Author: Baby Yit Lone

  • မောတောင်နယ်စပ်မှာ  အဖမ်းခံရတာ တကယ်ပါ

    မောတောင်နယ်စပ်မှာ အဖမ်းခံရတာ တကယ်ပါ

    နွေဦးတော်လှန်ရေး ဆရာတော်

    မြန်မာပြည် မောတောင်နယ်စပ်မှာ

    အဖမ်းခံရတာ တကယ်ပါ

    မောတောင် စစ်ဘေးရှောင်တွေကို

    ပြန်ဆင်းလှူ ကူညီရင်း

    ပူးပေါင်းလုပ်ကြံခံရတာပါ

    ကျတော်တို နယ်စပ် ပြန်ဆင်းကူညီတဲ့အခါမှာ

    ခက်အခဲတွေများကြီးပါ

    အခုလိုမျိုးတွေဖြစ်တဲ့အခါ

    ဘာမှလုပ်လိုမရတဲ့ အခြေနေပါ

    ကူညီရတာလဲ တကယ်မလွယ်ပါဘူးဗျာ

    ကူညီနိုင်အောင် ဝိုင်းဝန်း ကြိုးစားပေးကြပါ🙏

    လူသိများ ထင်ရှားသူဖြစ်သည့် နွေဦးတော်လှန်ရေးဆရာတော်သည်

    မောတောင်မြို့ကအဆင်း ပကျွတ်မြို့ ထိုင်းဘက်ခြမ်းတွင် အဖမ်းခံထားရပါသည်။

    ညတွင်းချင်း လူချွတ်ပီး တရား စွဲမည်ဟု သိရပါသည်။

    အမြန်ရှယ်ပေးခြင်းဖြင့်ကူညီကြပါ

    ပူးပေါင်းလုပ်ကြံမှုကြောင့် နွေဦးတော်လှန်ရေးဆရာတော်သည်

    မောင်တောင်မြို့ကအဆင်း ပကျွတ်မြို့ ထိုင်းဘက်ခြမ်းတွင် အဖမ်းခံထားရပါသည်။

    ညတွင်းချင်း လူချွတ်ပီး တရား စွဲမည်ဟု သိရပါသည်။

    တိုင်ကြားထားတဲ့အမှုတွေကအရမ်းများသည်။

    ကြီးလေးသည်ဟု သိရပါသည်။

  • ရေနွေးအိုး တည်ရာကနေ မီးလောင်မှုတစ်ခု ဖြစ်ပွား

    ရေနွေးအိုး တည်ရာကနေ မီးလောင်မှုတစ်ခု ဖြစ်ပွား

    မုဒုံမှာ ရေနွေးအိုး တည်ရာကနေ မီးလောင်မှုတစ်ခု ဖြစ်ပွားပြီး နေအိမ် ၆၀ ခန့် မီးလောင်ပြာကျ

    မွန်ပြည်နယ် မုဒုံမြို့နယ်မှာ ရေနွေးအိုး တည်ရာကနေ မီးလောင်မှုတစ်ခုဖြစ်ပွားပြီး နေအိမ် ၆၀ ခန့် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

    မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာမှာ ဇန်နဝါရီ ၈ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ အဆိုပါ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

    “ရေနွေးအိုး တည်ထားရာကနေ ဖြစ်သွားတာပါ။ အဲအချိန် အရှေ့မြောက်လေက တိုက်နေတဲ့ အချိန် နေပူနေတဲ့ အချိန်ဆိုတော့ ဆိုးတာပေါ့။ နေအိမ် ၆၀ လောက် ပါသွားပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေက သုံးပုံ ပုံ နှစ်ပုံလောက် ရှိမယ်။ မီးကညနေပိုင်းမှာ ငြိမ်းသွားပါတယ်”

    အဆိုပါ မီးလောင်ပြာကျသွားတဲ့ အိမ်ထောင်စု ၆၀ ခန့်က ဒေသခံတွေဟာ ဘုန်းကြီး‌ကျောင်းမှာ စုပေါင်းနေထိုင်နေကြရပြီး အခြေခံစားသောက်ကုန်နဲ့ အိုးခွက်၊ ပန်းကန်တွေ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

    နေပြည်တော် ပျဉ်းမနားမြို့ ရန်အောင်( ၂ ) ရန်နိုင်ရပ်ကွက်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ အလားတူ မီးလောင်မှုတစ်ခုဖြစ်ပွားပြီး နေအိမ် ၆၂ အိမ်ခန့် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

  • စသုံးလုံးထဲက အ‌ကောင်ကြီးတစ်ကောင် ပြောပြီ

    စသုံးလုံးထဲက အ‌ကောင်ကြီးတစ်ကောင် ပြောပြီ

    ခင်ညွန့်လက်ထက်က ခင်ညွန့်အားကိုးရတဲ့ စသုံးလုံးထဲက အ‌ကောင်ကြီးတစ်ကောင်က ခုတော့ အသက်ကြီးပြီ အေးဆေးနေတယ်။

    သူကပြောတယ်…

    ခု မင်းအောင်လှိုင်တို့ တစ်ဖွဲ့လုံးရဲ့ ဦးနှောက်စုပြီး ပေါင်းရင်တောင် ငါ့ Lee လောက်တောင်မရှိဘူးတဲ့။

    ဒီလောက် တိုင်းပြည်မှာ လက်နက်ကိုင်တွေ အဖွဲ့ပေါင်းစုံ ပေါနေတာ အာဏာရူးပြီး ကြံ့ဖွတ်ခင်ရီ က မြှောက်ပေးတိုင်း အာဏာထသိမ်းတာ ဦးနှောက် က Lee လောက်ပဲရှိလို့တဲ့ဗျာ။

    မဲခိုးတာ ဘာကို မဲခိုးတာလဲ ဒီကောင်တွေလျောက်ပြောနေတာ။အာဏာသိမ်းချင်လို့အကြောင်းပြချက်ရှာတာ။

    ကျူပ်ကိုယ်တိုင် NLDကို မဲမပေးဘူး။

    ဒါပေမယ့် NLD က မဲအပြတ်အသတ်နိုင်တယ်ဆိုတာ အတွေးအခေါ်ရှိတဲ့သူတိုင်းသိကြတယ်။

    ကျူပ်တို့ ထောက်လှမ်းရေးပညာကို နိုင်ငံခြားကို သွားသင်ထားတယ် ပြည်တွင်းမှာလဲ ကျူပ်တို့ဦးဆောင်ခဲ့တာ အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ထောက်လှမ်းရေးက အမ္ဘာ့ အဆင့် အမြင့်ဆုံးထဲမှာပါတယ်။

    ဒီကောင် ကာချူပ်ဖြစ်တာ ဘာအရည်အချင်းရှိလို့လဲ နိုင်ငံရေးဘာနကန်းတလုံးမှနားလည်တာမဟုတ်ဘူး။ ခိုးဖို့ပဲနားလည်တာ။

    ခုလဲ ဟိုပွဲတက် ဒီပွဲတက် သူများရေးပေးတဲ့စာကိုဖတ်ပြီး ပါးစပ်က ပေါက်ကရလျောက်ပြော

    တိုင်းပြည်က ဒီလောက်ဆင်းရဲပြီး ပျက်စီးလာတာ စီးပွားရေးဦးမော့လာပြီ ပြောလို့ပြော

    ဒီကောင် ကြောင်ချီး

    သမ္မတ ရူး ရူးပြီး ပွဲတကာလျောက်တက်ပြီး သူကိုယ်သူ ဘဝင်ကိုင်နေတာ

    တိုင်းရေးပြည်ရာ ဘာ နကန်းတလုံးမှသိတဲ့ကောင်မဟုတ်ဘူး။

    ငါ့တူတို့ မယုံရင်စောင့်ကြည့်

    အဲဒီဗိုလ်ချူပ်အဖွဲ့တွေ မိသားစုလိုက်ကို ဒုက္ခရောက်ကြအုံးမှာ။

    ကျူပ်တို့လက်ထက်မှာ နိုင်ငံကို နိုင်နိုင်နင်းနင်းအုပ်ချူပ်နိုင်တာက ခေါင်းဆောင်တွေက အရည်အချင်းရှိကြတယ်။

    ပြီးတော့ အဲဒီအချိန်က နိုင်ငံရေးနယ်ပယ်က ကျဉ်းမြောင်းပြီး ပြည်သူတွေက ခုလောက် အမြင်မကျယ်သေးဘူး။

    ခုက ကိုယ့်မြေးတောင် ကိုယ့်ထက်ဗဟုသုတပိုရှိတယ်။

    ငယ်ငယ်လေးတွေနဲ့ သူတို့က AI ကို ကောင်းကောင်းသိပြီးသုံးတတ်တယ်။

    အကောင်းအဆိုးအကြောင်းအကျိူးဝေဖန်တတ်နေပြီ။

    ကျူပ်တို့တုန်းက ဒီလောက်ဗဟုသုတလဲ မရှိဘူး။

    ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားနိုင်တဲ့ ပတ်ဝန်းကျင်လဲမရှိဘူး။

    စစ်ဗိုလ်တွေအကုန်လုံးက နွားခြေရာခွက်ထဲမှာ နေကြပြီး သူတို့ကို သူတို့ ဘဝင်လေဟပ်နေဝာာ တကယ်တတ်တဲ့ကောင် တစ်ယောက်မှမရှိဘူး။

    ဘာမှမလုပ်တတ်မကိုင်တတ်နဲ့ နိုင်ငံမှာရှိတာ အကုန်ရောင်းစားတာ။

    ခုဒီကောင်ကြောင်ချီးက ကြူကြူလှက ဗေဒင်မေးလိုက် ယတြာချေလိုက်လုပ်နေတာ လိုက်လုပ်ပြီး သမ္မတဖြစ်ချင်နေတာ။

    ကြူကြူလှဆိုတာလဲ နောက်ကနေ သားသမီးတွေ ကြီးပွားဖို့ ယောက်ကျားပါဝါနဲ့ အတင်းလာဘ်စားတာ ပေးသမျှအကုန်ယူတယ်။

    မူရင်းပို့စ်တင်သူအား လေးစားစွာဖြင့်…

  • Appaloosa

    Appaloosa

    Appaloosa (2008)

    Appaloosa က Western Crime Drama အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။

    ကောင်းဘွိုင်တွေကြီးစိုးတဲ့ အမေရိကန် Wild West ခေတ်ကို နောက်ခံထားပြီးဥပဒေမရှိသလို ဖြစ်နေတဲ့ မြို့တစ်မြို့မှာတရားမျှတမှုကို ထိန်းသိမ်းဖို့ ကြိုးစားတဲ့ရဲမှူး နှစ်ယောက်အကြောင်းကို ပြထားတဲ့ကားပါ။

    ပစ်ခတ်အကြမ်းဖက်မှုထက်တာဝန်၊ မိတ်ဆွေမှုနဲ့ တရားမျှတမှုကိုအလေးထားတဲ့ ဇာတ်ကားမျိုးဖြစ်ပြီး ဥပဒေမရှိတဲ့ခေတ်မှာ မှန်ကန်စွာ ရပ်တည်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာကို မီးမောင်းထိုးပြသထားတဲ့ Western ဇာတ်ကားတစ်ကားပါ။

  • Bella

    Bella

    Bella (2006)

    ဒီရုပ်ရှင်က နှလုံးသားထဲမှာ အတိုင်းတာတစ်ခုအထိ နွေးထွေးမှုကို ခံစားရစေနိုင်မယ့် ဇာတ်ကားမျိုးပါ။

    ဇာတ်လမ်းက အရမ်းကြီး ဆန်းပြားနေတာမျိုး မဟုတ်ဘဲ နယူးယောက်မြို့ကြီးထဲက လူနှစ်ယောက်ရဲ့ တစ်နေ့တာ ဆုံစည်းမှုကို အရိုးရှင်းဆုံးနဲ့ အလှပဆုံး ပုံဖော်ထားတာ ဖြစ်ပါတယ်။

    ဘဝမှာ အကြီးအကျယ် စိတ်ဒဏ်ရာရဖူးတဲ့ လူတစ်ယောက်က အခက်အခဲတွေ့နေတဲ့ အမျိုးသမီးတစ်ယောက်ကို ဘယ်လိုမျိုး နားလည်မှုပေးပြီး အဖော်ပြုပေးသလဲဆိုတာ ကြည့်ရင်းနဲ့ တော်တော်လေး စိတ်ကြည်နူးရပါတယ်။

    ဒီကားမှာ အဓိကပြောချင်တာက “မျှော်လင့်ချက်” ပါပဲ။

    ဘဝက ဘယ်လောက်ပဲ မှောင်မိုက်နေပါစေ တစ်ယောက်ယောက်ရဲ့ ဂရုစိုက်မှုက ကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ်ဆိုတာကို ရုပ်ရှင်ရဲ့ ရိုက်ချက်တွေ သီချင်းတွေနဲ့ အေးအေးလေး တင်ဆက်သွားတာပါ။

    စိတ်ပင်ပန်းနေချိန်မှာဖြစ်ဖြစ် စိတ်ဓာတ်ခွန်အား လိုချင်တဲ့အချိန်မှာဖြစ်ဖြစ် ကြည့်လိုက်ရင် ရင်ထဲမှာ တစ်ခုခု ကျန်ရစ်ခဲ့မယ့် ဇာတ်ကားကောင်းလေးတစ်ကားလို့ ညွှန်းချင်ပါတယ်…။