One Last Adventure: The Making of Stranger Things 5 (2026)

ဒီ Documentary ကတော့ Stranger Things ပရိသတ်တွေအတွက် နှုတ်ဆက်လက်ဆောင်အနေနဲ့ Netflix ကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဇာတ်လမ်းအပိုင်းသစ်မဟုတ်ဘဲ Stranger Things ရဲ့ နောက်ဆုံး Season (Season 5) ကို ဘယ်လိုရိုက်ကူးခဲ့လဲဆိုတာ ဖော်ပြပေးထားတဲ့ ၂ နာရီကြာချိန်ရှိ “Making of” မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။
ဘာတွေပါဝင်လဲ? ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ Stranger Things စီးရီးတစ်ခုလုံးရဲ့ နောက်ဆုံးခရီးစဉ်ကို စိတ်လှုပ်ရှားဖွယ်၊ ဝမ်းနည်းဖွယ် မြင်တွေ့ရမှာပါ။
သရုပ်ဆောင်တွေရဲ့ ရင်ဖွင့်သံများ: ငယ်ငယ်လေးကတည်းက ဒီစီးရီးနဲ့အတူ ကြီးပြင်းလာခဲ့ကြတဲ့ Millie Bobby Brown (Eleven), Finn Wolfhard (Mike) နဲ့ တခြားသရုပ်ဆောင်တွေရဲ့ နောက်ဆုံးနှုတ်ဆက်စကားတွေ၊ သံယောဇဉ်တွေနဲ့ ရိုက်ကွင်းနောက်ကွယ်က ပျော်စရာ၊ ဝမ်းနည်းစရာ အမှတ်တရတွေကို ကြည့်ရှုရမှာပါ။
Duffer Brothers (ဒါရိုက်တာ ညီအစ်ကို) က ဒီစီးရီးကို ဘယ်လို အဆုံးသတ်ခဲ့သလဲ၊ ဇာတ်ညွှန်းဖတ်ပွဲ (Table Read) တွေမှာ သရုပ်ဆောင်တွေ ဘယ်လို မျက်ရည်ကျခဲ့ရလဲ ဆိုတာတွေကို အနီးကပ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ရိုက်ကွင်းနောက်ကွယ်: Hawkins မြို့ကြီးကို ဘယ်လို ဖန်တီးထားလဲ၊ Special Effects တွေနဲ့ မိတ်ကပ်တွေကို ဘယ်လို ပြင်ဆင်ခဲ့ကြလဲဆိုတာကိုလည်း စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ်။
Stranger Things စီးရီးကို စွဲစွဲမြဲမြဲ ကြည့်ခဲ့ဖူးတဲ့ ပရိသတ်စစ်စစ်တွေ၊ Eleven တို့ သူငယ်ချင်းတစ်သိုက်ရဲ့ နောက်ဆုံးခရီးကို အတူတူ လိုက်ပါနှုတ်ဆက်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ အစီအစဉ်ကောင်းတစ်ခု ဖြစ်ပါတယ်။
ဇာတ်လမ်းပြီးသွားလို့ ဟာတာတာဖြစ်နေတဲ့ ခံစားချက်ကို ဒီ Documentary လေးက ကုစားပေးပါလိမ့်မယ်။


Leave a Reply