Author: Baby Yit Lone
-

မင်းအောင်လှိုင်ရဲ့ “ဒီဂျစ်တယ် Live Stream အိပ်မက်” က ကောင်းကင်ပြာဓတ်ပုံလေးနဲ့အတူ ဇာတ်သိမ်းသွား …
မင်းအောင်လှိုင်ရဲ့ “ဒီဂျစ်တယ် Live Stream အိပ်မက်” က ကောင်းကင်ပြာဓာတ်ပုံလေးနဲ့အတူ ဇာတ်သိမ်းသွား … ကမ္ဘာကိုလိမ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ၂၀၂၂ ခုနှစ်တုန်းက အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့တဲ့ MRTV Live Streaming အစီအစဥ်ကြီး အခု ဘာဖြစ်သွားပါပြီလဲ ? … အဖြေကတော့ ၃ ပတ်ကျော်ကြာ လိုင်းပေါ်မတက်နိုင်တော့ဘဲ နောက်ဆုံးမှာတော့ “ကောင်းကင်ပြာ” ဓာတ်ပုံလေးတစ်ပုံတင်ကာ ပရိသတ်ကို နှုတ်ဆက်သွားခဲ့ပါပြီ။ အပြင်မှာ ကောင်းကင်ပြာ၊ ရုံးခန်းထဲမှာ (ကံဆိုး) မိုးမှောင်ကျ စစ်အုပ်စုရဲ့ MRTV ဟာ အပိတ်ခဲ့ခဲ့ရတဲ့ သူတို့ရဲ့ (MRTV) လိုက်ဖ်လွှင့်တဲ့နေရာမှာ တိမ်အနည်းငယ်ရှိနေတဲ့ ကောင်းကင်ပြာဓတ်ပုံကို အစားထိုး တင်ထားပါတယ်။ ဒါပေမဲ့ လက်တွေ့ MRTV ရုံးခန်းထဲမှာတော့ စစ်အုပ်စုရဲ့…
-

Unexpected Christmas
Unexpected Christmas (2025) ဒီဇာတ်လမ်းဟာ ခရစ္စမတ်အားလပ်ရက်မှာ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ကြုံတွေ့ရတဲ့ ချစ်ခြင်းမေတ္တာနှင့် မိသားစုဇာတ်လမ်း အမျိုးအစားဖြစ်ပါတယ်။ မာရစ်ဆာ ဟာ သူမရဲ့ချစ်သူနဲ့ လမ်းခွဲလိုက်ရပြီးနောက် ခရစ္စမတ်အားလပ်ရက်မှာ မိသားစုဆီ တစ်ယောက်တည်း ပြန်ရဖို့ ဖြစ်လာပါတယ်။ မိသားစုက သူမကို အမြဲတမ်း အိမ်ထောင်ပြုဖို့ ဒါမှမဟုတ် ချစ်သူရှိမရှိ မေးခွန်းထုတ်နေကြတာကြောင့် သူမအတွက် ဖိအားတစ်ခု ဖြစ်နေပါတယ်။ ဇာတ်လမ်းရဲ့ အဓိက အလှည့်အပြောင်းကတော့ သူမရဲ့ အမေနောက်အိမ်ထောင်က ပါလာတဲ့ ရွယ်တူ ကယ်ရီ ရဲ့ ချစ်သူဟာ သူမနဲ့ လမ်းခွဲသွားတဲ့သူဖြစ်နေသာအခါ “ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်မမျှော်လင့်ထားတဲ့ အချိန်မှာ ရောက်လာတတ်တယ်” ဆိုတဲ့ စစ်မှန်တဲ့ အနှစ်သာရကိုခံစားစေမှာပါ။
-

စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာ မြို့အချို့မှာဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေ
စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာ မြို့အချို့မှာဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေ ပြည်သူတွေလုံခြုံရေးသတိနဲ့နေဖို့ တော်လှန်ရေးတပ်တွေသတိပေး စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာ ထားဝယ်၊ ပြည်၊ မြဝတီ စတဲ့မြို့တွေမှာ မဲရုံတွေအနီး နဲ့ ကြံ့ဖွံ့ပါတီရုံးအနီးတွေမှာ ပေါက်ကွဲမှုတွေဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ တမူးမြို့မှာပေါက်ကွဲသံနဲ့ပစ်ခတ်သံတွေကြားရင် ဒေသခံတွေထွက်မကြည့်ကြဖို့ ကာကွယ်ရေးရဲဘော်တွေကသတိပေးထားပါတယ်။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ဒီနေ့(ဒီဇင်ဘာလ၂၇ရက်) ည ၇နာရီခန့်ကစပြီးပေါက်ကွဲသံ ၄ ကြိမ်ထက်မနည်းကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြင်းထန်တဲ့ပေါက်ကွဲသံတွေ ထွက် ပေါ်ပြီးတဲ့နောက် စစ်တပ်က ကားတန်းနဲ့ မြို့ကိုပတ်နေတယ်လို့ သိရပါတယ်။ ပဲခူးတိုင်းပြည်မြို့နယ်မှာဆိုရင်လယ်ဘဲ့ကျေးရွာက မဲရုံ၊ဝက်ထီးကန်ရဲစခန်းနဲ့ ဝက်မြေတောကျေးရွာမဲရုံ အနီးမှာ ပေါက်ကွဲမှု ၃ကြိမ်ဖြစ်ခဲ့တယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။ ” မနက်ဖြန် ရွေးကောက်ပွဲနေ့ဘာတွေဆက်ဖြစ်မှန်းမသိဘူး။ ရွေးကောက်ပွဲကိုဘယ်သူမှလည်းစိတ်မဝင်စားဘူး။စစ်တပ်က ခြိမ်းခြောက်ပြီး မဲရုံတွေကိုလာခိုင်းနေတယ်” လို့ ပြည်မြို့ခံတဦးကပြောပါတယ်။ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ ၊ အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးဘေးမှာရှိတဲ့ ကြံခိုင်ရေးပါတီရုံး အနီးနဲ့…
-

The Last Mistress
The Last Mistress (2007) (အသက်မပြည့်သေးသူများ၊ မိသားစုဝင်များနှင့် အတူကြည့်ရှုရန် မသင့်တော်ပါ။) ဒီရုပ်ရှင်ကတော့ ထွက်ရှိပြီးသား နာမည်ကြီးစာအုပ်ကို အခြေခံပြီး ပြန်ရိုက်ကူးထားတဲ့ ပြင်သစ်-အီတလီရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဟီနို ဆိုတဲ့ ရုပ်ချောဥစ္စာမွဲ အထက်တန်းလွှာက မိန်းမလိုက်စားသူတစ်ယောက်… တစ်ရက်တော့ သူတကယ်ချစ်ပါတယ်ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဒါပေမဲ့ သူချစ်ရတဲ့ကောင်မလေးရဲ့ အဘွားဖြစ်သူက သူ့မြေးမလေးကို အပ်လိုက်ရမယ့်လူက ယုံကြည်လို့ရမရ သိချင်တဲ့အတွက် ဟီနိုမှာ ရှိခဲ့ဖူးတဲ့ ဗယ်လီနီဆိုတဲ့ စပိန်သူတစ်ယောက်နဲ့ ၁၀ နှစ်တာ အချစ်ဇာတ်လမ်း ပြီးပြတ်သွားပြီလားဆိုတာကို မေးမြန်းခဲ့ပါတယ်… ဟီနိုတစ်ယောက် လက်ရှိကောင်မလေးကိုသာ တကယ်ချစ်တာပါ… ဗယ်လီနီနဲ့ ဇာတ်လမ်းက တကယ်ကိုပြီးဆုံးသွားပါပြီလို့ ကျိန်ဆိုပြီး ချစ်ရတဲ့ကောင်မလေးနဲ့အတူ လက်ထပ်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်လာကြမလဲ… တစ်ချိန်က မိန်းမလိုက်စားသူဖြစ်ခဲ့တဲ့ ဟီနိုတစ်ယောက် ဒီကောင်မလေးနဲ့မှ ခြေငြိမ်သွားမလား……
-

The Boat That Rocked
The Boat That Rocked (2009) Rock & Roll ဂီတနဲ့ Comedy ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ဂန္ထဝင်ဇာတ်ကား “The Boat That Rocked” ကို မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေက ဗြိတိန်နိုင်ငံမှာ Rock & Roll ဂီတအကြီးအကျယ်ခေတ်စားနေပေမဲ့၊ အစိုးရပိုင် BBC ရေဒီယိုကတော့ တစ်နေ့ကို ၄၅ မိနစ်လောက်ပဲ ပေါ့ပ်သီချင်းတွေကို ထုတ်လွှင့်ခွင့်ပေးထားပါတယ်။ ဒီတော့လူငယ်တွေနားထောင်ချင်တဲ့သီချင်းတွေကို ၂၄ နာရီလုံးဖွင့်ပေးနေတာကတော့ ပင်လယ်ပြင်အလယ်က သင်္ဘောတစ်စီးပေါ်မှာ အခြေစိုက်ထားတဲ့ “Pirate Radio” လို့ခေါ်တဲ့ တရားမဝင် ရေဒီယိုလိုင်းပါပဲ။ ဇာတ်လမ်းအကျဥ်း ကျောင်းထုတ်ခံလိုက်ရတဲ့လူငယ်လေးကာလ်တစ်ယောက်၊ သူ့အမေက သူရဲ့အချိုးတွေကို ပြင်ဖို့ဆိုပြီး ဒီသင်္ဘောပေါ်မှာရှိတဲ့ သူ့ရဲ့ခေါင်းကိုင်ဖခင်ကွမ်တင်ဆီကို ပို့လိုက်ရာကနေ စတင်ပါတယ်။…