Author: Baby Yit Lone

  • မနောဖြူစင်ဆရာတော်

    မနောဖြူစင်ဆရာတော်

    မြန်မာ့လူမှုကွန်ယက် (Facebook/TikTok) ပေါ်တွင် “ထေရာဝံသာလင်္ကာရ (ခေါ်) မနောဖြူစင်ဆရာတော်” ဟူသော ဘွဲ့အမည်ခံကာ

    သာသနာ့အရှက်ရဖွယ် ပြုမူနေသူတစ်ဦး၏ အကြောင်းကို ရဟန်းရှင်လူအများ သိရှိနိုင်စေရန် ဖော်ပြအပ်ပါသည်။

    ​အဆိုပါပုဂ္ဂိုလ်သည် နေပြည်တော်၊ ပျဉ်းမနား၊ ကန်ဦးကျေးရွာ (အုန်းတောကျောင်း) တွင် သီတင်းသုံးသည်ဟု အမည်ခံထားသော်လည်း

    လက်တွေ့တွင် ရဟန်းသံဃာတစ်ပါး၌ ရှိသင့်ရှိထိုက်သည့် ဝိနည်းသိက္ခာများ လုံးဝကင်းမဲ့နေသည်ကို တွေ့ရှိရပါသည်။

    ၎င်းသည် လိင်တူချစ်သူများစွာနှင့် ပတ်သက်မှုရှိခြင်း၊ ကလေးသူငယ်များ (ကျား/မ မရွေး) အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားမှုများ ပြုလုပ်ခြင်းတို့ကြောင့်

    ရဟန်းသံဃာတို့ လိုက်နာအပ်သည့် ‘ပါရာဇိက’ ကံထိုက်ထားပြီးဖြစ်သော အလဇ္ဇီတစ်ဦး ဖြစ်ပါသည်။

    ​ထို့အပြင် ၎င်းသည် ပထမငယ်တန်းသာ အောင်မြင်ထားသော်လည်း ဓမ္မာစရိယနှင့် လင်္ကာရဘွဲ့များစွာ ရရှိထားသယောင် လိမ်ညာလှည့်ဖြား၍ သာသနာတော်ကို အလွဲသုံးစား ပြုလုပ်နေပါသည်။

    ဒေသခံ ရွာသူရွာသားများအပေါ် အာဏာပိုင်များနှင့် ပေါင်း၍ သတင်းမှားပေးခြင်း၊ ဖမ်းဆီးစေခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက် နှိပ်စက်မှုများ ပြုလုပ်နေကြောင်း သိရှိရပါသည်။

    ​ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအပေါင်းတို့အနေဖြင့် သာသနာတော် ညှိုးနွမ်းစေမည့် ဤကဲ့သို့သော အကျင့်ပျက်ပုဂ္ဂိုလ်များ၏ လှည့်ဖြားမှုကို မခံရလေအောင်နှင့်

    သာသနာ့အရိပ်ကို ခိုလှုံကာ မကောင်းမှုပြုနေသူများအား ဝိုင်းဝန်းရှုတ်ချ၊ ဖယ်ကြဉ်ပေးကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

    ​🛑 သက်ဆိုင်သူ,အများသိစေရန်🛑

    ပေးပို့လာ၍ အသိပေးတင်ပြပါသည်။ဤသတင်းကိုသိရှိသူများ

    မှတ်ချက်ပြုပေးကြပါ။

    ❗ဗုဒ္ဓဘာသာဝင်များသိစေရန်ကြေညာခြင်း❗

    လူမှုကွန်ယက်Tiktok တွေပေါ်မှာ…

    ဦးဇင်းတစ်ပါးကိုယောကျာ်းလေးတွေနဲ့(လိင်တူချစ်သူ)တူတူတွဲပီးသွားလာတဲ့videoတွေမြင်ဖူးကြမှာပါ😏

    ကိုယ်အမူအရာ၊အပြောအဆိုကအစ ရဟန်းကောင်းတစ်ယောက်ရဲ့ရှိသင့်ရှိထိုက်တဲ့ဂုဏ်အရည်အချင်း၊သိက္ခာ၊ဝိနည်းတွေနဲ့ဆန့်ကျင်နေပါတယ်။

    ထိုသူအကြောင်းအပြည့်အစုံမှာ…

    ရဟန်းဘွဲ့အမည် ထေရာဝံသာလင်္ကါရ(မနောဖြူစင်ဆရာတော်)၊

    နေရပ်လိပ်စာ….ကန်ဦးကျေးရွာ(အုန်းတောကျောင်း)ပျဥ်းမနားနေပြည်တော်။

    …အမှန်တကယ်တော့ ပထမငယ်တန်းအောင်ထားပီးသူပါ။

    လင်္ကါရဘွဲ့ရရှိသူမဟုတ်သလို ဉာဏ်ပညာနိမ့်ကျသူတစ်ယောက်ပါ။

    ဟိုးအရင်ကတည်းကရွာမှာ ကလေးသူငယ်တွေအပေါ် sex အမြတ်ထုတ်တာတွေရှိပီး လိင်တူဆက်ဆံသူတစ်ယောက်၊ တဏှာကာမအားကြီးသူဆိုတာ ဒေသခံရွာသူရွာသားတော်တော်များများသိပါတယ်။

    လိင်တူအပြင်အခွင့်ကြုံရင်ကြုံသလိုကလေးငယ်များ(မိန်းမ၊ယောကျာ်းမရွေး)အပေါ် လိင်ကိစ္စအမြတ်ထုတ်သူတစ်ယောက်ပါ။

    လိင်တူချစ်သူများစွာရှိပီး ‘ပါရာဇိက’ကျထားသူဖြစ်သည့်အပြင် ပထမငယ်အောင်ရုံအဆင့်ကို ဓမ္မာစရိယနဲ့လင်္ကါရဘွဲ့များစွာတပ်ပီး လိမ်ညာနေသူတစ်ယောက်ပါ။

    အာဏာပိုင်များကိုကပ်၍ ပေါင်းပီးတိုင်တန်းသူများကို ပေါ်တာဆွဲခြင်း၊ အကြမ်းဖက်ဟုသတင်းမှားပေးကာဖမ်းဆီးစေခြင်းများလုပ်ဆောင်လျှက်ရှိပါတယ်။

    ဗုဒ္ဓသာသနာအတွက် အရှက်ရဖွယ်သိက္ခာကျစရာ အလဇ္ဇီကာမကတုံးပါ။

    ဦးကျော်ဝင်း(အုန်းတောရွာ)

  • NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင်၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဒုဝန်ကြီးနဲ့ PDF တပ်မှူးအချို့ပဲခူးတိုင်းကမြို့ပေါ်တနေရာမှာ လမ်းလျှောက်ထွက်

    NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင်၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဒုဝန်ကြီးနဲ့ PDF တပ်မှူးအချို့ပဲခူးတိုင်းကမြို့ပေါ်တနေရာမှာ လမ်းလျှောက်ထွက်

    NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင်၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဒုဝန်ကြီးနဲ့ PDF တပ်မှူးအချို့ပဲခူးတိုင်းကမြို့ပေါ်တနေရာမှာ လမ်းလျှောက်ထွက်

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင် စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

    ​နေရာ​ဒေသ နဲ့ အချိန်ကာလကိုဖော်ပြမထားပေမယ့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဒုဝန်ကြီးနိုင်ကောင်းရွက်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးနဲ့PDFတပ်မှူးအချို့ဟာ မြို့ပေါ် လူနေရပ်ကွက် အခုမှာ အရပ်ဝတ်တွေနဲ့ သက်တောင့်သက်သာ အနေအထားနဲ့ လမ်းလျှောက်နေကြတာ တွေ့ရပါတယ်။

    မိနစ်ဝက်ခန့်သာရှိတဲ့ ရုပ်သံမှာ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက အခု နေရာဟာ ပဲခူးတိုင်းအတွင်း စိုးမိုးထားတဲ့နေရာလို့ ပြောပါတယ်။

    “ငါ့အကိုလည်းတောထဲမှာမဟုတ်တော့ဘူး။ ငါ့အကိုလည်း မြို့ပေါ်မှာ မြို့သားကြီး ပြန်ဖြစ်သွားပြီ”လို့ ရှေ့ဆုံးက နေကာမျက်မှန်နဲ့ လမ်းလျှောက်နေတဲ့ ဦးမင်းကိုနိုင်ကို ရဲဘော်တင်ဦးက စနောက်နေတာကိုလည်း ရုပ်သံမှာတွေ့ရပါတယ်။

    စစ်အုပ်စုဘက်ကတော်လှန်ရေးခေါင်းဆောင်တွေကို နိုင်ငံခြားမှာနေထိုင်ကြသူတွေလို့ဝါဒဖြန့်တိုက်ခိုက်​​​လေ့ရှိကြပေမယ့် ခေါင်းဆောင်တွေဟာ မြေပြင်မှာရှိနေတာကို တွေ့နေရတယ်လို့ ရုပ်သံပေးပို့တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    “မအလ ရက် ၁၀၀ လုပ်မနေနဲ့ ဒီမှာက ရပ်ကွက်တွေထဲ လျှောက်သွားပြီ။ နေပြည်တော်ရောက်တော့မယ်”လို့လည်းသတင်းရင်းမြစ်က တော်
    လှန်ရေးခေါင်းဆောင်တွေ ရဲ့ မြေပြင်ကွင်းဆင်းနေတဲ့ အခြေအနေကို ပြောပါတယ်။

    NUG ယာယမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး တို့ အပါအဝင် ဝန်
    ကြီး ဒုဝန်ကြီးတွေ မြေပြင်ကွင်းဆင်းတာ၊ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံတာ၊ ရှေ့တန်းစခန်းတွေ သွားရောက်တာ၊ စစ်မြေပြင်ဒေသတွေ သွားရောက်တာ စတဲ့ မှတ်တမ်းတွေကိုလည်း ထုတ်ပြန်ခဲ့ဖူးပါတယ် ။

    ရုပ်သံ-​YNLP

  • ပန်ဆယ်လို အိမ်ချိတ်ပိတ်ခံရတုန်းက ဝမ်းသာအားရ ပိုစ့်တင်ခဲ့တဲ့တပ်ထောက်ခံသူတစ်ဦး

    ပန်ဆယ်လို အိမ်ချိတ်ပိတ်ခံရတုန်းက ဝမ်းသာအားရ ပိုစ့်တင်ခဲ့တဲ့တပ်ထောက်ခံသူတစ်ဦး

    ပန်ဆယ်လို အိမ်ချိတ်ပိတ်ခံရတုန်းက ဝမ်းသာအားရ ပိုစ့်တင်ခဲ့တဲ့တပ်ထောက်ခံသူတစ်ဦး သူ့အိမ်ကို စစ်တပ်က ဖျက်လို့ ရူးမတတ်အောင် ခံစားနေရဟုဆို

    စစ်အာဏာရှင်တော်လှန်ရေးမှာ ရန်ပုံငွေရှာဖွေရေးမှာ အင်တိုက်အားတိုက် ပါဝင်ခဲ့သူ မပန်ဆယ်လို ရဲ့အိမ် ချိတ်ပိတ်ခံရတုန်းက ဝမ်းသာအားရပိုစ့် တင်ခဲ့တဲ့ စိမ်းမို့ ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ မကြာသေးခင်ကာလ က သူ့အိမ်ကို စစ်တပ်က ဘူဒိုဇာ နဲ့ထိုးဖျက်သွားတဲ့အတွက် ရူးမတတ်အောင်ခံစားရတယ်လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာတွေ့ရပါတယ်။

    စိမ်းမို့ ဆိုတဲ့ ဖေ့ဘုတ်အကောင်ပိုင်ရှင်ဟာ စစ်တပ်အသိုင်းနဲ့ နီးစပ်ပတ်သက်သူဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ထောက်ခံတဲ့ ပိုစ့်တွေလည်းတင်ခဲ့သူဖြစ်ပါတယ်။

    ဒီရက်ပိုင်းမှာ စစ်ကောင်စီ တပ်တွေဟာ ရန်ကုန်နဲ့တခြားမြို့တွေက ရပ်ကွက်တွေမှာ ကျူးကျော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိမ်တွေကို ဖျက်စီးဖယ်ရှားနေတာဖြစ်ပါတယ်။

    “စစ်ကောင်စီက အခုလိုလုပ်ရပ်တွေဟာ ပြည်သူတွေကို အကြောက်တရားပိုအောင်လုပ်တာ”လို့ ပြည်သူတစ်ဦးက ဝေဖန်ပါတယ်။

    အာဏာသိမ်းပြိးနောက်ပိုင်း စစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနဲ့ တခြားမြို့တွေအပြင် မြန်မာနိုင်ငံအထက်ပိုင်းက ကျေးရွာတွေနဲ့ တိုင်းရင်သားဒေသကကျေးရွာတွေကို မီးရှို့ဖျက်စီးတာ၊ ဘူဒိုဇာနဲ့ထိုးပြီးဖျက်စီးတာတွေ ကို ဆက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။

    အဖျက်ခံရတဲ့အိမ်တော်တော်များများဟာ နှစ် ၂၀ အထက် နေထိုင်လာသူတွေများပြီး တန်ဖိုးအားဖြင့် သိန်းထောင်ကျော်တန်ကနေ သိန်းဆယ် ဂဏန်းအထိ တန်တဲ့အိမ်တွေပါဝင်ပါတယ်။

  • ကြောင် Spa အမည်ခံကာ အမျိုးသမီးငယ်လေးတွေကို နှိပ်စက် လိင်ကျွန်ပြုနေတဲ့ ငရဲခန်း

    ကြောင် Spa အမည်ခံကာ အမျိုးသမီးငယ်လေးတွေကို နှိပ်စက် လိင်ကျွန်ပြုနေတဲ့ ငရဲခန်း

    ပရိသတ်တို့ရေ…

    ဒီနေ့မှာတော့ ရင်နာစရာကောင်းလွန်းလို့ ဖတ်ရင်းနဲ့တောင် ဒေါသထွက်မိမယ့် သတင်းတစ်ခုကို ဝေမျှချင်ပါတယ်။

    “ကြောင်စပါး” (ကြောင်လေးတွေကို ရေချိုး အလှပြင် ပေးတဲ့နေရာ)

    ဆိုတဲ့ ဆိုင်းဘုတ်လှလှလေး နောက်ကွယ်မှာ အပြစ်မဲ့တဲ့ ကလေးငယ်လေးတွေကို တိရစ္ဆာန်တွေထက်တောင် ဆိုးဆိုးရွားရွား နှိပ်စက်ပြီး ကာမရောင်းစားနေတဲ့ငရဲခန်း တစ်ခုအကြောင်းပါ။

    ထိုင်းနိုင်ငံ၊ ပထုံဌာနီမှာ ဖြစ်ပွားခဲ့တာပါ။

    အပြင်ပန်းကြည့်ရင်တော့ ကြောင်လေးတွေကို ရေချိုးပေးတဲ့၊ ပြုစုပေးတဲ့ ဆိုင်လေးပေါ့။

    ဒါပေမဲ့ တကယ်တမ်းကျတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်လေးတွေကို အခန်းပိတ်ပြီး အဓမ္မစေခိုင်းနေတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။

    အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်လေးတစ်ဦးကို ကယ်တင်နိုင်ခဲ့ရာကနေ ဒီလို စက်ဆုပ်ဖွယ်ရာ အမှောင်လောကကြီး ပေါ်ပေါက်လာခဲ့တာပါ။

    အဆိုးဆုံးက ဘာလဲဆိုတော့ ဒီကလေးမလေးတွေဟာ တစ်နေ့ကို ဧည့်သည် ၇ ယောက်အထိ မနားတမ်း လက်ခံရတာပါ။

    ဒါတင်မကသေးပါဘူး…

    အမျိုးသမီး သဘာဝ ရာသီသွေးဆင်းနေတဲ့ အချိန်မျိုးမှာတောင် နားခွင့်မရဘဲ “ဂွမ်းဖတ်” တွေကို အင်္ဂါထဲ အတင်းထိုးထည့် ခိုင်းစေပြီး ဧည့်သည်ကို ဖျော်ဖြေခိုင်းတာပါ။

    ငြင်းဆန်လို့လည်း မရဘူး၊ ဧည့်သည်ကို စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်ရင်လည်း ဆိုင်ရှင်ဇနီးမောင်နှံရဲ့ ရိုက်နှက်နှိပ်စက်တာကို ခံရပါသေးတယ်။

    ကောင်မလေးတွေကို နေ့တိုင်း အလုပ်ဆင်းခိုင်းတယ်။

    ၁ လမှာ ရက် ၃၀ ရှိရင် ရက် ၃၀ လုံးဆင်းခိုင်းတာတဲ့ရှင့်။

    ကောင်မလေး ၁ ဦးကို၊ ယောက်ျား ၇ ယောက်နဲ့ အိပ်ခိုင်းတယ်။

    မအိပ်နိုင်ရင်၊ ဒါမှမဟုတ် ရက် ၃၀ မဆင်းနိုင်ရင် ပိုက်ဆံမပေးဘူး။

    မိန်းကလေးတွေ ၁ လ ၁ ခါ ရာသီဖြစ်နေရင်လဲ သွေးမထွက်အောင် သွေးစုပ်တဲ့ ဂွမ်းနဲ့ ပိတ်ခိုင်းပီး ဆက်ဆံခိုင်းတယ်။

    ဒီလို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်နေတာ ၇ နှစ်တောင် ရှိပြီတဲ့ရှင်။

    ဘဏ်အကောင့်တွေထဲမှာ လည်ပတ်နေတဲ့ ငွေတွေက ဘတ်သန်း ၂၀ ကျော်နေပါပြီ။

    ကလေးငယ်လေးတွေရဲ့ ဘဝကို ဖျက်ဆီးပြီး ရလာတဲ့ ဒီငွေတွေဟာ ဘယ်လောက်တောင် ရွံစရာကောင်းလိုက်သလဲ။

    အထဲမှာ အခန်းငယ်လေးတွေ များစွာရှိပီး၊ ကွန်ဒုံးဘူး ၅၀၀ ဖာကိုတွေ့တော့၊ ဒီကွန်ဒုံးတွေ ဘာလုပ်ဖို့လဲ မေးတဲ့အခါ သူတို့လင်မယားတွေက ကြောင်ကွန်ဒုံးတွေလို့ပြောတယ်။

    ဘယ်ကြောင်က ကွန်ဒုံးစွပ်လဲတော့ မသိဘူး။

    အခုတော့ တရားခံတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်ပေမဲ့ ကလေးငယ်လေးတွေရဲ့ ရင်ထဲက ဒဏ်ရာတွေကတော့ ဘယ်တော့မှ ပျောက်ပါ့မလဲနော်။

    ဒီဖြစ်ရပ်ကနေ ကျွန်မတို့အားလုံး သင်ခန်းစာယူရမှာက…

    အပြင်ပန်း လှလှပပ ဟန်ဆောင်ထားတဲ့ လုပ်ငန်းတိုင်းဟာ တကယ်ပဲ ရိုးသားရဲ့လားဆိုတာ မျက်မှောက်မပြတ် စောင့်ကြည့်ဖို့ လိုအပ်သလို၊ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်က ကလေးငယ်တွေကိုလည်း ဒီလို ဘေးအန္တရာယ်တွေကနေ ဝိုင်းဝန်းကာကွယ်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်ရှင်။

    မိမိတို့ ပတ်ဝန်းကျင်မှာ ဒီလို မသင်္ကာစရာ ဖြစ်ရပ်မျိုးတွေ တွေ့ရှိခဲ့ရင်လည်း သက်ဆိုင်ရာကို အမြန်ဆုံး အသိပေးကြပါဦးလို့ သတိပေး နှိုးဆော်လိုက်ပါတယ်ရှင်။

  • ပင်လယ်လိပ်ဥကို အားရပါးရ စားပြနေတာကြောင့် MRTV4 မင်းသမီး ဝင့်ယမုံနိုင်

    ပင်လယ်လိပ်ဥကို အားရပါးရ စားပြနေတာကြောင့် MRTV4 မင်းသမီး ဝင့်ယမုံနိုင်

    ဆယ်လီတယောက် ဖြစ်ပြီး ရှားပါးစာရင်းဝင်တဲ့ ပင်လယ်လိပ်ဥကို အားရပါးရ စားပြနေတာကြောင့် MRTV4 မင်းသမီး ဝင့်ယမုံနိုင် တယောက် ဝေဖန်ခံနေရပါတယ်။

    ပင်လယ်လိပ်တွေဟာ မျိုးသုဥ်းပျောက်ကွယ်နိုင်တဲ့ အခြေအနေရှိတာကြောင့် ဝိုင်းဝန်းစောင့်ရှောက်ဖို့ လိုအပ်နေကြောင်း ပညာရှင်တွေက အသိပေး နှိုးဆော် ထားပါတယ်။

    ဒါပေမယ့် မင်းသမီး ဝင့်ယမုံနိုင်ကတော့ လူမှုကွန်ရက်ပေါ်မှာ ဖော်လိုဝါ တိုးစေဖို့ မြိန်ရည်ယှက်ရည် စားပြခဲ့ပါတယ်။

    အဲဒီဗီဒီယိုအောက်မှာလည်း လူမှုကွန်ရက် အသုံးပြုသူတွေက ဝေဖန်နေကြပါတယ်။

    လိပ်ဥဆိုတာ ထားဝယ်ဖက်မှာ စားသုံးနေကြ ဖြစ်ပေမယ့် ပညာရှင်တွေကတော့ လုံးဝ မစားဖို့ တားမြစ် ထားကြပါတယ်။

    ကမ္ဘာနှင့် အဝှမ်းတွင်လည်း ပင်လယ်လိပ်များသည် လူများ၏ ပယောဂကြောင့်နှင့် ရာသီဥတု ပြောင်းလဲမှုများကြောင့် လွန်ခဲ့ သည့် နှစ်ငါးဆယ်အတွင်းအ လျင်အမြန် လျော့နည်းလာခဲ့ပြီး မျိုးသုဉ်းလုနီးမျိုးစိတ် (Endan-gerd Species) အဖြစ်သတ် မှတ်ကာ ထိန်းသိမ်းရေးလုပ်ငန်း များ လုပ်ဆောင်နေရသည်။

    အဓိကအားဖြင့် ပင်လယ် လိပ်များသည် ငါးဖမ်းပိုက်များ တွင် မတော်တဆဖမ်းဆီးမိပြီး နောက်စားသုံးလိုက်ခြင်း၊ ဥများ စားသုံးခြင်း၊ လိပ်ဥရန် သောင်ရှား ပါးလာခြင်းတို့ကြောင့် တဖြည်း ဖြည်းရှားပါးကာ မျိုးသုဉ်းပျောက် ကွယ်မည့် အန္တရာယ် ရင်ဆိုင် လာရခြင်းဖြစ်သည်။

    မြန်မာနိုင်ငံတွင် လိပ်ဇောင်း လျား၊ လိပ်ကြက်တူရွေး၊ပြင် သာလိပ်၊ လိပ်လှောင်း၊ လိပ်ခွေး ဟူ၍ ပင်လယ်လိပ် ငါးမျိုးနေထိုင် ကျက်စားသည်။

    ပင်လယ်လိပ်များသည် ပင်လယ် ဂေဟစနစ်ကို အထောက်အပံ ပေးပြီး ယင်းတို့နေထိုင်ကျက် စားရာဒေသများတွင် ပေါက် ရောက်လျက်ရှိသည့် ပင်လယ် မြက်၊ ရေညှိရေမှော်များကို စား သုံး၍ အညစ်အကြေးပြန်စွန့် သည်။

    ယင်းအညစ်အကြေးများ ကို ငါးပုစွန်တို့ကပြန်လည်စားသုံးခြင်းဖြင့် အစာကွင်းဆက် လည်ပတ်လျက်ရှိသည်။ ထို့အပြင် ပင်လယ်ရေထုကို အဆိပ်အတောက်ဖြစ်စေသည့် ပင်လယ်ဒီရေနီ (Red Tide) ဖြစ်ပေါ်စေနိုင်သည့် အရာများကို စားသုံးသဖြင့် ပင်လယ်လိပ် များမှာ ပင်လယ်ပြင်ဂေဟ စနစ်အတွက် အရေးပါသည့် သတ္တဝါဖြစ်သည်။

    ပင်လယ်လိပ်များ၏ ထူးခြား ချက်သည် ဥသားပေါက်ခဲ့ရာ သောင်ပြင်၏ဓာတ်ကို နှစ်ကာလ ကြာမြင့်သည်ထိ မှတ်မိနေပြီး ယင်းလိပ် အရွယ်ရောက်သား ပေါက်သည့် အခါတွင်လည်း သားပေါက်ခဲ့ရာ သောင်ပြင်သို့ လာရောက်ဥဥလေ့ရှိသည်။

    ပင်လယ်လိပ်များ၏ သဘာဝအရ လိပ်မတစ်ကောင်သည် တစ်ကြိမ်လျှင် ဥ ၁၀၀ ကျော်ဥပြီး၊ တစ်နှစ်လျှင်နှစ်ကြိမ်(သို့မဟုတ်) သုံးကြိမ်ခန့်ဥဥသည်။ သို့သော် နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများကြောင့် ယင်းနှုန်းအတိုင်းဥဥသော်လည်း ရှင်သန်မှုရာခိုင်နှုန်း နည်းပါးသွားသည်။

    အောင်မြင်စွာဥဥပြီး လိပ်ဥစားသုံးသူများ၏ရန်မှ ကင်းဝေးကာသားပေါက်လာပါကလည်း လိပ်အကောင်ပေါက်လေးများ ကို ငှက်များနှင့် အသားစားငါး များ၏ အစာအဖြစ်စားသုံးမှု အန္တရာယ်က ရှိသေးသည်။ ယင်း အန္တရာယ်များနှင့်မကြုံ တွေ့ပါ ကလည်း ပင်လယ်ထဲ မျောပါနေ သည့် ပလတ်စတစ်များနှင့် အမှိုက်များကို အစာမှတ်၍ စား သုံးခြင်းကြောင့် ထိခိုက်မှုက လည်း ရှိနေပြန်သည်။

    ပင်လယ်လိပ်များ မျိုးသုဉ်း မပျောက်ကွယ်စေရန် ငါးလုပ်ငန်း ဦးစီးဌာနသည် သားငှက်ထိန်း သိမ်းရေးအဖွဲ့ (WCS)၊ အပြည် ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန် နှင့် အပင်များအဖွဲ့(FFI) တို့နှင့် ပူးပေါင်း၍ ထိန်းသိမ်းရေးဆောင် ရွက်နေပြီး လိပ်ဥနှင့် လိပ်သား စားသုံးမှုလျော့ကျစေရန် ပညာ ပေးစည်းရုံးခြင်း၊ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရန် ဟော ပြောခြင်း၊ ပညာပေးပိုစတာများ စိုက်ထူခြင်းတို့ ပြုလုပ်နေသည်။

    ထို့အပြင် ၁၉၉၇ က စတင် ၍ အရှေ့တောင်အာရှဒေသ ပင်လယ်လိပ် မျိုးထိန်းသိမ်း ခြင်းနှင့် ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာ နားလည်မှုစာချွန် လွှာ၊ ၁၉၉၉ တွင်အရှေ့တောင် အာရှဒေသငါးလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးဗဟိုအဖွဲ့၏ အဖွဲ့ဝင်၊ ၂၀၀၁ တွင် အိန္ဒိယသမုဒ္ဒရာနှင့် အရှေ့တောင်အာရှ ဒေသနိုင်ငံ များရှိ ပင်လယ်လိပ်များနှင့်၎င်း တို့နေထိုင်ကျက်စားသွားလာရာ ဒေသများအား ထိန်းသိမ်းကာ ကွယ်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာများ ရေးထိုး ၍ ပင်လယ်လိပ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည်။

    မျိုးသုဉ်းရန် အန္တရာယ်နီး ကပ်လာသည့် ပင်လယ်လိပ်များ မျိုးဆက်ပြန့်ပွားလာစေရန် ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းမြို့နယ် သမီးလှကျွန်းပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း၊ ဘိုကလေးမြို့နယ်ကဒုံ ကနိပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးသုတေသနနှင့် ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း၊ တနင်္သာရီတိုင်းဒေသကြီးလောင်းလုံမြို့နယ် လောင်းလုံဘုတ်ကျွန်းတို့တွင်ထိန်းသိမ်းရေးလုပ်ဆောင်နေသည်။

    အဆိုပါနေရာများတွင် ပင် လယ်လိပ်များကို သဘာဝအ တိုင်းသားဖောက်ခြင်း၊ ရွှေ့ ပြောင်းသားဖောက်ခြင်းနှင့် Tag-ging ဟုခေါ်သည့် ပင်လယ်လိပ်များရွှေ့ပြောင်းသွားလာရာ လမ်း ကြောင်း၊ စားကျက်ဒေသများ၊ ဥကျင်းတက်ရောက်ရာ ဒေသ၊ ကြီးထွားမှုနှုန်း၊ သေဆုံးမှုနှုန်းများနှင့်မျိုးပွားမှုဆိုင်ရာဇီဝဗေဒ စသည့် အချက်အလက်များကို သိရှိနိုင်စေရန် လိပ်သောင်များသို့ ဥဥချရန် တက်ရောက်လာသော လိပ်မကြီးများနှင့် အခြားအ ကြောင်းအမျိုးမျိုးကြောင့် တက် လာသောလိပ်များကို အမှတ် အသား Tagging ပြုလုပ်၍ ပြန် လွှတ်ခြင်းများ ပြုလုပ်လျက် ရှိသည်။

    ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်နေသော ပင်လယ် လိပ်ပြန့်ပွားရေး လုပ်ငန်းများဖြစ် သည့် သဘာဝအတိုင်းသား ဖောက်ခြင်း၊ ရွှေ့ပြောင်းသား ဖောက်ခြင်းများအရ သမီးလှကျွန်း ၌ ၂၀၁၇- ၂၀၁၈ တွင်ပင် လယ်လိပ်ဥ ၅,၃၁၅ ဥဥခဲ့ရာမှ ၃,၉၀၁ ကောင်၊ ကဒုံကနိကျွန်း တွင် ၁,၉၅၇ ဥဥခဲ့ရာမှ ၁,၆၂၂ ကောင်ကို ပင်လယ်တွင်းသို့ပြန်လွှတ်ပေးနိုင်ခဲ့သည်။

    မြန်မာနိုင်ငံရှိ ပင်လယ်လိပ် များ၏ ဥဥသားပေါက်ချိန်သည် နိုဝင်ဘာမှမတ်လအထိ ဖြစ်ပြီး ယင်းကာလတွင် ဥများကို စောင့်ကြည့်၍ ထိန်းသိမ်းရေး လုပ်ဆောင်ရသည်။

    သားငှက်ထိန်းသိမ်းရေးအဖွဲ့က ပင်လယ်လိပ်ထိန်းသိမ်းရေးကို သီးသန့် လုပ်ဆောင်ခြင်း မရှိသေးသော်လည်း၊ ပင်လယ်လိပ်ကျက်စားရာ ရခိုင်ပြည်နယ်နှင့် တနင်္သာရီရှိ ဒေသအချို့တွင် ထိန်းသိမ်းရေးနှင့် ပညာပေးသင်တန်းများ ပြုလုပ် နေသည်။ ထို့ပြင် ဥပဒေများကို ခိုင် မာအောင်လုပ်ဆောင်၍ ထိန်း သိမ်းရေးလုပ်ငန်းများ ပိုမိုထိထိ ရောက်ရောက်ဆောင်ရွက်ပါက ရှားပါးမျိုးစိတ်ပင်လယ်လိပ်များ ကောင်ရေ ပြန်လည်ပွားများလာပေမည်။

    ပင်လယ်လိပ်များ မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရေး အတွက် ထိန်းသိမ်းရေးများ လုပ်ဆောင်သည့်အပြင် လိပ်များကိုအန္တရာယ်ပေးသည့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို စနစ်တကျ စည်းကမ်းတင်းကျပ်သင့်ပေသည်။