Author: Baby Yit Lone

  • IMEI နံပါတ် သိရုံနဲ့ ဖုန်းကို Hack လို့ ရနိုင်သလား?

    IMEI နံပါတ် သိရုံနဲ့ ဖုန်းကို Hack လို့ ရနိုင်သလား?

    ဖုန်းသုံးသူတိုင်း သိထားသင့်တဲ့ လုံခြုံရေး ဗဟုသုတတစ်ခုအကြောင်း ပြောပြချင်ပါတယ်။

    လူတော်တော်များများ စိုးရိမ်နေကြတဲ့ “ငါ့ဖုန်းရဲ့ IMEI ကို တစ်ယောက်ယောက်က သိသွားရင် ငါ့ဖုန်းကို Hack ပြီး ဒေတာတွေ ခိုးသွားမလား?” ဆိုတဲ့ မေးခွန်းပါ။

    အဖြေကို အရင်ပြောရရင် “တိုက်ရိုက် Hack လို့ မရပါဘူး”။ ဒါပေမဲ့… သတိထားရမယ့် အချက်လေးတွေတော့ ရှိပါတယ်။

    🔍 ၁။ IMEI ဆိုတာ ဘာလဲ?

    IMEI ဆိုတာ ဖုန်းတစ်လုံးချင်းစီရဲ့ “ကိုယ်ပိုင်မှတ်ပုံတင်နံပါတ်” လိုမျိုးပါ။ လူတစ်ယောက်မှာ မှတ်ပုံတင်နံပါတ် တစ်ခုပဲ ရှိသလို၊ ဖုန်းတစ်လုံးမှာလည်း တစ်ကမ္ဘာလုံးမှာ တစ်ခုတည်းသော IMEI နံပါတ် ရှိပါတယ်။

    ဒါဟာ Hardware (စက်ပစ္စည်း) ကို ခွဲခြားတာဖြစ်ပြီး သင့်ရဲ့ Facebook, Gmail ဒါမှမဟုတ် ဘဏ်အကောင့်တွေနဲ့ တိုက်ရိုက် မပတ်သက်ပါဘူး။

    🚫 ၂။ IMEI သိသွားရင် ဘာတွေ မလုပ်နိုင်ဘူးလဲ?

    သင့်ဖုန်းထဲက ဓာတ်ပုံတွေကို လှမ်းကြည့်လို့ မရပါ။

    Messenger က Chat တွေကို ခိုးဖတ်လို့ မရပါ။

    သင့်အကောင့်တွေကို Password ပြောင်းပစ်လို့ မရပါ။

    အဝေးကနေ ဖုန်းကို ထိန်းချုပ်လို့ မရပါ။

    ⚠️ ၃။ ဒါဆို ဘာလို့ သတိထားရမှာလဲ?

    IMEI ကနေတစ်ဆင့် တိုက်ရိုက် Hack လို့ မရပေမဲ့ အောက်ပါ ဒုက္ခပေးမှုမျိုးတွေ ကြုံရနိုင်ပါတယ် –

    Blacklist လုပ်ခံရခြင်း: တစ်စုံတစ်ယောက်က သင့် IMEI ကို သုံးပြီး အော်ပရေတာဆီ ဖုန်းပျောက်သွားတယ်လို့ လိမ်တိုင်ရင် သင့်ဖုန်းဟာ ဖုန်းလိုင်းသုံးမရအောင် ပိတ်ခံရနိုင်ပါတယ်။

    IMEI Cloning: Hacker တွေက သင့်ရဲ့ တရားဝင် IMEI ကို ခိုးယူပြီး တရားမဝင် (ခိုးရာပါ) ဖုန်းတွေထဲကို ထည့်သွင်း အသုံးပြုတာမျိုးပါ။ ဒါဆိုရင် ပြဿနာတစ်ခုခုဖြစ်ရင် သင့်ဖုန်း နံပါတ်က ငြိစွန်းနေနိုင်ပါတယ်။

    Location Tracking: ဒါကတော့ သာမန်လူ လုပ်လို့မရပါဘူး။ အာဏာပိုင်တွေ ဒါမှမဟုတ် Operator တွေကပဲ IMEI ကို သုံးပြီး ဖုန်းတည်နေရာကို ရှာဖွေနိုင်တာပါ။

    ✅ ဘယ်လို ကာကွယ်မလဲ?

    နံပါတ်ကို လျှို့ဝှက်ထားပါ: ဖုန်းဗူးခွံ ဒါမှမဟုတ် ဖုန်းနောက်ကျောက IMEI ကို ဓာတ်ပုံရိုက်ပြီး Social Media ပေါ် မတင်ပါနဲ့။

    ဖုန်းစစ်ဆေးပါ: *#06# ကို နှိပ်ပြီး ကိုယ့်ဖုန်းရဲ့ IMEI ကို မှတ်သားထားပါ။ ဖုန်းပျောက်မှသာ ဒါကို အသုံးပြုပါ။

    App တွေကို သတိထားပါ: ဖုန်းကို Hack တယ်ဆိုတာ IMEI ထက်စာရင် စိတ်မချရတဲ့ Link တွေ နှိပ်မိတာနဲ့ App အတုတွေ သွင်းမိတာကြောင့်ဖြစ်တာ ပိုများပါတယ်။

    နိဂုံးချုပ်အနေနဲ့: IMEI သိသွားရုံနဲ့ သင့်ဖုန်းထဲက အချက်အလက်တွေ အကုန်ပါသွားပြီဆိုပြီး ထိတ်လန့်စရာ မလိုပါဘူး။

    ဒါပေမဲ့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု သက်သေအထောက်အထား တစ်ခုဖြစ်တာကြောင့် လူစိမ်းတွေကို မမြင်စေတာ အကောင်းဆုံးပါပဲ။

    💡 ဒီအချက်လေးက သင့်အတွက် အသုံးဝင်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း သိရအောင် Share ပေးလိုက်ပါဦးနော်!

    Info Tech Computer

  • မိုးကုတ်နဲ့ မိုးမိတ် တိုက်ပွဲ​တွေမှာ NUG လက်​အောက်ခံတပ်​​တွေ နဲ့ အတူ SRA အဖွဲ့ဝင်တပ်​တွေပါ ပူး​ပေါင်းတိုက်ပွဲဝင်

    မိုးကုတ်နဲ့ မိုးမိတ် တိုက်ပွဲ​တွေမှာ NUG လက်​အောက်ခံတပ်​​တွေ နဲ့ အတူ SRA အဖွဲ့ဝင်တပ်​တွေပါ ပူး​ပေါင်းတိုက်ပွဲဝင်

    မိုးကုတ်နဲ့ မိုးမိတ်မြို့မှာ စစ်ဆင်ရေးအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)လက်အောက်ခံတပ်တွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေတယ်လို့ စစ်ကိုင်း PDFက ထုတ်ပြန်ပါတယ်။

    ၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ဆင်ရေးမှာ မဟာမိတ် တအာင်းတပ်မတော်(TNLA)နဲ့အတူ စစ်ကိုင်း PDF က စစ်ဆင်ရေးတွေလုပ်ခဲ့ပြီး TNLA တပ်က စစ်ကောင်စီထံ မိုးကုတ်နဲ့မိုးမိတ်မြို့ ပြန်ပေးလိုက်ချိန်မှာ MOD အမိန့်နဲ့ လက်အောက်ခံတပ်ရင်း တွေပူးပေါင်းကာ စစ်ဆင်ရေး တွေဆောင်ရွက်နေတာလို့ စစ်ကိုင်းPDF ပြန်ကြား ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    “အခု MOD အောက်ကအထူးလှုပ်ရှားတပ်နဲ့ပေါင်းပြီး စစ်ဆင်ရေး တွေဖော် ဆောင် နေပါတယ်။မိုးကုတ်၊မိုးမိတ်ဘက်ပေါ့”လို့ ပြန်‌‌ကြား ရေးတာဝန်ရှိသူက ပြောပါတယ်။

    စစ်ကိုင်း PDF ဟာ ၂၀၂၅ နှစ်ကုန်ပိုင်းမှစတင်စုဖွဲ့ခဲ့တဲ့ ​နွေဦး​​တော်လှန်​ရေးမဟာမိတ်တပ်​ပေါင်းစု- SRA အဖွဲ့ဝင်ဖြစ်ပြီး MOD လက်​အောက်ခံ PDF ​တွေနဲ့ပူးပေါင်းတိုက်ပွဲဖော်ဆောင်နေတာလို့ သိရပါတယ်။ စစ်ကိုင်း PDF အပြင် မုံရွာ​ဒေသအ​ခြေစိုက် ဗမာလွတ်​မြောက်​ရေးဒီမိုကရက်တစ်တပ်ဦး-BNDF က တပ်ဖွဲ့ဝင်​တွေပါ မိုးကုတ် ၊မိုးမိတ်တိုက်ပွဲ​တွေမှာ ပူး​ပေါင်းပါဝင်တိုက်ခိုက်​နေတာပါ။

    မိုးကုတ်မြို့အနောက်ခြမ်းမှာတော့တိုက်ပွဲ တွေဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီရဲ့အထိုင်စခန်းကုန်းတချို့ကိုလည်း သိမ်းယူနိုင်ထားတယ်လို့ သိရပါတယ်။‌‌

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာလည်း စစ်ကောင်စီတပ်ရဲ့ တပ်သားနှစ်ဦးကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းမိခဲ့ပါတယ်။

    မိုးကုတ်မြို့နယ်ရဲ့ တောင်ဘက်က သပိတ်ကျင်းမြို့နယ်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး အဲဒီနယ်မြေတွေကိုတော့ စစ်ကောင်စီရဲ့ တပ်မ(၅၅)က တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။

    MOD က မိုးကုတ်-မိုးမိတ် စစ်ဆင်ရေးအခြေအနေ ကို ၃ကြိမ်မြောက်ထုတ်ပြန်ချက်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်က ဖော်ပြရာမှာ ၂၀၂၆ ဇန်နဝါရီအတွင်း တိုက်ပွဲကြီး (၇) ကြိမ် ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ကြီး၊ငယ်ပေါင်း ၁၀ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဖော်ပြထားပါတယ်။

    ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကိုလည်း လိုအပ်တဲ့ ဆေးဝါးကုသမှုတွေနဲ့အတူ စနစ်တကျထိန်းသိမ်းထားတယ်လို့ အသိပေးထားပါတယ်။

    ရုပ်သံ − စစ်ကိုင်းPDF

  • ဟိုပင်မြို့မှာ ခြောက်လောင်းပြိုင်လူသတ်မှု ဖြစ်ပွား

    ဟိုပင်မြို့မှာ ခြောက်လောင်းပြိုင်လူသတ်မှု ဖြစ်ပွား

    ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ မြသာယာရပ်ကွက်ရှိ နေအိမ်တခုမှာ ခြောက်လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

    နေအိမ်အတွင်း သတ်ဖြတ်ခံထားရတာကို ဒီကနေ့ မနက်ပိုင်းမှာမှ သက်ဆိုင်ရာရဲတပ်ဖွဲ့က သိရှိခဲ့ရတာ ဖြစ်ကြောင်း၊ အသတ်ခံထားရသူတွေဟာ မိသားစုလိုက်ငါးယောက်နဲ့ အိမ်အကူအမျိုးသမီး တယောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။

    646883338 1239712898339924 4064048127960853555 N

    “မနက်မိုးလင်းတော့ အိမ်ကတခါးမဖွင့် အသံမကြားလို့ ပတ်ဝန်းကျင်ကသိပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားမှသိရတာ ။ ရဲတပ်ဖွဲ့ခန့်မှန်းတာကတော့ မနေ့က ညပိုင်း သတ်ခံရတာလို့ ယူဆတယ်။ အသတ်ခံရတာက မိသားစုဝင်ငါးယောက်နဲ့ ထမင်းချက်တယောက်ပါ။ မိသားစုဝင်တွေက မိဘနှစ်ပါးနဲ့ သားသမီးသုံးယောက်ပါ။ အငယ်ဆုံးကလေးက လေးနှစ်လို့သိရတယ်။ ဓားပြတိုက်တာလား ဆိုတာတော့ သေချာမပြောနိုင်သေးဘူး ။အသတ်ခံရတာကိုပဲ အတည်ပြုလို့ရတယ်။” လို့ ဖြစ်စဥ်သိရှိသူ ဒေသခံက ပြောပါတယ်။

    Mm News.xyz 2026 03 05 161042

    လက်ရှိမှာ သေဆုံး ရုပ်အလောင်းတွေကို မိုးကောင်းမြို့နယ်၊ ပင်းဘောတိုက်နယ်ဆေးရုံကို ပို့ဆောင်ကာ ဆေးစစ်ချက်ရယူနေဆဲဖြစ်ကြောင်း၊ ဆေးစစ်ချက်အဖြေရရှိပြီးမှသာ ဟိုပင်မြို့နယ်ဆေးရုံ ရင်ခွဲရုံကို ပြန်လည်သယ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

    “အခု ပင်းဘောတိုက်နယ်ဆေးရုံကိုပို့ပြီး ဆေးစစ်ချက်ယူနေတာ ။ ဆေးစစ်ချက်ရမှပဲ ဘယ်လိုအသတ်ခံရတယ်ဆိုတာ အတိကျသိရမယ်။ သေနတ်နဲ့ ပစ်ခံရတာတော့ မဟုတ်ဘူး ။ ဓားတို့ ၊ရဲဒင်းတို့နဲ့ ဖြစ်ဖို့များတယ်။” လို့ သူက ဆက်ပြောပါတယ်။

    “ဒီမနက်ဖြစ်သွားတာ အဲဒီအိမ်ရှင်တွေက ငွေတိုးချေးတဲ့အိမ်ဟုတ်တယ်။သတ်ခံထားရတာက ဓါးနဲ့ခုတ်သတ်ခံရတာတွေပဲ”လို့ ပြောပါတယ်။

    Mm News.xyz 2026 03 05 161056

    အဆိုပါ ခြောက်လောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး ကျုးလွန်တဲ့ တရားခံတွေကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

    သတ်ခံရသူတွေဟာ အိမ်ထောင်ဦးစီးဖြစ်တဲ့ အသက် (၄၁)နှစ်အရွယ် ဦးကျော်မြတ်ဦး အိမ်ရှေ့ဧည့်ခန်းမှာ ဓါးဒဏ်ရာနဲ့သေဆုံး‌နေပြီးနောက်ထပ် နေအိမ်ရှေ့အိပ်ခန်းတစ်ခုမှ သားဖြစ်သူ အသက် (၁၁) နှစ်အရွယ် မောင်ဘုန်းခန့်ကျော်၊အိမ်အကူ အသက် (၄၂) နှစ်အရွယ် မမီးမီးတို့လည်း ဓါးဒဏ်ရာတွေနဲ့သေဆုံးနေကြောင်း ထပ်မံတွေ့ရတယ်လို့ ဆိုပါတယ်။

    8b6515f9 55fc 409b Aee0 2c7a4eee9eff

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု၊ တောင်းကော့ကျေးရွာမှာလည်း ဇန်နဝါရီ ၉ ရက်နေ့က မြေးအဖွားသုံးယောက် သုံးလောင်ပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

  • ဖုန်းများကိုအခွန်ကောက်ရန်နှင့် သုံးစွဲသူများ၏ အချက်အလက်များကို ရယူရန် စစ်ကော်မရှင်လုပ်ဆောင်

    ဖုန်းများကိုအခွန်ကောက်ရန်နှင့် သုံးစွဲသူများ၏ အချက်အလက်များကို ရယူရန် စစ်ကော်မရှင်လုပ်ဆောင်

    လက်ရှိသုံးစွဲနေသည့်ဖုန်းဟန်းဆက်များသည် စစ်ကော်မရှင်ထိန်းချုပ်ထားသော ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်(CEIR) စနစ်ထဲအလိုအလျောက်မှတ်ပုံတင်ဝင်သွားမည်ဖြစ်ပြီး အဆိုပါစနစ်ကြောင့် သုံးစွဲသူနောက်ကြောင်းကို အသေးစိတ်သိနိုင်ကာ နောက်ယောင်ခံ စောင့်ကြည်နိုင်ကြောင်း သတင်းရရှိသည်။

    အဆိုပါစနစ် CEIR ထဲသို့ လက်ရှိသုံးစွဲနေသည့်ဟန်းဆက်များက အခွန်ဆောင်စရာမလိုဘဲ မှတ်ပုံတင်ပြီးသားဖြစ်ပြီး ဆမ်းကဒ်များက မှတ်ပုံတင်ထားရသဖြင့် နေရာလိပ်စာများဖြည့်သွင်းထားရသောကြောင့် ဖုန်းသုံးစွဲသူ၏နေရာကို ထောက်လှမ်းနိုင်ကြောင်း မြန်မာအင်တာနက်ပရောဂျက်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုသစ်ဥာဏ်က ပြောကြားသည်။

    “နည်းပညာအရတော့ဒီဟာက ဒီစက်ပစ္စည်း ( ဖုန်း) နဲ့ ဆမ်းကဒ်က ဘယ်နားမှာရှိလဲသိနိုင်တယ်။ မှတ်ပုံတင်လုပ်ဖို့ပြောတာက ဒီစက်နဲ့ဒီဆမ်းကဒ်သုံးနေတာ ဘယ်သူလဲ၊ မှတ်ပုံတင်ကဘာ၊ ဘယ်လိပ်စာဆို တာသိသွားပြီ။ အဲဒီမှတ်ပုံတင်စနစ်ကြောင့် ဘယ်နားသုံးနေလဲဆိုတာ သေချာပေါက်သိနိုင်တဲ့အနေအထားဖြစ်သွားတယ်” ဟု ၎င်းက ရှင်းပြသည်။

    စစ်ကော်မရှင်က UID နိုင်ငံသားစမတ်ကတ်ပြုလုပ်ခိုင်းထားသည့်အတွက် အချက်အလက်များပြည့်စုံနေခြင်း၊ ဖုန်းမှတ်ပုံတင်နှင့် ဆမ်းကဒ်မှတ်ပုံတင်ပါရှိပြီးဖြစ်၍ အသုံးပြုသူအားလုံးကို စောင့်ကြည့်ပြုနိုင်သောကြောင့် စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများရှိသည်။

    အဆိုပါ CEIR စနစ်သည် ဆက်သွယ်ရေးကွန်ရက်အားလုံး (MPT, ATOM, U9, Mytel )ဖြင့်ချိတ်ဆက်ထားပြီး ဖုန်းဟန်းဆက်ထဲ ဆမ်းကဒ် (SIM card) ထည့်သွင်းထားမှ အလိုအလျောက်စနစ်ထဲရောက်ရှိမည်ဖြစ်ကြောင်း စစ်ကော်မရှင်ထုတ်ပြန်သည်။

    ထို့ပြင်ဖုန်းဟန်းဆက် (မိုဘိုင်းလက်ကိုင်ဖုန်း) နှင့် ဆက်စပ်ပစ္စည်းများကို ပြင်ပနိုင်ငံများမှသွင်းယူရာတွင် အခွန်ပေးဆောင်မှ CEIR စနစ်တွင်ထည့်သွင်းပေးမည်ဖြစ်ပြီး ယင်းသို့ပြုလုပ်ပြီးမှ ဖုန်းကိုအသုံးခွင့်ရမည်ဖြစ်သည်။

    အဆိုပါစနစ်နှင့်ပတ်သက်ပြီးစစ်ကော်မရှင်ထုတ်ပြန်ချက်တွင် ဖုန်းဟန်းဆက်များမှ အခွန်ရရှိရေးအတွက်ဦးတည်ထားသော်လည်း ပုဂ္ဂလိကဆက်သွယ်ရေးလုံခြုံမှုကို သတိပြုရန် သုံးသပ်မှုများလည်းရှိသည်။

    “ဖုန်းတွေအကုန်ဆောင်ဖို့ မှတ်ပုံတင်ဖို့ပါတယ်။ အခွန်မဆောင်ရင် ဒဏ်ကြေးဆောင်ရမယ်ဆိုပြီး ပါတယ်။ အဲဒီတော့တရားဝင်ကုန်သွယ်ရေးစနစ်ကနေလာတဲ့ဟာတွေမှာ အခွန်စနစ်နဲ့ သီးခြားအချက်အလက်ရှိတယ်။ ဒါပေမယ်လည်း ဒီမှာရှိနေတဲ့ နိုင်ငံရေးစီးပွားရေးအခြေအနေအရတော့ အခြားလမ်းကြောင်းကနေဝင်လာတဲ့ ပစ္စည်းတွေရှိ‌တော့ အဲဒီကကင်းလွတ်တာကို အခွန်ကောက်ချင်တာဖြစ်နိုင်တယ်။ အဲဒီဟာက သူတို့ထိန်းချုပ်ရေးမှာ လွတ်ပြီးကျန်တာမျိုးဖြစ်နိုင်တယ်။ အဲဒီတော့အခွန်အတွက်ဦးတည်လို့လည်းထင်ရတယ်” ဟု သတင်းအချက်အလက်သုတေသနပြုသူတစ်ဦးက ပြောကြားသည်။

    ဒစ်ဂျစ်တယ်လုံခြုံရေးရှုထောင့်မှ သုံးသပ်ချက်အရ ယင်းမှတ်ပုံတင်စနစ်သည်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်ထက် များစွာပိုမိုသည့် စောင့်ကြည့်ရေးယန္တယားများကို နောက်ကွယ်တွင် ဖော်ဆောင်နိုင်ကြောင်းတွေ့ရကြောင်း Myanmar Internet Project အဖွဲ့က ယနေ့ထုတ်ပြန်သည်။

    မိုဘိုင်းလက်ကိုင်ဖုန်းများအပါအဝင် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးစက်ပစ္စည်းများ၏မူရင်းအ မှတ်အသား(International Mobile Equipment Identity – IMEI)ကိုအသုံးပြုပြီး ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံစနစ် (Central Equipment Identity Register – CEIR)တွင်မှတ်ပုံတင်သည့်စနစ်ကို စစ်ကော်မရှင်အကောင်အထည်ဖော်လာခြင်းဖြစ်သည်။

    လာမည့် ဧပြီ ၁ ရက်နေ့မှစတင်ကာ CEIR စာရင်းတွင်မပါဝင်သည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို ဆက်သွယ်ရေးကွန်ရက်များနှင့်ချိတ်ဆက်အသုံးပြုနိုင်ရေး ရက်ပေါင်း ၃၀ ပေးထားပြီး ယင်းကာလအတွင်းကျသင့်ငွေနှင့် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း စစ်ကော်မရှင်ထုတ်ပြန်ထားသည်။

  • ရခိုင်သားစစ်ဗိုလ်တွေ ရဲ့ နေအိမ်တွေ ကို AA ချိပ်ပိတ်

    ရခိုင်သားစစ်ဗိုလ်တွေ ရဲ့ နေအိမ်တွေ ကို AA ချိပ်ပိတ်

    အခုအချိန်ထိ စစ်တပ်ဆီမှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ ရခိုင်သား စစ်တပ်အရာရှိတွေ ရဲ့ နေအိမ်တွေ အပါအဝင် ဌာနဆိုင်ရာအကြီးအကဲတွေရဲ့နေအိမ်တွေကို AA ဘက်က ချိပ်ပိတ်ထားတယ်လို့ သတင်းရရှိပါတယ်။

    အမ်းမြို့ ၊ တောင်ကုတ်မြို့ ၊ သံတွဲမြို့ ၊ မင်းပြားမြို့ တွေက ရခိုင်သား စစ်ဗိုလ်တွေ အပါအဝင်၊ စစ်တပ်နဲ့ ပတ်သက်နေသူတွေ ၊ စစ်ကော်မရှင် အစိုးရဆီမှာ လက်ရှိအချိန်အထိ အလုပ်လုပ်နေသူတွေ ရဲ့ နေအိမ်တွေ ၊ လုပ်ငန်းတွေကို ချိပ်ပိတ်လိုက်တာဖြစ်ပါတယ်။

    “သံတွဲမြို့ခံ စစ်ဗိုလ်တွေ ရဲ့ မိဘတွေပိုင်တဲ့ အိမ်တွေကို ပိတ်လိုက်တယ်၊ တော်တော်များများပါသွားတယ်။ ရပ်ကွက်ကြို ရပ်ကွက်ကြားက အိမ်တွေတောင်ပါတယ်” လို့ သံတွဲ သတင်းရင်းမြစ်က‌ ပြောပါတယ်။

    Mm News.xyz 2026 03 05 170003

    ၂၀၂၄ ခုနှစ်ကတည်း ရခိုင်က စစ်ကော်မရှင် နဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်တွေ ရဲ့ နေအိမ်တွေ ကို ချိပ်ပိတ်ခဲ့တာဖြစ်ပါတယ်။

    အခုနောက်ပိုင်းမှာတော့ မြို့ထဲက စစ်ဗိုလ်အဆင့်အပါအဝင်၊ စစ်ကော်မရှင် ဌာန ဆိုင်ရာနဲ့ ပတ်သက်နေတဲ့ နေအိမ်တွေ၊ ပြည်ခိုင်ဖြိုးပါတီ(မြို့နယ်အဆင့်) တွေ ရဲ့ အိမ်တွေကိုပါ ချိပ်ပိတ်လိုက်တာဖြစ်ပါတယ်။

    “အမ်းမှာ GE တပ်က စာရေးအဆင့်ပိုင်တဲ့ အိမ်နဲ့ ဆိုင်တွေ ၊ ဆင်ဒိုးမှာ ဆိုရင်လည်း စစ်တပ်က ဆရာဝန်တွေ ဆေးကုခဲ့တဲ့ ဆေးခန်းနေရာတွေ ၊ သူတို့ ဝယ်ထားတဲ့ အိမ်တွေ ပါတယ် ၊” လို့ အမ်းဒေသခံတစ်ဦးက ပြောပါတယ်။

    အခုလို စိစစ်ချိပ်ပိတ်တာတွေကို DLEPS ဒီလပ် တပ်ဖွဲ့ နဲ့ ဗဟိုထောက်လှမ်းရေးအဖွဲ့တွေ က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။