Author: Baby Yit Lone

  • မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်အတွင်းက သေမင်းတမန် စက္ကန့်ပိုင်းများ

    မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်အတွင်းက သေမင်းတမန် စက္ကန့်ပိုင်းများ

    အဲဒီနေ့လယ်ခင်းက ခါတိုင်းနေ့တွေလိုပဲ အဆောင်က ကျွန်မအခန်းလေးမှာ တစ်ယောက်တည်း ကွန်ပျူတာလေးနဲ့ အလုပ်လုပ်နေခဲ့တယ်။

    ကျွန်မအလုပ်က Working from Home ဆိုတော့ တစ်ဆောင်လုံးမှာ ကျွန်မ တစ်ယောက်တည်းရှိတာပေါ့လေ။

    ကံကောင်းတာတစ်ခုက ခါတိုင်း အဲဒီလိုနေ့လယ်စာစားချိန်တစ်ဖြတ်နားရင် ကျွန်မက ရေချိုးနေကျပါ။ ချိုးမိခဲ့ရင် အဲဒီအဖြစ်ဆိုးကြီး ရုတ်တရက်ရောက်လာချိန်မှာ ကျွန်မ ရေချိုးခန်းထဲပဲ ပိတ်မိနေခဲ့မလား မပြောတတ်ပါဘူး။

    နေ့လယ်စာစား၊ ခုတင်ပေါ်မှာပဲ ကွန်ပျူတာရှေ့မှာထိုင်၊ ဖုန်းခဏကြည့်နေတုန်း ဝေါဆိုတဲ့ တော်လှဲသံကြီးနဲ့အတူ တစ်အိမ်လုံး သိမ့်သိမ့်တုန်ခါယမ်းလာတော့တယ်။

    ကျွန်မက ဘာလဲဆိုပြီး ကြောင်သွားတုန်း “ငလျင်” ဆိုတဲ့အသိနဲ့ တစ်ဖက်က ကျွန်မအခန်းဖော်ရဲ့ခုတင်အောက်ဝင်လိုက်တုန်းမှာပဲ ယမ်းခါတာတွေ ပိုဆိုးလာပြီး မျက်နှာကြက်က ခုနက ကျွန်မထိုင်နေခဲ့တဲ့ခုတင်ပေါ် ပြုတ်ကျလာပါတယ်။

    အခြေအနေကို သုံးသပ်ဖို့ ကြိုးစားတုန်းမှာပဲ တစ်လော ကလုံး ကယ်ပါ ယူပါ အော်သံတွေ၊ ငိုသံတွေ၊ ကြောက်လန့်တကြား အော်သံတွေနဲ့ ကမ္ဘာပျက်သလိုပါပဲ။

    အဆောင်နောက်ကျောကပ်လျက်ဗလီဝင်းထဲက တရားသံတွေလည်း တိတ်သွားပြီး အော်ဟစ်သံတွေပဲ ကြားရ တယ်။ ကျွန်မလည်း ခုတင်အောက်မှာ ခုတင်တိုင်ကြီးကိုင်ပြီး ဘုရားစာတွေရွတ်၊ အမေကယ်ပါ။ အဖေကယ်ပါနဲ့ တစ်ယောက်တည်း ကူကယ်ရာမဲ့နေတုန်း ငလျင်ခဏ ငြိမ်သွားတာနဲ့ ဘာမှ မစဉ်းစားနိုင်၊ သတိမရနိုင်တော့ဘဲ လှုပ်ခါနေဆဲအနေအထားမှာပဲ အခန်းထဲက ပြေးထွက်လိုက်တော့ အိမ်ထဲမှာ ပြိုကျထားတဲ့ အငွေ့တွေ၊ ဆိုလာမီးရှော့ခ်ဖြစ်ပြီး မီးခိုးငွေ့တွေနဲ့ ကောင်းကောင်းမမြင်ရတော့ပါဘူး။

    တိုက်က လေးထပ်ဖြစ်ပြီး ကျွန်မတို့နေတဲ့ အပေါ်ဆုံးထပ်တစ်ထပ်ပဲ အဆောင်ထားတာပါ။ တတိယထပ်က လူမနေပါဘူး။ မြေညီထပ်နဲ့ ပထမထပ်က အိမ်ရှင်တွေ နေပါတယ်။ လှေကားတွေလည်း ပြိုပျက်လို့ အထဲကသံဖရိန်တွေတန်းလန်းဖြစ်တာ ဖြစ်နေတာကို ဘယ်လို ဆင်းပြေးခဲ့မိမှန်းမသိဘူး။

    လှေကားကလည်း ကျွန်မဆင်းရော အပေါ်ထပ်မှာ တည်ထားတဲ့ ရေကန်ပြိုတာထင်တာပဲ။ ပြေးလာတဲ့အနောက်မှာ ဝေါခနဲ ရေသံပါ ကြားရတယ်။ ဒါနဲ့ ဒုတိယထပ်ရောက်တော့လည်း အဲလိုပဲ မီးခိုးတွေနဲ့၊ ပြိုကျထားတဲ့ အင်္ဂတေအမှုန့်တွေ အငွေ့တွေနဲ့ ဘာမှ ကောင်းကောင်းမမြင်ရပါဘူး။

    ပထမထပ်ရောက်တော့ လှေကားပေါက်အရောက် အောက်ဆင်းစရာ လှေကားမရှိတော့ပါဘူး။ တံခါးဝမှာ အုတ်ပုံကြီးအပြည့်ပိတ်နေပါပြီ။

    ကျွန်မ တအားကြောက်သွားတယ်။ ငါတော့သွားပြီ။ မီးလောင်နေတဲ့အထဲ ပိတ်မိပြီပေါ့။

    ဒါနဲ့ လှေကားထိပ်ကနေ ပြန်ဆုတ်ပြီး အဲဒီနားက အခန်းတံခါးတွန်းကြည့်တာ ပွင့်သွားတာနဲ့ ဝင်လိုက်တော့ အသင့်ဖွင့်ထားတဲ့ ဝရံတာတံခါးနဲ့ အပြင်ကို မြင်လိုက်ရတာ ဘယ်လောက်တောင် ကျေးဇူးတင်မိလဲဆိုတာလေ။

    ကြည့်ရတာ အိမ်ရှင်တွေ အဲဒီအပေါက်ကနေ ထွက်သွားပြီး ဖွင့်သွားခဲ့ကြတာနေမှာပါ။ ကျွန်မလည်း ဝရံတာဘက် ထွက်လိုက်ရော လမ်းပေါ်မှာ လူတွေအပြည့်၊ မီးခိုးတွေကော၊ မီးသတ်ကားတွေကော…။

    ခုချိန်ထိ အဲဒီမြင်ကွင်းကို မျက်စိထဲက မထွက်သေးပါဘူး။

    ကျွန်မလည်း ဘာမှ စဉ်းစားမနေဘဲ ဝရံတာလက်တန်းပေါ်တက်ပြီး အောက်ကို ခုန်ချဆင်းခဲ့တယ်။ ဒူးထောက်ကျတာမို့ ဒူးပွန်းတာလည်း အမှုမထားနိုင်ဘူး။ အဲဒီခဏလေးမှာလေ ဒီမိနစ်ပိုင်း၊ စက္ကန့်ပိုင်းလေးကို ကျွန်မ ဘာတွေ ကြုံလိုက်တာလဲ။ ဘာဖြစ်သွားတာလဲဆိုတာ သိစိတ်နဲ့ မနည်းဆက်စပ်နေရတယ်။

    ကျွန်မတို့ရဲ့မြေညီထပ်ကြီးက မရှိတော့ပါဘူး။ တိုက်ပြိုပြီး ပိသွားပါပြီ။ အဲဒါကြောင့် ပထမထပ်ရောက်ချိန်အဆင်းလှေကားကို ကျွန်မ ရှာမတွေ့တော့တာပါ။

    အပြင်ကို ရောက်နေကြတဲ့ အိမ်ရှင်တွေလည်း အဲဒီတော့မှ အပေါ်ထပ်မှာ အဆောင်သူတစ်ယောက်ရှိတာကို သိကြတာပါ။ သူတို့က အားလုံးအလုပ်သွားကုန်ကြပြီထင်နေတာလေ။

    “ဘာဖြစ်သွားလဲ။ အပေါ်ထပ်မှာ လူကျန်သေးလား” ပေါ့။ ကျွန်မကလည်း မကျန်ဘူးပေါ့။

    သူတို့တွေလည်း ခုငလျင်လှုပ်၊ ခုချက်ချင်းပြိုကျတဲ့ကြားက ပြေးထွက်လာကြရတာဆိုတော့ ဖိနပ်တွေတောင် မပါကြပါဘူး။ သွေးတွေလည်း မြင်ရတယ်။ မလျှောက်နိုင်တဲ့ လူကြီးသူမတွေကိုပါ တစ်ခါတည်း အပြင်ခေါ်ထုတ်နိုင်ခဲ့လို့ အသေအပျောက်တော့ မရှိဘူး။ အိမ်ကတော့ ပါသွားတာပေါ့လေ။ အောက်ထပ်မှာထားတဲ့ အဆောင်သူဆိုင်ကယ်လည်း ပိတဲ့အထိ ပါသွားတယ်။

    အလုပ်လုပ်နေရင်း ထပြေးရတာဆိုတော့ ကျွန်မက အိမ်နေရင်း တီရှပ်အပွ၊ စပန့်ဘောင်းဘီနဲ့ ရေချိုးစီးဖိနပ်ရယ်၊ ဖုန်းရယ်ကလွဲပြီး ဘာမှပါမလာပါဘူး။ ဖုန်းတောင် ငလျင်လှုပ်တဲ့အချိန် သုံးလက်စမို့ ပါလာတာပါ။ ကျွန်မက အောက်ရောက်တာနဲ့ အထဲမှာ မီးလောင် နေတဲ့အကြောင်းပြောတော့ လောလောဆယ်မှာ တစ်မြို့လုံးက အရေးပေါ်မို့ မီးသတ်ကားလည်း ခေါ်မရပါဘူး။ ဒါနဲ့ ရှိတဲ့လူငယ်တွေကပဲ အထဲမှာ လှိုက်လောင်မနေအောင် အပြင်ကနေ အိမ်ရဲ့မှန်တွေကို ခဲနဲ့ပစ်ခွဲကြရတယ်။

    ငလျင်က လှုပ်နေတုန်းမို့ ဘယ်သူမှလည်း အိမ်ပေါ်မတက်ရဲကြပါဘူး။

    ဘေးဘီဝဲယာတွေကြည့်တော့လည်း CoCo ဆိုင်ကလည်း ပိပြားနေပြီ။ အထဲမှာ လူကျန်နေလို့ ကယ်ထုတ်နေကြတယ်လည်း ပြောကြတယ်။ ဘေးနားက တိုက်ကြီးတွေလည်း မြေပေါ်ပြားပြားဝပ်တာဝပ်၊ အလုံးလိုက်ကြီး အရှေ့ကို ငိုက်ကျတဲ့ တိုက်တွေက ငိုက်။ အဲဒီနားက အမြင့်ဆုံးတိုက်ခန်းတွဲတွေထဲမှာပါတဲ့ တိုက်အနီကြီးဆို လဲကျလုနီးပါး လမ်းပေါ်ကို ယိုင်မိုးကျနေတာ ကြောက်စရာကြီးပါ။

    စိတ်ထဲမှာ အိပ်မက်ကြီးလိုပါပဲ။

    ထိုင်နေရင်းနဲ့မှ “ ကြည့်စမ်း ခုနက ငါသေသွားနိုင်တာပါလား။ အခု ငါသေတွင်းကနေ လွတ်မြောက်လာတာပါလား” ဆိုတဲ့အသိ ရုတ်တရက်ဝင်လာတော့ ကျွန်မတုန်လှုပ်သွားမိတယ်။

    ကြိုလည်းမသိသလို၊ ပြင်ဆင်ခွင့်ရတဲ့အရာလည်း မဟုတ်တာမို့ စဖြစ်ချိန်ကတည်းက လမ်းပေါ် ရောက်လာတဲ့အထိ ကိုယ့်မသိစိတ်က ဦးဆောင်ဆုံးဖြတ်တဲ့အတိုင်း ကောင်းမယ်ထင်တာတွေနဲ့ ကိုယ့်ဘာသာ အသက်ဘေးက လွတ်အောင် ကြိုးစားခဲ့တာပဲရှိတာလေ။

    တကယ့်သိစိတ်က မြေပြင်ပေါ်ခြေချမိပြီး ဘာတွေဖြစ်နေတယ်ဆိုတာ သိလိုက်ရချိန်မှ စဝင်တာပါ။

    လမ်းပေါ်မှာလည်း ပျောက်နေတဲ့ကိုယ့်လူ၊ သူ့လူ တကြော်ကြော် အော်ဟစ် ရှာနေတဲ့သူတွေကော၊ ဘယ်သူ ဘယ်ဝါတွေတော့ ပါသွားပြီဆိုသူတွေကော၊ အော်ငိုသူငို၊ သွေးသံရဲရဲတွေကော။

    ဝန်းကျင်တစ်ခုလုံးလည်း မီးခိုး ငွေ့တွေ အူလို့။
    တကယ်အနိဌာရုံမြင်ကွင်းပါ။

    ဖုန်းလိုင်းတွေလည်း တစ်ခုမှ မရတော့ပါဘူး။ ပိုက်ဆံအိတ်လည်းမပါ၊ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဘယ်သူ့ကိုမှလည်း ဆက်သွယ်မရဘဲ ကျွန်မလည်း လမ်းပေါ်က လူတွေနဲ့အတူ ထိုင်နေရပါတယ်။ တကယ်က ဆက်သွယ်လို့ရလည်း အခုချိန်မှာ ဘယ်သူမှ ကျွန်မဆီ မလာနိုင်ပါဘူး။

    အားလုံးကြုံကြရတာဆိုတော့ သူတို့က ကိုယ့်ထက်အဖြစ်ဆိုးမဆိုးလည်း ကျွန်မ မသိနိုင်ဘူးလေ။

    အထပ်မြင့်ဆေးရုံကြီးမှာ အလုပ်ဝင်နေတဲ့ ကျွန်မအခန်းဖော်လေးကိုလည်း စိတ်ပူ။ ဟိုတယ်မှာတည်းခိုနေတဲ့ ကျွန်မသူငယ်ချင်းကိုလည်း စိတ်ပူ။ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေကော အကုန်ပါပဲ။

    လောကကြီးက ပြလိုက်တဲ့ နေ့မြင်ညပျောက်ဆိုတဲ့တရားကို ဒီအသက်အရွယ်မှာ မျက်ဝါးထင်ထင်မြင် တွေ့ခွင့်ရလိုက်တာပါ။ လမ်းပေါ်ထိုင်နေကြတာ လူမျိုးအစုံပါပဲ။ အဲဒီအချိန်မှာ လူမျိုးလည်း မရှိဘူး။ ဘာသာလည်း မရှိဘူး။ အသားအရောင်၊ ရာထူး၊ ဂုဏ်ပကာသနတွေလည်း မရှိပါဘူး။

    အားလုံးဟာ သဘာဝဘေးဒဏ်ကို အတူတူခံရတဲ့ လူသားဒုက္ခသည်တွေပါပဲ။

    အစ္စလာမ်အမျိုးသမီးကြီးတစ်ယောက်က ဖရဲသီးတွေ ခွဲပြီး အဲနားထိုင်နေသူတွေကို တစ်စိပ်စီ လိုက်ဝေပါ တယ်။ ရေဆာနေချိန်၊ ဝယ်စားဖို့ ပိုက်ဆံမရှိချိန်ဆိုတော့ ဘယ်လို ကျေးဇူးတင်ရမှန်းမသိအောင်ပါ။

    ဖုန်းထဲ Kpay ရှိပေမယ့် လိုင်းမရှိ၊ ဖုန်းတောင်ခေါ်မရတဲ့ အချိန်မှာ ဖုန်းဆိုတဲ့အရာကလည်း ဓာတ်ပုံရိုက်ရုံကလွဲလို့ အသုံးမဝင်ပါဘူး။

    လာမယ့် မတ်လ ၂၈ ရက်နေ့ဆိုရင် ကျွန်မတို့ ငလျင်ဘေးကြုံခဲ့တာ တစ်နှစ်တင်းတင်းပြည့်ပါပြီ။

    အဲဒီငလျင်က လူပေါင်းသိန်းချီရဲ့အသက်တွေကို မျက်စိတစ်မှိတ်အတွင်း နှုတ်ယူသွားသလို မနက်မှာတင် ထမင်းဝိုင်းအတူလက်ဆုံစားနေပြီး နေ့လည်ဘက်ကျ လူမစုံတော့တဲ့ မိသားစုတွေအများကြီးဖြစ်အောင် ဖန်တီးသွားခဲ့တယ်။

    မမြဲခြင်းတရားတွေလည်း အများကြီးပြသွားခဲ့တယ်။

    အဲဒီအချိန်မှ အပြင်ရောက်နေလို့ တစ်ယောက်တည်း ကျန်ရစ်သူတွေကော၊ ကွမ်းယာဝယ်ရင်း မျက်နှာချင်းဆိုင်က တိုက်အရိပ်ခဏသွားခိုနေရင်း တိုက်ပြိုပြီး ပိသွားတာကော၊ ငလျင်လှုပ်မယ့်အချိန်မှ သူငယ်ချင်းတိုက်ခန်းကို အလည်သွားရင်း အတူတူဖက်ရင်း အသက်ဆုံးရှုံးသွားကြတဲ့ သူငယ်ချင်းတွေကော၊ ခုထိတောင် အလောင်းပြန်ရှာမရတော့သူတွေကော၊ တည်းခိုခန်း၊ ဟိုတယ်မှာ တစ်ယောက်တည်း တည်းခိုနေရင်း ပါသွားကြလို့ သက်ဆိုင်သူမိသားစုရှာမရတော့တဲ့ ပိုင်ရှင်မဲ့တွေကော။

    သေခြင်းတရားအတွက် ဒီလူကတော့ မဖြစ်နိုင်ဘူးဆိုတဲ့ ခြွင်းချက်မျိုး မရှိခဲ့လိုက်ဘူး။

    ဗလီလည်း ပြိုတာပါပဲ။ ဘုန်းကြီးကျောင်းလည်း ပြိုတာပဲ။ ဘုရားကျောင်းလည်း ပြိုတာပါပဲ။ တည့်တည့်ပြိုကျတဲ့နေရာမှာ ရှိနေတဲ့လူသားတိုင်း သေဘေးကို မရှောင်နိုင်ကြပါဘူး။

    တကယ်ကြုံလာတဲ့အခါ အသက်ရှင်ဖို့ အဓိကမို့ ဘာကိုမှလည်း ကျွန်မတို့ယူမပြေးနိုင်ကြပါဘူး။ ယူဖို့ သတိလည်း မရပါဘူး။ ဘယ်လိုနည်းနဲ့အသက်ရှင်ရမလဲဆိုတာကိုပဲ တွေးကြ၊ အားထုတ်ကြတာပါ။

    နောက်ထပ်သင်ခန်းစာတစ်ခုကတော့ ကျွန်မတို့ချစ်ခင်ရသူတွေကို မသေခင်လေးပဲ ကိုယ်လည်းရှိ၊ သူတို့လည်းရှိတုန်းလေး ဂရုစိုက်နိုင်ကြတာပါ။

    ပြီးတော့ ကျွန်မတို့လုပ်ချင်တဲ့၊ ကြိုးစားချင်တဲ့အရာလေးတွေပေါ့လေ။

    ငလျင်ထဲမှာ ပါမသွားခဲ့လို့သာ ကျွန်မ အခုဒီစာကို ရေးနေနိုင်တာပါ။

    တကယ်တော့ ဘဝဆိုတာကြီးက အတ္တမာနတွေ၊ ထောင်လွှားမှုတွေ အငြိုးအာဃာတတွေနဲ့ ရှင်သန်နေဖို့ရာ ကျွန်မတို့ထင်သလောက် မရှည်ကြာပါဘူး။

    ချစ်တဲ့သူတွေကို “ဒီနေ့အဆင်ပြေရဲ့လား” လို့ မေးခွင့်မရလိုက်ခင်လေးမှာတင် ဘာမဆိုဖြစ်သွားနိုင်တဲ့အထိ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်လေးမျှသာပါ။

    ငွေဇင်ယော်ဦး ၊ မိုးကုတ်

  • မြန်မာ သက္ကရာဇ် ၁၃၈၈ ယခုနှစ်ထဲမှာ ထီကံ အကောင်းဆုံး နေ့ဖွားများ

    မြန်မာ သက္ကရာဇ် ၁၃၈၈ ယခုနှစ်ထဲမှာ ထီကံ အကောင်းဆုံး နေ့ဖွားများ

    မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်ထဲမှာ ထီကံဇာတာ အထူးပွင့်လန်းပြီး ငွေဝင်ကံ အကောင်းဆုံးဖြစ်မယ့် နေ့နံရှင်တွေကို အခုလိုပဲ ဟောကြားထားပါတယ်။

    မိမိတို့ရဲ့ မွေးနေ့အလိုက် ကံတရားက ဘယ်လိုရှိနေမလဲဆိုတာ ကြည့်လိုက်ရအောင်ဗျာ။

    မြန်မာ သက္ကရာဇ် ၁၃၈၈ ခု ယခုနှစ် ထဲမှာ ထီကံ အကောင်းဆုံး နေ့ဖွားများ

    ဒီနှစ်အတွက် ကံအကောင်းဆုံး ဇာတာရှင်တွေကတော့ ဗုဒ္ဓဟူးနေ့နဲ့ ရာဟုဖွား (ဗုဒ္ဓဟူးမွန်းလွဲ) တွေပဲ ဖြစ်ပါတယ်။

    ဒုတိယအဆင့် အနေနဲ့ကတော့ စနေနေ့ဖွားတွေဟာ ကံထူးဖို့ အခွင့်အလမ်းများနေပြီး၊ တတိယအဆင့် အသင့်အတင့် ကံပွင့်မယ့်သူတွေကတော့ တနင်္ဂနွေ၊ ကြာသပတေးနဲ့ အင်္ဂါနေ့ဖွားတွေပဲ ဖြစ်ပါတယ်။

    ဒါပေမဲ့ ထီကံဆိုတာ နှစ်အလိုက် အားသာချက်အပြင် မိမိတို့ရဲ့ မူလဇာတာ၊ မှည့်ခေါ်ထားတဲ့ အမည်နဲ့ ဖြတ်သန်းနေရတဲ့ အသက်ပိုင်းခြားတွေပေါ်မှာလည်း အများကြီး မူတည်နေပါသေးတယ်။

    ဒါကြောင့် စာရင်းထဲမှာ မပါတဲ့ သောကြာနဲ့ တနင်္လာနေ့ဖွားတွေလည်း အားမငယ်ပါနဲ့ဦး။

    မိမိရဲ့ ကံဇာတာ အားကောင်းနေချိန်ဆိုရင် ကံထူးနိုင်ခွင့် ရှိနေဆဲပဲ ဖြစ်ပါတယ်။

    ထီကံကောင်းစေမည့် အချက်များ

    နံပါတ် (၁) အဆင့်: ဗုဒ္ဓဟူး/ရာဟုဖွားများ (အထူးကံပွင့်)

    နံပါတ် (၂) အဆင့်: စနေနေ့ဖွားများ (ကံထူးနိုင်ခြေ မြင့်မား)

    နံပါတ် (၃) အဆင့်: တနင်္ဂနွေ၊ ကြာသပတေး၊ အင်္ဂါနေ့ဖွားများ (အသင့်အတင့် ကံကောင်း)

    အကြံပြုချက်: လောဘဇောဖြင့် အလွန်အကျွံထိုးခြင်းထက် မိမိကံကို စမ်းသပ်သည့်အနေဖြင့် သင့်တင့်ရုံသာ ကံစမ်းပေးကြပါ။

  • မြောင်မှာ စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲလို့ အရပ်သား ၅ ဦး သေဆုံးပြီး နေအိမ် ၅၀ ကျော်လည်း မီးလောင်ပျက်စီး

    မြောင်မှာ စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲလို့ အရပ်သား ၅ ဦး သေဆုံးပြီး နေအိမ် ၅၀ ကျော်လည်း မီးလောင်ပျက်စီး

    စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရသူလည်းရှိတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် TGR မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ဒီနေ့ မတ်လ ၂၃ ရက် နေ့လယ် ၁၂ ခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က သောင်းကြီးကျေးရွာကို လေကြောင်းကနေ ဗုံး ၂ ကြိမ် ကြဲချတိုက်ခဲ့လို့ နေအိမ် ၅၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

    ၎င်းက “၄ ဦးက နေရာမှာတင် ပွဲချင်းပြီး သေတယ်။ ၁ ဦးကတော့ ဆေးခန်းရောက်ရောက်ချင်းမှာ သေသွားပါတယ်။ ဒဏ်ရာရသူက အတိအကျ မသိရသေးဘူး။ ရုပ်အလောင်းတွေက တစ်စစီလိုက်ကောက်‌နေရပါတယ်။ ပေါင်ကတော့ ဘယ်လောက်ရှိတယ်လို့တော့ မသိရဘူး။ ကျင်းကြီးတွေကတော့ လူတထိုင်လောက် ရှိပါတယ်။ နှစ်လုံးတွဲ နှစ်းလုံးတွဲ ချသွားတာပါ” ဆိုပြီး ပြောပါတယ်။

    စစ်ကောင်စီတပ်အနေနဲ့ အညာဘက်ကို လေကြောင်းနဲ့အတူ အရပ်သားတွေကိုပါ ဖိအားပေး တိုက်ခိုက်လာကြောင့် အရပ်သားတွေအနေနဲ့ လေကြောင်းသတိရှိဖို့ နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

    “စကစဘက်က အညာကို တော်တော်‌လေး လေကြောင်းနဲ ဖိလာပြီး အရပ်သားတွေကို ပစ်မှတ်ထားနေတာမို့ လေကြောင်းသတိရှိဖို့နဲ့ မပေါ့စဖို့ လိုအပ်ပါတယ်။ တိုက်ပွဲလည်း မရှိဘူး။ ပွဲလမ်းလည်း မရှိဘူး။ သက်သက်ကို အရပ်သားတွေကို ဒုက္ခပေး သတ်ခံရတာပါ”

    ပြီးခဲ့တဲ့ မတ်လ ၂၀ ရက် မနက် ၁၁ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က မြောင်မြို့နယ် နဘက်စံပြရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ဦး ထိမှန်ခဲ့ရာ ရက်သားကလေး ၁ ဦးအပါအဝ် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။



    ဓာတ်ပုံ – TRG, Local

  • အီရန်နှင့် ဆွေးနွေးနေပြီး စွမ်းအင်ကဏ္ဍကို တိုက်ခိုက်မှု ၅ ရက် ဆိုင်းထားမည်ဟု ထရမ့် ကြေညာ

    အီရန်နှင့် ဆွေးနွေးနေပြီး စွမ်းအင်ကဏ္ဍကို တိုက်ခိုက်မှု ၅ ရက် ဆိုင်းထားမည်ဟု ထရမ့် ကြေညာ

    အီရန်စစ်ပွဲသည် လေးပတ်မြောက်ထဲသို့ ရောက်လာချိန် အမေရိကန်ပြည်ထောင်စုက အီရန်နှင့် သံတမန်ရေးအရ ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်းနှင့် အီရန်နိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုကို ငါးရက်ကြာ ရပ်နားထားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့တွင် ကြေညာသည်။

    “အမေရိကန်နဲ့ အီရန်နိုင်ငံတို့က ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ အရှေ့အလယ်ပိုင်းဒေသက ရန်လိုတိုက်ခိုက်မှုတွေကို အပြီးတိုင် ဖြေရှင်းနိုင်ဖို့အတွက် တော်တော်လေးလည်း ကောင်းမွန်ပြီး အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာကို ဝမ်းမြောက်ဝမ်းသာစွာ သတင်းပေးချင်ပါတယ်” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် စာလုံးကြီးများဖြင့် ရေးသားသည်။

    ၎င်းက ဆက်လက်ပြီး “တပတ်လုံး ဆက်ပြီး ပြုလုပ်သွားမယ့် အနှစ်သာရရှိပြီး အသေးစိတ်ကျတဲ့ အပြုသဘောဆန်တဲ့ ဆွေးနွေးပွဲတွေရဲ့ အလားအလာအပေါ် မူတည်ပြီး၊ အခု လက်ရှိ ပြုလုပ်နေတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အောင်မြင်မှုအပေါ် မူတည်ပြီး အီရန်ဓာတ်အားပေးစက်ရုံတွေနဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေအပေါ် စစ်ရေးအရ တိုက်ခိုက်မှု မှန်သမျှကို ငါးရက်ကြာ ရွှေ့ဆိုင်းထားဖို့ စစ်ဝန်ကြီးဌာနကို ကျွန်တော် ညွှန်ကြားထားပါတယ်” ဟု ဆိုသည်။

    ပါရှန်းပင်လယ်ကွေ့ရှိ စွမ်းအင်နယ်မြေများအပေါ် အကြိမ်ကြိမ် တိုက်ခိုက်ခံရမှုနှင့် အီရန်က အဓိက ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် ဟော်မုဇ် ရေလက်ကြားကို ဆက်လက် ပိတ်ဆို့ထားမှုတို့ကြောင့် ဓာတ်ငွေ့နှင့် ရေနံဈေးနှုန်းများ ထိုးတက်နေပြီး ကမ္ဘာ့စွမ်းအင် အကျပ်အတည်း ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြစဉ် ယခု ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

    ထရမ့်၏ တနင်္လာနေ့ ပို့စ် ထွက်ပေါ်လာပြီးနောက် ရေနံဈေးနှုန်းများ ချက်ချင်း ကျဆင်းသွားခဲ့ရာ နိုင်ငံတကာ ရေနံစံနှုန်းဖြစ်သော ဘရန့်တွင် ရေနံစိမ်းဈေးက ကြေညာချက်ထွက်ပြီး မိနစ်ပိုင်းအတွင်း ၁၅ ရာခိုင်နှုန်းခန့် ထိုးဆင်းသွားခဲ့သည်။

    ယင်းနောက် တနင်္လာနေ့မှာပင် ရေးတင်သည့် နောက်ထပ် Truth Social ပို့စ်တွင် အမေရိကန်အနေဖြင့် “ရည်မှန်းချက်များ အောင်မြင်ရန် အလွန်နီးစပ်နေပြီ” ဖြစ်ကြောင်းနှင့် အီရန်စစ်ပွဲတွင် အမေရိကန်၏ ပါဝင်ပတ်သက်မှုမှာ “လျော့ပါးသွားနိုင်သည်” (သို့မဟုတ်) နိဂုံးချုပ်တော့မည်ဖြစ်ကြောင်း ထရမ့်က အရိပ်အမြွက် ဆိုသည်။

    အမေရိကန်နှင့် အစ္စရေးတို့ အီရန်အပေါ် ဖေဖော်ဝါရီ ၂၈ ရက်က တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန် စစ်သား ၁၃ ဦး သေဆုံးကာ အနည်းဆုံး ၂၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်။ အီရန်တာဝန်ရှိသူများ၏ ပြောကြားချက်အရ အီရန်တွင် လူပေါင်း ၁,၅၀၀ ကျော် သေဆုံးခဲ့ပြီး လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လက်ဘနွန်တွင် အနည်းဆုံး လူ ၁,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

  • မင်းအောင်လှိုင်ရဲ့ ခါးရိုးခွဲစိတ်မှုနောက်ကွယ်က လျှို့ဝှက်ချက်များ?

    မင်းအောင်လှိုင်ရဲ့ ခါးရိုးခွဲစိတ်မှုနောက်ကွယ်က လျှို့ဝှက်ချက်များ?

    🚨မင်းအောင်လှိုင်ရဲ့ ခါးရိုးခွဲစိတ်မှုနောက်ကွယ်က လျှို့ဝှက်ချက်များ? 🚨

    ပုလဲ၊ မြောင်နဲ့ ယင်းမာပင်ဘက်မှာ ပြည်သူ့နေအိမ်တွေကို မီးရှို့၊ လေကြောင်းကနေ ဗုံးကျဲပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတဲ့အချိန်မှာပဲ… အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ခါးရိုးဆစ် အာရုံကြောညှပ်လို့ အိန္ဒိယဆရာဝန်တွေနဲ့ အရေးပေါ် ခွဲစိတ်လိုက်ရတယ်ဆိုတဲ့ သတင်း ထွက်လာတယ်ဗျို့။

    ဒါဟာ ရိုးရိုးခါးနာတာလား… ဒါမှမဟုတ် နောက်ကွယ်မှာ တစ်ခုခု ရှိနေတာလား? စဉ်းစားစရာ အချက်တွေကို ကြည့်လိုက်ရအောင်။

    ၁။ တပ်မတော်နေ့ မတိုင်ခင် ရက်ပိုင်းအလိုမှာ ဘာလို့လဲ?

    မတ်လ ၂၇ ရက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ကားပေါ်တက် စစ်ဆေးရမှာဖြစ်တဲ့အတွက် အခုအချိန်မှာ ခွဲစိတ်တယ်ဆိုတာ တော်တော့်ကို ထူးဆန်းပါတယ်။ တကယ်လို့ ခွဲစိတ်မှုက မအောင်မြင်ဘဲ မတ်တပ်မရပ်နိုင်တော့ရင် စစ်တပ်အတွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ပြိုလဲသွားနိုင်ပါတယ်။

    ၂။ အိန္ဒိယဆရာဝန်တွေကို ဘာလို့ အရေးပေါ် ခေါ်ရတာလဲ?

    မြန်မာပြည်က စစ်ဆေးရုံက ဆရာဝန်တွေကိုတောင် မယုံတော့တာလား? ဒါမှမဟုတ် အခြေအနေက တကယ်ပဲ စိုးရိမ်ရလို့ ပြည်ပက ပါရဂူတွေကို ခေါ်ခိုင်းရတာလား? ခွဲစိတ်မှု ၂ နာရီကြာတယ်ဆိုတာ သိပ်တော့ မသေးလှဘူးနော်။

    ၃။ အာဏာလုပွဲ စတင်ပြီလား?

    ခါးနာတာကို အကြောင်းပြပြီး “ကျန်းမာရေးကြောင့် အနားယူပါတယ်” ဆိုတဲ့ Soft Exit (အသာအကြည် ထွက်ပေါက်) ရှာနေတာလား၊ ဒါမှမဟုတ် ဒု-စစ်ခေါင်းဆောင် စိုးဝင်းတို့ အုပ်စုနဲ့ အာဏာလုပွဲကြားမှာ တစ်ဖက်က ဖယ်ထုတ်လိုက်တာလားဆိုတာ စောင့်ကြည့်ရမှာပါ။

    ၄။ ပြန်မထနိုင်တော့တဲ့ အခြေအနေလား?

    ခါးရိုးအာရုံကြောဆိုတာ အမှားမခံပါဘူး။ တကယ်လို့ ခွဲစိတ်ရင်း အမှားအယွင်းဖြစ်လို့ အောက်ပိုင်းသေသွားရင်တော့ မင်းအောင်လှိုင်ရဲ့ ဇာတ်သိမ်းက သိပ်မလှတော့ဘူးလို့ ဆိုရမှာပဲ။

    ကဲ… လာမယ့် မတ်လ ၂၇ ရက်မှာ မင်းအောင်လှိုင်ကို စင်ပေါ်မှာ မြင်ရမလား၊

    ဒါမှမဟုတ် “ကျန်းမာရေးကြောင့် မတက်နိုင်ပါ” ဆိုတဲ့ သတင်းစာသားပဲ မြင်ရမလားဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ကြရအောင်ဗျာ!

    ကျန်းမာ​ရေး​ကောင်းတယ်လို့ ရုတ်တရက်ကြီး ထ​ကြေညာတာ ကျန်းမာ​ရေး မ​ကောင်း​တော့ဘူးလို့ စွပ်စွဲ​ပြောဆိုမှု​တွေ ရှိ​နေလို့ ဖြစ်မှာ​ပေါ့…

    ကျန်းမာ​ရေးမ​ကောင်း​တော့ဘူးလို့ စွပ်စွဲတာကလည်း အနားယူသင့်ပြီ အရမ်းပင်ပန်း​နေပြီလို့​ပြောချင်တဲ့သူ​တွေ ရှိလို့ဖြစ်မှာ​ပေါ့…

    ဘယ်သူကဘာမှ မ​ပြောဘဲ ဘာသတင်းမှ ထွက်​နေတာ​တွေမရှိဘဲထရှင်းရတာက ပြည်သူ​တွေ မသိနိုင်တဲ့ အဝန်းအဝိုင်းထဲမှာ အတွင်းကြိတ် ဖြစ်​နေတဲ့ ကိစ္စ​တွေရှိလို့ဖြစ်မှာ​ပေါ့…

    ဘယ်သူကမှ​တော့ ​နေရင်းထိုင်ရင်း ကျ​​နော်​နေ​ကောင်းကျန်းမာပါတယ်ဗျလို့ စာထုတ်မ​ကြေညာကြဘူး​လေ…

    ဘာ​တွေဖြစ်​နေ​နေပါ မ​သေနဲ့ဦး မ​သေ​အောင်​နေဦး

    ငါတို့ပြည်သူက တရားစီရင်မယ့်​နေ့ကို ​စောင့်ဦး…

    မင်းအောင်လှိုင်ဆေးရုံတက် ဆေးကုသခံယူမှု အမှန်တကယ် ကျန်းမာရေးကိစ္စလား၊ နောက်ကွယ်မှာ နိုင်ငံရေးအပြောင်းအလဲတွေ ရှိနေသလား

    စစ်တပ်ရဲ့ အငြိမ်းစားယူရမယ့် အသက် သတ်မှတ်ချက် ကျော်လွန်နေပြီဖြစ်တဲ့ မျက်စိတစ်ဖက်စောင်း အသက် ၆၉ နှစ်အရွယ် မင်းအောင်လှိုင် မတ်လ ၂၀ ရက်နေ့ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညှပ်လို့ အိန္ဒိယပါရဂူတွေနဲ့ တပ်ဆေးရုံမှာ ၂ နာရီကြာ အရေးပေါ် ခွဲစိတ်ရတယ်လို့ စစ်တပ်က မနေ့က သတင်းထုတ်ပြန်လာတယ်။

    စစ်အာဏာရှင်တွေကို ဘယ်ပြည်သူမှ မကြိုက်ကြဘူး။ တခါတခါ လူတယောက်ကို သေဖို့ ဆုမတောင်းကောင်းပေမယ့် သေမယ့်သူဟာ အာဏာရှင်ဖြစ်မယ်ဆိုရင်တော့ ဘယ်ဘုရားမှာပဲ ဆုတောင်းရဆု တောင်းရ ဆိုတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေကို မင်းအောင်လှိုင် ကျန်းမာရေးမကောင်းတဲ့ သတင်းတွေအောက်မှာ ထင်မြင်ချက် Comment မှတ်ချက်တွေ အဖြစ် တွေ့မြင်ရပါတယ်။

    “စက်သုံးဆီအတွက် စုံ/မ ခွဲတော့ ကျနော့်ကို လူတွေကဆဲကြတယ်” လို့ မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုချိန်မှာ နှစ်ထောင်းအားရ ဖြစ်ခဲ့ကြတဲ့ ပြည်သူတွေက အခု သူ နာမကျန်းဖြစ်တယ်ကြားတော့ စောစော သေပါစေလို့ လူတွေက ဆုတောင်း ပျော်ရွှင်နေကြတာကိုလည်း မင်းအောင်လှိုင် မြင်ကောင်းမြင်နိုင်ပါလိမ့်မယ်။

    လောလောဆယ်တော့ ခွဲစိတ်မှုအောင်မြင်တယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာပါပေမယ့် စစ်ခေါင်း ဆောင်တွေရဲ့ ကျန်းမာရေးသတင်းတွေကို ထုတ်ပြန်လေ့မရှိဘဲ အခုမှ ထထုတ်တာကိုလည်း စိတ်ထဲ သရိုးသရီဖြစ်စရာပါပဲ။

    ၁၉၉၂ ခုနှစ်မှာ စစ်ခေါင်းဆောင် အာဏာရှင် စောမောင်ကို ရာထူးကဖယ်ရှားတုန်းကလည်း တရားဝင်အကြောင်းပြချက်က ‘ကျန်းမာရေးမကောင်းလို့ပါ’ ပေါ့။

    အဲ့ဒီတုန်းက စောမောင်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံတယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ ဒီလိုနဲ့ တပ်တွင်းထဲမှာ မူဝါဒကွဲပြားမှု / Policy Divergence ဖြစ်ပြီး Health Issue ဆိုပြီး Frame လုပ်ကာ ဖယ်ရှားခံခဲ့ရဖူးတယ်။

    စစ်အာဏာရှင်သန်းရွှေတုန်းကတော့ တစုံတယောက် တစုတဖွဲ့က ဖယ်ရှားတာမဟုတ်ဘဲ သူ့ကိုယ်တိုင် Exit Narrative အဖြစ် ကျန်းမာရေးနဲ့ အသက်အရွယ်ကြီးလာပြီဆိုတဲ့ အကြောင်းပြပြီး ၂၀၁၀-၁၁ မှာ အာဏာကနေ ဆုတ်ခွာခဲ့တယ်။

    အဲဒီတော့ အာဏာရှင်တွေရဲ့ ကျန်းမာရေးသတင်းတွေဟာ တကယ်ကျန်းမာရေးမကောင်းတာလား ဒါမှမဟုတ် နိုင်ငံရေးကိစ္စတခုခု နှီးနွယ်နေသလားဆိုတာ ဒီနိုင်ငံမှာတော့ ပြောရခက်ပါတယ်။

    တပ်တွင်းထဲမှာ မင်းအောင်လှိုင်ကို မကြိုက်ကြတဲ့အသံတွေကလည်း အမြဲညံစီညံစီ ကြားရတတ်တော့ အခု သူကျန်းမာရေးမကောင်းတာကို တကူးတကထုတ်ပြန်လာတော့ သို့လောသို့လောဖြစ်လာပါတယ်။

    မအလ သမ္မတလုပ်မှာကို စစ်ဘက်အသိုင်းအဝိုင်းက သိပ်မလိုလားကြဘူး။ နိုင်ငံတကာဖိအားတွေဆက် ရှိလိမ့်မယ်၊ ပြည်တွင်းပြည်ပဖိအားတွေအပေါ် မအလ အနေနဲ့ ဦးဆောင်တွန်းလှန်နိုင်မယ့် ခေါင်း ဆောင်တယောက်လို့ တပ်ဘက်က မယုံကြည်နေဘူး။

    တပ်ခေါင်းဆောင်ပိုင်းချင်း စည်းနှောင်မှုဟာ ညီရင်းအစ်ကိုစိတ်ထားမျိုး၊ ငါတို့စုစည်းနေခြင်းဟာ တိုင်း ပြည်အကျိုးလိုလားလို့ဆိုတာမျိုး ဘယ်တုန်းကမှမဟုတ်ခဲ့ဘူး။ တယောက်အကျိုးစီးပွား တယောက်ကာကွယ်ဖို့ ကျောချင်းကပ်ထားကြတာသာဖြစ်တယ်။

    ဆိုတော့ သူတို့တပ်မှာက ‘ငါတို့အကျိုးစီးပွားကို မကာကွယ်ပေးနိုင်တော့ဘူး’ လို့ ယုံကြည်သွားတာနဲ့ တနည်းမဟုတ် တနည်းနဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲလုပ်ဖို့ ကျားချောင်း ချောင်းနေကြသူတွေနဲ့ ပြည့်နေတာ။ တနည်းမဟုတ်တနည်းဆိုတာ ချော့ပြောတာ ခြောက်ပြောတာ စသဖြင့်ကိုဆိုလိုတာပါ။

    တဖက်မှာလည်း တရုတ်ကြီးက မအလ ကို သမ္မတရော တပ်ချုပ်ပါ မလုပ်ဖို့ ဖိအားပေးထားသေးတယ်ဆိုတာတွေကလည်း ထွက်ပေါ်နေပါသေးတယ်။ မင်းအောင်လှိုင်ဟာ ထူးထူးခြားခြား ပြည်သူလည်းမလိုလားသော သူတို့ချင်းလည်း မလိုလားသော အာဂခေါင်းဆောင်တယောက် ဖြစ်မှန်းမသိ ဖြစ်လာနေပါတယ်။

    ပုံမှန်အားဖြင့် စစ်ခေါင်းဆောင်တွေဟာ ကိုယ့်ကျန်းမာရေးအခြေအနေကို အများပြည်သူရှေ့ ထုတ်ဖော်ပြောဆိုလေ့ မရှိပါဘူး။ အထူးသဖြင့် အာဏာကို ထိန်းသိမ်းထားချင်တဲ့အချိန်တွေမှာ အားနည်းမှုကို ပြသခြင်းက Political Vulnerability တမျိုးလို့ တွက်ယူနိုင်တယ်။

    ဒါကြောင့် အခုလို ကျန်းမာရေးကြေညာချက် ထွက်ပေါ်လာခြင်းဟာ သာမန်ဖြစ်ရပ်တစ်ခုထက်ပိုတယ်လို့ တွေးဆဖို့လိုလာတာပါ။ အထူးသဖြင့် လက်ရှိကာလဟာ အာဏာလွှဲပြောင်းရေးတွေ၊ Elite Contestation လို့ခေါ်တဲ့ ထိပ်ပိုင်းအဖွဲ့အတွင်းပြိုင်ဆိုင်တာတွေ ပြင်းထန်နေတဲ့ အချိန်လည်းဖြစ်နေတော့ ဒီလို ‘ကျန်းမာရေးပြဿနာ’ ဆိုတာ အာဏာကနေ တဖြည်းဖြည်း ဆုတ်ခွာဖို့ Soft Exit Narrative အဖြစ် အသုံးချနေသလားလို့ ယူဆချက်တွေလည်းရှိနေပါတယ်။

    ဒါမှမဟုတ် သူဟာ နေမကောင်းနေတဲ့ကြားက သမ္မတလုပ်ပေးခဲ့ရပါတယ်လို့များ ပေါကြောင်ကြောင်ဒရမ်မာခင်းချင်တာဆိုရင်တော့လည်း သူ့ထိုက်နဲ့သူ့ကံပေါ့။ ဘယ်သူကမှတော့လည်း ကျန်းမာရေးတဖက်နဲ့ ဒီလိုကြီးလေးတဲ့ တာဝန်တွေ ထမ်းဆောင်နေရတာပါလားလို့ သနားမယ့်ထဲတော့ ပါပုံရမှာမဟုတ်ဘူး။

    သူ့စွမ်းဆောင်ရည်ညံ့ဖျင်းမှုတွေကို ကျန်းမာရေးနဲ့ကာဗာပေးရအောင်ကလည်း နောက်တောင်ကျနေပြီလို့ ပြောရမလိုပါပဲ။ ဘာလို့ဆို ခုလိုကျန်းမာရေးတွေဘာတွေ ချိနဲ့မှမဟုတ်ဘူး၊ သူတက်လာကတည်းက သောက်တလွဲတွေချည်း ထိုင်လုပ်နေတာကိုး။ နာမည်များစီးသွားသလားမသိဘူး၊

    ကိုယ့်လူသူ့ဘက်မရွေး မအလကိုမြင်တာနဲ့ မအလ လို့ဆဲချင်နေကြသူတွေချည်း။ အခုမသေသေးရင်တောင် ဆက်ရှင်သန်နေရတဲ့အချိန်တွေက သမိုင်းတလျှောက် အရယ်ရဆုံးစစ်ခေါင်းဆောင် ဆိုတဲ့ဘွဲ့ဂုဏ်သတင်းအတွက် ကြိုးကုတ်နေရတဲ့ အချိန်တွေပဲ ဖြစ်မှာပါ။

    ✍🏻ညိုအေး