Author: Baby Yit Lone
-

Blood Brothers
Blood Brothers (2025) လျိုလန့်ဟာ အထက်တန်းကျောင်းမှာ သုံးနှစ်တိုင်တိုင် စာမေးပွဲကျခဲ့တဲ့ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ နီးကပ်လာချိန်မှာ သူ့ကို စာမေးပွဲခိုးချတယ်လို့ အကြောင်းမဲ့ စွပ်စွဲတာကို ခံခဲ့ရပါတယ်။ အဲလို မမျှော်လင့်ထားတဲ့ ကံဆိုးမိုးမှောင်ကျမှုကို ရင်ဆိုင်ရချိန်မှာ သူက အမှန်တရားအတွက် တိုက်ပွဲဝင်ပြီး သူ့ရဲ့အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ခဲ့ပေမယ့် သူစာမေးပွဲ အကြိမ်ကြိမ်ကျနေတာကို နားမလည်ပေးနိုင်တဲ့ အဖေကြောင့် မိသားစုရဲ့ စီးပွားရေးဝန်ထုပ်ဝန်ပိုးနဲ့ တစ်နေ့တခြား ပိုများလာတဲ့ မိဘတွေရဲ့ ဆံပင်ဖြူနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ထောက်ထားပြီး လျိုလန့်ဟာ မိသားစုတာဝန်ကို သူ့ရဲ့နုနယ်တဲ့ပခုံးပေါ်မှာ ထမ်းပိုးပြီး ကျောင်းထွက်ဖို့ ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ပါတယ်။ အဲဒီနောက်မှာ လျိုလန့်ဟာ သူ့သူငယ်ချင်းတွေဖြစ်တဲ့ လောင်စို့၊ ညီလေးတို့နဲ့အတူ ကွမ်တုန်းကို သွားပြီး အလုပ်လုပ် ဘဝကိုတည်ဆောက်ဖို့ ခရီးစတင်ခဲ့ပါတယ်။ စည်ကားလှတဲ့မြို့ကြီးမှာ ကျေးလက်ကလာတဲ့…
-

Dracula: A Love Tale
Dracula: A Love Tale (2025) ဒါကတော့ မရိုးနိုင်တဲ့ ဒရက်ကူလာ ဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။ သဘာဝလွန် ဟော်ရာအမျိုးအစားဖြစ်ပါတယ်။ ကိုက်တာဖြတ်တာတွေ ကြမ်းပါတယ်။ မိသားစုနဲ့ကြည့်လို့မပြေတာတွေ ပါပါတယ်။ ဒါရိုက်တာကတော့ Lucy တို့ Leon တို့ ရိုက်ခဲ့တဲ့ Luc Besson ပါပဲ။ ဒရက်ကူလာနေရာကနေ မင်းသား Caleb Landry Jones ပါဝင်ထားပြီး ဘုန်းတော်ကြီးနေရာမှာ မင်းသားကြီး Christoph Waltz ပါဝင်ထားပါတယ်။ Inglourious Basterds ထဲက ဗီလိန်ကြီးကို သိကြမှာပါ။ ဇာတ်လမ်းအကျဉ်း ဘုရားသခင်ကို အရမ်းယုံကြည်တဲ့ ဝေါ်လာခီယာမင်းသား၊ နယ်စားကြီး ဒရက်ကူလာဟာ ခရူးဆိတ်စစ်ပွဲမှာ ဆင်နွှဲဖို့ ထွက်သွားခဲ့ပါတယ်။ မသွားခင်မှာ ဘုရားဆီကနေ တစ်ခုပဲ တောင်းဆိုခဲ့ပါတယ်။ သူ့ချစ်ရတဲ့…
-

Down in the Valley
Down in the Valley (2025) Edward Nortonနဲ့ West World မင်းသမီး Evan Rachel Woodတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါ။ သူတို့၂ယောက်စလုံး ငယ်တုန်းနုတုန်းကကားပေါ့။ မင်းသမီးဆို တော်တော်ငယ်သေးတယ်။ ဇာတ်လမ်းကတော့ မြို့လေးတစ်မြို့မှာ အခြေတည်ထားတယ်။ ကောင်မလေးက သူ့အဖေရဲကြီးနဲ့ သူ့မောင်လေးနဲ့အတူတူ နေပေမဲ့ သူ့အဖေတောင် ထိန်းမနိုင်အောင် ကောင်မလေးက ဆိုးသွမ်းတယ်။ ပြောရရင် သူ့အဖေနဲ့ ကောင်မလေးက မတည့်ကြဘူးပေါ့။ တစ်နေ့ကောင်မလေးက ကမ်းခြေသွားရင်း လမ်းမှာဆီဝင်ဖြည့်တော့ ဆီဆိုင်က ကောင်ချောချောလေးနဲ့ ကြိုက်မိကြတယ်။ အိမ်ကိုခေါ်လာတော့ သူ့အဖေက ကောင်လေးနဲ့ သဘောမတူရာကနေ ကောင်လေးနဲ့ကောင်မလေးကြား ကမ္ဘာခြားကုန်ကြရော။ ဒါကဇာတ်လမ်းရဲ့အစပါပဲ။ တကယ်တမ်း ဒီဇာတ်ကို Romance လို့ အမျိုးအစားခွဲထားပေမဲ့ အချစ်ကားမဟုတ်သလို ကောင်လေးက ကောင်းဘွိုင်ဆန်ဆန်တွေလုပ်ပြနေလို့…
-

နေပြည်တော် PDF ဒုရင်းမှူးက ရဲဘော်တစ်ဦးကို အပြစ်ပေးရိုက်နှက်၍ သေဆုံး
နေပြည်တော် PDF ဒုရင်းမှူးက ရဲဘော်တစ်ဦးကို အပြစ်ပေးရိုက်နှက်၍ သေဆုံး ရုပ်အလောင်းကို မြေမြုပ်အစဖျောက်ခဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ နေပြည်တော်တိုင်းစစ်ဌာန (နေပြည်တော် PDF) တပ်ရင်း (၈၀၂) ဒုတပ်ရင်းမှူးက ရဲဘော်တစ်ဦးကို အပြစ်ပေး ရိုက်နှက်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ရကြောင်း (၈၀၂) ရဲဘော်ဟောင်းတစ်ဦးက ပြောသည်။ အဆိုပါ ရုပ်အလောင်းကို (၈၀၂)တပ်ရင်း ရဲဘော်ဟောင်းတစ်ဦး၏ တိုင်ကြားချက်အရ ကရင်နီပြည်ရဲဌာန(KSP) အပါအဝင် ဆရာဝန်၊ ကျေးရွာတာဝန်ရှိသူများ၊ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများက နိုဝင်ဘာ ၂၂ရက်နေ့ကသွားရောက်တူးဖော်ခဲ့သည်။ ထိုသို့ တူးဖော်ရာတွင် နေပြည်တော် PDF (၈၀၂)တပ်ရင်းစခန်းဟောင်း တောင်ဘက် ပေ (၃၀၀)ခန့်အကွာ၌ စောင်ဖြင့် ပတ်ကာ မြုပ်နှံထားသည့် လူငယ် ရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့သည်။ ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဧပြီလပိုင်းက ထို စခန်းအတွင်း (၈၀၂)…
-

Haunted Harmony Mysteries: Buried at C
Haunted Harmony Mysteries: Buried at C (2025) ဒီရုပ်ရှင်ကတော့ Tv Movieအမျိုးအစားပါ။ ပြောရရင် ရုံတင်ဖို့မဟုတ်ဘဲ တီဗီလိုင်းမှာ လွှင့်ဖို့ ရိုက်ထားတဲ့ ရုပ်ရှင်မျိုးပဲ။ ဆိုတော့ ဘတ်ဂျက်တွေ ဘာတွေမများဘူးပေါ့။ ဇာတ်လမ်းကတော့ စုံထောက်ဇာတ်ကိုမှ သရဲတွေကို မြင်နေရတဲ့သဘာဝလွန်နဲ့ ဂီတကို ချိတ်ဆက်ထားတယ်။ အဓိကဇာတ်ဆောင် မင်းသမီးက ဂီတဆရာမဖြစ်သလို သူတို့တစ်မိသားစုလုံးကလည်း ဂီတသမားတွေ။ နောက်တစ်ချက်က သူမြင်နေရတဲ့ သရဲကပါ ဂန္တဝင် ဂီတစာဆို သရဲ၊။ ဒီလိုမတူဘူးလို့ထင်ရတဲ့ အကြောင်းအရာ၃ခုကို ချိတ်ဆက်ထားတယ်ဆိုတော့ နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းတယ်။ ဇာတ်လမ်းက သရဲနဲ့အတူတူ အမှုလိုက်တဲ့ စုံထောက်ဇာတ်ပေမဲ့လည်း တီဗီမူဗီဆိုတော့လည်း နွေးထွေးတဲ့ ချစ်ခြင်းအကြောင်း ဇာတ်ဝင်ခန်းတစ်ချို့လည်း ပါတယ်။ ဒီထဲက ဒိုင်ယာလော့လေးတစ်ခုဆို တော်တော်သဘောကျစရာကောင်းတယ်။ ဘဝရဲ့အဓိပ္ပာယ်က ကိုယ်ပါရမီပါတဲ့အရာကို…