Author: Baby Yit Lone

  • 4 Horror Tales: Roommates

    4 Horror Tales: Roommates

    4 Horror Tales: Roommates (2006)

    ဒီတစ်ခေါက်မှာတော့ 4 Horror Tales စီးရီးထဲက Roommates ဆိုတဲ့ ကိုရီးယားသရဲကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။

    ဇာတ်လမ်းအကျဥ်း

    ယောင်းဟွာ မိန်းကလေးစာသင်ကျောင်း ဆိုတာ တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးခဲ့ဖူးတဲ့ ကျောင်းသူတွေကို အထူးကြပ်မတ် စာသင်ကြားပေးတဲ့နေရာပါ။

    ဒီကျောင်းမှာ ဂင်ဘိုရမ်နဲ့ သူမရဲ့ သူငယ်ချင်း (၃) ယောက်ဟာ ပြင်ပလောကနဲ့ အဆက်အသွယ် လုံးဝဖြတ်တောက်ပြီး တစ်နေ့ကို (၁၅) နာရီကျော် စာကြည့်ရတဲ့ ပြင်းထန်လွန်းတဲ့ စည်းကမ်းတွေအောက်မှာ နေထိုင်နေကြရပါတယ်။

    ဒါပေမယ့် ဒီကျောင်းဟာ သာမန်ကျောင်းတစ်ခု မဟုတ်ပါဘူး…

    လွန်ခဲ့တဲ့ (၃) နှစ်က ကျောင်းသူတွေအားလုံး သေဆုံးခဲ့ရတဲ့ မီးလောင်မှုတစ်ခု ဒီနေရာမှာ ဖြစ်ပွားခဲ့ဖူးပါတယ်။

    ကျောင်းသူတွေကြားထဲမှာ သရဲခြောက်သလို ထိတ်လန့်စရာ ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု ဖြစ်လာပေမဲ့ တာဝန်ရှိတဲ့ ဆရာမတွေကတော့ စာမေးပွဲဖိအားကြောင့်ဖြစ်တဲ့ “စိတ်အာရုံချောက်ခြားမှု” လို့ပဲ အလွယ်တကူ သတ်မှတ်ခဲ့ကြပါတယ်။

    တဖြည်းဖြည်းနဲ့ အခန်းဖော် သူငယ်ချင်းတွေကြားမှာ သံသယတွေ ပွားလာပြီး တစ်ယောက်ကိုတစ်ယောက် ရန်သူလို သဘောထားလာကြတဲ့အခါမှာတော့…

    အဆုံးသတ် ဘယ်လိုဖြစ်မလဲ၊ အဲဒီထိတ်လန့်စရာဖြစ်ရပ်တွေက ဘာကြောင့်ဖြစ်လာရတာလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားလိုက်ပါဦး။

  • We’re Not Safe Here

    We’re Not Safe Here

    We’re Not Safe Here (2025)

    ဇာတ်လမ်းအကျဉ်း

    ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ “We’re Not Safe Here” ဆိုတဲ့ ရုပ်ရှင်က စိတ္တဇဆန်ဆန်နဲ့ ကျောချမ်းစရာကောင်းတဲ့ Horror/Drama အမျိုးအစားလေးပါ။

    ဒီကားက တကယ်တော့ အိမ်ထဲကျူးကျော်ဝင်ရောက်ခံရတာနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ရောမွှေထားတဲ့ ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအစမှာ Neeta ဆိုတဲ့ ကျောင်းဆရာမလေးက ပန်းချီဆွဲဖို့ ကြိုးစားပေမယ့် စိတ်ကူးမထွက်ဘဲ ဖြစ်နေတယ်။

    အဲဒီအချိန်မှာ ပျောက်နေတာ ကြာပြီဖြစ်တဲ့ သူ့လုပ်ဖော်ကိုင်ဖက်ဆရာမ Rachel က ညသန်းခေါင်ကြီး အိမ်ကို ရုတ်တရက်ရောက်လာတာကနေ စတာပဲ။

    Rachel က ကြည့်ရတာ တစ်ခုခုကိုအရမ်းကြောက်နေပြီး သူ ပျောက်သွားတဲ့အချိန်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို Neeta ကို စပြောပြပါတော့တယ်။

    Rachel ရဲ့ ပုံပြင်က သူ့ကလေးဘဝက ကြောက်စရာ အဖြစ်အပျက်တွေနဲ့ ဆက်စပ်နေပြီး ပြောပြနေရင်းနဲ့ Neeta ရဲ့ အိမ်ထဲမှာလည်း ထူးဆန်းတဲ့ အသံတွေ၊ တစ်ယောက်ယောက်က ချောင်းကြည့်နေသလို ခံစားချက်မျိုးတွေ တဖြည်းဖြည်း ဖြစ်လာခဲ့ပါတယ်။

    ဒီကားရဲ့ ထူးခြားချက်က Rachel ရဲ့ “ပုံပြင်” ကနေတစ်ဆင့် ကြောက်စိတ်တွေက တကယ့်လက်တွေ့ဘဝထဲကို ကူးစက်လာတာပါ။ Rachel ရဲ့ အတိတ်က အမှောင်ထုက Neeta ကိုပါ လိုက်လံခြောက်လှန့်လာပြီး “ငါတို့ ဒီနေရာမှာ မလုံခြုံတော့ဘူး” ဆိုတဲ့ ခေါင်းစဉ်အတိုင်း အသက်လုပြေးရတဲ့ အခြေအနေထိ ရောက်သွားစေပါတယ်။

    ဒီကားက ဇာတ်ကောင် အများကြီးမပါဘဲ Neeta နဲ့ Rachel တို့ နှစ်ယောက်ရဲ့ စကားပြောခန်းတွေ၊ သရုပ်ဆောင်ချက်တွေနဲ့တင် ပရိသတ်ကို ရင်တထိတ်ထိတ်ဖြစ်အောင် လုပ်နိုင်ပါတယ်။

    သရဲကားဆိုပေမယ့် မျက်လှည့်ပြသလို ခြောက်တာမျိုးထက် စိတ်ခြောက်ခြားစရာ လေထုကို ပိုသုံးထားပါတယ်။

    ကြောက်စိတ်ဆိုတာ တကယ်တော့ ကူးစက်တတ်တဲ့ အရာလား ဆိုတာကို ဒီကားမှာ မြင်ရမှာပါ။

    ဒီရုပ်ရှင်က ဇာတ်အိမ်အေးအေးနဲ့ စိတ်ကို ခြောက်လှန့်စေမယ့် ကားမျိုးပါ။

    အိမ်ထဲမှာ နှစ်ယောက်တည်း ရှိနေရင်းကနေ ကိုယ်ပြောနေတဲ့ ပုံပြင်က တကယ်ဖြစ်လာရင်ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမလဲဆိုတာ ပြထားတာပဲ ဖြစ်ပါတယ်။

  • Retta Thala

    Retta Thala

    Retta Thala (2025)

    မျက်နှာနှစ်ခုနဲ့လူ

    ပွန်ဒီချယ်ရီ မြို့လေးမှာ ကြီးပြင်းခဲ့တဲ့ မိဘမဲ့လူငယ် ကာလီ ဟာ ဆင်းရဲပင်ပန်းစွာ နေထိုင်ရသူဖြစ်ပြီး သူ့ရဲ့ ငယ်ချစ်ဦး အန်သရီ ကို လက်ထပ်ဖို့ ကြိုးစားပေမယ့် သူမကတော့ ဆင်းရဲတဲ့ဘဝကို ငြီးငွေ့နေပြီး ချမ်းသာတဲ့ဘဝကို ပိုင်ဆိုင်ချင်သူပါ။

    တစ်နေ့မှာတော့ ကာလီ ဟာ သူနဲ့ ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ ဂိုဏ်းစတားသူဌေးကြီးမာလ်ပေအူပန်ဒရာ နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပါတယ်။

    ဒီအခါမှာ ချမ်းသာချင်တဲ့အန်သရီ က ကာလီ ကို မြှောက်ထိုးပင့်ကော်လုပ်ပြီး အူပန်ဒရာ ကို သတ်ကာ သူ့နေရာမှာ အစားဝင်ဖို့ တိုက်တွန်းပါတော့တယ်။

    ကာလီ တစ်ယောက် အူပန်ဒရာ ရဲ့ နေရာကို အစားဝင်ပြီး ချမ်းသာတဲ့ဘဝကို စံစားဖို့ ကြိုးစားတဲ့အခါမှာတော့ သူ မမျှော်လင့်ထားတဲ့ ရာဇဝတ်လောကရဲ့ လျှို့ဝှက်ချက်တွေ ရန်သူတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။

    ကာလီ တစ်ယောက် ဒီလူသတ်မှုနဲ့ လိမ်လည်မှုကို ဘယ်လိုဖုံးကွယ်မလဲ သူ့ရဲ့စစ်မှန်တဲ့ မည်သူမည်ဝါဖြစ်ကြောင်းကိုရော ထိန်းသိမ်းနိုင်ပါ့မလားဆိုတာကို ရင်ခုန်စရာ ကြည့်ရှုရမယ့် အက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

  • Sons of the Neon Night

    Sons of the Neon Night

    Sons of the Neon Night (2026)

    ဟောင်ကောင်ရုပ်ရှင်လောကမှာ ဆယ်စုနှစ်တစ်ခုစာနီးပါးစောင့်မျှော်ရတဲ့ Crime Epicရုပ်ရှင် ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။

    ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ်လောက်ကစတင်ရိုက်ကူးခဲ့တာဖြစ်ပြီးတော့ ကိုဗစ်ကြောင့်ရယ် ဒါရိုက်တာက ဇာတ်ကားရဲ့အရည်အသွေးကိုစိတ်တိုင်းကျပြင်ဆင်နေတာကြောင့်ရယ်ကြောင့် post-production ပိုင်းမှာ နှစ်တော်တော်ကြာကြာသွားတဲ့အတွက် ဟောင်ကောင်ရုပ်ရှင်လောကမှာ အကြာဆုံးစောင့်ဆိုင်းရတဲ့ဇာတ်ကားလို့ တင်စားကြပါတယ်။

    ဒီကားမှာ ဂျပန်-တရုတ်မင်းသားချော Takeshi Kaneshiro ( Jin Cheng Wu) ဟောင်ကောင်မင်းသား Louis Koo, Tony Leung Ka-fai တို့လို ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေကဦးဆောင်ပါဝင်ထားပါတယ်။

    ဒါရိုက်တာ Juno Makကဒီဇာတ်ကားကို အနုပညာဆန်ဆန် Lighting ပိုင်းမှာသုံးသွားတာ ဟောင်ကောင်ကားတွေမှမမြင်ဖူးသလောက်အဆင့်အတန်းပါပဲ

    ဇာတ်လမ်းအကျဉ်းကတော့

    ဟောင်ကောင်သူဌေးကြီးတစ်ယောက်ကို သေဆုံးသွားစေတဲ့ ပေါက်ကွဲမှုတစ်ခုကနေအရာအားလုံးစတင်ပါတယ်။
    အဲဒီပေါက်ကွဲမှုကြောင့် မူးယစ်ဆေးဝါးကုန်ကူးတဲ့သူတွေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်သူတွေကြားမှာ အပြင်းအထန်အားပြိုင်မှုတွေဖြစ်လာပါတယ်။

    မူးယစ်ဆေးဝါးဂိုဏ်းရဲ့ အမွေဆက်ခံသူက မူးယစ်ဆေးဝါးကင်းစင်တဲ့ကမ္ဘာတစ်ခုကိုတည်ဆောက်မယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ လူမှုပတ်ဝန်းကျင်ကြီးတစ်ခုလုံးကိုပဋိပက္ခတွေဖြစ်အောင်လုပ်ဖို့ ဝန်မလေးပါဘူး။

    ဒါပေမယ့် သူဖန်တီးမယ့် အဲ့ဒီမူးယစ်ကင်းစင်တဲ့ကမ္ဘာဆိုတာ လူတွေထင်ထားတာထက် ပိုပြီးရှုပ်ထွေးပြီး ကစဉ့်ကလျားဖြစ်နေတဲ့အခါ အရာအားလုံးကိုအပျက်စီးခံပြီး ယို့ယွင်းနေတဲ့လောကကြီးကိုတည့်မတ်အောင်လုပ်တာ လမ်းမှန်ရောဟုတ်ရဲ့လား?

  • Forbidden Land of Yin Mountain

    Forbidden Land of Yin Mountain

    Forbidden Land of Yin Mountain (2026)

    စိတ်ဝင်စားစရာကောင်းတဲ့ တရုတ်ရှေးဟောင်းသင်္ချာနဲ့ နက္ခတ်ဗေဒပညာတွေကိုအသုံးပြုပြီးဖြေရှင်းသွားတဲ့ ရှေးဟောင်းသင်္ချိုင်းဖောက်ထွင်းရေး အက်ရှင်ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။

    ၁၉၈၀ ခုနှစ်ပိုင်းမှာ ကျာဖန်ဆိုတဲ့လူငယ်လေးဟာ မိသားစုရဲ့ဇာစ်မြစ်ကိုမသိပဲ သာမန်သော့ပြင်ဆရာလေးတစ်ယောက်အဖြစ်နဲ့ပဲ အသက်မွေးဝမ်းကြောင်းနေခဲ့ပါတယ်။

    တနေ့မှာတော့ လူဆိုးကြီးတစ်ယောက်လှည့်ဖျားတာခံရပြီးတော့ ကြီးမားတဲ့ယင်းတောင်တားမြစ်နယ်ထဲကိုရောက်သွားပါတယ်။

    လူဆိုးတွေရဲ့ခြိမ်းခြောက်မှုနဲ့ ရတနာတွေရဲ့သွေးဆောင်မှုတွေကြားမှာ ကျာဖန်တစ်ယောက် ဘယ်လိုရှင်သန်မလဲ?

    သူက သင်္ချိုင်းထဲကသေစေနိုင်တဲ့ထောင်ချောက်တွေကို မိရိုးဖလာပညာတွေနဲ့ဖြေရှင်းရင်းနဲ့မှ ဘိုးဘေးတွေကဒီသင်္ချိုင်းကိုဘာကြောင့်တည်ဆောက်ခဲ့ရသလဲဆိုတာ နားလည်လာခဲ့ပါတယ်။

    ကျာဖန်ဟာဘာမှနားမလည်တဲ့ သာမန်လူငယ်လေးအဖြစ်ကနေ ကိုယ့်ရဲ့ဇာစ်မြစ်မျိုးရိုးပညာရပ်ကိုနားလည်သွားပြီးတော့ မကောင်းဆိုးဝါး လူဆိုးတွေကိုနှိမ်နင်းသွားမယ် သူရဲကောင်းလေးအဖြစ်ပြောင်းလဲလာတာပဲဖြစ်ပါတယ်။