Author: Baby Yit Lone

  • Mass Jathara

    Mass Jathara

    Mass Jathara (2025) “သမာဓိ” ဒီကားထဲမှာတော့ မင်းသားကြီး ရာဗီတေဂျာက ရိုးသားဖြောင့်မတ်တဲ့ ရထားရဲအရာရှိ လက်ရှ်မန်းဘေရီအဖြစ်ပါဝင်ထားပါတယ်။ ဘတ်ဂျက်ကို ကုဋေ ၄၀ ကုန်ကျခံရိုက်ကူးထားတဲ့ အက်ရှင် ဒရာမာ ဟာသ စုံစုံလင်လင်ကို တစ်နေရာတည်းကြည့်လို့ရမဲ့ ဇာတ်ကားမျိုးပေါ့။ ဘေရီဆိုတဲ့ ရထားရဲအရာရှိက ကိုယ့်အပိုင်နယ်မြေမဟုတ်တောင် မတရားမှုတွေကို လက်ပိုက်ကြည့်မနေတတ်သူပါ နောက်ခံအင်အားကြီးလို့ အထက်လူတွေတောင် လျစ်လျူရှုတဲ့အမှုတွေကို သူကိုယ်တိုင်တရားခံဆီသွားပြီး ဆုံးမတတ်တဲ့အကျင့်လေးကလည်း ရှိသေးတာဗျ။ ထုံးစံအတိုင်း ရာဗီတေဂျာကားတွေက ဟာသဘက်ကိုပါ အသားပေးပြီး ပရိသတ်တွေကို မျက်စိအစာကျွေးတတ်တော့ ကလိထိုးပြီးရယ်ရတာမျိုးမဟုတ်ဘဲ ဘိုးဘွားရိပ်သာရောက်မှာကြောက်နေတဲ့ အဘိုးဖြစ်သူက သူ့မင်္ဂလာပွဲမဖြစ်အောင် မသိမသာလိုက်ဖျက်နေတာမျိုးတွေနဲ့ အခွီတစ်သိုက်တွေပေါ့ ဒီလိုနဲ့ မူးယစ်ဆေးဂိုဏ်းအမှုထဲ သူဝင်ပါဖို့ဖြစ်လာခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်မလဲ… အဘိုးရဲ့အကြံရော အောင်မြင်သွားမလားဆိုတာကိုတော့ …

  • This Closeness

    This Closeness

    This Closeness (2024) “This Closeness” ဟာ စာရေးဆရာ၊ ဒါရိုက်တာနဲ့ သရုပ်ဆောင် Kit Zauhar ရဲ့ လက်ရာဖြစ်ပြီး၊ ခေတ်လူငယ်တွေရဲ့ ဆက်ဆံရေး၊ စိတ်အထီးကျန်မှုနဲ့ စည်းလွတ်ဝါးလွတ် ပေါင်းသင်းဆက်ဆံရေးတွေရဲ့ အရှုပ်တော်ပုံတွေကို ဟာသဒရာမာ ပုံစံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။ Tessa ဆိုတဲ့ ASMR ဗီဒီယို ဖန်တီးသူတစ်ယောက်က သူ့ချစ်သူ Ben နဲ့အတူ ဖီလာဒဲလ်ဖီးယား မြို့က Ben ရဲ့ အထက်တန်းကျောင်း သူငယ်ချင်းများ ပြန်လည်ဆုံဆည်းပွဲအတွက် ခရီးထွက်လာခဲ့ပါတယ်။ သူတို့နှစ်ဦးက Airbnb ကနေ အခန်းတစ်ခန်း ငှားရမ်းခဲ့ရာ၊ အိမ်ရှင်ဖြစ်သူ Adam ဆိုတဲ့ ထူးဆန်းတဲ့ လူငယ်လေးတစ်ဦးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဇာတ်ကားတစ်လျှောက်လုံးဟာ ဒီတိုက်ခန်းလေးထဲမှာပဲ ဇာတ်အိမ်တည်ထားပြီး ဇာတ်ကောင်သုံးဦး…

  • Worlds Apart

    Worlds Apart

    Worlds Apart (2024) ဒီဇာတ်ကားလေးကတော့ ကားအက်ဆီးဒင့်ဖြစ်ပြီး မိဘနှစ်ပါး‌ဆုံးရှုးလိုက်ရတဲ့ကောင်မလေးဟာ တစ်ယောက်တည်းနေထိုင်နေတဲ့ အဒေါ်နဲ့အတူနေရမှာဖြစ်ပြီး သူတိုနှစ်ယောက်အတူတူ ဘဝကို ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊ အထီးကျန်မှု ၊ မုန်းတီးမှုတွေနဲ့ ဘယ်လိုဖြတ်သန်းသွားမလဲဆိုတာကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့ အကြောင်းအရာကတော့ အာဆာတာခူမိဆိုတဲ့ ကောင်မလေးဟာ မိဘနှစ်ပါးဆုံးသွားခဲ့ရပြီး သူ့အဒေါ်ဖြစ်သူ မာကီယိုခိုဒိုင်းနဲ့အတူ စနေကြရမှာဖြစ်ပါတယ်။ မာကီယိုဟာ ဝတ္ထုစာရေးဆရာမဖြစ်ပြီးတော့ အာဆာကတော့ အလယ်တန်းနှစ်နောက်ဆုံး အထက်တန်းစတက်ရတော့မဲ့ ကောင်မလေးဖြစ်ပါတယ်။ မာကီယိုဟာ သူ့ရဲ့အစ်မဖြစ်သူ အာဆာရဲ့အမေကိုအလွန်မုန်းတီးကြောင်း အာဆာကိုတော့အတူနေဖိုခေါ်ထားပေမဲ့ အချစ်တွေမမျှဝေပေးနိုင်ကြောင်းနဲ့ အုပ်ထိန်းသူအဖြစ်ပဲရှိနေပေးမယ်လိုပြောလာခဲ့တယ်။ အာဆာဟာလည်း အထီးကျန်ပြီး သူ့ရဲ့ကျောင်းတက်နေတုန်းဘဝကို ဘယ်လိုဖြတ်သန်းမလဲ မာကီယိုကရော သူ့အမေကိုဘာလိုဒီလောက်ထိ မုန်းတီးနေရလဲဆိုတာကိုအဖြေရှာရင်း အဒေါ်နဲ့တူမ ၂ ယောက်သားဆက်ဆံရေးမှာ အချစ်တွေ ၊ အမုန်းတွေ ၊ အထီးကျန်မှုတွေ ၊…

  • Politically Incorrect

    Politically Incorrect

    Politically Incorrect (2024) ဒီကားလေးကတော့ စပိန်ရဲ့ နိုင်ငံရေးပါတီကြီးတွေကို ဟာသစွက်​ပြီး ပါးပါးလေးသရော်ထားတဲ့ ရိုမန့်တစ်ဟာသကားလေးပါ။ ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ထိပ်တန်းပါတီကြီးနှစ်ခုဖြစ်တဲ့ လက်ဝဲပါတီနဲ့ လက်ယာပါတီတို့အချင်းချင်း နိုင်ငံရေးအားပြိုင်နေချိန်…. ပါတီချင်းမတူတဲ့ လူငယ်နှစ်ယောက်ဟာ မတော်တဆမှုတစ်ခုကိုအတူတူကြုံတွေ့ခဲ့ရပြီးနောက် သူတို့နှစ်ယောက်ကြားမှာ ခံစားချက်တွေဖြစ်လာခဲ့ပေမယ့်.. နိုင်ငံရေးဖိအားတွေအသီးသီးနဲ့ ဝါဒမတူတဲ့သူတို့နှစ်ယောက် ခံစားချက်တွေကိုမျိုသိပ်ပြီး အချင်းချင်းထိုးနှက်ရင်း မဲအနိုင်ရဖို့ကြိုးစားရတဲ့အခါ ဘယ်လိုတလွဲတွေဖြစ်လာအုံးမလဲ…..ဆိုတာ နိုင်ငံရေးသရော်ဟာသတွေနဲ့အတူကြည့်ရှူရမှာပဲဖြစ်ပါတယ်။

  • Finger Licking

    Finger Licking

    Finger Licking (2024) Jahmar က ကလေးဘဝက စိတ်ဒဏ်ရာတစ်ခုကို ခံစားခဲ့ရသူဖြစ်ပြီး အဲဒီစိတ်ဒဏ်ရာကို ကုသဖိုအတွက် Dana ဆိုတဲ့ စိတ်ရောဂါကုထုံးဆရာမဆီကို သွားရောက်ပြသခဲ့တယ်။ ကုသမှုခံယူနေစဉ်အတွင်း Jamir သူ့မှတ်ဉာဏ်တွေပြန်ပေါ်လာပြီး အတိတ်အဖြစ်အပျက်တွေကနေ Jamir ငယ်ငယ်တုန်းက အတူနေခဲ့တဲ့ Duke မိသားစုနဲ့ သူတိုစားသောက်ဆိုင်ရဲ့ ကျောချမ်းစရာ လျှိဝှက်ချက်တွေကို ဘယ်လိုသိလာရမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။