Author: Baby Yit Lone

  • Detective Ujjwalan (2025)

    Detective Ujjwalan (2025) ဉာဏ်ကြီးရှင်စုံထောက်

    IMDb 6.2

    Netflix ကထုတ်လွှင့်တဲ့ သည်းထိပ်ရင်ဖိုနဲ့ ဟာသပေါင်းစပ်ထားတဲ့ စုံထောက်ကားသစ်လေး တင်ဆက်ပေးထားပါတယ်။

    ဇာတ်လမ်းကတော့ ရာဇဝတ်မှုကင်းစင်ပြီး အမှုဆိုလို ငှက်ပျောသီး အုန်းသီးလောက်ပဲ အခိုးခံရတဲ့ရွာလေးနဲ့ အစချီထားပါတယ်..

    ဒီရွာလေးရဲ့ နှစ် ၅၀ပြည့်အထိမ်းအမှတ်မှာ SI ဆာချင်တစ်ယောက် မိန့်ခွန်းပြောလေတော့ ဒီရွာမှာ ပြစ်မှုမရှိလို ရဲတွေတောင်ပျင်းနေရကြောင်း အစချီပြောလိုက်လေတော့ မိန့်ခွန်းထုတ်လွှင့်ပြီးနောက်ရက်မှာတင် ရွာထဲက လူတစ်ယောက် ရက်ရက်စက်စက် သတ်ခံထားရပါလေရော…

    နှစ်ချီ အခင်းမဖြစ်ဖူးတော့ လုပ်ထုံးလုပ်နည်းတွေတောင်မေ့နေကြတဲ့ ရဲတွေအဖို အူဂျဝါလန်ဆိုတဲ့လူကို အကူညီတောင်းရပါတော့တယ်..

    အူဂျဝါလန်က ဘာလဲဆိုရင်တော့ စုံထောက်ကားတွေအကြည့်များပြီး နေရာစုံ ထောင့်စေ့အောင်ကြည့်တတ်ပြီး ရေပုံးပျောက်မှုကအစ ဆွဲကြိုး နေရာအထားမှားမှုအဆုံးထိအမှုတိုင်းဖြေရှင်းနိုင်သူပါ။

    ရဲတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်သူပေါ့။

    သာမန်ခိုးမှုလေးတွေပဲ ဖြေရှင်းတတ်တဲ့လူက ပထမဆုံးလူသတ်မှုကို ကိုင်တွယ်ရတဲ့အခါမှာတော့
    သူ့ဉာဏ်ရည်နဲ့ ဘယ်လိုတွေနှစ်ပါးသွားမယ်ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦးရှင်

  • ရခိုင်ရိုးမအရှေ့ခြမ်းဥသျှစ်ပင်ကပစ(၁၆)အနီးမှ စစ်တပ်၏အခိုင်အမာတည်ဆောက်ထားသည့်ကာ ကင်းစခန်းတစ်ခုကိုAAနှင့်ပူးပေါင်းတပ်မှသိမ်းပိုက်

    (စစ်တပ်မိသားစုဝင် ၃၀ ခန့်ကိုပါဖမ်းမိပြီး စစ်သား ၄၀ ကျော်သေဆုံးကာလက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိဟုဆို)

    ရခိုင်ရိုးမအရှေ့ခြမ်း ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ မသုန်ရွာ ကပစ (၁၆) အနီးမှအကြမ်းဖက်စစ်တပ်၏ အခိုင်အမာတည်ဆောက်ထားသည့် ကာကင်းတစ်ခုကိုအာရက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်များကအောက်တိုဘာ ၁၄ ရက်နေ့က သိမ်းပိုက်ခဲ့သည်ဟုသတင်းရရှိသည်။

    တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်၏ အမျိုးသမီးများအပါအဝင် မိသားစု ဝင် ၃၀ ခန့်ကိုပါ လက်ရဖမ်းမိထားပြီး စစ်သား ၄၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်း များပါ သိမ်းဆည်းရမိသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုသည်။

    ” ကပစ(၁၆)ရဲ့အပြင်ဖက်မှာရှိတဲ့ အရင်ကတည်းကနေ အခိုင်အမာတည်ဆောက် ထားတဲ့စ ခန်းကုန်းကို (AA)နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်တာ။အဲဒီ စခန်းကုန်းအနားမှာ စစ်တပ်မိသားစုဝင်တွေနေတယ်လေ။ အရင်ကတည်းက။ မနေ့ က အဲဒီစခန်းကာကင်းကိုသိမ်းပြီး မိသားစုဝင်တွေအမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၃၀ လောက်ရှိမယ်။ ဖမ်းမိတာ” ဟုပြောသည်။

    ၎င်းကာကင်းစခန်းသည်ကပစ(၁၆)စက်ရုံအားကာကွယ်ရန် အထပ်ထပ်ချထား သော ကာကင်းစခန်းများထဲက တစ်ခုဖြစ်ပြီး ကပစ(၁၆)ကိုမရောက်ရှိခင် ယခင် ကတည်းကအခိုင်အမာတည်ရှိသောစခန်းကုန်းတစ်ခုဖြစ်ကြောင်းဒေသခံများကပြောသည်။

    တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဖက်က၄၀ထက်မနည်းသေဆုံးပြီးလက်နက်ခဲ ယမ်းအမြောက်အမြားကိုလည်းသိမ်းဆည်းရမိခဲ့သည်ဟုမြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “သေတာကတော့ ၄၀ ထက်မနည်းပဲ။ လက်နက်တွေလည်းအများကြီးရလိုက်တယ်” ဟုပြောသည်။

    ရခိုင်ရိုးမအောက်ခြေရှိ မသုန်ရွာအနီးက ကပစ (၁၆) သည် ဗုံးသီးအမျိုးမျိုး၊ခဲ ယမ်းအမျိုးမျိုးထုတ်လုပ်နိုင်ရန် ယမ်းအဓိကချက်သည့် ကပစစက်ရုံတခု ဖြစ်သည်။

    ရခိုင်ရိုးမနှင့်ထိစပ်နေသည့်ပန်းတောင်းမြို့နယ်အတွင်းတွင်ကာကွယ်ရေးပစ္စည်း စက်ရုံ၅ရုံရှိပြီးအာရက္ခတပ်တော်နှင့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ၏ထိုးစစ်မှာ တဖြည်းဖြည်းကပစစက်ရုံများအနီးသို့ရောက်ရှိလာပြီဟုသိရသည်။

    ပန်းတောင်းမြို့နယ်အပိုင် ဥသျှစ်ပင်မြို့၊ ကမြိုင်ရွာတွင်ကပ (၅)၊ ညောင်ခြေထောက် ကျေးရွာတွင် ကပစ(၆)၊ ညောင်ခြေထောက်စက်ရုံနှင့် တဆက်တည်းတွင်ကပစ (၃)၊ မသုန်ရွာအနီးတွင်ကပစ (၁၆) ၊ ပုသိမ်-မုံရွာလမ်းပိုင်းအနီးရှိ ဥသျှစ်ပင်မြို့နယ်၊ ကျောက်ဖူးကျေးရွာတွင်ကပစ(၉)တို့တည်ရှိပြီး ၎င်းစက်ရုံများမှာ လက်ရှိ ခြိမ်းခြောက်ခံနေရသည့်အနေအထားသို့ရောက်ရှိနေပြီဖြစ်ကြောင်းစစ်ရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

    ယခုသတင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်ဘက် တစ်စုံတစ်ရာ သတင်းထုတ် ပြန်ချက်တော့ မရှိသေးပါ။

  • ခရစ်စမတ်ညမှာ အမူးလွန်အောင်သောက်ပီး မနက်ကျမိန်းမနဲ့ ခလေးတွေပါရနေသောအခါ…

    ✨ခရစ်စမတ်ညမှာ အမူးလွန်အောင်သောက်ပီး မနက်ကျမိန်းမနဲ့ ခလေးတွေပါရနေသောအခါ…

    Sw-itc-h (202-3)

    ‘——————————————–‘
    18နှစ်ပြည့်ပီးဘဝအကြောင်းကိုသင်ယူချင်တဲ့ညိုကီတို့အတွက့်

  • The Strangers: Chapter 1

    The Strangers: Chapter 1

    ဇာတ်လမ်းအကျဉ်း

    စုံတွဲတစ်တွဲက ၅ နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်

    အမေရိကန်နိုင်ငံထဲကို ကားပတ်မောင်းကြတယ်။

    ထုံးစံအတိုင်း လူနည်းစုလေးပဲ နေတဲ့ မြို့ကိုရောက်သွားတယ်၊

    ကားပျက်သွားတယ်၊ အိမ်ငှားပြီး ညအိပ်ရတယ်။

    ညကျတော့ မျက်နှာဖုံးနဲ့လူတစ်စု ရောက်လာပြီး

    လိုက်သတ်တယ်။ အဓိကကတော့ ဘယ်သူတွေက

    ဘာလို့ ဒီလိုလုပ်ရပြီ သူတို့စုံတွဲ လွတ်အောင်ဘယ်လိုရုန်းရမလဲ

    ပြထားတာပါပဲ။

    ကြည့်ကြည့်ကြပါဦး။

  • The Strangers: Chapter 2 (2025)

    The Strangers: Chapter 2 (2025)

    The Strangers: Chapter 2 (2025)

    IMDb Rating (4.9) / Rotten Tomatoes (15%)

    အရင်ထွက်ခဲ့တဲ့ Strangers ကားတွေရဲ့အဆက်ပါပဲ။

    Chapter1 တုန်းက တောအုပ်ထဲမှာ အသတ်ခံရတဲ့ မာယာတို့စုံတွဲမှာမာယာ ၁ ယောက်ပဲ လွတ်မြောက်လာခဲ့ပါတယ်။

    ဒီလိုအမှုတွေဖြစ်နေတာ နှစ်နဲ့ချီပြီးလူတွေ ၁၅ ယောက်လောက်အထိ ဒီအမည်မသိမျက်နှာဖုံးစွပ်လူတစ်စုရဲ့ သတ်ဖြတ်ခြင်းကိုခံနေရတာပါ။

    ဒီဇာတ်လမ်းမှာတော့ လွတ်မြောက်လာတဲ့ မာယာကို လိုက်လံသတ်ဖြတ်ရင်း ဒီလူသတ်သမားတွေက ဘယ်သူတွေလဲ ဘာကြောင့်လိုက်သတ်နေတာလဲ သိရမှာပါ။