆီးစဉ် စစ်သားများနှင့် စကားများ ရန်ဖြစ်ပြီး ရိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလ ၁၅ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်မြို့ ဆင်စုရပ်ကွက် ကမ်းနားလမ်းရှိ အမှတ် ၇၅ စစ်သား စုဆောင်းရေးတပ်အနီးတွင် ထိုင်နေသော အရံ မီးသတ် ၂ ဦးနှင့် မြို့နယ်ထွေအုပ်ရုံးမှ ဆွေမျိုးတော်စပ်သူ ၁ ဦးကို ပြည်မြို့ ၉၅၉ တပ်ရင်းမှ စစ်သားနှင့်…

  • Good News

    Good News

    Good News (2025) ဒီတစ်​ခေါက် Netflix က​နေ ထွက်ရှိလာတဲ့ ရုပ်ရှင်က​တော့ 1970 ခုနှစ်က ပြန်​ပေးဆွဲခံခဲ့ရတဲ့ ဂျပန်​ခရီးသည်တင်လေယာဥ်အ​ကြောင်းကို နောက်ခံထားရိုက်ကူးထားတဲ့ ​Crime/Thriller အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။ အဓိကဇာတ်​ကောင်​တွေက​တော့ Sul Kyung-gu, Hong Kyungနဲ့ Ryoo Seung-bum တို့ဖြစ်ပြီး The Merciless, Kill Bok Soon တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Byun Sung-hyunက ရိုက်ကူးပုံ​ဖော်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း 1970 ခုနှစ်မှာ ခရီးသည်တင်​လေယာဥ်တစ်စီးဟာ တိုကျိုမြို့ ဟာနဲဒါလေဆိပ်က​နေ အီတာဇုကီသို့ ထွက်ခွာပြီး မကြာခင်မှာပဲ ​လက်နက်ကိုင် Red Army ဂိုဏ်းထံ ပြန်​ပေးဆွဲခံလိုက်ရပြီး ပြုံယမ်းအထိ ပျံသန်း​ဖို့ ဖိအားပေးခံခဲ့ရတယ်။ ဒါ​ပေမဲ့ ​မြောက်ကိုရီးယားဘက်က ​လေယာဥ်ဆင်းသက်ဖို့…

  • မင်းလှတွင် အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွား

    မင်းလှတွင် အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွား

    မင်းလှတွင် အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး၊ PDF ဒုတပ်ခွဲမှူး ၀ဿန် ကျဆုံး မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှ ဆရာကျောင်းက ပြောဆိုသည်။ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် မလွန်ကပစ ၂ မှ တပ်အပြောင်းအလဲလုပ်ရန် ထွက်လာသော အင်အား ၆၀ ခန့်ပါသော စစ်ကား ၂ စီးကို မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာ၊ သရက်အုပ်လမ်းခွဲ၊ စာသင်ကျောင်းအနီးတွင်…

  • ရန်ကုန်တွင် ငလျင်လှုပ်ခတ်မှုကြောင့် အထပ်မြင့်နေသူများ လမ်းပေါ်ကိုဆင်းပြေးခဲ့ရ

    ရန်ကုန်တွင် ငလျင်လှုပ်ခတ်မှုကြောင့် အထပ်မြင့်နေသူများ လမ်းပေါ်ကိုဆင်းပြေးခဲ့ရ

    ရန်ကုန်တိုင်း၊ အင်းစိန် ၊မရမ်းကုန်း ၊ လှိုင်၊ ကမာရွတ်၊ မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံနဲ့ လှိုင်သာယာ စတဲ့ မြို့နယ်တွေမှာ အောက်တိုဘာ ၁၇ ရက် မနေ့ ည ၁၁နာရီက ငလျင်လှုပ်ခတ်လို့ အထပ်မြင့်တိုက်မှာနေသူတွေ စိုးရိမ်ထိတ်လန့်ပြီး မြေပြင်ကိုဆင်းပြေးရတယ်လို့ မြို့ ခံတွေဆီက သိရပါတယ်။ မနေ့ ည ၁၁ နာရီလောက်စလို့ ငလျင်လှုပ်ခတ်ရာ အထပ်မြင့်မှာနေထိုင်သူတွေ မြေညီထပ်ကို ဆင်းပြေးကာ ကားလမ်းမပေါ်မှာ တစ်နာရီလောက်နေပြီး အခြေအနေစောင့်ကြည့်ခဲ့ကြရတယ်လို့ လှိုင်မြို့နယ်နေသူ တယောက်က ပြောပါတယ်။ “ကျမတို့က အထပ်မြင့်မှာနေတော့ ငလျင်သတင်းကို စောင့်ကြည့်နေတာ ညက ငလျင်လှုပ်တော့ အခန်းတိုင်းလိုလို အောက်ကို ဆင်းပြေးကြတာ။ ချက်ချင်းအပေါ် ပြန်မတက်ရဲဘူး ငလျင်ကငြိမ်သွားပြီဆိုမှ အပေါ်ပြန်တက်ကြတာ။ တချို့ဆိုမတက်ကြဘူး၊ လမ်းပေါ်မှာပဲနေကြတယ။ ကမာရွတ်မှာလည်း လှုပ်သွားတယ်။…

  • နတ်ရေကန်ဗျူဟာတိုက်ပွဲ၌ စစ်တပ် တပ်ဖွဲ့ဝင်အချို့ AA ထံ လက်နက်ချ

    နတ်ရေကန်ဗျူဟာတိုက်ပွဲ၌ စစ်တပ် တပ်ဖွဲ့ဝင်အချို့ AA ထံ လက်နက်ချ

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အာရက္ခတပ်တော် (AA) ဆီမှာ အလံဖြူထောင် လက်နက်ချတာရှိသလို တိုက်ပွဲတွင်း လက်ရဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ AA က အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။ လက်နက်ချတဲ့အရေအတွက်နဲ့ ဖမ်းမိတဲ့အရေအတွက်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်မပြထားပါဘူး။ ဒါပေမဲ့ AA က ထုတ်ပြန်တဲ့ ဓာတ်ပုံမှာတော့ စစ်တပ် တပ်ဖွဲ့ဝင် ၁၁ ယောက် ဒူးထောက်နေတဲ့ပုံပါရှိပါတယ်။ အမ်း-ပဒါန်းလမ်းပေါ်က စစ်ရေးအရ အရေးပါတဲ့ နတ်ရေကန် ဗျူဟာကုန်းကို AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ နေရာအနည်းငယ်ပဲ ရဖို့ကျန်တော့တယ်လို့ AA က ထုတ်ပြန်ပါတယ်။ အဲဒီ နတ်ရေကန် ဗျူဟာကုန်းဟာ စစ်တပ်က လက်နက်ငယ်ကျည်ဆန်ထုတ်လုပ်တဲ့ ကပစ ၁၄ စက်ရုံနဲ့…