(စစ်တပ်မိသားစုဝင် ၃၀ ခန့်ကိုပါဖမ်းမိပြီး စစ်သား ၄၀ ကျော်သေဆုံးကာလက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိဟုဆို)
ရခိုင်ရိုးမအရှေ့ခြမ်း ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ မသုန်ရွာ ကပစ (၁၆) အနီးမှအကြမ်းဖက်စစ်တပ်၏ အခိုင်အမာတည်ဆောက်ထားသည့် ကာကင်းတစ်ခုကိုအာရက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်များကအောက်တိုဘာ ၁၄ ရက်နေ့က သိမ်းပိုက်ခဲ့သည်ဟုသတင်းရရှိသည်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်၏ အမျိုးသမီးများအပါအဝင် မိသားစု ဝင် ၃၀ ခန့်ကိုပါ လက်ရဖမ်းမိထားပြီး စစ်သား ၄၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်း များပါ သိမ်းဆည်းရမိသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုသည်။
” ကပစ(၁၆)ရဲ့အပြင်ဖက်မှာရှိတဲ့ အရင်ကတည်းကနေ အခိုင်အမာတည်ဆောက် ထားတဲ့စ ခန်းကုန်းကို (AA)နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်တာ။အဲဒီ စခန်းကုန်းအနားမှာ စစ်တပ်မိသားစုဝင်တွေနေတယ်လေ။ အရင်ကတည်းက။ မနေ့ က အဲဒီစခန်းကာကင်းကိုသိမ်းပြီး မိသားစုဝင်တွေအမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၃၀ လောက်ရှိမယ်။ ဖမ်းမိတာ” ဟုပြောသည်။
၎င်းကာကင်းစခန်းသည်ကပစ(၁၆)စက်ရုံအားကာကွယ်ရန် အထပ်ထပ်ချထား သော ကာကင်းစခန်းများထဲက တစ်ခုဖြစ်ပြီး ကပစ(၁၆)ကိုမရောက်ရှိခင် ယခင် ကတည်းကအခိုင်အမာတည်ရှိသောစခန်းကုန်းတစ်ခုဖြစ်ကြောင်းဒေသခံများကပြောသည်။
တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဖက်က၄၀ထက်မနည်းသေဆုံးပြီးလက်နက်ခဲ ယမ်းအမြောက်အမြားကိုလည်းသိမ်းဆည်းရမိခဲ့သည်ဟုမြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“သေတာကတော့ ၄၀ ထက်မနည်းပဲ။ လက်နက်တွေလည်းအများကြီးရလိုက်တယ်” ဟုပြောသည်။
ရခိုင်ရိုးမအောက်ခြေရှိ မသုန်ရွာအနီးက ကပစ (၁၆) သည် ဗုံးသီးအမျိုးမျိုး၊ခဲ ယမ်းအမျိုးမျိုးထုတ်လုပ်နိုင်ရန် ယမ်းအဓိကချက်သည့် ကပစစက်ရုံတခု ဖြစ်သည်။
ရခိုင်ရိုးမနှင့်ထိစပ်နေသည့်ပန်းတောင်းမြို့နယ်အတွင်းတွင်ကာကွယ်ရေးပစ္စည်း စက်ရုံ၅ရုံရှိပြီးအာရက္ခတပ်တော်နှင့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ၏ထိုးစစ်မှာ တဖြည်းဖြည်းကပစစက်ရုံများအနီးသို့ရောက်ရှိလာပြီဟုသိရသည်။
ပန်းတောင်းမြို့နယ်အပိုင် ဥသျှစ်ပင်မြို့၊ ကမြိုင်ရွာတွင်ကပ (၅)၊ ညောင်ခြေထောက် ကျေးရွာတွင် ကပစ(၆)၊ ညောင်ခြေထောက်စက်ရုံနှင့် တဆက်တည်းတွင်ကပစ (၃)၊ မသုန်ရွာအနီးတွင်ကပစ (၁၆) ၊ ပုသိမ်-မုံရွာလမ်းပိုင်းအနီးရှိ ဥသျှစ်ပင်မြို့နယ်၊ ကျောက်ဖူးကျေးရွာတွင်ကပစ(၉)တို့တည်ရှိပြီး ၎င်းစက်ရုံများမှာ လက်ရှိ ခြိမ်းခြောက်ခံနေရသည့်အနေအထားသို့ရောက်ရှိနေပြီဖြစ်ကြောင်းစစ်ရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။
ယခုသတင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်ဘက် တစ်စုံတစ်ရာ သတင်းထုတ် ပြန်ချက်တော့ မရှိသေးပါ။


Leave a Reply