The Legend of Jade Sword

The Legend of Jade Sword

The Legend of Jade Sword (2020)

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ကျိယိချွမ်းအနေနဲ့ မင်းသား(Jiang Qi Lin) ၊ယွိချီရွှယ်အနေနဲ့ မင်းသမီး(Tang Jing Mei) တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ The Legend of Jade Sword (2020)ဆိုတဲ့Movieလေးပဲဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့ သုံးလောကဘုံမှာ ရက်စက်ကြမ်းတမ်းနေတဲ့နတ်ဧရာဇ်ကြီးဝူကျန့်ကို နွီဝါးမယ်တော်က ချိတ်စည်းပိတ်ထိန်းသိမ်းလိုက်ပြီးကျိမျိုးနွယ်နဲ့ ယွိချီမျိုးနွယ်ကို စောင့်ကြည့်ထားစေခဲ့တယ်။

ဒါပေမယ့် နတ်ဧရာဇ်ရဲ့ မျိုးဆက်ဖြစ်တဲ့ ရှောက်ယန်ဘုရင်က ချိတ်စည်းကို ဖယ်ရှားဖို့ကြိုးပမ်းနေခဲ့ပြီး မျိုးနွယ်စုကြားပဋိပက္ခတွေလည်း ထိန်းမရနိုင်အောင်ဖြစ်ခဲ့တယ်။

ကျိမျိုးနွယ်စုဝင်ဖြစ်တဲ့ ကျိယိချွမ်းက မျိုးနွယ်စုအတွက် မကောင်းဆိုးဝါးကို ဖမ်းပေးပြီးရင် ဆရာတူညီမလေးဖြစ်တဲ့ယွိချီရွှယ်နဲ့ လွတ်လပ်တဲ့ကောင်းကင်ဘုံရတနာမြေဆီထွက်ခွာဖို့လုပ်ခဲ့ကြတယ်​

​ မကောင်းဆိုးဝါးဖမ်းဆီးရာကနေ သူတို့တွေ ဘယ်လိုအဖြစ်အပျက်တွေကြုံတွေ့ရမလဲ …

သူတို့တွေ ကောင်းကင်ဘုံရတနာမြေဆီသွားတဲ့ခရီးလမ်းမှာဘယ်တွေဖြစ်ကြဦးမလဲ….

နတ်ဧကရာဇ်ကြီးရဲ့ မျိုးဆက်ရဲ့ အကြံအစည်ကရော ဘာများဖြစ်နေမလဲ

စစ်မှန်တဲ့လွတ်လပ်မှုနဲ့ တရားမျှတမှုကို ရရှိဖို့အတွက်သူတို့အပေါင်းအဖော်တွေ နွီဝါးလောကကို ပြန်သွားတဲ့အခါမှာ ဘယ်လိုတိုက်ပွဲတွေဖြစ်လာဦးမလဲဆိုတာကိုတော့ ကြည့်ရှုအားပေးကြပါဦးနော်။


Leave a Reply

Your email address will not be published. Required fields are marked *