မုဒုံမှာ ရေနွေးအိုး တည်ရာကနေ မီးလောင်မှုတစ်ခု ဖြစ်ပွားပြီး နေအိမ် ၆၀ ခန့် မီးလောင်ပြာကျ

မွန်ပြည်နယ် မုဒုံမြို့နယ်မှာ ရေနွေးအိုး တည်ရာကနေ မီးလောင်မှုတစ်ခုဖြစ်ပွားပြီး နေအိမ် ၆၀ ခန့် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာမှာ ဇန်နဝါရီ ၈ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ အဆိုပါ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ရေနွေးအိုး တည်ထားရာကနေ ဖြစ်သွားတာပါ။ အဲအချိန် အရှေ့မြောက်လေက တိုက်နေတဲ့ အချိန် နေပူနေတဲ့ အချိန်ဆိုတော့ ဆိုးတာပေါ့။ နေအိမ် ၆၀ လောက် ပါသွားပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေက သုံးပုံ ပုံ နှစ်ပုံလောက် ရှိမယ်။ မီးကညနေပိုင်းမှာ ငြိမ်းသွားပါတယ်”

အဆိုပါ မီးလောင်ပြာကျသွားတဲ့ အိမ်ထောင်စု ၆၀ ခန့်က ဒေသခံတွေဟာ ဘုန်းကြီး‌ကျောင်းမှာ စုပေါင်းနေထိုင်နေကြရပြီး အခြေခံစားသောက်ကုန်နဲ့ အိုးခွက်၊ ပန်းကန်တွေ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့ ရန်အောင်( ၂ ) ရန်နိုင်ရပ်ကွက်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ အလားတူ မီးလောင်မှုတစ်ခုဖြစ်ပွားပြီး နေအိမ် ၆၂ အိမ်ခန့် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *