Author: Baby Yit Lone
-

ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာများတွင် စတားလင့်အင်တာနက်များကို ပိုမိုတိုးချဲ့ အသုံးပြုလာမှု အမေရိကန်ကွန်ကရက်က စတင် စုံစမ်းစစ်ဆေးနေ
မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာများတွင် စတားလင့်အင်တာနက်များကို ပိုမိုတိုးချဲ့ အသုံးပြုလာမှု အမေရိကန်ကွန်ကရက်က စတင် စုံစမ်းစစ်ဆေးနေ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာများတွင် စတားလင့်အင်တာနက်များကို ပိုမိုတိုးချဲ့ အသုံးပြုလာမှုအပေါ် အမေရိကန်ကွန်ကရက်က စတင် စုံစမ်းစစ်ဆေးနေကြောင်း AFP သတင်းတစ်ရပ်အရ သိရှိရသည်။ ထိုင်းနိုင်ငံက မြဝတီမြို့နယ်ရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်စင်တာများထံသို့ လျှပ်စစ်ဓာတ်အားနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက် စတားလင့်အင်တာနက်များကို အဓိက သုံးစွဲလာကြောင်း၊ ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာအဆောက်အအုံ များပေါ်တွင် စတားလင့်အင်တာနက်ဗန်းများ အများအပြား တင်ထားသည်ကိုတွေ့ရကြောင်း၊ ကျားဖြန့် အွန်လိုင်းငွေလိမ်စင်တာဖြစ်သော KK Park ၏ အဆောက်အအုံတစ်ခုပေါ်တွင် စတားလင့် အင်တာနက်ဗန်း ၈၀ နီးပါးမြင်တွေ့ရကြောင်း သိရှိရသည်။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှ အစိုးရရှေ့နေများက စတားလင့်အင်တာနက်စနစ်ကို…
-
တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားနိုင်ခဲ့သော မြို့ပေါင်း ၁၀၄ မြို့အနက် ၁၁ မြို့ ပြန်လည်ဆုံးရှုံး
စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ တရားဝင်ကြေညာလိုက်တဲ့နောက်ပိုင်း တော်လှန်ရေးအင်အားစုများဆီက ဆုံးရှုံးလိုက်ရတဲ့ နယ်မြေများကို အင်အားအလုံးအရင်းနဲ့ စစ်ဆင်ရေးအရှိန်မြှင့်ကာ ထိုးစစ်ဆင်လာတာ တွေ့ရပါတယ်။ ဒီထိုးစစ်ဆင်မှုများကြောင့် တော်လှန်ရေးအင်အားစုများ ကာလကြာရှည် ထိန်းချုပ်ထားခဲ့တဲ့ မြို့ပေါင်း ၁၀၄ မြို့အနက် တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရတဲ့ လားရှိုးမြို့အပါအဝင် ၁၁ မြို့ကို ပြန်လည်လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ အဓိကအားဖြင့် စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေကို ပြသဖို့ ရည်ရွယ်ပြီး မဟာဗျူဟာမြောက် နယ်မြေများဖြစ်တဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကျောက်မဲ နဲ့ နောင်ချို ကဲ့သို့သော မြို့များကို လေကြောင်းအင်အား အပြင်းအထန်အသုံးပြုကာ ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့၊ ရွာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံများနဲ့ ဘာသာရေးပွဲလမ်းများကိုလည်း စစ်ကောင်စီတပ်တွေဟာ…
-

PDF တွေနဲ့အနီးဆုံးမှာ ရွေးကောက်ပွဲဝင်ပြိုင်ရမယ့် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးနှစ်ယောက်
ခုခံတော်လှန်မှုအားကောင်းပြီး တော်လှန်ရေးတပ်ဖွဲ့ PDF တွေ အနီးဆုံးရှိနေတဲ့ စစ်ကိုင်းနဲ့ မကွေးကနေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဒုတိယဗိုလ်ချုပ်ကြီးနှစ်ယောက်ကို စစ်ခေါင်းဆောင်က ရွေးချယ်လိုက်ပါတယ်။ မကြာသေးခင် တပ်ကအနားပေးခံရတဲ့ အဆင့်မြင့်တပ်အရာရှိကြီး အနည်းစုထဲက ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင်က မကွေးမြို့နယ်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်ပုံက စစ်ကိုင်းမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ပြိုင်ရမှာပါ။ ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်မှုမှာ အဓိကတာဝန်ရှိသူ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေထဲကနှစ်ယောက် ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် စစ်ကိုင်းမြို့နဲ့ မကွေးမြို့ဟာ တိုင်းအစိုးရအဖွဲ့ရုံးစိုက်တဲ့မြို့တွေဖြစ်ပြီး မြို့ပေါ်ကလွဲလို့ ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင်နဲ့ သက်ပုံတို့က စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။ “မဲဆန္ဒနယ်က သာမန်အားဖြင့် ကိုယ်တိုင် ရွေးခွင့်မရကြဘူး။ ကိုယ်ရေးမှတ်တမ်းနဲ့ တာဝန်ထမ်းဖူးတဲ့နေရာတွေကိုကြည့်ပြီး စစ်ခေါင်းဆောင်က သတ်မှတ်တာ” လို့ နေပြည်တော်စစ်ရုံးနဲ့နီးစပ်တဲ့…
-
နတ်ရေကန်ဗျူဟာစခန်း အချိန်မရွေးသိမ်းပိုက်ခံရနိုင်သဖြင့် စစ်တပ်ခံစစ်ပြင်
ရခိုင်နဲ့ မကွေးအစပ်၊ အမ်း-မင်းဘူးကားလမ်းပေါ်မှာရှိပြီး အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေ ပိတ်ဆို့ ဖြတ်တောက်ထားတဲ့ နတ်ရေကန်ဗျူဟာစခန်းဟာ အချိန်မရွေး သိမ်းပိုက်ခံရနိုင်တာကြောင့် စစ်တပ်က ပဒါန်းမြို့နဲ့ ၅ မိုင်အကွာထိ ဆုတ်ပြီးခံစစ်ပြင်နေပါတယ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲမှာရှိပြီး ပဒါန်းတပ်နယ်အတွက်အရေးပါတဲ့ နတ်ရေကန်ဗျူဟာစခန်းဟာ ပိတ်ဆို့ဖြတ်တောက်ခံထားရတဲ့အတွက် အချိန်မရွေးကျသွားနိုင်တဲ့အခြေအနေရှိနေတယ်လို့ စစ်ရေးရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် အမ်း-မင်းဘူးလမ်းကနေ တပ်ကူမပို့နိုင်တော့တဲ့ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ခဲယမ်း၊ ရိက္ခာတွေချပေးနေသလို ကပစ-၁၄ ကနေတဆင့် မြေပြင်တပ်ကူပို့ဖို့ကြိုးစားနေကြောင်း အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းမှာ စစ်ရေးရင်းမြစ်က ပြောပါတယ်။ ရှေ့တန်းနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က “မနေ့က မနက်ကိုပဲ Y12 နဲ့ ရိက္ခာလာချတယ်။ အင်အားတွေရှိတယ်၊ ဒါပေမဲ့ ခဲယမ်းရိက္ခာမရှိတော့ဘူး။ နောင်ဆိုတဲ့ နောင်ရွာဆိုတာ သူတို့…
-

ရေးမြို့နယ် အာယုတောင်ဘက်ခြမ်းရှိ စစ်တပ်၏ ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ဘက်ခြမ်းရှိ အကြမ်းဖက်စစ်တပ်၏ ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့၏ ခေါင်းဆောင် ရေးဘီလူးက ပြောကြားသည်။ ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ အနီးနားအထိ သွားရောက်၍ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ “ကျွန်တော်တို့ မနေ့တုန်းက ၁၃ ရက်နေ့ မနက် ၈ နာရီခွဲလောက်မှာ ၃၄၃ အာယုတောင်ဘက်ခြမ်းမှာ ရှိတဲ့ ၃၄၃ တပ်ကို လက်နက်ကြီး သွားပစ်တာပေါ့။ တပ်ထဲကိုတော့ ၆၀ အသီးတော့ ကျတယ်။ ၃ လုံးပစ်တယ် ၃ လုံး လုံးကွဲတယ်။ ကျွန်တော်တို့ တပ်အနီးနားအထိကို ဝင်ရောက်ပစ်ခတ်နိုက်ခဲ့တယ်”ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက…