Author: Baby Yit Lone

  • မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွား

    မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွား

    မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၂ ဦး သေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

    ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြင်းခြံမြို့နှင့် နွားထိုကြီးမြို့အကြားသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီအထိ တနေကုန် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၇ ဦး ထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ထံမှ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာသောကြောင့် ဂျက်ဖိုက်တာဖြင့် ၁ ကြိမ်၊ Mi-35 ရ ဟတ်ယာဉ်ဖြင့် ၁ ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger – MBT တပ်ဖွဲ့၊ ဗိုလ်စားပြောက်ကြားတပ်ဖွဲ့နှင့် Burmese Guerilla Force – BGF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    အလားတူ ယင်းနေ့ နံနက် ၈ နာရီ ခန့်တွင်လည်း မြင်းခြံမြို့ အနောက်ဘက်ရှိ ပတ္တာကျေးရွာနှင့် လေးအိမ်တန်းကျေးရွာ အကြားသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့က ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၅ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှုကို Myingyan Black Tiger – MBT နှင့် MGN အညာသားပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း MBT တပ်ဖွဲ့မှ ရဲဘော် ၂ ဦး ကျ ဆုံးကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “တိုက်ပွဲက တော်တော်ပြင်းထန်ခဲ့တယ်။ အချိုန်အထိ တိုက်နေရတာကလည်း များတယ်။ ခဲယမ်း တွေ လိုအပ်ချက်ရှိတယ်။ ပြည်သူလူထုအနေနဲ့ ခဲယမ်းတွေ ကူညီထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံချင် ပါတယ်။ နှစ်ယောက်ကျတာက ပတ္တာကျေးရွာဘက် တိုက်ပွဲမှာကျတာ။ နွားထိုးနဲ့မြင်းခြံကြားမှာ လည်း ကျနော်တို့ ကျားမဲကွန်မန်ဒို ရဲဘော်တစ်ယောက် ဒဏ်ရာရတယ်။ ဒရုန်းထိတာ။ လက်ရှိအထိ စခတွေက မဆုတ်သေးဘူး။ စစ်ကဆိုင်ထားတုန်းပဲ ရှိသေးတာ။ လက်ရှိအချိန်မှာ ပြည်သူတွေ ခက်ခဲ နေတာသိတယ်။ ဒါပေမယ့် အားတင်းထားစေချင်တယ်။ ကျနော်တို့ အကောင်းဆုံး ကြိုးစားမယ်။ တ နေ့နေ့ တချိန်ချိန် မြို့ပေါ်ကို အရောက်လာခဲ့မယ်။” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။

  • နီပါဗိုင်းရပ်စ် (Nipah Virus)၏ ရှေ့ပြေးလက္ခဏာများနှင့် စစ်ဆေးအတည်ပြုခြင်း

    နီပါဗိုင်းရပ်စ် (Nipah Virus)၏ ရှေ့ပြေးလက္ခဏာများနှင့် စစ်ဆေးအတည်ပြုခြင်း

    🔴 နီပါဗိုင်းရပ်စ် (Nipah Virus)၏ ရှေ့ပြေးလက္ခဏာများနှင့် စစ်ဆေးအတည်ပြုခြင်း

    အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်အတွင်း နီပါးဗိုင်းရပ်စ် ပြန်လည်ခေါင်းထောင်လာခြင်းကြောင့် လူထုအတွင်း စိုးရိမ်ပူပန်မှုများ ရှိနေပါသည်။ ကာကွယ်ဆေးမရှိသေးသော ဗိုင်းရပ်စ်အကြောင်း ကြားရသည့်အခါ ကြောက်ရွံ့ခြင်းမှာ သဘာဝဖြစ်သော်လည်း၊ ကြိုတင်သိရှိနားလည်
    ထားခြင်းဖြင့် ဤအန္တရာယ်ကို ကာကွယ်နိုင်မည်
    ဖြစ်သည်။

    ⚠️ အဓိကမှတ်သားရန်အချက်များ

    ▫️ နီပါးဗိုင်းရပ်စ်၏ ရှေ့ပြေးလက္ခဏာများသည် သာမန်တုပ်ကွေးနှင့် ဆင်တူသော်လည်း လျင်မြန်စွာပင် ပြင်းထန်သော ဦးနှောက်ရောင်ခြင်း (Encephalitis) အဆင့်သို့ ရောက်ရှိသွားနိုင်သည်။

    ▫️ ရောဂါပိုးကို စစ်ဆေးရာတွင် သာမန်သွေးစစ်ချက်ဖြင့် မရနိုင်ဘဲ အထူးပြုလုပ်ထားသော RT-PCR စစ်ဆေးမှုများ လိုအပ်သည်။

    ▫️လက်ရှိတွင် သီးသန့်ကုသဆေး မရှိသေးသဖြင့် ရောဂါလက္ခဏာပြသည်နှင့် ချက်ချင်းသီးသန့်ခွဲထားပြီး လိုအပ်သော ထောက်ပံ့ကုသမှုများ (Supportive Care) ကို ပေးရမည်ဖြစ်သည်။

    ⚠️ ရောဂါဖြစ်စဉ် အဆင့်ဆင့်ကို နားလည်ခြင်း

    ▫️နီပါဗိုင်းရပ်စ်သည် ခန္ဓာကိုယ်ထဲသို့ ရောက်ရှိပြီးနောက် ချက်ချင်းလက္ခဏာမပြတတ်ပါ။ ရောဂါပျိုးချိန် (Incubation Period) မှာ ပုံမှန်အားဖြင့် ၄ ရက်မှ ၁၄ ရက် အတွင်း ဖြစ်သော်လည်း၊ အချို့ဖြစ်ရပ်များတွင် ၄၅ ရက် အထိ ကြာမြင့်နိုင်သည်။

    ▪️အဆင့် (၁) – တုပ်ကွေးကဲ့သို့ လက္ခဏာပြခြင်း (Flu-like Stage)

    ကနဦးတွင် သာမန်ဖျားနာခြင်းနှင့် မှားယွင်းနိုင်သဖြင့် အောက်ပါလက္ခဏာများကို ဂရုပြုပါ:

    – ရုတ်တရက် အပြင်းဖျားခြင်း၊

    – ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊

    – ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊

    – လည်ချောင်းနာခြင်းနှင့် ပျို့အန်ခြင်း၊

    ▪️ အဆင့် (၂) – အန္တရာယ်ရှိ အာရုံကြောလက္ခဏာများ (Neurological Signs)

    ဤအဆင့်တွင် ဗိုင်းရပ်စ်သည် ဦးနှောက်ကို စတင်တိုက်ခိုက်လာသည်။

    – မူးဝေခြင်းနှင့် အလွန်အမင်း အိပ်ငိုက်ခြင်း၊

    – သတိလစ်ခြင်း သို့မဟုတ် လူ၊ နေရာ၊ အချိန်တို့ကို ဝေခွဲမရဘဲ စိတ်ရှုပ်ထွေးခြင်း၊

    – အသက်ရှူရ ခက်ခဲလာခြင်း၊

    – အကြောဆွဲခြင်း သို့မဟုတ် အတက်ရောဂါကဲ့သို့ ဖြစ်ခြင်း၊

    – ပြင်းထန်ပါက ၂၄ နာရီမှ ၄၈ နာရီအတွင်း သတိမေ့မြောခြင်း (Coma) ဖြစ်သွားနိုင်သည်။

    ⚠️ ရောဂါပိုးကို မည်သို့ စစ်ဆေးသနည်း?

    နီပါဗိုင်းရပ်စ်ကို –

    အိမ်သုံးစစ်ဆေးကိရိယာ သို့မဟုတ် သာမန်သွေးစစ်ချက်ဖြင့် မသိနိုင်ပါ။

    • ရောဂါဖြစ်ပွားနေစဉ်

    နှာခေါင်း၊ လည်ချောင်း သို့မဟုတ် ဆီးနှင့် သွေးနမူနာများကိုယူ၍ RT-PCR နည်းဖြင့် စစ်ဆေးသည်။

    • ပြန်လည်ကျန်းမာလာချိန်

    ခန္ဓာကိုယ်အတွင်းရှိ ခုခံအား (Antibodies) ကို ELISA နည်းဖြင့် စစ်ဆေး၍ ယခင်က ကူးစက်ခံ
    ခဲ့ရခြင်း ရှိ၊ မရှိ အတည်ပြုသည်။

    🩺 ကာကွယ်ရေးလမ်းညွှန်ချက်များ (Do’s and Don’ts) ကုသဆေးမရှိသေးသဖြင့် ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

    • ထန်းရည်အစိမ်း မသောက်ပါနှင့်။

    လင်းနို့များ ကိုယ်တွင်းအရည်များဖြင့် ညစ်ညမ်းနေနိုင်သဖြင့် မသောက်မီ သေချာကျိုချက်ပါ။

    • သစ်သီးများကို သေချာဆေးပါ။

    လင်းနို့ကိုက်ရာပါသော အသီးများကို လုံးဝမစားပါနှင့်။ အသီးများကို အခွံနွှာစားပါ။

    • တိရစ္ဆာန်များနှင့် ကင်းကင်းနေပါ။

    အထူးသဖြင့် လင်းနို့နှင့် ဝက်များကို တိုက်ရိုက်ထိတွေ့ခြင်း ရှောင်ပါ။

    • လူနာပြုစုသူများ သတိထားပါ။

    Mask တပ်ပါ၊ လက်ကို မကြာခဏဆေးပါ။

    လူအချင်းချင်း ခန္ဓာကိုယ်ထွက်ရည်များမှတဆင့် ကူးစက်နိုင်သည်။

    အနောက်ဘင်္ဂလားပြည်နယ် နောက်ဆုံးရသတင်း

    ၂၀၂၆ ဇန်နဝါရီ အစီရင်ခံစာအရ မြောက်ပိုင်း (North 24 Parganas) အပါအဝင် နယ်စပ်ခရိုင်များတွင် သံသယဖြစ်ဖွယ် ကူးစက်မှုများရှိနေသဖြင့် ကျန်းမာရေးဌာနများက အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားသည်။

    ပြင်းထန်သော တုပ်ကွေးလက္ခဏာနှင့်အတူ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်းတို့ တွဲဖြစ်လာပါက လုံးဝမပေါ့ဆပါနှင့်။

    အချိန်မီ ဆေးရုံတက်ရောက် ကုသခြင်းဖြင့် အသက်အန္တရာယ်မှ ကယ်တင်နိုင်ပါသည်။

    🇲🇲 မြန်မာနိုင်ငံသားများအတွက် အကြံပြုချက်

    အကယ်၍ အိန္ဒိယနိုင်ငံ (အထူးသဖြင့် ကာလကတ္တားနှင့် အနီးတဝိုက်) သို့ သွားရောက်ရန်ရှိပါက အထက်ပါအချက်များကို အထူးဂရုပြု လိုက်နာကြပါရန် တိုက်တွန်းအပ်ပါသည်။

  • ရွေးကောက်ပွဲအလွန် ဒေါ်အောင်ဆန်းစုကြည် ဥပဒေအတိုင်း ဆက်ရှိမယ်လို့ စစ်ကော်မရှင်ပြော

    ရွေးကောက်ပွဲအလွန် ဒေါ်အောင်ဆန်းစုကြည် ဥပဒေအတိုင်း ဆက်ရှိမယ်လို့ စစ်ကော်မရှင်ပြော

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ အလွန်ကာလတွေမှာလည်း ဥပဒေ အတိုင်းပဲ ဆက်ဖြစ်မယ်လို့ စစ်ကော်မရှင်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။

    ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာတွေ ဖမ်းမိတာနဲ့ပတ်သက်လို့ စစ်တပ်က နိုင်ငံတကာသံရုံး တာဝန်ရှိသူတွေ၊ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေကို သွားရောက်ပြသပြီးနောက် ပြင်ဦးလွင်လေဆိပ်က မထွက်ခွာမှီ မီဒီယာတစ်ချို့ရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့တာပါ။

    “ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမှုက နိုင်ငံရေးအမှုဆိုတာထက် ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ဟာတွေ ဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုတို့ ဘာတို့နဲ့ပတ်သက်ပြီး စွဲဆိုခံထားရတာဖြစ်ပါတယ်။ စွဲဆိုခံထားရတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေ ပြောမယ်ဆိုရင်တော့ တရားဥပဒေအတိုင်းပဲ ဆက်ဖြစ်ပါမယ်”

    လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းကြောင်းနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကိုလည်း အမြဲမပြတ်ရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    လက်ရှိကျင်းပတဲ့ ရွေးကောက်ပွဲကတဆင့် စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရတက်လာပြီးရင် နိုင်ငံရေးထွက်ပေါက်တွေထဲက တစ်ခုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန် စစ်ကော်မရှင်ဘက်က အခုလို တုံ့ပြန်လာတာလည်း ဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်ဖြစ်သူ ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းက အကျဥ်းချခံထားရတဲ့ မိခင်ဖြစ်သူလွတ်မြောက်ရေးအတွက် ဖမ်းဆီးအကျဉ်းချထားတဲ့ စစ်ကော်မရှင်ပါအဝင် နိုင်ငံတကာ ကိုပါ ဆက်တိုက် တောင်းဆိုနေပါတယ်။

    စစ်တပ်အာဏာသိမ်းချိန် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးစွပ်စွဲခဲ့တဲ့ အမှုတွေထဲက နောက်ဆုံး လက်ကျန် အမှုတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် အမိန့်ချတဲ့နေ့ နောက်ပိုင်းကစပြီး ရှေ့နေအဖွဲ့နဲ့ လုံး၀တွေ့ဆုံခွင့် မရတော့သလို ပြင်ပကမ္ဘာနဲ့လည်း အဆက်သွယ်ဖြတ်ခံထားရတာပါ။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က လူချင်းတွေ့ခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ စစ်ကော်မရှင်က လက်ရှိအချိန်ထိ ခွင့်ပြုထားတာ မရှိပါဘူး။

    အသက် ၈၀ နှစ် အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကော်မရှင်က စွပ်စွဲထားတဲ့ အမှု ၁၉ မှုအတွက် ထောင် ၃၃ နှစ် ကျခံနေရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာ အမှု ၅ မှုအတွက် ၆ နှစ် လွတ်ငြိမ်း သက်သာခွင့် ရခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ်ကို ဆက်လက် ကျခံနေရတာ ဖြစ်ပါတယ်။ ​

    ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှုတွေအတွက် သူ့မှာပြစ်မရှိကြောင်း တရားခွင်မှာ ထွက်ဆိုခဲ့ တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

  • The Headless General Who Stole the Book of Heaven

    The Headless General Who Stole the Book of Heaven

    The Headless General Who Stole the Book of Heaven (2023)

    ဒဏ္ဍာရီအရ ချဲ့ထျန်းမျိုးနွယ်စုဟာ ငရဲပြည်က တစ္ဆေတံခါးကို ဖွင့်ခဲ့ပြီးချဲ့ထျန်းလျှို့ဝှက်ပညာကို ကျင့်ကြံခဲ့တယ်။

    အဲဒီပညာရဲ့ လျှို့ဝှက်ချက်တွေကို ချဲ့ထျန်းစာအုပ်မှာ မှတ်တမ်းတင်ထားတယ်တဲ့။

    အားဂူလိဦးဆောင်တဲ့ဝံပုလွေတပ်ကြီးဟာ ချဲ့ထျန်းမျိုးနွယ်ရဲ့ နဂါးသွေးကြောရတနာနဲ့မိန်းမလှလေး ရှီထျန်းကျောင်းကို လိုချင်တဲ့အတွက် ကျွိလန်မြို့ကိုအပိုင်သိမ်းချင်နေကြပါတယ်။

    မြို့စောင့်စစ်သူကြီးရှီဝမ့်ဖူးဟာရန်သူအင်အားကို မနိုင်တဲ့အတွက် မြို့ထဲကပြည်သူတွေနဲ့ သူ့သမီးကိုကယ်တင်ဖို့အတွက် ရှောင်းပုဖျင်နဲ့ ပူးပေါင်းပြီး ချဲ့ထျန်းစာအုပ်ထဲမှာမှတ်တမ်းတင်ထားတဲ့ လျှို့ဝှက်ပညာတွေကို အသုံးချပြီး ကျွိလန်မြို့ကို တစ္ဆေမြို့အဖြစ်ပြောင်းလဲခဲ့ပါတယ်။

    အဲဒီနောက်မှာတော့ ကြောက်စရာကောင်းတဲ့ကျိန်စာ ၇ ခုကိုလည်း ကျိန်ဆိုခဲ့ပြီး သူ့ရဲ့ခေါင်းကိုဖြတ်ပြီး တစ္ဆေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

    ဝံပုလွေတပ်တွေကလည်းရှီဝမ့်ဖူးကို သေပြီအထင်နဲ့ မြို့ထဲကို ဝင်လာခဲ့ပါတယ်။

    မထင်ထားဘဲ မြို့ထဲမှာ နိမိတ်ဆိုးတွေ ဆက်တိုက်ပြပြီးဝံပုလွေတပ်က စစ်သူကြီးတို့လည်း ဆက်တိုက်အသေဆိုးနဲ့ သေခဲ့ရပါတယ်။

    “ခေါင်းပြတ်စစ်သူကြီးထွက်လာပြီး ကျိန်စာတွေ အမှန်ဖြစ်လာမယ်”ဆိုတဲ့ကောလာဟလက ပျံ့သွားပြီး အားလုံးကြောက်လန့်နေကြပါတယ်။

    အားဂူလိတစ်ယောက် နဂါးသွေးကြောကို ရှာတွေ့နိုင်မလား……

    ခေါင်းပြတ်စစ်သူကြီးကရော မြို့နေပြည်သူတွေနဲ့ သူ့သမီးကို ဘယ်လို ကယ်တင်မလဲဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ အဖြေရှာလိုက်ရအောင်နော်။

  • The Legend of Jade Sword

    The Legend of Jade Sword

    The Legend of Jade Sword (2020)

    ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ကျိယိချွမ်းအနေနဲ့ မင်းသား(Jiang Qi Lin) ၊ယွိချီရွှယ်အနေနဲ့ မင်းသမီး(Tang Jing Mei) တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ The Legend of Jade Sword (2020)ဆိုတဲ့Movieလေးပဲဖြစ်ပါတယ်။

    ဇာတ်လမ်းလေးကတော့ သုံးလောကဘုံမှာ ရက်စက်ကြမ်းတမ်းနေတဲ့နတ်ဧရာဇ်ကြီးဝူကျန့်ကို နွီဝါးမယ်တော်က ချိတ်စည်းပိတ်ထိန်းသိမ်းလိုက်ပြီးကျိမျိုးနွယ်နဲ့ ယွိချီမျိုးနွယ်ကို စောင့်ကြည့်ထားစေခဲ့တယ်။

    ဒါပေမယ့် နတ်ဧရာဇ်ရဲ့ မျိုးဆက်ဖြစ်တဲ့ ရှောက်ယန်ဘုရင်က ချိတ်စည်းကို ဖယ်ရှားဖို့ကြိုးပမ်းနေခဲ့ပြီး မျိုးနွယ်စုကြားပဋိပက္ခတွေလည်း ထိန်းမရနိုင်အောင်ဖြစ်ခဲ့တယ်။

    ကျိမျိုးနွယ်စုဝင်ဖြစ်တဲ့ ကျိယိချွမ်းက မျိုးနွယ်စုအတွက် မကောင်းဆိုးဝါးကို ဖမ်းပေးပြီးရင် ဆရာတူညီမလေးဖြစ်တဲ့ယွိချီရွှယ်နဲ့ လွတ်လပ်တဲ့ကောင်းကင်ဘုံရတနာမြေဆီထွက်ခွာဖို့လုပ်ခဲ့ကြတယ်​

    ​ မကောင်းဆိုးဝါးဖမ်းဆီးရာကနေ သူတို့တွေ ဘယ်လိုအဖြစ်အပျက်တွေကြုံတွေ့ရမလဲ …

    သူတို့တွေ ကောင်းကင်ဘုံရတနာမြေဆီသွားတဲ့ခရီးလမ်းမှာဘယ်တွေဖြစ်ကြဦးမလဲ….

    နတ်ဧကရာဇ်ကြီးရဲ့ မျိုးဆက်ရဲ့ အကြံအစည်ကရော ဘာများဖြစ်နေမလဲ

    စစ်မှန်တဲ့လွတ်လပ်မှုနဲ့ တရားမျှတမှုကို ရရှိဖို့အတွက်သူတို့အပေါင်းအဖော်တွေ နွီဝါးလောကကို ပြန်သွားတဲ့အခါမှာ ဘယ်လိုတိုက်ပွဲတွေဖြစ်လာဦးမလဲဆိုတာကိုတော့ ကြည့်ရှုအားပေးကြပါဦးနော်။