Author: Baby Yit Lone

  • ရွာမီးရှို့၊ မုဒိမ်းကျင့်၊ လူသတ်သူ ရွာငံပျူစောထီး ရှင်းလင်းခံရပြီး လက်နက်သိမ်းဆည်းရမိ

    ရွာမီးရှို့၊ မုဒိမ်းကျင့်၊ လူသတ်သူ ရွာငံပျူစောထီး ရှင်းလင်းခံရပြီး လက်နက်သိမ်းဆည်းရမိ

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ လူသတ်တာတွေ၊ မုဒိမ်းမှုတွေ ကျူးလွန်ခဲ့တဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးခေါင်းဆောင်နဲ့ အပေါင်းအပါကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ် DSNDA ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။ နိုဝင်ဘာ ၂၉ ရက် မနက် ၉ နာရီဝန်းကျင်က လမ်းခုလတ်တနေရာမှာ ပျူစောထီးခေါင်းဆောင် ဝင်းမြင့်နဲ့ သူ့လက်အောက်ကလူကို ပစ်ခတ်ရှင်းလင်းတာဖြစ်တယ်လို့ ဆိုပါတယ်။ ပျူခေါင်းဆောင် ဝင်းမြင့်နဲ့ အနီးကပ်နေထိုင်သူရဲ့ သတင်းပေးမှုကြောင့် အိမ်စီးကားနဲ့ ထွက်လာတာကို ကြိုသိပြီး ပစ်ခတ်ရှင်းလင်းချိန်မှာ ပျူခေါင်းဆောင် ဝင်းမြင့်ဆီကနေ ပစ္စတို သေနတ်၊ ၉ မမ ကျည် ၁၆ တောင့်၊ မှတ်ပုံတင်၊ စာရွက်စာတမ်းနဲ့ သက်သေခံပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး သတင်းပေးသူက DSNDA အဖွဲ့ဆီ ဘက်ပြောင်းခိုလှုံလာတယ်လို့ ပြောပါတယ်။ DSNDA…

  • မဲ့ကို့ကင်းရွာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲ၊ ထိုင်းဘက်က ပြန်လည်သတိပေးပစ်ခတ်

    မဲ့ကို့ကင်းရွာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲ၊ ထိုင်းဘက်က ပြန်လည်သတိပေးပစ်ခတ်

    ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် ဖလူးကျေးရွာနဲ့ မင်းလက်ပံရွာတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး နိုဝင်ဘာ ၃၀ ရက် ဒီနေ့ မနက် ၉ နာရီကျော်က မဲဆောက်မြို့နယ် မဲ့ကို့ကင်းကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မြန်မာစစ်ဘေးရှောင်နေသူ ၂ ယောက် ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ မြန်မာစစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။ ထိုင်းပိုင်နက်ထဲကို ၆၀-မမ စိန်ပြောင်းကျည် ၅ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် မကြာခင်မှာ ထိုင်းအထူးတပ်ဖွဲ့ကလည်း ၁၂၀-မမ ၄ လုံးနဲ့ ပြန်လည်ပစ်ခတ် သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်အရေးကူညီနေသူ ကိုဆယ်ပေါက်က “ခုအချိန်မှာက စစ်ဘေးရှောင်အရေး ကူညီနေသူတွေအတွက် သွားလာရတာ အရမ်းခက်ခဲတယ်။ မနေ့ကဆို မဲ့ကို့ကင်းကျေးရွာက စစ်ဘေးရှောင်နေသူတွေဆီသွားဖို့ ထိုင်းစစ်တပ်က အသွားမခံလို့ ပြန်လှည့်ခဲ့ရတယ်။ မြန်မာဘက်အခြမ်းက တိုက်ပွဲတွေဖြစ်လို့…

  • အချိန်ပိုင်းလင်

    အချိန်ပိုင်းလင်

    ထွန်းလွင်ရဲ့ စကားကတော့ ပြတ်သည်။ သူ့ညီမအရင်း နောက်မီးလင်းသည့်ကိစ္စကို သာမန်ကိစ္စလောက်ပဲဟု သတ်မှတ်ကာ၊ သူလည်း သူ့လမ်းသူသွား၊ ကိုယ်လည်း ကိုယ့်လမ်းကိုယ်သွားဆိုသလို၊ လည်သူစားတမ်း အဘိဓာန်ကို လက်ကိုင်ထားသူ ဖြစ်သည်။ မောင်မောင်ကသာ သူခိုးလူမိကိန်းဆိုက်နေသူမို့ လန့်တော့ ခပ်လန့်လန့်ပင် ဖြစ်သည်။ “ဒါနဲ့ စကားမစပ် မင်းအစ်မကောရှိလား” “ရှိတယ်။ အခုလေးတင် ရေချိုးပြီး အိမ်ပေါ်တက်သွားတာ။ ဘာဖြစ်လို့မှန်း မသိဘူးဗျာ ..။ ကျွန်တော့်ကို နှာကစ်နေတယ်။ မျက်နှာကြီး ခပ်တည်တည်နဲ့ စကားသိပ်မပြောဘူးဗျ ..။ ဒါနဲ့ ကျွန်တော်လည်း အသာလစ်ထွက်ခဲ့တာ” “ဒီလိုဆိုအတော်ဘဲ အိမ်မှာဘယ်သူမှမရှိဘူး မဟုတ်လား” “အင်း ဟုတ်တယ်။ ဦးလေးက ရုံးသွား၊ ဒေါ်လေးကလည်း ဈေးဆိုင်သွားဆိုတော့ အိမ်မှာ အစ်မတစ်ယောက်ထဲ ကျန်ရစ်ပြီး ဒါနဲ့ ခင်ဗျားဘာပြုလို့” “အင်း ဒါငါ့ကိစ္စ။…

  • Everyone Says I Love You

    Everyone Says I Love You

    Everyone Says I Love You (1996) Everyone Says I Love You က ဝူဒီအယ်လန်ရဲ့တစ်ကားတည်းသော မြူဇစ်ကယ်ရုပ်ရှင်။ အယ်လန်အနေနဲ့တော့ မြူဇစ်ကယ်တစ်ကားလောက် ရိုက်ကြည့်ချင်တဲ့ စိတ်ကူးကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ ရုပ်ရှင်ပေါ့။ ဆိုပေမဲ့ သူ့ထုံးစံအတိုင်း ပြက်လုံးတွေလည်း မနည်းပါတယ်။ ဒီကားကို မြူဇစ်ကယ်ကားစစ်စစ်လို့ မြင်ပေးဖို့တော့ နည်းနည်းခက်တယ်။ သီချင်းတွေက ဒိုင်ယာလော့မှာ ပြောပြီးသားအကြောင်းအရာတွေဖြစ်ရင်ဖြစ် မဖြစ်ရင် ဒီတိုင်း သီချင်းတွေဖြစ်နေလို့ပါပဲ။ အယ်လန်ကတော့ ဇာတ်ကားထဲမှာရော သူ့အကြောင်းဘိုင်အိုစာအုပ်ထဲမှာရော ဒီကားထဲက သီချင်းတွေကို ဖြုတ်လိုက်ရင် ဒီကားက တော်တော်ကြောင်တဲ့ကားဖြစ်သွားမယ်ပြောခဲ့ဖူးတယ်။ ပုံမှန်မြူဇစ်ကယ်တွေနဲ့မတူတာတော့ အမှန်ပဲ။ ဇာတ်ကားထဲက သီချင်းတွေကိုလည်း ဒရူးဘယ်ရီမိုးကလွဲလို့ ကျန်တဲ့လူတွေအကုန် သူတို့ဘာသာဆိုထားတယ်။ နည်းနည်းတော့စားတယ်ပြောရမှာပေမဲ့ အဲဒါကိုကလည်း အယ်လန်လိုချင်ခဲ့တဲ့အနေပဲ။ သူ့အဆိုအရတော့ သာမန် ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်…

  • Seasons Change

    Seasons Change

    Seasons Change (2006) ဒီဇာတ်ကားလေးကတော့ ၂၀၀၆မှာထွက်ရှိထားတဲ့ ဂီတပညာနဲ့ပတ်သက်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ၁၂တန်းကျောင်းသား ပေါမ့်ဆိုတဲ့‌တစ်ယောက်က ကောင်မလေးတစ်ယောက်ကို ခိုးကြိုက်နေတာ ၃နှစ်ရှိပါပြီ။ တစ်နေ့မှာတော့ အဲဒီသူကြိုက်နေတဲ့ကောင်မလေးက ဂီတကျောင်းကိုတက်ချင်တာမို့လို့ နိုင်ငံခြားမှာပညာတော်သင်လျှောက်ခဲ့ပါတယ်။ အဲဒါနဲ့ပေါမ့်ကလည်း သူကြိုက်နေတဲ့ကောင်မလေးနောက်ကိုလိုက်ပြီး ပညာတော်သင်လျှောက်လိုက်ပါတော့တယ်။ အမှန်တော့ ပေါမ့်အဖေက ဂီတကျောင်းကိုမတက်‌‌စေချင်ပါဘူး ဆေးတက္ကသိုလ်ကိုပဲတက်စေချင်တာပါ အဲဒါနဲ့ပေါမ့်ကလည်း သူ့အဖေ စိတ်တိုင်းကျ ဆေးတက္ကသိုလ်ဝင်ခွင့်ဖြေဖို့ စာကြိုးစားနေသလိုမျိုးဟန်ဆောင်နေပါတော့တယ်။ သူ ဂီတပညာတော်သင်လျှောက်တဲ့အထိသူ့အဖေကိုလျှို့ဝှက်ထားတာပါ။ ပေါမ့်အဖေက ပေါမ့် ဂီတကျောင်းတက်ဖို့ပြင်ဆင်‌နေတာကို သိသွားရင် ဘာဆက်လုပ်မလဲ ပြီးတော့ ပေါမ့်က ပညာတော်သင်ဆုရသွားမလားဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြရအောင်နော်……