Author: Baby Yit Lone

  • နတ်ရေကန်ဗျူဟာတိုက်ပွဲ၌ စစ်တပ် တပ်ဖွဲ့ဝင်အချို့ AA ထံ လက်နက်ချ

    နတ်ရေကန်ဗျူဟာတိုက်ပွဲ၌ စစ်တပ် တပ်ဖွဲ့ဝင်အချို့ AA ထံ လက်နက်ချ

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အာရက္ခတပ်တော် (AA) ဆီမှာ အလံဖြူထောင် လက်နက်ချတာရှိသလို တိုက်ပွဲတွင်း လက်ရဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ AA က အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။ လက်နက်ချတဲ့အရေအတွက်နဲ့ ဖမ်းမိတဲ့အရေအတွက်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်မပြထားပါဘူး။ ဒါပေမဲ့ AA က ထုတ်ပြန်တဲ့ ဓာတ်ပုံမှာတော့ စစ်တပ် တပ်ဖွဲ့ဝင် ၁၁ ယောက် ဒူးထောက်နေတဲ့ပုံပါရှိပါတယ်။ အမ်း-ပဒါန်းလမ်းပေါ်က စစ်ရေးအရ အရေးပါတဲ့ နတ်ရေကန် ဗျူဟာကုန်းကို AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ နေရာအနည်းငယ်ပဲ ရဖို့ကျန်တော့တယ်လို့ AA က ထုတ်ပြန်ပါတယ်။ အဲဒီ နတ်ရေကန် ဗျူဟာကုန်းဟာ စစ်တပ်က လက်နက်ငယ်ကျည်ဆန်ထုတ်လုပ်တဲ့ ကပစ ၁၄ စက်ရုံနဲ့…

  • ‘ဝ’ ပြည်နယ်လိုချင်ပါက ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲက တောင်းဆိုရန်  ဒု ဗိုလ်ချုပ်ကြီး ရာပြည့်ပြေ

    ‘ဝ’ ပြည်နယ်လိုချင်ပါက ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲက တောင်းဆိုရန် ဒု ဗိုလ်ချုပ်ကြီး ရာပြည့်ပြေ

    ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အနေနဲ့ ‘ဝ’ ပြည်နယ် လိုချင်တယ်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲဝင်ပြီး လွှတ်တော်ထဲကနေတောင်း ဆိုပါလို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောလိုက်ပါတယ်။ အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက နေပြည်တော် MICC 1 မှာ ကျင်းပတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့်နဲ့ ငြိမ်းချမ်းသော မြန်မာ့အနာဂတ်တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲပိတ်ပွဲမှာ အမှာစကားပြောကြားရာမှာ ထည့်သွင်း ပြောကြားသွားတာပါ။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “သူတို့ရဲ့ လိုလားချက်က ‘ဝ’ ပြည်နယ်လိုချင်တယ်။ ‘ဝ’ ပြည်နယ်လိုချင်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲဝင်ရမယ်။ လွှတ်တော်ထဲဝင်မှ တောင်းဆိုလို့ ရမယ်” လို့ ပြောပါတယ်။…

  • ရုရှား၏ တတိယကမ္ဘာစစ် တန်ပြန်ရန် ဥရောပမဟာမိတ်များ မဟာတံတိုင်းခံစစ် ၄ ထပ် တည်ဆောက်မည့် အစီအမံ ဖော်ပြ

    ရုရှား၏ တတိယကမ္ဘာစစ် တန်ပြန်ရန် ဥရောပမဟာမိတ်များ မဟာတံတိုင်းခံစစ် ၄ ထပ် တည်ဆောက်မည့် အစီအမံ ဖော်ပြ

    ပြီးခဲ့သည့် ၂ ပတ်အတွင်းမှာပင် ဥရောပ နိုင်ငံများအတွင်း ဒရုန်းများစွာ ဝင်ရောက်ခြိမ်းခြောက်လာခဲ့ရာ တတိယကမ္ဘာစစ်ကို ဖန်တီးနေသော ရုရှားရန်မှ ကာကွယ်ရေးအတွက် နေတိုးနှင့်ဥရောပခေါင်းဆောင်များ စစ်ပွဲဖြစ်တည်လာမည့် ကာလ ၂၀၃၀ မတိုင်မီ မဟာတံတိုင်းခံစစ် ၄ ထပ် တည်ဆောက်မည့် အစီအစဉ်ကို ခင်းကျင်းထုတ်ဖော်လာခဲ့သည်။ ယင်းခံစစ်တံတိုင်း ၄ ခုမှာ အာကာသဒိုင်း၊ လေကြောင်းကာကွယ်ရေးဒိုင်း၊ ဒရုန်းတံတိုင်းနှင့် ရုရှားနှင့်နယ်နိမိတ်ဆက်စပ်နေသော အရှေ့ဘက်စစ်မျက်နှာပြင်တစ်လျှောက် စစ်ရေးတောင်ပံ စောင့်ကြည့်တပ်နှင့်အကာအကွယ်များထားရှိရန် ဖြစ်သည်ဟု ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒါလင်း က ထုတ်ပြန်ပြောဆိုသွားခဲ့သည်။ ထိုစီမံကိန်းတံတိုင်း ၄ ခုမှာ ဥရောပတိုက်ကို လေကြောင်းရန်မှ ကာကွယ်ရေးဒိုင်းတပ်ဆင်ရန်၊ ထိုတံတိုင်းမှ ဒုံးကျည်အပါ လေကြောင်းခြိမ်းခြောက်မှုများကို ကာကွယ်ရန်ဖြစ်ကြောင်း၊ နောက်ထပ် အာကာသဒိုင်း(Space Shield)စီမံကိန်းသည် ဥရောပနိုင်ငံများ၏ အာကာသတွင်း ပိုင်ဆိုင်မှုနှင့်ဝန်ဆောင်မှုများကို…

  • ကျားဖြန့်စီးပွားရေးကောင်းအောင် လူ အရှင်ကို သတ်ပီးတော့ ယဇ်ပူဇော်

    ကျားဖြန့်စီးပွားရေးကောင်းအောင် လူ အရှင်ကို သတ်ပီးတော့ ယဇ်ပူဇော်

    ကျားဖြန့်စီးပွားရေးကောင်းအောင် လူ အရှင်ကို သတ်ပီးတော့ ယဇ်ပူဇော်သတဲ့။ တကယ့် ငရဲပြည်။

  • လမ်းအောင်ပွဲလုပ်နေချိန်ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးအပါ ၈ ဦးသေဆုံး

    လမ်းအောင်ပွဲလုပ်နေချိန်ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးအပါ ၈ ဦးသေဆုံး

    ⁨ပျော်ဘွယ်မှာ လမ်းအောင်ပွဲလုပ်နေချိန်ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးအပါ ၈ ဦးသေဆုံး မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ပဲ့ကန်ကျေးရွာမှာ လမ်းအောင်ပွဲလုပ်နေချိန် သေနတ်သမားတွေက ဝင်ပစ်လို့ အုပ်ချုပ်ရေးမှူးအပါ ၈ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၆ ရက်ည ၈ နာရီကျော်မှာ ပဲ့ကန်ရွာအနီး ကွင်းအမှတ် ၇၆၉ လယ်ကွက်အတွင်းမှာ ပဲ့ကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲမြင့်ဦးစီးပြီး ကျေးရွာကွန်ကရစ်လမ်းခင်းပြီးစီးမှု အောင်ပွဲအနေနဲ့ဇာတ်ပွဲ၊ လောင်းကစားဝိုင်းတွေထည့်သွင်းပြုလုပ်နေချိန် လက်နက်ကိုင်အဖွဲ့တွေက လာရောက်ပစ်ခတ်တာလို့ဆိုပါတယ်။ “သူတို့က လမ်းဖောက်တာ လမ်းဖွင့်ပွဲပြီးသွားလို့ ပျော်ပွဲရွှင်ပွဲလုပ်ကြတာ။ သေတဲ့အထဲတော့ အုပ်ချုပ်ရေးမှူးပါတယ်။ အုပ်ချုပ်ပိုင်းမဟုတ်တဲ့သူတွေလည်းသေတာ။ ပွဲလုပ်နေချိန်က လူကများတာပေါ့။ လာပစ်တာက တယောက်တည်း လာပစ်တယ်လို့တော့ သိရတယ်။ မဆိုင်တဲ့သူတွေပါထိကုန်တာ။”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတဦးကပြောပါတယ်။ ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးမှူး ဦးရဲမြင့်အပါအဝင် ပွဲခင်းအတွင်းရှိနေသူ အသက် ၂၅ နှစ်ကနေ…