Author: Baby Yit Lone

  • ဗိုလ်နဂါး ရဲ့ အဓိက ထောက်ပို့တွေ ပြည်သူကို တောင်းပန်သင့်ဟုဆို

    ဗိုလ်နဂါး ရဲ့ အဓိက ထောက်ပို့တွေ ပြည်သူကို တောင်းပန်သင့်ဟုဆို

    ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးဟာ တော်လှန်ရေးအတွက် ထောက်ပို့ခဲ့တဲ့ ငွေကြေးအများအပြားကို ကိုယ်ကျိုးအတွက်အသုံးပြုခဲ့ပြီး သူ့ပိုင်ဆိုင်မှုတွေဟာ သိန်းပေါင်းသောင်းနဲ့ချီပြီး ရှိတယ်လို့ ပုလဲမြို့နယ်အတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

    BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်နဲ့ ပူးပေါင်းသွားပြီးတဲ့နောက် PDF တွေက နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ရာ ပုလဲမြို့နယ်၊ ဂွေးပင်ရိုးရွာမှာ မြေအောက်ခန်းကို ကြွေပြားတွေကပ်ထားတဲ့ ဗိုလ်နဂါးပိုင် အိမ်တလုံးကို တွေ့ရှိခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

    အိမ်ခြံဝန်းထဲမှာ ဗိုလ်နဂါး ပိုင်ဆိုင်တဲ့ မြင်းမွေးတဲ့ခြံတခုနဲ့ မြင်းတွေကိုလည်းတွေ့ရှိခဲ့ပြီး အဲဒီမြင်းခြံက မြင်းတွေနဲ့ မွေးဘက်ပေးထားတဲ့မြင်းတွေ အပါဆိုရင် ဗိုလ်နဂါးပိုင် ဆိုင်တဲ့ မြင်းအကောင်ရေ ၃၀ လောက်ရှိတယ်လို့ ဗိုလ်နဂါးရဲ့ အရင် MRDA ကနေ MOD အောက်ကို ပြောင်းလာတဲ့ တပ်ဖွဲ့ဝင် က ဆိုပါတယ်။

    “မြင်းက အကောင် ၃၀ ဆိုတာ ကျနော်တို့ မေးမြန်းထားတာလောက်ပဲ ရှိသေးတာပါ၊ အဲဒီထက်လည်း များနိုင်တယ်၊ မွေးဘက်ပေးထားတယ် ဆိုတာတွေလည်း အများကြီးရှိသေးတယ်၊ ဘယ်နေရာတွေကို မွေးဘက်ပေးထားတာဆိုတာကိုလည်း စုံစမ်းတုန်းပါ၊ ဂွေးပင်ရိုးအိမ်မှာ သူ(ဗိုလ်နဂါး) အိပ်တဲ့ ဆွိတီဟုမ်း မွေ့ယာကြီးကလည်း တတောင်လောက် ရှိတယ်” လို့ ပြောပါတယ်။

    မြင်းအကြောင်း နားလည်တဲ့ အမျိုးသားတဦးရဲ့ ပြောပြချက်အရ ဗိုလ်နဂါးမွေးထားတဲ့ မြင်းတွေဟာ မြင်းကောင်း မြင်းသန့်တွေ ဖြစ်ပြီး တကောင်ကို ကာလပေါက်ဈေး သိန်း ၁၀၀ ကျော်လောက် တန်ကြေးရှိတယ်လို့ ဆိုပါတယ်။

    ဗိုလ်နဂါးက မြင်းအလွန်ဝါသနာပါသူလို့ သိရပြီး မြင်းတွေကို တော်လှန်ရေးအတွက် တတောင့်တနေရာမှာ အသုံးပြုဖို့ထက် ဝါသနာအရ ငွေကုန်ကြေးကျခံကာ မြင်းကောင်းတွေကို စုဆောင်းပြီး မွေးမြူထားတာ ဖြစ်တယ်လို့ BNRA တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

    ဒါ့အပြင် ဗိုလ်နဂါးဟာ သူ့ရဲ့ညီမဖြစ်သူတွေကို (-) နဲ့ (-)တွေ ရွာမှာ ဈေးဆိုင်ဖွင့်ပေးခဲ့ကြောင်း လက်ရှိမှာ ဈေးဆိုင်ဖွင့်ထားတဲ့ ဗိုလ်နဂါးရဲ့ ညီမဖြစ်သူဟာလည်း စစ်တပ်နဲ့ ပူးပေါင်းသွားပြီဖြစ်ကြောင်း ဒေသခံတွေက ပြောပြပါတယ်။

    “အရင်က သူ့ညီမတွေက ဒီလိုပဲ ဆင်းဆင်းရဲရဲနေနေကြတာ၊ နဂါးအလှူငွေတွေ ရလာမှ အဲဒီဆိုင်တွေ ထဖွင့်တာ၊ သူတင်မကဘူး သူ့မိသားစုတွေလည်း တော်လှန်ရေးငွေတွေကို အလွဲသုံးစားလုပ်နေတာလို့ ပြောလို့ရတယ်” လို့ ဒေသခံတဦးက ဆိုပါတယ်။

    ပုလဲမြို့နယ် မင်းမရွာ နဲ့ ကြောင်သန်းရွာမှာလည်း ဗိုလ်နဂါးဝယ်ထားတဲ့ ခြံဝန်းတွေရှိကြောင်း၊ BNRA ရဲဘော်တဦးရဲ့ ပြောပြချက်အရ စပါးတင်း တထောင်နီးပါးကိုလည်း ဗိုလ်နဂါးက ဝယ်ထားတယ်လို့ သိရကြောင်း PDF တပ်ဖွဲ့ဝင်က ပြောဆိုပါတယ်။

    ဗိုလ်နဂါးရဲ့ BNRA တပ်စခန်းတွေကို PDF တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာလည်း BNRA က ကျွန်းသစ်အများအပြားကို ခုတ်ပြီး စုဆောင်းထားတာကို တွေ့ရှိခဲ့ရတယ်လို့ ဆက်လက် ပြောဆိုပါတယ်။

    ပုလဲမြို့နယ် သပြေရေရွာက ဦးလှ(အမည်လွှဲ) နဲ့ ဂွေးပင်ရိုးရွာက ဦးဘ(အမည်လွှဲ) တို့နဲ့လည်း ဗိုလ်နဂါးဟာ သစ်မှောင်ခိုလုပ်ငန်းကို စပ်တူ လုပ်ကိုင်ခဲ့ပြီး အခြားသူနဲ့အတူ သစ်မှောင်ခိုလုပ်ကိုင်ခဲ့တဲ့လူတွေလည်း ရှိသေးကြောင်း၊ သူနဲ့ စပ်တူ သစ်မှောင်ခိုလုပ်ကိုင်ခဲ့သူတွေကိုလည်း သူအလိုမကျရင် ဖမ်းဆီးတာတွေရှိခဲ့ကြောင်း ပြောပြပါတယ်။

    အခုလို တော်လှန်ရေးငွေတွေကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တာနဲ့ ပတ်သက်ပြီး တော်လှန်ရေး ထောက်ပို့တဦးက-

    ” အရင်ကတော့ အဆိပ်ပင်မှန်း မသိလို့ ရေလောင်းခဲ့ကြတာပေါ့၊ အခုတော့ အဆိပ်ပင်မှန်းလည်း သိရတဲ့အပြင် ပြည်သူ့ငွေတွေကို အလွဲသုံးစား လုပ်သွားတာလည်း သိရက်နဲ့တောင် ဗိုလ်နဂါး မှန်တယ်လို့ ပြောနေကြသေးတဲ့ ဗိုလ်နဂါးရဲ့ အဓိကထောက်ပို့တွေအနေနဲ့ ပြည်သူကို တောင်းပန်သင့်တယ်” လို့ ပြောပါတယ်။

    လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေနဲ့ ပူးပေါင်းခဲ့တဲ့ BNRAတပ်ဖွဲ့ဝင်အများအပြားကို PDF တွေက ကောင်းမွန်စွာထိန်းသိမ်းထားပြီး အကြမ်းဖက် စစ်တပ် နဲ့ ပူးပေါင်းခဲ့တဲ့ BNRA တပ်ဖွဲ့ဝင်အချို့လည်း ရှိနေကြောင်း၊ ပုလဲမြို့ နယ်အတွင်းကို စစ်တပ်ဘက်က စစ်ကြောင်းတွေ ထိုးနေကြောင်း သတင်းရရှိပါတယ်။

  • “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

    “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

    စစ်ကိုင်းက စာ​မေးပွဲ​ဖြေခွင့်မရ​သော “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

    “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

    ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂) ဦးနှင့် Grade-9 ကျောင်းသားကျောင်းသူ (၈၉)ဦး စုစုပေါင်း (၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရာတွင် ဖြေဆိုခွင့်မရရှိခဲ့သောဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။

    “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းသည် ပုဂ္ဂလိကပညာရေးဥပဒေပုဒ်မ ၃၁၊ ပုဒ်မခွဲဋ နှင့် ပုဒ်မခွဲ ဍ တွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် ၆-၁-၂၀၂၆ ရက်တွင် ကျင်းပသော ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ ပိတ်သိမ်းရန် ဆုံးဖြတ်ထားသည့် ကျောင်းဖြစ်ပါသည်။

    ဖြစ်စဉ်အမှန်မှာ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အမှန်တကယ်တက်ရောက် ပြီး စာရင်းသွင်းထားသော ကျောင်းသားကျောင်းသူများ မနစ်နာစေရန် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ကုန်အထိ ခွင့်ပြုခဲ့ပြီး အခန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်း (၂) ကြိမ်၊ နှစ်ဝက်ဆုံး တတ်မြောက်မှု စစ်ဆေးခြင်း (၁) ကြိမ် ဖြေဆိုခဲ့သော Grade-5 ကျောင်းသားကျောင်းသူ (၄၀)ဦးနှင့် Grade-9 ကျောင်းသားကျောင်းသူ (၄၀)ဦး စုစုပေါင်း (၈၀)ဦးတို့ကိုသာ ယခု ကျင်းပလျက်ရှိသော နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းအား ဖြေဆိုခွင့်ပြုခဲ့ပါသည်။

    ယခုဖြစ်စဉ်တွင်ပါဝင်သော Grade-5 ကျောင်းသားကျောင်းသူ(၇၂)ဦးနှင့် Grade-9 ကျောင်းသားကျောင်းသူ (၈၉)ဦး စုစုပေါင်း (၁၆၁)ဦးတို့သည် ကျောင်းအပ်နှံစာရင်းတွင် ပါဝင်မှု မရှိခြင်း၊ ၎င်းကျောင်းမှ လစဉ် (ဇွန်လမှ ဖေဖော်ဝါရီလထိ) တင်ပြခဲ့သော ကျောင်းသားလချုပ် စာရင်းတွင် ပါဝင်မှုမရှိခြင်း၊ နှစ်ဆုံးစာမေးပွဲ ဖြေဆိုသူစာရင်း(သွင်းစာရင်း)တွင် ပါဝင်မှုမရှိခြင်း၊ ၎င်းကျောင်းသို့ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးချိန်တွင်လည်း ဖော်ပြပါ ကျောင်းသားများသည် အမှန်တကယ် ကျောင်းတက်ရောက်မှုမရှိခြင်း၊ အခန်းဆုံးနှင့် နှစ်ဝက်ဆုံး တတ်မြောက်မှုစစ်ဆေးခြင်း(၃)ကြိမ် ဖြေဆိုထားသည့် အထောက်အထားများ မရှိ သည့်အတွက် မူဝါဒအရ စာမေးပွဲဖြေဆိုခွင့်မရရှိခြင်းကို သိရှိသော်လည်း ဖြေဆိုခွင့်ကတ်ပြားများ ရယူခဲ့ခြင်း ဖြစ်ပါသည်။

    ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော ကျောင်းသားများအား စစ်ကိုင်းခရိုင်ပညာရေးမှူးသည် ဖြေဆိုခွင့်ကတ်ပြားများကို ၂၂-၂-၂၀၂၆ ရက်နေ့တွင် ထုတ်ပေးခဲ့သည့်အတွက် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းအပေါ် ၎င်းခရိုင် ပညာရေးမှူးအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

  • ပုဏ္ဏားကျွန်းမြို့ စျေးတန်းဗုံးကြဲမှုတွင် သေဆုံးသူ ၁၇ ဦးအထိ တိုးလာ

    ပုဏ္ဏားကျွန်းမြို့ စျေးတန်းဗုံးကြဲမှုတွင် သေဆုံးသူ ၁၇ ဦးအထိ တိုးလာ

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စျေးတစ်ခုကို ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီ ကျော်အချိန်တွင် အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၂၀ ကျော် ဒဏ်ရာရရှိသွားကာ သေဆုံးသူ ၁၇ ဦးအထိ တိုးလာကြောင်း သိရသည်။

    ယိုးငူရွာ စျေးတန်းကို စစ်လေယာဉ်တစ်စီး လာရောက် တိုက်ခိုက်ပြီးနောက် ထိခိုက်သွားသူများထဲတွင် ကလေးများ၊ အမျိုးသမီးများ ပါဝင်သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေသည့် စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

    “သေဆုံးသွားတဲ့သူမှာ ကလေးငယ်တွေက ပိုများတယ်။ (အင်တာနက်)လိုင်းလည်း သိပ်အဆင်မပြေတော့ တိတိကျကျတော့ မရနိုင်သေးဘူး။ ကျွန်တော်တို့လည်း ကြိုးစားနေပါတယ်”ဟု ၎င်းက ဆိုသည်။

    အာရက္ခတပ်တော် (AA) ကလည်း ထိုတိုက်ခိုက်မှုကြောင့် ထိုရွာတွင် အပြစ်မဲ့ အရပ်သားပြည်သူ ကလေး များအပါအဝင် စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိသွားပြီး လူနေအိမ်၊စျေးဆိုင်ခန်း အချို့ မီးလောင်ပျက်စီးသွားကြောင်း ကနဦး သတင်းထုတ်ပြန်ထားသည်။

    တိုက်ခိုက်မှုကြောင့် စျေးဆိုင်တန်းမီးလောင်ခဲ့ရာ ဆိုင်ရှင်များ၊ စျေးဝယ်သူများ ထိုနေရာတွင် ပိတ်မိပြီး အထိအခိုက် များခဲ့သည်၊ ရုပ်အလောင်းတချို့ မီးကျွမ်းသွား သဖြင့် သေဆုံးသူ မည်သူ၊ မည်ဝါဆိုသည်ကို အတည်မပြုနိုင်သေးဟု ဒေသခံတစ်ဦးက ပြောသည်။

    “လက်ရှိအချိန်ထိတော့ အလောင်းတွေကို ရှာနေတာတွေ ရှိတယ်။ ဒဏ်ရာရသူတွေကို ဆေးကုသဖို့ အရေးပေါ် ပို့ဆောင်နေရတာတွေရှိတယ်။ အခုရွာကလူတွေလည်း အကုန်ကြောက်လန့်နေကြတယ်။ အနီး ပတ်ဝန်းကျင်ရွာက လူတွေလည်း ကြောက်နေကြရတယ်။ ညကို ဘယ်လိုဖြတ်သန်းရမလဲမသိဘူး”ဟု ၎င်းက ဆိုသည်။

    ယခုရွာသည် စစ်ဘေးရှောင်များအများစု ခိုလှုံနေသည့်ရွာဖြစ်သည်၊ အရပ်ဘက်ပစ်မှတ်များကို လာရောက်တိုက်ခိုက်ခြင်းမှာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ယုတ်ညံ့မှု ကမ်းကုန်သွားပြီဟု ကိုဝေဟင်အောင်က မှတ်ချက်ပြုသည်။

    “အဓိကတော့ စစ်ကောင်စီရဲ့ ပြဿနာက နဂိုဓာတ်ခံက အကြမ်းဖက်တဲ့စိတ်ရှိတယ်ဗျ။ ပြည်သူလူထုကို ပြည်သူလို မမြင်ဘူး။ ရန်သူတစ်ဦးလိုမြင်တဲ့ သူ့ရဲ့ ပင်ကိုယ်စရိုက်ပေါ့။ နောက်အခြားတစ်ဖက်မှာရော ဆိုရင် အာရက္ခတပ်တော်ကို တိုက်ခိုက်လို့ မနိုင်တဲ့အချိန်မှာ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ ဖြစ်တယ်။ အကြမ်းဖက်တာ ဖြစ်တယ်ဗျ”ဟု ၎င်းက ဆိုသည်။

    ကျောက်ဖြူမြို့နယ်တွင်လည်း ယနေ့ နံနက် ၁၁ နာရီခန့်က ယာယီစစ်ရှောင်စခန်းတစ်ခုကို အသေခံ ဒရုန်း နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် ဦးမောင်နုစိန် (၇၈ နှစ်)နှင့် ဦးမောင်ခင်ထွန်း (၄၈ နှစ်) တို့ ဒဏ်ရာရခဲ့ကြောင်း ရခိုင်ဒေသ အခြေစိုက် အာရက္ခမင်းသမီးမီဒီယာတွင် ဖော်ပြထားသည်။

    ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။

    ယခုလ ၂၀ ရက်နေ့အထိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြောက်ဦး၊ သံတွဲမြို့နယ်များကို ပစ်ခတ်မှု၊ ဗုံးကြဲမှုများကြောင့် လသားအရွယ်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးအပါအဝင် ဒေသခံ ၁၅ ဦးထက်မနည်းသေဆုံး၊ ၃၀ ထက်မနည်းဒဏ်ရာရရှိခဲ့သည်။

    ရခိုင်ဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်အထိ အာဏာသိမ်းစစ်တပ်၏ လက်ချက်ကြောင့် ဒေသခံ ၁၁၅၂ ဦး သေဆုံး၊ ၂၁၅၃ ဦး ဒဏ်ရာ ရရှိထားကြောင်း AA ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

    AA သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ဦးစွာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကို သိမ်းပိုက်ခဲ့သည်။

    ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းတပ် ဆက်လက် ထိန်းချုပ်ထားနိုင်သော မြို့နယ်များမှာ စစ်တွေ၊ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ဖြစ်သည်။

    Video (1)

    Video (2)

    Video (3)

  • ပါမောက္ခချုပ် ဆရာတော်အသစ် ဖြစ်ပေါ်လာမယ့် ဆရာတော် ဦးဇောတိက

    ပါမောက္ခချုပ် ဆရာတော်အသစ် ဖြစ်ပေါ်လာမယ့် ဆရာတော် ဦးဇောတိက

    အဘိဓမ္မာတက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဆရာတော်ဘုရား ဒေါက်တာ နန္ဒမာလာဘိဝံသ အနေနဲ့

    ဒုတိယ ပါမောက္ခ ဆရာတော်ကြီးအဖြစ် ထမ်းဆောင်လျက်ရှိတဲ့

    ငြိမ်းချမ်းရေးတက္ကသိုလ်ကို တည်ထောင်ခဲ့သူ ဆရာတော် ဒေါက်တာ ဦးဇောတိက အား အဘိဓမ္မတက္ကသိုလ် ပါမောက္ခချုပ် ရာထူးကို လွဲပြော၊င်းပေး

    ချင်ခဲ့တာကြောင့် လ၊က်ခံတော်မူရန် အကြိမ်ကြိမ်

    တိုက်တွန်း ခဲ့ပါတယ်။

    ပါချုပ်ဆရာတော်ဘုရားကြီးမှ ယခုတစ်ခါ ထပ်မံ

    အမိ၊န့် ရှိလာခဲ့တာကြောင့် ( ၂၅ ) ရက်နေ့မှာတော့

    ရန်ကုန် အဘိဓမ္မာတက္ကသိုလ်မှာ အခမ်းအနားပြု

    လုပ်ပြီး ဆရာတော် ဦးဇောတိကအနေနဲ့ ပါမောက္ခ

    ချုပ်ဆရာတော်အဖြစ် ဆက်လက်ထမ်းဆောင်နိုင်

    အောင် လွှဲပြော၊င်း ရယူသွားတော့မှာဖြစ်ပါတယ်။

    ဆရာတော်ကြီးများလည်း ရွင်လန်းချမ်းမြေ့ပါစေ..

  • ပုဂံမှာ လူပျောက်ပြန်ပြီ

    ပုဂံမှာ လူပျောက်ပြန်ပြီ

    ရန်ကုန်မြို့နေ ကိုဝေယံဦးဟာ ပုံပါ ယာဥ်ဖြင့် ၁၃-၂-၂၀၂၆ ရက်နေ့ မနက်တွင်

    ရန်ကုန်မှ ပုဂံသို့ ဧည့်သည် ၂ ဦးဖြင့် အလည်အပတ်ခရီး ထွက်ခွာခဲ့ပါတယ်။

    Mm News.xyz 2026 02 25 041310

    ပုဂံမြို့ Heritage Hotel တွင် တည်းခိုခဲ့ပြီး ၁၅-၂-၂၀၆ ရက်နေ့

    နံနက် ၉ နာရီ ၅၅ မိနစ်တွင် ဟိုတယ်မှ Check out မလုပ်ရသေးဘဲ

    မှတ်ပုံတင်နှင့် ခရီးဆောင်အိတ်များ ထားခဲ့ကြပြီး ထွက်သွားခဲ့ရမှ

    ယနေ့အချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

    Mm News.xyz 2026 02 25 041347

    ကားတစီးနဲ့ လူ သုံးယောက် ထူးဆန်းစွာ တပတ်ကျော် ပျောက်ဆုံးနေတာကြောင့်

    ပုဂံညောင်ဦး အနီးတဝိုက်မှာ တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားပေးဖို့ ဖော်ပြလိုက်ရပါတယ်။