Author: Baby Yit Lone
-

မကွေး၊ နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲပြင်းထန်
အမ်း-ပဒါန်းလမ်းမပေါ် ရခိုင်ရိုးမက နတ်ရေကန်ဗျူဟာအနီးမှာရှိတဲ့ ဂုတ်ကြီးရွာမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ)ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဂုတ်ကြီးရွာဟာ နတ်ရေကန်ဗျူဟာစခန်းရဲ့ ကာကင်းတစ်ခုလည်းဖြစ်ပြီး အမ်း-ပဒါန်းလမ်းကို ထိန်းထားတဲ့နေရာတွေထဲက တစ်ခုလို့ သူက ရှင်းပြပါတယ်။ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဂုတ်ကြီးရွာကို စစ်တပ်က ပြန်ထိန်းချုပ်ပြီလို့ ရေးသားနေကြပါတယ်။ ဂုတ်ကြီးရဲကင်းစခန်း၊ စာသင်ကျောင်းနဲ့ ဘုရားကုန်းစတဲ့ နေရာတွေအပါအဝင် ရွာတစ်ခုလုံးကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီလို့ ဓာတ်ပုံတွေနဲ့အတူ ရေးသားဖော်ပြနေကြတာပါ။ သတင်းရင်းမြစ်ကတော့ “တချို့နေရာတွေ စစ်တပ်ပြန်ရတာမှန်ပေမယ့် အကုန်မထိန်းချုပ်နိုင်သေးဘူး။ နှစ်ဖက်တပ်တွေက တိုးလိုက်၊ ဆုတ်လိုက်ပဲ” လို့ ဒီနေ့ မနက်မှာ ပြောပါတယ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲမှာရှိတဲ့ ဂုတ်ကြီးရွာဟာ ရခိုင်-မကွေးအစပ်မှာရှိပြီး ကမ္ဘာလုံးစခန်းလို့ခေါ်တဲ့ နတ်ရေကန်ဗျူဟာနဲ့ ၂ မိုင်ကျော်ပဲ ဝေးပါတယ်။ ရိုးမပေါက်လမ်းအတိုင်းသွားမယ်ဆိုရင်တော့ ၁၅ မိုင်ဝန်းကျင်…
-

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ပုဒ်မ ၅၈(ဂ) ဖြင့် အမှုဖွင့်
မဲဆွယ်စည်းရုံးရာမှာ ‘တော်လှန်ရေး’ ဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ဒီဇင်ဘာ ၁၈ ရက်မှာ မြို့နယ်ရဲစခန်းက ပုဒ်မ ၅၈(ဂ) နဲ့ အမှုဖွင့်လိုက်တယ်လို့ ပါတီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ဒီဇင်ဘာ ၁၇ ရက် မနက် ၉ နာရီမှာ စစ်ကောင်စီက နေအိမ်မှာ လာရောက်ဖမ်းဆီးပြီး ညပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်က အာမခံနဲ့ ပြန်လည်ထုတ်ခဲ့ရတယ်လို့ ပါတီဝင်တယောက်က DVB ကို ပြောပါတယ်။ “ရဲစခန်းမှာ စစ်တာအတော်ကြာတယ်၊ ည ၁ နာရီမှ ပြန်လွတ်တာ။ ဒါတောင် ကိုယ်စားလှယ်လောင်း ၂ ယောက်က အာမခံနဲ့ပြန်ထုတ်လို့။ ဖုန်းကိုတော့ CID က…
-

ကိုဘခက်နှင့် အပါယ်ကြောက်သော အမှန်လေးများ
ကျုပ်နာမည်က ဘခက်။ အသက်က ၄၃။ အလုပ်အကိုင်က သင်္ဘောသား။ သင်္ဘောသားဆိုတော့ ဘီယာဗိုက်ကလေးနဲ့ပေါ့ဗျာ။ ထိပ်ကလေးကလည်း နည်းနည်းပြောင်ချင်တာပေါ့။ အရပ်က ၅ ပေ ၄။ သင်္ဘော စလိုက်တော့ ၁၈ နှစ်၊ ၁၀ တန်းအောင်ပြီးခါစလေး။ အသက် ၃၀ လည်းကြရော ပိုက်ဆံလေးလည်း စုမိ၊ အတွေ့အကြုံကလည်းစုံ၊ မိဘတွေကလည်း ဆုံးပါး၊ တစ်ဦးတည်းသော သားလေး ကျုပ် လောကအလယ်မှာ တစ်ယောက်တည်းပေါ့။ မွေးရာဇာတိ မြေလတ်လည်း မပြန်ချင်တာနဲ့ ရန်ကုန်မှာပဲ အခြေချမယ်ဆိုပြီး လိုက်ရှာရင်းနဲ့ ဒီရပ်ကွက်ထဲက ထောင့်ခြံလေးကို ဝယ်ဖြစ်ခဲ့တာ။ ဝန်ထမ်းအများစုနေတဲ့ ရပ်ကွက်ကလေးဆိုတော့ အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။ ပေ ၄၀ ပေ ၆၀ အကွက်လေးထဲမှာ ၂၅ ပေ ၃၅…
-

Kona
Kona (2025) “အာသာဗာကျိန်စာနှင့် နတ်ကျွဲရုပ်” အယူသည်းမှုတွေနဲ့အတူ သည်းထိတ်ရင်ဖို၊ အချစ်ဟာသ အချိုးညီညီပေါင်းစပ်ထားတဲ့ ကန်နာဒါစကားပြော အိန္ဒိယရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၉ ရာစု အစောပိုင်းကာလ တိုင်းတပါးသားတွေ နယ်မြေကျူးကျော်လာမဲ့ရန်ကြောင့် နယ်မြေကိုကာကွယ်ဖို့ အောက်လမ်းအစီအရင်တွေနဲ့ ဖန်တီးခဲ့တဲ့အရုပ်ကြီးက လက်ရှိကာလ ရွာတစ်ရွာမှာ ပြန်လည်ပေါ်ထွန်းလာခဲ့ပါတယ်။ သွေးအင်မတန်ဆာလောင်တဲ့ ဒီအရုပ်ကြီးရဲ့ ဘေးရန်ကင်းစေဖို့ နှစ်စဉ်ရွာဘုရားပွဲမှာ ကျွဲကိုခေါင်းဖြတ်ပြီး ယဇ်ပူဇော်လေ့ရှိပေမဲ့ ဒီဓလေ့ကို ရဲအမိန့်နဲ့ တားမြစ်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရဲတပ်ဖွဲ့မသိအောင် ဒီရိုးရာကို မဖြစ်မနေလုပ်ဖို့ ရွာလူကြီးမိသားစုက ကြိုးစားတဲ့အခါ…။ အဲဒီရွာကိုပဲ ကပေါက်တိကပေါက်ချာနဲ့ တလွဲကိုယ်ဆီလုပ်တတ်ကြတဲ့ ဇာတ်အဖွဲ့ရောက်ရှိလာတဲ့အခါမှာတော့…။
-

Christmas at the Catnip Cafe
Christmas at the Catnip Cafe (2025) ခရစ္စမတ်လည်းနီးလာပြီဆိုတော့ ခရစ္စမတ်အချစ်ဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ အိုလီဗီယာပီးယားစ်က အောင်မြင်တဲ့မားကတ်တင်းကုမ္ပဏီတစ်ခုကိုဦးဆောင်နေသူပါ။ သူက အိမ်ဝယ်ဖို့သုံးနှစ်ကြာလိုက်ရှာပြီးမှ စိတ်ကြိုက်ကွန်ဒိုလေးတစ်ခုကိုတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာက သူတတ်နိုင်တဲ့စျေးထက်မြင့်နေတာပါ အဲ့လိုစိတ်ညစ်နေရတဲ့အချိန်မှာပဲ ဖလစ်စီးတီးမှာနေတဲ့ ဆုံးပါးသွားပြီဖြစ်တဲ့သူ့အဒေါ်အက်စတာက သူ့အတွက်အမွေချန်ထားပေးခဲ့ပါတယ်။ အဲ့အမွေကတော့ အက်စတာပိုင်ဆိုင်တဲ့ CatNip ဆိုတဲ့ ကြောင်ကဖေးရဲ့ ရှယ်ယာတစ်ဝက်ပါ ကြောင်ကဖေးရဲ့နောက်ထပ်ရှယ်ယာတစ်ဝက်ပိုင်ဆိုင်တဲ့သူကတော့ ဘန်ကိန်းဆိုတဲ့ တိကုဆရာဝန်ပါ။ အဒေါ်ဆီကအမွေရလိုက်တာကြောင့် အိုလီဗီယာတစ်ယောက် ထိုကြောင်ကဖေးကိုရောင်းချပြီး ရတဲ့ပိုက်ဆံနဲ့သူလိုချင်နေတဲ့ကွန်ဒိုလေးဝယ်နိုင်တော့မယ်ဆိုပြီး ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ အဲ့ဒီကိုလိုက်သွားတဲ့အခါ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ဘန်ကိန်းကတော့ ဆိုင်ကိုရောင်းချလိုခြင်းမရှိတာကြောင့် အခက်တွေ့ရပြန်ပါတယ်။ ကြောင်ကဖေးအပေါ်ထားတဲ့သဘောထားမတူတဲ့သူတို့နှစ်ယောက် ဘယ်လိုတွေညှိယူကြမလဲ ? နောက်ဆုံးမှာဘန်ကိန်းကပဲစိတ်ပြောင်းပြီး ဆိုင်ကိုရောင်းချမလား ? ဒါမှမဟုတ် အိုလီဗီယာကပဲစိတ်ပြောင်းပြီးဆိုင်ကိုဆက်ဖွင့်ဖို့သဘောတူမလားဆိုတာ ကြည့်ရှုလိုက်ပါ။