Author: Baby Yit Lone

  • Bad Guys Always Die

    Bad Guys Always Die

    Bad Guys Always Die (2015)

    ဒီတစ်ခါမှာတော့ တရုတ်-ကိုရီးယား ပူးပေါင်းရိုက်ကူးထားတဲ့ Bad Guys Always Die ဆိုတဲ့ Action + Comedy အမျိုးအစား ရုပ်ရှင်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။

    ဒီရုပ်ရှင်ဇာတ်ကားထဲမှာ တစ်ချိန်က K drama ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ Crash Landing On You ထဲက ကိုရီးယားနာမည်ကြီးမင်းသမီး Son Ye-jin ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကြီးရဲ့ အမိုက်စား သရုပ်ဆောင်မှုနဲ့ ဒီဇာတ်ကားထဲမှာ ပိုပြီး ထိတ်လန့်စရာ စိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုရမှာပါ။

    ဘူဆန်မြို့က မူလတန်းကျောင်းတစ်ကျောင်းမှာ တရုတ်ဘာသာစကား သင်ကြားနေတဲ့ ဆရာတစ်ဦးဖြစ်တဲ့ Qingzi ဟာ သူ့ညီဖြစ်သူနဲ့ သူငယ်ချင်းနှစ်ဦးကို ခေါ်ပြီး ဂျယ်ဂျူးကျွန်းကို ခရီးထွက်လာခဲ့ပါတယ်။

    ခရီးစဉ်အတွင်း မထင်မှတ်ထားတဲ့ ကားမတော်တဆဖြစ်စဉ်တစ်ခုမှာ မျက်မြင်သက်သေဖြစ်သွားကြတဲ့အခါကားထဲမှာ ဒရိုင်ဘာအဖြစ် ထိုင်နေတဲ့ Ji-yeon ဆိုတဲ့ ကိုရီးယားအမျိုးသမီးတစ်ဦး အနာတရနဲ့သတိမေ့လျော့နေတာကို ကယ်တင်ရင်း သူတို့တွေဟာ အကူအညီပေးဖို့ Ji-yeon ကို ဆေးရုံပို့ဖို့ ကြိုးစားရာမှ မျှော်လင့်မထားတဲ့ အဖြစ်အပျက်တွေထဲကို နစ်ဝင်သွားခဲ့ကြတယ်။

    အဲဒီအဖြစ်အပျက်တွေက တစ်ဖက်မှာ လူသတ်မှု တစ်ဖက်မှာ လူပျောက်ကွယ်မှုနဲ့ ဆက်စပ်နေပြီး သူတို့ကို အန္တရာယ်ထဲအပြည့်အဝဆွဲခေါ်သွားတော့တယ်။

    Qingzi နဲ့ သူ့အဖွဲ့ဟာ အကူအညီပေးချင်တဲ့ စိတ်ကူးကနေ စတင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သေချာမသိနိုင်တဲ့ အကြမ်းဖက်မှုလျှို့ဝှက်မှုတွေထဲမှာ အကျိုးဆက်မလွတ်နိုင်အောင် ပတ်သက်မိသွားကြရင်း အားလပ်ရက်ခရီးစဥ်လေးတစ်ခုကနေ ဘယ်လိုအန္တရာယ်ကွင်းဆက်ထဲ ဘယ်လိုဝင်ရောက်သွားကြမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။

  • Thunderbolt Rescue

    Thunderbolt Rescue

    Thunderbolt Rescue (2025)

    အငြိမ်းစား တရုတ်အထူးတပ်ဖွဲ့ဝင်ဟောင်း ချန်ခိုင် (Cheng Kai) ပါ။

    သူ့ဇနီးဟာ ဆေးဝန်ထမ်းတစ်ယောက်အဖြစ် အရှေ့တောင်အာရှ စစ်ဖြစ်နေတဲ့ ဒေသတစ်ခုကို သွားရင်း အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားပါတယ်။

    အကြမ်းဖက်အဖွဲ့က သူ့ဇနီးကို “တာလင် (Talin)” လို့ခေါ်တဲ့ သူတို့ခံတပ်စခန်းမှာ ဓားစာခံလုပ်ထားတယ်။

    အစိုးရရဲ့ ကယ်ဆယ်ရေးအစီအစဉ်က ရှုပ်ထွေးပြီး ကြာနေတော့ ချန်ခိုင်ဟာ သူ့ဇနီးကို ကိုယ်တိုင်သွားကယ်ဖို့ ဆုံးဖြတ်လိုက်တယ်။

    အန္တရာယ်များတဲ့ တာလင်ခံတပ်စခန်းထဲကို တစ်ယောက်တည်း ခိုးဝင်သွားခဲ့တယ်။

    အဲဒီစခန်းထဲမှာ အကြမ်းဖက်အဖွဲ့ ဖမ်းထားတဲ့ မီရာ (Mirra) ဆိုတဲ့ ဒေသခံကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်။

    မီရာက စခန်းရဲ့တည်နေရာနဲ့ အားနည်းချက်ကို ကောင်းကောင်းသိတဲ့သူ ဖြစ်နေတယ်။

    ချန်ခိုင်က မီရာကို ကယ်ထုတ်ပြီးနောက် မီရာရဲ့ အရေးပါတဲ့ လမ်းပြကူညီမှုနဲ့ ချန်ခိုင်က သူ့ရဲ့စစ်ပညာကိုသုံးပြီး ဇနီးကိုကယ်တင်ဖို့၊ မီရာကို ဘေးကင်းအောင် ပို့ဆောင်ပေးဖို့ အသက်စွန့်တိုက်ခိုက်ပုံကို အက်ရှင်အပြည့်နဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။

  • The Man’s Secret

    The Man’s Secret

    The Man’s Secret (2023)

    ထန်မင်းဆက်ခေတ် စုံထောက်ကြီးဒီးရဲ့ပြိုင်ဖက်ဖြစ်လာမယ့် ထောက်လှမ်းစုံစမ်းရေးမှာထူးချွန်တဲ့ ဆရာကြီးတူကူးဆိုတဲ့သူကလျှို့ဝှက်ဆန်းကြယ်တဲ့အမှုကို ဖြေရှင်းတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။

    ဇာတ်လမ်းကတော့…

    ထန်မင်းဆက်အစောပိုင်းကာလမှာ မိုးခေါင်ရေရှားတဲ့ကပ်ဘေးဆိုက်လာတဲ့အတွက် မိုးခေါ်ပွဲကြီးကျင်းပပါတယ်။

    ဒါပေမယ့် မသမာသူတွေက ဒီမိုးခေါ်ပူဇော်ပွဲကြီးကိုအသုံးချပြီးတော့ ခေါင်းတစ်ထောင်မိစ္ဆာထွက်ပေါ်လာတယ်ဆိုတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်မျိုးဖြစ်အောင် ဖန်တီးလိုက်ပါတယ်။

    မိုးခေါင်ရေရှားဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ပြည်သူတွေဟာ ပိုပြီးထိတ်လန့်ကုန်ကြရပါတယ်။

    ဒီအမှုကိုစုံစမ်းဖို့အတွက် အရှင်မင်းမြတ်က သေဒဏ်ကျအပြစ်သားဖြစ်တဲ့ တူကူးကိုတာဝန်ပေးအပ်လိုက်ပါတယ်။

    မထင်မှတ်ထားတာကတော့ သူစုံစမ်းလေလေ အမှုနောက်ကွယ်ကလျှို့ဝှက်ချက်ကြီးတစ်ခုကိုဖော်ထုတ်မိမလိုဖြစ်ရာက ပြဿနာတွေပိုကြီးလာလေလေဖြစ်လာတော့ ……

    ဆရာကြီးတူကူးဟာ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့အမှုကိုဘယ်လိုဖော်ထုတ်မလဲ……

  • The Breakup Guru

    The Breakup Guru

    The Breakup Guru (2014)

    The Breakup Guru ဆိုတဲ့ အချစ်ဟာသရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။

    ရယ်စရာဇာတ်ကွက်တွေ မရပ်မနား ဆက်တိုက်ပါပြီး ဗိုက်နာအောင်ရယ်ရမယ့် ဟာသကားကြည့်ချင်ရင် ဒီရုပ်ရှင်ကိုက ကိုက်ညီမယ်လို့ထင်ပါတယ်။

    မေယွမ်ကွေ့ဟာ “လမ်းခွဲဆရာကြီး” တစ်ဦးဖြစ်ပါတယ်။

    သူဟာ အချစ်ရေးပေါ်က အားနည်းချက်ကို နားလည်ပြီး လူသားတွေရဲ့ အချစ်ရေးပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ချစ်သူလမ်းခွဲဖို့၊ ခွဲနေဖို့၊ ကွာရှင်းဖို့ စတဲ့ လုပ်ငန်းတွေကို လက်ခံလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

    သူက သူကိုယ်တိုင် တီထွင်ထားတဲ့ နာကျင်မှုမဲ့လမ်းခွဲနည်းကို အသုံးပြုပြီး စုံတွဲပေါင်း ၂၀၀၀ ကျော်ကို ကူညီခဲ့ပြီး ဖြစ်ပါတယ်။

    သူ့ရဲ့နည်းလမ်းဟာ လမ်းခွဲဖို့လိုအပ်တဲ့လူအများအပြားကို ဆွဲဆောင်နိုင်တဲ့အတွက် အလုပ်မပြတ်ရှိနေပါတယ်။

    ဒါပေမယ့် သူက ဒီအလုပ်ကို ငြီးငွေ့လာပြီး ဒီလမ်းခွဲအလုပ်ကို မလုပ်တော့ဖို့ ဆုံးဖြတ်ထားချိန်မှာ ထူးခြားတဲ့ အလုပ်တစ်ခုကို လက်ခံရရှိခဲ့ပါတယ်။

    ဖောက်သည်က လမ်းခွဲချင်သူကတော့ ယဲ့ရှောင်ချွင်းပေါ့။

    ယဲ့ရှောင်ချွင်းအတွက် သူ့ရဲ့ လမ်းခွဲအစီအစဉ်ကတော့ သူ့ကို ချစ်မိသွားအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။

    ယဲ့ရှောင်ချွင်း သူ့ကို ချစ်မိသွားအောင် လုပ်ဖို့အတွက် အခက်အခဲများစွာကို တွေ့ကြုံကျော်ဖြတ်ခဲ့ရပြီး ရယ်စရာဟာသ အများအပြား ဖြစ်ခဲ့ပါတယ်။

    နာမည်ကြီးသရုပ်ဆောင်အများအပြားကလည်း ရုပ်ရှင်ထဲမှာ ကူညီအားဖြည့်ထားပေးတာဖြစ်လို့ အပန်းဖြေကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

  • One Last Adventure: The Making of Stranger Things 5

    One Last Adventure: The Making of Stranger Things 5

    One Last Adventure: The Making of Stranger Things 5 (2026)

    ဒီ Documentary ကတော့ Stranger Things ပရိသတ်တွေအတွက် နှုတ်ဆက်လက်ဆောင်အနေနဲ့ Netflix ကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဇာတ်လမ်းအပိုင်းသစ်မဟုတ်ဘဲ Stranger Things ရဲ့ နောက်ဆုံး Season (Season 5) ကို ဘယ်လိုရိုက်ကူးခဲ့လဲဆိုတာ ဖော်ပြပေးထားတဲ့ ၂ နာရီကြာချိန်ရှိ “Making of” မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။

    ဘာတွေပါဝင်လဲ? ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ Stranger Things စီးရီးတစ်ခုလုံးရဲ့ နောက်ဆုံးခရီးစဉ်ကို စိတ်လှုပ်ရှားဖွယ်၊ ဝမ်းနည်းဖွယ် မြင်တွေ့ရမှာပါ။

    သရုပ်ဆောင်တွေရဲ့ ရင်ဖွင့်သံများ: ငယ်ငယ်လေးကတည်းက ဒီစီးရီးနဲ့အတူ ကြီးပြင်းလာခဲ့ကြတဲ့ Millie Bobby Brown (Eleven), Finn Wolfhard (Mike) နဲ့ တခြားသရုပ်ဆောင်တွေရဲ့ နောက်ဆုံးနှုတ်ဆက်စကားတွေ၊ သံယောဇဉ်တွေနဲ့ ရိုက်ကွင်းနောက်ကွယ်က ပျော်စရာ၊ ဝမ်းနည်းစရာ အမှတ်တရတွေကို ကြည့်ရှုရမှာပါ။

    Duffer Brothers (ဒါရိုက်တာ ညီအစ်ကို) က ဒီစီးရီးကို ဘယ်လို အဆုံးသတ်ခဲ့သလဲ၊ ဇာတ်ညွှန်းဖတ်ပွဲ (Table Read) တွေမှာ သရုပ်ဆောင်တွေ ဘယ်လို မျက်ရည်ကျခဲ့ရလဲ ဆိုတာတွေကို အနီးကပ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

    ရိုက်ကွင်းနောက်ကွယ်: Hawkins မြို့ကြီးကို ဘယ်လို ဖန်တီးထားလဲ၊ Special Effects တွေနဲ့ မိတ်ကပ်တွေကို ဘယ်လို ပြင်ဆင်ခဲ့ကြလဲဆိုတာကိုလည်း စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ်။

    Stranger Things စီးရီးကို စွဲစွဲမြဲမြဲ ကြည့်ခဲ့ဖူးတဲ့ ပရိသတ်စစ်စစ်တွေ၊ Eleven တို့ သူငယ်ချင်းတစ်သိုက်ရဲ့ နောက်ဆုံးခရီးကို အတူတူ လိုက်ပါနှုတ်ဆက်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ အစီအစဉ်ကောင်းတစ်ခု ဖြစ်ပါတယ်။

    ဇာတ်လမ်းပြီးသွားလို့ ဟာတာတာဖြစ်နေတဲ့ ခံစားချက်ကို ဒီ Documentary လေးက ကုစားပေးပါလိမ့်မယ်။