စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရသူလည်းရှိတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် TGR မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီနေ့ မတ်လ ၂၃ ရက် နေ့လယ် ၁၂ ခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က သောင်းကြီးကျေးရွာကို လေကြောင်းကနေ ဗုံး ၂ ကြိမ် ကြဲချတိုက်ခဲ့လို့ နေအိမ် ၅၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
၎င်းက “၄ ဦးက နေရာမှာတင် ပွဲချင်းပြီး သေတယ်။ ၁ ဦးကတော့ ဆေးခန်းရောက်ရောက်ချင်းမှာ သေသွားပါတယ်။ ဒဏ်ရာရသူက အတိအကျ မသိရသေးဘူး။ ရုပ်အလောင်းတွေက တစ်စစီလိုက်ကောက်နေရပါတယ်။ ပေါင်ကတော့ ဘယ်လောက်ရှိတယ်လို့တော့ မသိရဘူး။ ကျင်းကြီးတွေကတော့ လူတထိုင်လောက် ရှိပါတယ်။ နှစ်လုံးတွဲ နှစ်းလုံးတွဲ ချသွားတာပါ” ဆိုပြီး ပြောပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ အညာဘက်ကို လေကြောင်းနဲ့အတူ အရပ်သားတွေကိုပါ ဖိအားပေး တိုက်ခိုက်လာကြောင့် အရပ်သားတွေအနေနဲ့ လေကြောင်းသတိရှိဖို့ နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“စကစဘက်က အညာကို တော်တော်လေး လေကြောင်းနဲ ဖိလာပြီး အရပ်သားတွေကို ပစ်မှတ်ထားနေတာမို့ လေကြောင်းသတိရှိဖို့နဲ့ မပေါ့စဖို့ လိုအပ်ပါတယ်။ တိုက်ပွဲလည်း မရှိဘူး။ ပွဲလမ်းလည်း မရှိဘူး။ သက်သက်ကို အရပ်သားတွေကို ဒုက္ခပေး သတ်ခံရတာပါ”
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက် မနက် ၁၁ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က မြောင်မြို့နယ် နဘက်စံပြရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ဦး ထိမှန်ခဲ့ရာ ရက်သားကလေး ၁ ဦးအပါအဝ် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – TRG, Local


Leave a Reply