Author: Baby Yit Lone

  • The Fetus

    The Fetus

    The fetus ဆိုတဲ့ဇာတ်ကားလေးကတော့ 2025 မှထွက်ရှိထားတဲ့ ထူးထူးခြားခြား ဇာတ်အိမ်နဲ့ Horror ကားလေးဖြစ်ပြီး ဒီကားမှာ Texas Chainsaw, Terrifier ကသရုပ်ဆောင်တွေဖြစ်တဲ့ Bill Moseley,Lauren La Vera နဲ့ Julian Curtis တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း ခရစ်နဲ့ အလက်ဆာ ဆိုတဲ့ စုံတွဲဟာ မထင်မှတ်ဘဲ ကိုယ်ဝန်ရခဲ့ပြီး အလက်ဆာဟာ သူ့အမေက သူ့ကိုမွေးရင်းဆုံးသွားတာကြောင့် ကိုယ်ဝန်ရတာကိုသိတာနဲ့ဆေးရုံကိုမသွားရဘဲ သူ့အဖေ ဆီကိုချက်ချင်းလာရမယ်လို့ သူ့အဖေကမှာထားတာကြောင့် ချက်ချင်းပဲသွားခဲ့ရပါတယ်။ လမ်းမှာတင် သူ့ကိုယ်ဝန်က သာမန် သန္ဓေသားမဟုတ်ဘဲ နတ်ဆိုးတစ်ကောင်ဖြစ်တာကို သိသွားပြီး အချိန် မနှောင်းခင် အဲ့ဒီနတ်ဆိုးသန္ဓေသားရဲ့ ဇာစ်မြစ်ကို ဖော်ထုတ်ဖို့ သူ့အဖေဆီကို အမြန်သွားခဲ့ပါတော့တယ်။ သူ့အဖေဆီရောက်တဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ပြီး သူမကိုယ်တိုင်ကရော လူသားစင်စစ်ဟုတ်ရဲ့လား သူ့အဖေကရော…

  • လှည်းကူး၊ ဒရယ်ဘိုးကျေးရွာအုပ်ချုပ်ရေးမှူးရုံး မိုင်း၊ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

    ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဒရယ်ဘိုးကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို အောက်တိုဘာ ၁၇ ရက်နေ့ ည ၆ နာရီကျော်မှာ ဖောက်ခွဲတိုက်ခိုက်ပြီး စစ်တပ်ဘက်က သေဆုံးသူရှိနိုင်တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။ YA မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့နဲ့ အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းပြီး ပြင်းအားမြင့်မိုင်း ၁ လုံး၊ လက်ပစ် ဗုံး ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ Yangon Army မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူက “မိုင်း ၁ လုံး လက်ပစ်ဗုံး ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ ပစ်မှတ်ကိုတည့်တည့်ထိတယ်။ အုပ်ချုပ်ရေးမှူးနောက်လိုက်နဲ့ ပျူစေားထီး ၁ ယောက်ကတော့ လွင့်စင်သွားတာတွေ့ရတယ်။ သေဖို့များတယ်” လို့ ပြောပါတယ်။ စစ်ကောင်စီကလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် တက်တက်ကြွကြွလုပ်နေပြီး စစ်ကောင်စီရဲ့ထောက်တိုင်တွေမို့ ခုလိုတိုက်ခိုက်တာဖြစ်သလို…

  • နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲနှင့်အတူ မကွေး PDF များ မဟာမိတ်စစ်ဆင်ရေးပြင်ဆင်

    နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲနှင့်အတူ မကွေး PDF များ မဟာမိတ်စစ်ဆင်ရေးပြင်ဆင်

    နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA) က ပိတ်ဆို့ထားတာနဲ့တပြိုင်တည်းမှာ မကွေးဒေသတွင်း PDF အဖွဲ့တွေပူးပေါင်းပြီး မဟာမိတ်စစ်ဆင်ရေးဆင်နွှဲဖို့ပြင်ဆင်နေပါတယ်။ ရခိုင်ပြည်နယ်စပ်၊ မကွေးတိုင်းအနောက်တောင်ခြမ်းက နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA) က အဘက်ဘက်ကနေပိတ်ဆို့ထားတာပါ။ ဗျူဟာကုန်းပတ်လည်က တပ်စခန်းအများစုကို AA က သိမ်းယူပြီးဖြစ်သလို ဗျူဟာကုန်းကို အဘက်ဘက်က ပိတ်ဆို့ထားတာပါ။ အောက်တိုဘာ ၁၇ ရက်နေ့အထိ စစ်ကောင်စီက ဗျူဟာကုန်းမကျရေးအတွက် လေကြောင်းပစ်ကူတွေနဲ့ စစ်ကူတွေပေးနေပေမဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ အလံဖြူထောင် လက်နက်ချခဲ့ကြတယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။ ဒီအခြေအနေမှာ အာရက္ခတပ်တော် (AA) ရဲ့ လှုပ်ရှားမှုတွေနဲ့အတူ မကွေးဒေသတွင်း PDF တွေပူးပေါင်းပြီး မဟာမိတ်စစ်ဆင်ရေးဆင်နွှဲဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ရိုးမစနေ (8 Plus ပြည်သူ့ကာကွယ်ရေးအဖွဲ့) က…

  • မန္တလေးမှာ ဆိုင်ကယ်စီး အမျိုးသမီးကို တိုက်ပြေးမှု သံသယရှိတဲ့ ကားနဲ့ ယာဉ်မောင်း ပုံတွေ ထွက်ပေါ်လာ

    မန္တလေးမှာ ဆိုင်ကယ်စီး အမျိုးသမီးကို တိုက်ပြေးမှု သံသယရှိတဲ့ ကားနဲ့ ယာဉ်မောင်း ပုံတွေ ထွက်ပေါ်လာ

    ကားအောက် ညပ်ပါသွားသူ အသက်မသေဘူးလို့ စစ်အုပ်စုက တန်ပြန် သတင်းဖြန့်ပြီး ကျူးလွန်သူကို မဖမ်းနိုင်သေး မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အဝင်ဆိုင်းဘုတ်အနီး ၁၉ လမ်းပေါ်မှာ အောက်တိုဘာ ၁၆ရက် ညဦးပိုင်းက ဆိုင်ကယ်ကို ဝင်တိုက်ပြီး ကားအောက် လူညပ်ပါလာတာကို ရပ်မပေးဘဲ မောင်းပြေးကာ လူရှင်းတဲ့ နေရာမှာ ကားအောက်ညပ်ပါလာတဲ့ အမျိုးသမီးကို ဖြုတ်ယူ၊ ကားနောက်ဖုံးထဲ ထည့်ပြီး လမ်းဘေး တစ်နေရာမှာ စွန့်ပစ်ခဲ့မှုနဲ့ ပတ်သက်ပြီး ယာဉ်တိုက်မှု ကျူးလွန်တယ်လို့ သံသယရှိတဲ့ အိမ်စီးကားနဲ့ ယာဉ်မောင်းသူရဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ အဲ့ဒီ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ရရှိတဲ့ ဓာတ်ပုံတွေမှာ ယာဉ်တိုက်မှု ကျူးလွန်တယ်လို့ သံသယရှိတဲ့ ကားဟာ တိုယိုတာ မတ်တူး အမျိုးအစား အဖြူရောင် 3J —- ဖြစ်ပြီး…

  • အင်းတော်တွင် ပကဖ ခေါ်သွားသော အရပ်သား ၁ ဦး နာရီပိုင်းအတွင်းသေဆုံး

    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အောက်တိုဘာလ ၁၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဒေသခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လေး နာရီကျော်အကြာတွင် အလောင်း လာယူရန် မိသားစုကို အကြောင်းကြားခဲ့သည်ဟု ဒေသခံများထံက သိရသည်။ အင်းတော်မြို့အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် မော်တိတ်ရွာမှ အသက် ၃၈ နှစ်အရွယ် ကိုဇော်ထွေး ကို ထိုနေ့ည ၈ နာရီခွဲခန့်တွင် ဆိုင်ကယ်ခိုးမှုတစ်ခု၏ အမှုတွဲအနေဖြင့် စစ်ဆေးရန်ရှိသည် ဟု ဆိုကာ ပကဖအဖွဲ့က ခေါ်ဆောင်သွားခြင်းဖြစ်သည်။ မော်တိတ်ရွာနှင့် တစ်မိုင်ခန့်အကွာတွင်ရှိသည့် ရွာသာယာကျေးရွာကို ခေါ်ဆောင်သွားကြခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၂ ရက်နေ့ ည ၁ နာရီခန့်တွင် ကိုဇော်ထွေးသေဆုံးသွား၍ အလောင်းလာယူရန် ပကဖက အကြောင်းကြားခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များနှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ “ဆိုင်ကယ်ခိုးမှုသံသယနဲ့…