Author: Baby Yit Lone
-

အသက် ၁၂ နှစ် သမီးအား မုဒိမ်းကျင့်သည့် ဖခင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် ၆၀ ချမှတ်
တောင်ငူမှာ အသက် ၁၂ နှစ်အရွယ် သမီးငယ်အား မုဒိမ်းကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို တောင်ငူခရိုင်တရားရုံးက နိုဝင်ဘာ ၂၀ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၆၀ ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူအား မုဒိမ်းကျင့်ခဲ့သူ ဦးဇော်ခိုင်ကို တောင်ငူခရိုင်တရားရုံးက ပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ် အနှစ် ၂၀ ၃ ကြိမ် စုစုပေါင်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ်အနှစ် ၆၀ ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။ “အရက်မူးပြီး ၁၄ နှစ်အရွယ် သမီးအကြီးကို မုဒိမ်းကျင့်တာမရလို့ အသက် ၁၂ နှစ်အရွယ် သမီးအငယ်ကို မုဒိမ်းကျင့်တာ၊ ကလေးတွေ ကိုယ်တိုင်က ပြောတာတောင် ငြင်းနေလို့…
-

The Finder
The Finder (2025) The Finder(2025) ဆိုတဲ့ အက်ရှင်မှုခင်းရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- လျိုရှောင်မိန်ဟာ အတိုးမြင့်ချေးငွေချေးပြီး ခြိမ်းခြောက်ခံရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ပါတယ်။ ရှောင်မိန်ရဲ့ သူငယ်ချင်းဖြစ်သူ ယန်မင်က ရှောင်မိန်အတွက် ကလဲ့စားချေပေးဖို့ အတိုးမြင့်ချေးငွေအဖွဲ့မန်နေဂျာရဲ့ သမီးချန်ကျင်းနဲ့ ရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင်ကျိုးဝေချန်ရဲ့သမီး ကျိုးချင်းကို ဖမ်းဆီးပြီး ပြန်ပေးဆွဲခဲ့ပါတယ်။ ကျိုးဝေချန်ဟာ သမီးဖြစ်သူကို ကယ်တင်ဖို့အတွက် ဒုစရိုက်သမားနဲ့ ရဲရင့်မှုရော ဉာဏ်ပညာရော ယှဉ်ပြိုင်ခဲ့ရပြီး အန္တရာယ်ထဲကို ဝင်ရောက်ကာ ပြန်ပေးဆွဲခံရသူကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီး ဥပဒေအရ အပြစ်ဒဏ်ပေးနိုင်ခဲ့တဲ့အကြောင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။
-

Safe House
Safe House (2025) Safe House သို့မဟုတ်လုံခြုံရေးအိမ်ဆိုတာ အစိုးရအေဂျင်စီတွေက မျက်မြင်သက်သေတွေ၊ သတင်းပေးတွေ သူလျှိုတွေကို ရန်သူတွေပြိုင်ဘက်တွေရဲ့ရန်က ကင်းအောင်ခိုလှုံရာ၊ သို့မဟုတ် အဖွဲ့ဝင်အချင်းချင်းအချိန်းအချက်လုပ်တွေ့ဆုံတာမျိုး၊ သံသယတရားခံတွေကိုဖမ်းဆီးထိန်းသိမ်းပြီးစစ်မေးတာမျိုးစသဖြင့်အကြောင်းအမျိုးမျိုးနဲ့အသုံးပြုလေ့ရှိကြပြီး နာမည်နဲ့လိုက်အောင် လုံခြုံရေးစနစ်မြင့်မားသလို အလွယ်တကူထွက်ပြေးလွတ်မြောက်နိုင်ဖို့လမ်းကြောင်းတွေကိုပါထည့်သွင်းထားလေ့ရှိကြပါတယ်။ ဒီဇာတ်လမ်းကိုတော့ အယ်လ်အေမြို့လယ်ခေါင် ဒုသမ္မတယာဉ်တန်းမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အထက်အမိန့်အရ Safe House တစ်ခုကို ခိုလှုံဖို့ရောက်ရှိလာကြတဲ့အေဂျင်စီအသီးသီးက ဖယ်ဒရယ်အေးဂျင့် ခြောက်ယောက်နဲ့စတင်ထားပါတယ်။သူတို့တွေထဲက နှစ်ယောက်မှာနိုင်ငံတော်အဆင့်ထိပ်သီးလျှို့ဝှက်ပစ္စည်းတွေပါလာကြပြီး သူတို့ရဲ့အထက်လူကြီးတွေကဘယ်သူ့ကိုမှမယုံဖို့မှာလိုက်တဲ့အတွက် အချင်းချင်းသံသယကိုယ်စီရှိကြပါတယ်။ မကြာခင်မှာပဲ သူတို့ရောက်ရှိနေတဲ့ Safe House ကို အဝေးကနေLock Downချလိုက်ပြီး သူတို့ထဲက တစ်ယောက်ဟာ အကြမ်းဖက်ဖောက်ခွဲမှုရဲ့တရားခံဖြစ်ပြီး အဲ့ဒီတရားခံပေါ်မှသာ သူတို့လွတ်မြောက်နိုင်မယ်ဆိုတာသိလိုက်ရချိန်မှာတော့ သံသယတွေနဲ့စခဲ့တဲ့ သူတို့ချင်းဟာ ဒီနေရာကနေလွတ်မြောက်ဖို့မဖြစ်မနေပူးပေါင်းဆောင်ရွက်ဖို့ဖြစ်လာပါတော့တယ်။ Thriller Vibe အပြည့်ရသလို အက်ရှင်ပိုင်းမှာလည်းလျော့မနေ၊ အီမနေပဲ၊ သွက်သွက်လက်လက်တင်ဆက်ထားပြီး လိုရင်းရောက်လွယ်တဲ့ Action Thriller…
-

ပေါက်တောင်ပိုင်းက ပျူစောထီးရွာနှစ်ရွာကို တော်လှန်ရေးတပ်တွေ သိမ်းဆည်း
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ စစ်အုပ်စုတပ်နဲ့ပျုစောထီးတွေ အထိချတပ်စွဲနေထိုင်နေတဲ့ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာတွေကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ မြိုင်-ပကဖ က နိုဝင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီပျုစောထီးအထိုင်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် သုံးဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့ပြီး သေဆုံးထိခိုက်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာကို တိုက်ခိုက်ပြီးနောက် ပင်တောင်ပျုစောထီးစခန်းကို ဆက်လက်တိုက်ခိုက်ရာမှာ အင်အားအလုံးအရင်းနဲ့ စစ်အုပ်စုတပ်တွေ စစ်ကူရောက်လာတာကြောင့် နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီ ပျူစောထီးရွာတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နိုဝင်ဘာလ ၁ ရက်မှာ ဆိပ်ဖြူ ကပစ ၂၂ ကနေ တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းဝင်လာတာကြောင့် တော်လှန်ရေးတပ်တွေ နောက်ဆုတ်ပေးထားပြီး စစ်ရေးအရ အပြန်အလှန် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်…
-

လူငယ် တယောက် ကို အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ ပိုင်အုပ်စိုးအောင်
မင်းမဲ့စရိုက်ဆန်စွာ အပြစ်မဲ့ လူငယ်တစ်ယောက်ကို အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တက်သစ်စ မင်းသား ပိုင်အုပ်စိုးအောင် တက်သစ်စမင်းသား ပိုင်အုပ်စိုးအောင် နဲ့ မကြာမီကပြုလုပ်ခဲ့တဲ့ Waterzonic EDM festival ကြီးမှာ ဝင်ရောက်ဖျော်ဖြေမဲ့ DJ Awra (ခ) ဩရထွန်း တို့အ ပေါင်းအပါများ မင်းမဲ့စရိုက်ဆန်စွာ အပြစ်မဲ့ လူငယ် တစ်ယောက်အား လက်နက်ဖြင့်ပါ ထိုးနှက်ရမ်းကားမှု… ဖြစ်စဉ်မှာ ရန်ကုန်မြို့လည်ခေါင်က နာမည်ကြီး လူငယ်တွေကြား အထင်ကရ နေရာဖြစ်တဲ့ the attic မှာ မင်းသား ပိုင်အုပ်စိုးအောင်နှင့် DJ Awra အပါအဝင် သင်းရတနာစု (ခ) Dora၊ DJ Wai yan (ခ) ဝေယံဖြိုး တို့ အုပ်စုမှ (မူးယစ်ဆေး…