Author: Baby Yit Lone

  • Retta Thala

    Retta Thala

    Retta Thala (2025)

    မျက်နှာနှစ်ခုနဲ့လူ

    ပွန်ဒီချယ်ရီ မြို့လေးမှာ ကြီးပြင်းခဲ့တဲ့ မိဘမဲ့လူငယ် ကာလီ ဟာ ဆင်းရဲပင်ပန်းစွာ နေထိုင်ရသူဖြစ်ပြီး သူ့ရဲ့ ငယ်ချစ်ဦး အန်သရီ ကို လက်ထပ်ဖို့ ကြိုးစားပေမယ့် သူမကတော့ ဆင်းရဲတဲ့ဘဝကို ငြီးငွေ့နေပြီး ချမ်းသာတဲ့ဘဝကို ပိုင်ဆိုင်ချင်သူပါ။

    တစ်နေ့မှာတော့ ကာလီ ဟာ သူနဲ့ ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ ဂိုဏ်းစတားသူဌေးကြီးမာလ်ပေအူပန်ဒရာ နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပါတယ်။

    ဒီအခါမှာ ချမ်းသာချင်တဲ့အန်သရီ က ကာလီ ကို မြှောက်ထိုးပင့်ကော်လုပ်ပြီး အူပန်ဒရာ ကို သတ်ကာ သူ့နေရာမှာ အစားဝင်ဖို့ တိုက်တွန်းပါတော့တယ်။

    ကာလီ တစ်ယောက် အူပန်ဒရာ ရဲ့ နေရာကို အစားဝင်ပြီး ချမ်းသာတဲ့ဘဝကို စံစားဖို့ ကြိုးစားတဲ့အခါမှာတော့ သူ မမျှော်လင့်ထားတဲ့ ရာဇဝတ်လောကရဲ့ လျှို့ဝှက်ချက်တွေ ရန်သူတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။

    ကာလီ တစ်ယောက် ဒီလူသတ်မှုနဲ့ လိမ်လည်မှုကို ဘယ်လိုဖုံးကွယ်မလဲ သူ့ရဲ့စစ်မှန်တဲ့ မည်သူမည်ဝါဖြစ်ကြောင်းကိုရော ထိန်းသိမ်းနိုင်ပါ့မလားဆိုတာကို ရင်ခုန်စရာ ကြည့်ရှုရမယ့် အက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

  • Sons of the Neon Night

    Sons of the Neon Night

    Sons of the Neon Night (2026)

    ဟောင်ကောင်ရုပ်ရှင်လောကမှာ ဆယ်စုနှစ်တစ်ခုစာနီးပါးစောင့်မျှော်ရတဲ့ Crime Epicရုပ်ရှင် ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။

    ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ်လောက်ကစတင်ရိုက်ကူးခဲ့တာဖြစ်ပြီးတော့ ကိုဗစ်ကြောင့်ရယ် ဒါရိုက်တာက ဇာတ်ကားရဲ့အရည်အသွေးကိုစိတ်တိုင်းကျပြင်ဆင်နေတာကြောင့်ရယ်ကြောင့် post-production ပိုင်းမှာ နှစ်တော်တော်ကြာကြာသွားတဲ့အတွက် ဟောင်ကောင်ရုပ်ရှင်လောကမှာ အကြာဆုံးစောင့်ဆိုင်းရတဲ့ဇာတ်ကားလို့ တင်စားကြပါတယ်။

    ဒီကားမှာ ဂျပန်-တရုတ်မင်းသားချော Takeshi Kaneshiro ( Jin Cheng Wu) ဟောင်ကောင်မင်းသား Louis Koo, Tony Leung Ka-fai တို့လို ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေကဦးဆောင်ပါဝင်ထားပါတယ်။

    ဒါရိုက်တာ Juno Makကဒီဇာတ်ကားကို အနုပညာဆန်ဆန် Lighting ပိုင်းမှာသုံးသွားတာ ဟောင်ကောင်ကားတွေမှမမြင်ဖူးသလောက်အဆင့်အတန်းပါပဲ

    ဇာတ်လမ်းအကျဉ်းကတော့

    ဟောင်ကောင်သူဌေးကြီးတစ်ယောက်ကို သေဆုံးသွားစေတဲ့ ပေါက်ကွဲမှုတစ်ခုကနေအရာအားလုံးစတင်ပါတယ်။
    အဲဒီပေါက်ကွဲမှုကြောင့် မူးယစ်ဆေးဝါးကုန်ကူးတဲ့သူတွေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်သူတွေကြားမှာ အပြင်းအထန်အားပြိုင်မှုတွေဖြစ်လာပါတယ်။

    မူးယစ်ဆေးဝါးဂိုဏ်းရဲ့ အမွေဆက်ခံသူက မူးယစ်ဆေးဝါးကင်းစင်တဲ့ကမ္ဘာတစ်ခုကိုတည်ဆောက်မယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ လူမှုပတ်ဝန်းကျင်ကြီးတစ်ခုလုံးကိုပဋိပက္ခတွေဖြစ်အောင်လုပ်ဖို့ ဝန်မလေးပါဘူး။

    ဒါပေမယ့် သူဖန်တီးမယ့် အဲ့ဒီမူးယစ်ကင်းစင်တဲ့ကမ္ဘာဆိုတာ လူတွေထင်ထားတာထက် ပိုပြီးရှုပ်ထွေးပြီး ကစဉ့်ကလျားဖြစ်နေတဲ့အခါ အရာအားလုံးကိုအပျက်စီးခံပြီး ယို့ယွင်းနေတဲ့လောကကြီးကိုတည့်မတ်အောင်လုပ်တာ လမ်းမှန်ရောဟုတ်ရဲ့လား?

  • Forbidden Land of Yin Mountain

    Forbidden Land of Yin Mountain

    Forbidden Land of Yin Mountain (2026)

    စိတ်ဝင်စားစရာကောင်းတဲ့ တရုတ်ရှေးဟောင်းသင်္ချာနဲ့ နက္ခတ်ဗေဒပညာတွေကိုအသုံးပြုပြီးဖြေရှင်းသွားတဲ့ ရှေးဟောင်းသင်္ချိုင်းဖောက်ထွင်းရေး အက်ရှင်ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။

    ၁၉၈၀ ခုနှစ်ပိုင်းမှာ ကျာဖန်ဆိုတဲ့လူငယ်လေးဟာ မိသားစုရဲ့ဇာစ်မြစ်ကိုမသိပဲ သာမန်သော့ပြင်ဆရာလေးတစ်ယောက်အဖြစ်နဲ့ပဲ အသက်မွေးဝမ်းကြောင်းနေခဲ့ပါတယ်။

    တနေ့မှာတော့ လူဆိုးကြီးတစ်ယောက်လှည့်ဖျားတာခံရပြီးတော့ ကြီးမားတဲ့ယင်းတောင်တားမြစ်နယ်ထဲကိုရောက်သွားပါတယ်။

    လူဆိုးတွေရဲ့ခြိမ်းခြောက်မှုနဲ့ ရတနာတွေရဲ့သွေးဆောင်မှုတွေကြားမှာ ကျာဖန်တစ်ယောက် ဘယ်လိုရှင်သန်မလဲ?

    သူက သင်္ချိုင်းထဲကသေစေနိုင်တဲ့ထောင်ချောက်တွေကို မိရိုးဖလာပညာတွေနဲ့ဖြေရှင်းရင်းနဲ့မှ ဘိုးဘေးတွေကဒီသင်္ချိုင်းကိုဘာကြောင့်တည်ဆောက်ခဲ့ရသလဲဆိုတာ နားလည်လာခဲ့ပါတယ်။

    ကျာဖန်ဟာဘာမှနားမလည်တဲ့ သာမန်လူငယ်လေးအဖြစ်ကနေ ကိုယ့်ရဲ့ဇာစ်မြစ်မျိုးရိုးပညာရပ်ကိုနားလည်သွားပြီးတော့ မကောင်းဆိုးဝါး လူဆိုးတွေကိုနှိမ်နင်းသွားမယ် သူရဲကောင်းလေးအဖြစ်ပြောင်းလဲလာတာပဲဖြစ်ပါတယ်။

  • Republican Era Horror Records

    Republican Era Horror Records

    Republican Era Horror Records (2026)

    နိုင်ငံခြားကနေ ပြန်လာတဲ့ စုံထောက်ကျော်ကျီချန်ဟာ ရဲစခန်းကို နာမည်စာရင်းပေးဖို့ သွားတဲ့လမ်းမှာပဲ လူသေအလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။

    အလောင်းဟာ မျက်နှာဖျက်ဆီးခံထားရပြီး ဘယ်သူဘယ်ဝါမှန်းမသိရသလို အကြိမ်ကြိမ် နေရာရွှေ့ပြောင်းခံထားရတယ်ဆိုတာကို အသေးစိတ်ကအစ သတိထားမိတဲ့ ကျော်ကျီချန်တစ်ယောက် သတိထားမိခဲ့ပါတယ်။

    ဒီအမှုကို စုံထောက်ကျန်းဟိန်၊ စုံထောက်ဝမ်ကျစ်ဝေတို့နဲ့အတူ စုံစမ်းစစ်ဆေးပြီးနောက် သေဆုံးသူက မာကွမ်ကျယ်ဆိုတာ သိခဲ့ရပါတယ်။

    တရားခံကိုလည်း မာကွမ်ကျယ်ရဲ့ ဇနီး၊ အိမ်တော်ထိန်းနဲ့ အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ချန်ဆုနဲ့ ဝမ်မန်တို့ကို သံသယရှိသူအဖြစ် သတ်မှတ်ခဲ့ပါတယ်။

    မထင်ထားဘဲ ချန်ဆုတစ်ယောက် ဂယောင်ချောက်ချားဖြစ်ပြီး အဆိပ်ခတ်ခံရပြီး သေဆုံးသွားတဲ့အခါ တရားခံက ဘယ်သူဖြစ်မလဲ?

    အခု သေဆုံးသူတွေက လွန်ခဲ့တဲ့ နှစ် ၂၀ က အမှုနဲ့ ဘယ်လိုပတ်သက်နေကြမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

  • Shambhala

    Shambhala

    Aadi Shambhala (2025)

    လျှို့ဝှက်ဆန်းကြယ်သော ရှမ်ဘာလာ

    ၁၉၈၀ ပြည့်လွန်နှစ်ကာလတွေမှာ ရှမ်ဘာလာ လို့ခေါ်တဲ့ အေးချမ်းလှတဲ့ ကျေးရွာလေးတစ်ခုအနီးကို ဥက္ကာခဲတစ်ခု ပြုတ်ကျခဲ့ရာကနေ ဇာတ်လမ်းစတင်ခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း ရွာထဲမှာ ထူးဆန်းတဲ့ သေဆုံးမှုတွေနဲ့ စိတ်ခြောက်ခြားစရာ ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာပါတော့တယ်။

    ရွာသားတွေကတော့ ဒါဟာ နတ်ဆိုးတွေရဲ့ လက်ချက်လို့ ယုံကြည်ပြီး ကြောက်လန့်နေကြပါတယ်။

    ဒီအဖြစ်မှန်ကို စုံစမ်းဖို့အတွက် အစိုးရက သိပ္ပံပညာရှင် ဗစ်ကရမ် ကို စေလွှတ်လိုက်ပါတယ်။

    ဗစ်ကရမ် ကတော့ နတ်တွေ သရဲတွေကို မယုံကြည်ဘဲ အရာရာကို သိပ္ပံနည်းကျ အဖြေရှာချင်သူပါ။

    သူ ရွာကိုရောက်တဲ့အခါမှာတော့ ရွာရဲ့ ရှေးဟောင်းဒဏ္ဍာရီတွေ နတ်ဘုရားပုံပြင်တွေနဲ့ လက်တွေ့ဖြစ်ပျက်နေတဲ့ ကြောက်စရာကောင်းတဲ့ လူသတ်မှုတွေကြားထဲမှာ ပိတ်မိသွားပါတယ်။

    သူရှာဖွေတွေ့ရှိမယ့် အဖြေက သိပ္ပံပညာလား ဒါမှမဟုတ် လူတွေမမြင်နိုင်တဲ့ တန်ခိုးရှင်တစ်ခုခုလား ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။