Author: Baby Yit Lone

  • စစ်မှုထမ်းဦးရေပြည့်အောင်မပေးနိုင်သည့် ငပုတောကအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီ ခြိမ်းခြောက်

    စစ်မှုထမ်းဦးရေပြည့်အောင်မပေးနိုင်သည့် ငပုတောကအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီ ခြိမ်းခြောက်

    ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၅ ယောက်ကို စစ်မှုထမ်း စုဆောင်းပေးရာမှာ သတ်မှတ်ချက်မပြည့်မီတာကြောင့် အရေးယူခံရမယ်လို့ မြို့နယ် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က ခေါ်ယူသတိပေးတာခံထားရတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

    ငပုတောမြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူး ၅ ယောက် ကို စစ်မှုထမ်း အပတ်စဉ် ၂ ခုမှာ သတ်မှတ်လူဦးရေ ပြည့်မီအောင် မစုဆောင်းပေးနိုင်တာကြောင့် မြို့နယ် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က သြဂုတ် ၇ ရက်မှာ ခေါ်ယူခြိမ်းခြောက် သတိပေးခဲ့တာလို့ ဆိုပါတယ်။

    ငပုတောမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “စစ်မှုထမ်း အပတ်စဉ် ၂ ခုလောက်ကို လူစုဆောင်ပေးဖို့ သတ်မှတ်ချက် မပြည့်တာကြောင့် အရေးယူခံရနိုင်တယ် လို့ သတိပေးတာပေါ့။ အုပ်ကြီးတွေက ရပ်ရွာတွေမှာလူအင်အားနည်းနေကြောင်း တင်ပြတာမရဘူး။ မဖြစ်မနေကိုရှာ ခိုင်းတာ။ သတ်မှတ်ချက်မပြည့်ရင် အုပ်ချုပ်ရေးမှူးတွေ စစ်မှုထမ်းဥပဒေနဲ့ အရေးယူခံရမယ်လို့ ပြောတာ” လို့ပြောပါတယ်။

    ခေါ်ယူဖိအားပေး ခြိမ်းခြောက်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေကတော့ တမန်ချောင်း၊ ကမ်းနီး၊ ဟင်းအိုးချောင်း၊ ကွင်းချောင်း၊ ဂုံညှင်းတန်း ကျေးရွာအုပ်စုက ဖြစ်တယ်လို့ သိရပါတယ်။

    ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စစ်မှုထမ်းကိစ္စတွေကို စစ်ကော်မရှင်ပြောင်းအပြီးမှာ အရင်ကထက် ပိုဖိအားပေးခံရနေတယ်လို့သိရတယ်။ တချို့အုပ်ကြီးတွေကို ဆုပ်လည်းစူး စားလည်းရူးဖြစ်နေတယ်။ နုတ်ထွက်ဖို့အထိတောင် ရှိတဲ့သူတွေရှိတယ်” လို့ ပြောပါတယ်။

    ငပုတောမြို့နယ်ထဲက ရပ်ကွက်နဲ့ ကျေးရွာတွေကနေ စစ်ကောင်စီရဲ့ စစ်မှုထမ်း ရှေ့အပတ်စဉ်တွေမှာ အဓမ္မဖမ်းဆီး စုဆောင်းခံရတဲ့ လူငယ်အရပ်သားတွေ သေဆုံးတာနဲ့ သတင်းအစအနမရ ပျောက်သွားတာတွေကြောင့် စစ်မှုထမ်းစုဆောင်းမခံရဖို့ တိမ်းရှောင်သူတွေများနေတယ်လို့ ဆိုပါတယ်။

    စစ်မှုထမ်းအပတ်စဉ် ၁၄ နဲ့ ၁၅ အတွက် လူစုဆောင်းမပေးနိုင်တဲ့ ငပုတောမြို့နယ်၊ အုတ်ရှစ်ကွင်းကျေးရွာအုပ်စု၊ ကုန်းတန်းပုတ္တကျေးရွာအုပ်စုနဲ့ ကျောက်တံခါးကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ၃ ယောက်ကို စစ်ကောင်စီတပ် အရာရှိတွေပါတဲ့ စစ်ဆေးရေးအဖွဲ့က ဇူလိုင်တတိယပတ်မှာ ခေါ်ယူစစ်ဆေးခဲ့ပြီး လက်ရှိမှာတော့ ငပုတောမြို့နယ်ထဲက ကျေးရွာတချို့မှာ စစ်မှုထမ်း အပတ် စဉ် ၁၆ နဲ့ ၁၇ အတွက် အုပ်ချုပ်ရေးမှူးတွေက လူဦးရေစာရင်း ကောက်ယူနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

  • ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရသော ဇော်ဘုန်းဟိန်း မန္တလေးအိုးဘိုထောင်တွင်  ပြစ်ဒဏ်ကျခံရမည်

    ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရသော ဇော်ဘုန်းဟိန်း မန္တလေးအိုးဘိုထောင်တွင် ပြစ်ဒဏ်ကျခံရမည်

    မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရသော ဇော်ဘုန်းဟိန်း မန္တလေးအိုးဘိုထောင်တွင် ပြစ်ဒဏ်ကျခံရမည်ဟုဆို

    (more…)

  • လတ်တလော သတိထားရတော့မယ့် ‎အဆင့်မြင့် kpay ဟက်ခြင်း…

    လတ်တလော သတိထားရတော့မယ့် ‎အဆင့်မြင့် kpay ဟက်ခြင်း…

    (အရမ်းအဆင့်မြင့်တယ်နော် Code ချပေးတာတောင် မရတော့ဘူး သတိထားကြပါ)

    ‎ဒီနေ့မနက် ဆိုင်ဖွင့်တော့ လာနေကြ ကာစတန်မာတယောက် မျက်စီပျက် မျက်နှာပျက်နဲ့ အကိုရေ လုပ်ပါဦး kpay ထဲမှာ ပိုက်ဆံတွေ မရှိတော့လို့တဲ့။

    ‎ကျွန်တော်က kpay ရုံးကဆိုပြီး ဖုန်းဆက်လား? Code တွေမေးလား? လို့ မေးတော့ ဘယ်သူ့မှ ဖုန်းမဆက်ဘူးတဲ့။

    ‎အဲ့ဒါနဲ့ ကျွန်တော်လဲ သူ့ kpay ယူကြည့်တော့ logout ဖြစ်‌တာနဲ့ တခါထဲ ပြန်ဝင်ကြည့်တော့ ပိုက်ဆံက ရှိနေသေးတယ်၊

    တခါထဲ ထုတ်မယ်ဆိုပြီး ရိုက်နေတဲ့အချိန် kpay code ထပ်ကျလာပြီး သူ့ဘာသာ other phone မှာ login ဝင်သွားပြီလို့ ပြောတယ်။

    ကျွန်တော်လဲ အမြန် code ပြန်ချပြီး ပြန်ဝင်တော့ ဒီတခါလဲ ဟိုဘက်က code ထပ်ချပြီး ပြန်ယူသွားပြန်ရော၊ အဲ့ဒါနဲ့ ကာစတန်မာကို အမြန်မေးရတယ်၊ အကို ဖုန်းထဲ ညက ဘာapk တွေ downထားသေးလဲလို့၊ သူ့အိမ်နားက ကောင်လေးတော့ game တခု ထည့်ထားတယ်လို့ပြောတယ်။

    အဲ့ဒါ ကျွန်တော့်ကိုပြဆိုပြီးတော့ သူပြတဲ့ စလော့ဂိမ်းapk ကို ဖျက်ပြီး နောက်တခါထပ်ဝင်တော့ code ထပ်ပြီး မကျတော့ဘူး၊

    တခါထဲ pin No ပါ ချိန်းပေးလိုက်တယ်။

    အဲ့ချိန်မှ သူ‌လဲ အပူလျော့သွားရှာတယ်။

    kpay ဟက်တာ ခုမှ ကိုယ်တိုင် ကိုယ်ကျ မြင်ဖူးတော့တယ်။ ဖုန်းထဲကျတဲ့ code ကို လုံးဝ ဖုန်းဆက်မမေးဘူးနော်၊ ချက်ချင်းကျ ချက်ချင်း logout ဖြစ်သွားတာ၊

    ကိုယ်မသိတဲ့ apk တွေ မ down ကြပါနဲ့၊

    စလော့ဂိမ်းတွေ ဆော့ရင်လဲ permission တွေ ဇွတ်မပေးကြပါနဲ့။

    အရမ်း အဆင့်မြင့်တယ်နော် သတိထားနေကြပါ။

  • စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်းကို ပုဒ်မ ၄ ခုနှင့် ထောင် ၁၁ နှစ် အမိန့်ချ

    စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်းကို ပုဒ်မ ၄ ခုနှင့် ထောင် ၁၁ နှစ် အမိန့်ချ

    စစ်ဗိုလ်ချုပ်တွေနဲ့ တိုင်းမှူးတွေကို ဝေဖန်ပြောဆိုခဲ့တဲ့ စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်းကို ပြင်ဦးလွင်မြို့နယ်တရားရုံးက သြဂုတ် ၇ ရက်မှာ ပုဒ်မ ၄ ခုနဲ့ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချလိုက်ပါတယ်။

    တပ်ထောက်ခံသူဇော်ဘုန်းဟိန်းကို ပုဒ်မ ၅၀၅(က)၊ ၆၆(ဃ)၊ ၃(ခ)(၁၅)၊ ၄၄ တို့နဲ့သြဂုတ် ၇ ရက်က အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၁ နှစ်ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    “အကဖပုဒ်မ ၃(ခ) (၁၅) က ထောင်ဒဏ် ၇ နှစ်၊ ၅၀၅(က) ၁ နှစ်၊ ၆၆(ဃ) ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၄၄ က ထောင်ဒဏ် ၁ နှစ်၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၁ နှစ် ချလိုက်တာ။ အမိန့်ချတော့ လာမယ့်သူတောင်မရှိဘူး။ ပြင်ဦးလွင်ပြီးရင် ရန်ကုန်မှာတရားစွဲထားတဲ့ အမှုလည်းရင်ဆိုင်ရဦးမှာ” လို့ ပြောပါတယ်။

    ထောင်ဒဏ် ၁၁ နှစ်ကျသွားတဲ့ ကိုဇော်ဘုန်းဟိန်းအနေနဲ့ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်ရဲစခန်းမှာ မေ ၈ ရက်က လူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်မိုးမိုးခိုင် တိုင်ကြားဖွင့်လှစ်ထားတဲ့ ပုဒ်မ ၆၆ (ဃ) အမှုကိုလည်း ထပ်မံရင်ဆိုင်ရမှာဖြစ်ပါတယ်။

    စစ်ခေါင်းဆောင်နဲ့ စစ်တိုင်းမှူးတွေကို ဝေဖန်ပြောဆိုခဲ့တဲ့ ဇော်ဘုန်းဟိန်းကို စစ်ကောင်စီက ဇွန် ၂ ရက်မှာ ပြင်ဦးလွင်မြို့နယ်က သူ့ရဲ့နေအိမ်မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။