ပရိသတ်တို့ရေ…

ဒီနေ့မှာတော့ ရင်နာစရာကောင်းလွန်းလို့ ဖတ်ရင်းနဲ့တောင် ဒေါသထွက်မိမယ့် သတင်းတစ်ခုကို ဝေမျှချင်ပါတယ်။

“ကြောင်စပါး” (ကြောင်လေးတွေကို ရေချိုး အလှပြင် ပေးတဲ့နေရာ)

ဆိုတဲ့ ဆိုင်းဘုတ်လှလှလေး နောက်ကွယ်မှာ အပြစ်မဲ့တဲ့ ကလေးငယ်လေးတွေကို တိရစ္ဆာန်တွေထက်တောင် ဆိုးဆိုးရွားရွား နှိပ်စက်ပြီး ကာမရောင်းစားနေတဲ့ငရဲခန်း တစ်ခုအကြောင်းပါ။

ထိုင်းနိုင်ငံ၊ ပထုံဌာနီမှာ ဖြစ်ပွားခဲ့တာပါ။

အပြင်ပန်းကြည့်ရင်တော့ ကြောင်လေးတွေကို ရေချိုးပေးတဲ့၊ ပြုစုပေးတဲ့ ဆိုင်လေးပေါ့။

ဒါပေမဲ့ တကယ်တမ်းကျတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်လေးတွေကို အခန်းပိတ်ပြီး အဓမ္မစေခိုင်းနေတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။

အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်လေးတစ်ဦးကို ကယ်တင်နိုင်ခဲ့ရာကနေ ဒီလို စက်ဆုပ်ဖွယ်ရာ အမှောင်လောကကြီး ပေါ်ပေါက်လာခဲ့တာပါ။

အဆိုးဆုံးက ဘာလဲဆိုတော့ ဒီကလေးမလေးတွေဟာ တစ်နေ့ကို ဧည့်သည် ၇ ယောက်အထိ မနားတမ်း လက်ခံရတာပါ။

ဒါတင်မကသေးပါဘူး…

အမျိုးသမီး သဘာဝ ရာသီသွေးဆင်းနေတဲ့ အချိန်မျိုးမှာတောင် နားခွင့်မရဘဲ “ဂွမ်းဖတ်” တွေကို အင်္ဂါထဲ အတင်းထိုးထည့် ခိုင်းစေပြီး ဧည့်သည်ကို ဖျော်ဖြေခိုင်းတာပါ။

ငြင်းဆန်လို့လည်း မရဘူး၊ ဧည့်သည်ကို စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်ရင်လည်း ဆိုင်ရှင်ဇနီးမောင်နှံရဲ့ ရိုက်နှက်နှိပ်စက်တာကို ခံရပါသေးတယ်။

ဒီလို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်နေတာ ၇ နှစ်တောင် ရှိပြီတဲ့ရှင်။

ဘဏ်အကောင့်တွေထဲမှာ လည်ပတ်နေတဲ့ ငွေတွေက ဘတ်သန်း ၂၀ ကျော်နေပါပြီ။

ကလေးငယ်လေးတွေရဲ့ ဘဝကို ဖျက်ဆီးပြီး ရလာတဲ့ ဒီငွေတွေဟာ ဘယ်လောက်တောင် ရွံစရာကောင်းလိုက်သလဲ။

အခုတော့ တရားခံတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်ပေမဲ့ ကလေးငယ်လေးတွေရဲ့ ရင်ထဲက ဒဏ်ရာတွေကတော့ ဘယ်တော့မှ ပျောက်ပါ့မလဲနော်။

ဒီဖြစ်ရပ်ကနေ ကျွန်မတို့အားလုံး သင်ခန်းစာယူရမှာက…

အပြင်ပန်း လှလှပပ ဟန်ဆောင်ထားတဲ့ လုပ်ငန်းတိုင်းဟာ တကယ်ပဲ ရိုးသားရဲ့လားဆိုတာ မျက်မှောက်မပြတ် စောင့်ကြည့်ဖို့ လိုအပ်သလို၊ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်က ကလေးငယ်တွေကိုလည်း ဒီလို ဘေးအန္တရာယ်တွေကနေ ဝိုင်းဝန်းကာကွယ်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်ရှင်။

မိမိတို့ ပတ်ဝန်းကျင်မှာ ဒီလို မသင်္ကာစရာ ဖြစ်ရပ်မျိုးတွေ တွေ့ရှိခဲ့ရင်လည်း သက်ဆိုင်ရာကို အမြန်ဆုံး အသိပေးကြပါဦးလို့ သတိပေး နှိုးဆော်လိုက်ပါတယ်ရှင်။


Leave a Reply

Your email address will not be published. Required fields are marked *