Politically Incorrect (2024)

ဒီကားလေးကတော့ စပိန်ရဲ့ နိုင်ငံရေးပါတီကြီးတွေကို ဟာသစွက်ပြီး ပါးပါးလေးသရော်ထားတဲ့ ရိုမန့်တစ်ဟာသကားလေးပါ။
ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ထိပ်တန်းပါတီကြီးနှစ်ခုဖြစ်တဲ့ လက်ဝဲပါတီနဲ့ လက်ယာပါတီတို့အချင်းချင်း နိုင်ငံရေးအားပြိုင်နေချိန်…. ပါတီချင်းမတူတဲ့ လူငယ်နှစ်ယောက်ဟာ မတော်တဆမှုတစ်ခုကိုအတူတူကြုံတွေ့ခဲ့ရပြီးနောက် သူတို့နှစ်ယောက်ကြားမှာ ခံစားချက်တွေဖြစ်လာခဲ့ပေမယ့်..
နိုင်ငံရေးဖိအားတွေအသီးသီးနဲ့ ဝါဒမတူတဲ့သူတို့နှစ်ယောက် ခံစားချက်တွေကိုမျိုသိပ်ပြီး အချင်းချင်းထိုးနှက်ရင်း မဲအနိုင်ရဖို့ကြိုးစားရတဲ့အခါ ဘယ်လိုတလွဲတွေဖြစ်လာအုံးမလဲ…..ဆိုတာ နိုင်ငံရေးသရော်ဟာသတွေနဲ့အတူကြည့်ရှူရမှာပဲဖြစ်ပါတယ်။



Leave a Reply